#World_News
Published 02 August 2025
▪️ ရုရှားသမ္မတဟောင်းဖြစ်တဲ့ ဒီမစ်ထရီမက်ဒ်ဗီဒက်ဗ်က နျူကလီးယားလက်နက်ပိုင် ပြိုင်ဘက်တွေကြား စစ်ပွဲအန္တရာယ်ရှိလာနိုင်ကြောင်း မှတ်ချက်ပြုပြီးနောက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယား ရေငုပ်သင်္ဘောနှစ်စင်းကို သင့်လျော်တဲ့နေရာတွေမှာ ချထားဖို့ သောကြာနေ့က အမိန့်ပေးလိုက်ပါတယ်။
▪️ အမေရိကန်က ရုရှားတို့ကို ပစ်ခတ်နိုင်စွမ်းရှိတဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို အရင်တည်းကလည်း နေရာချထားပြီး ဖြစ်တာကြောင့် ယခုထရမ့်လုပ်ရပ်က ရုရှားနဲ့ တင်းမာလာစေနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
▪️ မက်ဒ်ဗီဒက်ဗ်က ရုရှားဟာ ဆိုဗီယက်ခေတ် နျူကလီးယားတိုက်ခိုက်ရေးစွမ်းရည်တွေကို နောက်ဆုံးအားကိုးရာအနေနဲ့ ပိုင်ဆိုင်ထားသေးတယ်ဆိုတာကို ထရမ့်အမှတ်ရသင့်ကြောင်း ကြာသပတေးနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။
▪️ စကားလုံးတွေက အလွန်အရေးကြီးပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တယ်လို့ ထရမ့်က ဆိုပါတယ်။
▪️ ရေငုပ်သင်္ဘောနေရာချထားရေးနဲ့ ပတ်သက်လို့ သတင်းထောက်တွေ မေးမြန်းရာမှာ ရုရှားသမ္မတဟောင်းက ခြိမ်းခြောက်စကားဆိုခဲ့တာကြောင့် ကိုယ့်ပြည်သူတွေကို ကာကွယ်ဖို့အတွက် ဒီလိုညွှန်ကြားရတာဖြစ်ကြောင်း ထရမ့်က ဖြေဆိုသွားပါတယ်။
▪️ အမေရိကန် ရေငုပ်သင်္ဘောတွေ နေရာချထားခြင်းနဲ့ တာဝန်တွေအကြောင်းကို ဆွေးနွေးပြောဆိုမှု ပြုလုပ်တာဟာ အင်မတန်ဖြစ်ခဲလှပါတယ်။
▪️ ဒီနေရာမှာ နျူကလီးယားစွမ်းအင်သုံး သင်္ဘောလား၊ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်ပါတဲ့ သင်္ဘောလားဆိုတာတော့ အတိအကျ မပြောသွားပါဘူး။
▪️ ဘယ်လိုခေါင်းဆောင်မျိုးမှ နျူကလီးယားစစ်ပွဲနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်မှုမလုပ်သင့်ဘူးလို့ လက်နက်ထိန်းချုပ်ရေးအဖွဲ့အစည်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒါရိုင်းကင်ဘောလ်က ပြောသွားပါတယ်။
▪️ အမေရိကန်ဟာ အိုဟိုင်ယိုအဆင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော စုစုပေါင်း ၁၄ စင်းပိုင်ဆိုင်ပြီး တစ်စင်းစီဟာ Trident II D5 ပဲ့ထိန်းဒုံးကျည် ၂၄ ခု သယ်ဆောင်နိုင်ပါတယ်။
#Source: Reuters
#Local_News
Published 2 August 2025
▪️ လှိုင်သာယာအောင်ဇေယျအိမ်ရာအနီးတွင် ဝန်ထမ်းကြို/ပို့ကားနှင့် YBS ယာဉ်တိုက်မှုဖြစ်ပွားကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းမြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှသိရသည်။
▪️ ဖြစ်စဉ်မှာ သြဂုတ် ၁ ရက်ည ၈ နာရီ ၁၀ မိနစ်ကျော်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ အောင်ဇေယျအိမ်ရာအနီးတွင် ဝန်ထမ်းကြို/ပို့ကားနှင့် ခရီးသည်တင် YBS ကားတို့တိုက်မိကာ အမျိုးသ မီး(၁)ဦးညပ်နေသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
