#World_News
Published 20 October 2025
■ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံမှ လူလာရောက်မှုအများဆုံး လူဗာပြတိုက်မှာ သူခိုးတွေက ဝန်ချီစက်ဖြင့် ပြတိုက်မျက်နှာစာကိုတက်ပြီး ပြတင်းပေါက်မှ ဖောက်ထွင်းဝင်ရောက်ကာ အဖိုးမဖြတ်နိုင်တဲ့ နပိုလီယံကျောက်မျက်ရတနာများ ခိုးယူထွက်ပြေးသွားကြောင်း တာဝန်ရှိသူများ ပြောပါတယ်။
■ နေ့ခင်းဘက် ဧည့်သည်တွေ ရှိနေချိန်မှာပဲ ပြတိုက်ဖွင့်ပြီး မိနစ် ၃၀ ခန့်အကြာမှာ ဖောက်ထွင်းခဲ့တာဖြစ်ကာ နာမည်အကြီးဆုံးပြတိုက် ဖောက်ထွင်းမှုတွေထဲ ပါဝင်သွားပါတယ်။
■ ဝန်ထမ်းအင်အား နည်းပါးနေပြီး ဧည့်သည်တွေနဲ့ ကြပ်ညပ်နေချိန်မှာ လုံခြုံရေးအခက်အခဲရှိနေခဲ့တယ်လို့ ရှင်းပြထားပါတယ်။
■ မိုနာလီဆာပန်းချီကားဆီကနေ မီတာ ၂၅၀ အကွာလောက်မှာ ခိုးယူခဲ့ကြတာဖြစ်ပြီး ဒါဟာ ပရော်ဖက်ရှင်နယ်ကျတဲ့ ၄ မိနစ်တာ ဖောက်ထွင်းရေးအဖြစ် ယဉ်ကျေးမှုဝန်ကြီး ရေချီဒါဒါတီက သတ်မှတ်လိုက်ပါတယ်။
■ သူခိုးတွေက ပစ္စည်းစင်နှစ်ခုကို ရိုက်ခွဲခဲ့ကာ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားကြပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
■ အချက်ပေးသံတွေ ထွက်လာပြီးနောက်မှာ လူဗာအရာရှိတွေ ရောက်လာပေမယ့် ဖောက်ထွင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
■ ပစ္စည်း ၈ ခု ပါသွားခဲ့ကာ ၁၉ ရာစု ပြင်သစ်ဘုရင်မတွေဖြစ်တဲ့ မယ်ရီအမ်မီလီနဲ့ ဟော်တန့်စ်တို့နဲ့ ဆက်စပ်တဲ့ နီလာကျောက်၊ လည်ဆွဲ၊ နားကပ်၊ ဧကရီ မယ်ရီလူးဝစ်ရဲ့ ကျောက်စိမ်းလည်ဆွဲနဲ့ နားကပ်၊ ဧကရီ ယူဂျင်နီရဲ့ ကျောက်နဲ့ ရင်ထိုးတို့ပါဝင်ကြောင်း တာဝန်ရှိသူများ ဆိုပါတယ်။
■ ဖောက်ထွင်းမှုဖြစ်ပြီးနောက် တနင်္ဂနွေတစ်နေ့လုံး ပြတိုက်ပိတ်လိုက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။
■ လူဗာပြတိုက်ဟာ ဝန်ထမ်းနည်းပါးမှုနဲ့ ဧည့်သည်များပြားမှုပြဿနာကို ဖြေရှင်းဖို့ ခက်ခဲနေခဲ့ပါတယ်။
■ ဒါဟာ ပြတိုက်အတွက်တော့ အရှက်စရာဖြစ်ရပ်ကြီးတစ်ခု ဖြစ်ခဲ့တာပါ။
■ လူဗာပြတိုက်မှာ ယခင်ကလည်း ခိုးယူဖောက်ထွင်းမှုများ ဖြစ်ခဲ့ဖူးပြီး ၁၉၁၁ မှာ မိုနာလီဆာပန်းချီကား ခိုးယူခံရခြင်းက နာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။
■ စစ်ဆေးရေးတွေက စီစီတီဗီတွေကို ပြန်လည်ကြည့်ရှုနေသလို သူခိုးတွေအသုံးပြုခဲ့တဲ့ ဝန်ချီစက်ကိုလည်း စစ်ဆေးခဲ့ပြီး ပြတိုက်ဖွင့်ချိန်မှာ ရှိနေခဲ့တဲ့ ဝန်ထမ်းတွေကို မေးမြန်းနေပါတယ်။
Source: AP News