▪️ အဆိုပါ ကားအတွင်း ညှပ်နေသည့် အမျိုးသမီးအား ကူညီကယ်ထုတ်ပေးခဲ့ပြီးနောက် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် လှိုင်သာယာအရန်မီးသတ်စခန်းမှ လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#World_Science
Published 02 August 2025
▪️ ကမ္ဘာပေါ်က အကြီးဆုံးရေတံခွန်ဖြစ်တဲ့ ဒိန်းမတ်ရေလက်ကြားရေတံခွန်ဟာ သမုဒ္ဒရာထဲမှာ ပုံးကွယ်တည်ရှိနေကာ အာတိတ်ရေပြင်တွေထဲ တိမ်မြုပ်နေပြီး ပေ ၁၁,၅၀၀ ကျော်အထိ မြင့်မားပါတယ်။
▪️ နိုင်ယာဂရာရေတံခွန်ဆိုရင် အပိုင်းသုံးပိုင်းပါဝင်ပြီး အမြင့်ဆုံးအနေနဲ့ ၁၈၁ ပေသာ ရှိပါတယ်။
▪️ ဗင်နီဇွဲလားမှ အိန်ဂျယ်ရေတံခွန်ကတော့ ၃,၂၁၂ ပေမြင့်ကာ အမြင့်ဆုံးရေတံခွန်ဖြစ်ခဲ့ပေမယ့် ယခု ဒိန်းမတ်ရေလက်ကြားကတော့ အဆမတန် ပိုမိုမြင့်မားနေပါတယ်။
▪️ ဒီလောက်အထိမြင့်ပေမယ့် ရေဆင်းသံမကြားရသလို ရေအမှုန်အမွှားတွေတောင် မထွက်ပါဘူး။
▪️ ဒီရေတံခွန်က အိုက်စ်လန်းနဲ့ ဂရင်းလန်းကြား တည်ရှိပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ နော်ဒစ်ပင်လယ်ကနေ ပိုမိုသိပ်သည်းအေးမြတဲ့ရေတွေက အတ္တလန္တိတ်သမုဒ္ဒရာထဲ စီးဆင်းနေရာ တစ်စက္ကန့်ကို ရေ ၃.၂ သန်းကုဗမီတာနှုန်း ရှိပါတယ်။
▪️ ဒါဟာ အမေဇုန်မြစ်ကနေ အတ္တလန္တိတ်ထဲစီးဆင်းတာထက် များစွာပိုများနေပါတယ်။
▪️ ရေတံခွန်အတွက် ရေအောက်လမ်းကြောင်းက နောက်ဆုံးရေခဲခေတ်အတွင်းက ရေခဲပြင်များ၊ မီးတောင်ပေါက်ကွဲမှုများ၊ ရေစီးကြောင်းတွေကြောင့် ဖြစ်ပေါ်ခဲ့ပါတယ်။
▪️ ဒိန်းမတ်ရေလက်ကြားရေတံခွန်က AMOC ပတ်လမ်းကြောင်းတလျှောက် ရာသီဥတုထိန်းသိမ်းရာမှာ အရေးပါပြီး ကမ္ဘာ့ရာသီဥတုပုံစံများ၊ သမုဒ္ဒရာအပူချိန်များ၊ အဏ္ဏဝါဂေဟစနစ်များအပေါ် သက်ရောက်နေပါတယ်။
▪️ ရာသီဥတုဖောက်ပြန်မှုကြောင့် အာတိတ်ရေအငန်ဓာတ်နဲ့ အပူချိန်ကို ပြောင်းလဲစေကာ ရေစီးဆင်းမှုကို နှောင့်ယှက်စေပြီး ဒိန်းမတ်ရေလက်ကြားရေတံခွန်ကို ခြိမ်းခြောက်နေပါတယ်။
#Source: WION
#World_Health
Published 02 August 2025
▪️ ခန္ဓာကိုယ်ကနေ အနံ့ဆိုးထွက်စေတဲ့ အစားအစာတွေထဲမှာ ကြက်သွန်ဖြူအပြင် အခြားအရာတွေလည်း ရှိပါတယ်။
▪️ အချို့သော အစားအစာတွေက တခြားဟာတွေထက်ပိုပြီး ခန္ဓာကိုယ်အနံ့ ပိုထွက်စေတယ်လို့ နယူးဂျာစီအခြေစိုက် အာဟာရပညာရှင် အဲရင်ပယ်လင်စကီဝိတ်ဒ်က ပြောပါတယ်။
(၁) ငါး
▪️ ငါးညှီနံ့ဆိုတာကို သိကြပေမယ့် အချို့အခြေအနေတွေမှာ ပင်လယ်စာတွေက ထရိုင်မီသိုင်းအေမင်း ဒြပ်ပေါင်းအဖြစ် ပြောင်းလဲပြီး ငါးညှီနံ့တစ်မျိုး ထွက်စေပါတယ်။
▪️ ဒီဒြပ်ပေါင်းက ခန္ဓာကိုယ်တလျှောက် သွားလာပြီး အနံ့ထွက်စေပေမယ့် အလွန်ရှားပါးဖြစ်တတ်တာကြောင့် သိပ်စိတ်မပူရပါဘူး။
(၂) ဟင်းသီးဟင်းရွက်
▪️ ဟင်းရွက်တွေက ကျန်းမာရေးအတွက် အကောင်းဆုံးဆိုပေမယ့် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီတို့က ဆာလ်ဖျူရစ်အက်ဆစ် ထုတ်လွှတ်တဲ့အချိန်မှာ ခန္ဓာကိုယ်အနံ့ထွက်စေပြီး ချွေးတွေ အငွေ့တွေကနေ ပိုဆိုးစေပါတယ်။
(၃) ဟင်းခတ်အမွှေးအကြိုင်များ
▪️ အချို့သော ဟင်းခတ်အမွှေးအကြိုင်တွေက ဆာလ်ဖာဒြပ်ပေါင်းတွေ၊ ဇီဝကမ္မဝတ္ထုတွေကြောင့် အနံ့ထွက်စေကာ ဘက်တီးရီးယားတွေနဲ့ ဓာတ်ပြုတဲ့အခါ အနံ့တွေ ဖြစ်ပေါ်စေပါတယ်။
(၄) အသားကြီး
▪️ အသားကြီးငါးကြီး များများစားရင် ခန္ဓာကိုယ်အနံ့ကို သက်ရောက်စေကာ အရေပြားဘက်တီးရီးယားတွေနဲ့ ပေါင်းပြီး အနံ့ဆိုးလာစေပါတယ်။
▪️ အနံ့အသက်ကောင်းစေမယ့် အစားအစာတွေနဲ့ ပတ်သက်ပြီး အချို့သော အစားအစာတွေ ပြောင်းလဲတဲ့အခါ ခန္ဓာကိုယ်အနံ့ လျှော့ချစေနိုင်မယ်လို့ ဆိုပါတယ်။
▪️ ရေ၊ အသီးအနှံ၊ ဟင်းရွက်တို့ များများစားခြင်း၊ ပန်းသီး၊ အစိမ်းရောင်အရွက်များ၊ ဒိန်ချဉ်၊ လက်ဖက်စိမ်းတို့လို အစားအစာများစားခြင်းဖြင့် အနံ့ထွက်စေတဲ့ ဒြပ်ပေါင်းတွေကို ချေဖျက်စေပြီး အူလမ်းကြောင်းဘက်တီးရီးယားတွေကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
#Source: New York Post
တရုတ်ပြည် ကွမ်ကျိုးမှာ အင်္ဂါနေ့က သုံးမွှာပူးပန်ဒါကြီးသုံးကောင်ရဲ့ ၁၁ နှစ်ပြည့်မွေးနေ့ ကျင်းပခဲ့ကာ သူတိုကြိုက်နှစ်သက်တဲ့ ဝါး၊ သစ်သီးမုန့်များကို အထူးသုံးဆောင်ခဲ့ကြပါတယ်။
#Asia_Animal
Published 01 August 2025
#သုံးမွှာပူးပန်ဒါသုံးကောင် #(၁၁)နှစ်ပြည့်မွေးနေ့
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 01 August 2025
၁။ ဆန်စက်(၁၄)ခုတွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ပြင်ဆင်နေ
၂။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးရာတွင် ကျရှုံးအမှတ်စာရင်းများလည်းထုတ်ယူနိုင်
၃။ အိုးပုတ်ပွဲတော်နှစ်ရက်တာ ကျင်းပမည်
၄။ တရုတ်နိုင်ငံကွမ်ကျိုးမှ သုံးမွှာပူးပန်ဒါသုံးကောင်၏ (၁၁)နှစ်ပြည့်မွေးနေ့ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 1 August 2025
▪️ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နှစ်လက်မခန့်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ထို့အတူစစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်သော်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ မဒေါက်မြို့တွင်လည်း စစ်တောင်းမြစ်ရေသည်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း၊ ရွှေကျင်မြစ်ရေသည်လည်း ရွှေကျင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲကျော် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့်ကျဆင်းလာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲကျော် ကျော်လွန်နေသော်လည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပြီး ဘီးလင်းမြစ်ရေသည်လည်း ဘီးလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ခန့်ကျော်လွန်နေကာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ေကြာင်း သိရသည်။
▪️ အဆိုပါ မြစ်ရေချိန်များကိုယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရထုတ်ပြန်ခြင်းဖြစ်ပြီးဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ပါရန်နှင့် တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ဘားအံမြို့နယ်၊ မြဝတီမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန်လည်း အသိပေးထားသည်။
#YMG/SW #Yangon_Times
ကမ္ဘ့ာစားနပ်ရိက္ခာအစီအစဉ်(WFP)အနေနဲ့ ယခုနှစ်မိုးရာသီမှာ လူဦးရေ တစ်သိန်း အထိကို အမြန်ဆုံးအကူအညီပေးနိုင်ဖို့ အရင်းအမြစ်တွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
#Local_News
Published 01 August 2025
#WFP #ကမ္ဘ့ာစားနပ်ရိက္ခာ
#YMG/SW #Yangon_Times
နှစ်စဉ်ကျင်းပခဲ့တဲ့ အိုးပုတ်ပွဲတော်ကို အခုနှစ်မှာလည်း မန္တလေးမြို့မှာ (၂)ရက်တာကျင်းပ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 01 August 2025
#အိုးပုတ်ပွဲတော် #မန္တလေးမြို့
#YMG/NN #Yangon_Times
၂၀၂၅ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းများ ထုတ်ပေးရာမှာ ကျရှုံးအမှတ်စာရင်းများလည်းထုတ်ယူနိုင်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 01 August 2025
#တက္ကသိုလ်ဝင်တန်းစာမေးပွဲ #ကျရှုံးအမှတ်စာရင်းများထုတ်ယူနိုင်
#YMG/SW #Yangon_Times
အခု၂၀၂၅ခုနှစ်-၂၀၂၆ဘဏ္ဍာနှစ်အတွင်းရန်ကုန်တိုင်းအတွင်းရှိ ဆန်စက်(၁၄)ခုတွင် ဆိုလာစွမ်းအင်ဖြင့် လျှပ်စစ် ၁၈.၄ မဂ္ဂါဝပ် ထုတ်လုပ်ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
#Local_News
Published 01 August 2025
#ဆန်စက် #ဆိုလာစွမ်းအင်
#YMG/NN #Yangon_Times
#World_News
Published 01 August 2025
▪️ ကမ္ဘာတဝှမ်းမှ နိုင်ငံအများအပြားဟာ အမေရိကန်အစိုးရအဖွဲ့နဲ့ ကုန်သွယ်ရေးသဘောတူညီမှု မရရှိတာကြောင့် အမေရိကန်သို့ တင်ပို့သွားမယ့်ပစ္စည်းတွေအပေါ် အခွန်များစွာ စည်းကြပ်ခံရမယ့်အရေး ကြုံတွေ့နေရကာ ကမ္ဘာ့စီးပွားရေး ထိခိုက်လာနိုင်ပါတယ်။
▪️ အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်အချို့ကတော့ သဘောတူညီမှု အားလုံးမဟုတ်ရင်တောင် အနည်းဆုံးတစ်ချက်တော့ ရရှိခဲ့ပြီး ဥရောပသမဂ္ဂ၊ ဗြိတိန်ပြည်ထောင်စု၊ ဂျပန်တို့ ပါဝင်နေပါတယ်။
▪️ တရုတ်နဲ့ မက္ကဆီကိုတို့ဆိုရင် ညှိနှိုင်းရေးဆက်လုပ်သွားဖို့ အခွင့်အရေးရှိနေပေမယ့် နောက်ဆုံးမှာတော့ အခွန်မြင့်မားစွာ ပေးသွားရဖွယ် ရှိနေပါတယ်။
▪️ ဒေါ်နယ်ထရမ့်က ဒီလိုမျိုး အခွန်တွေစည်းကြပ်ရတာဟာ အမေရိကန် ပြည်တွင်းထုတ်လုပ်မှုများ အားပေးရန်ဖြစ်သလို အခြားနိုင်ငံတွေကိုလည်း အမေရိကန်တင်ပို့ကုန်ပစ္စည်းများအတွက် ကုန်သွယ်ရေး အတားအဆီးများလျှော့ချဖို့ တိုက်တွန်းရာရောက်ပါတယ်။
▪️ ထရမ့်ကတော့ နိုင်ငံခြားတင်ပို့သူတွေအနေဖြင့် အခွန်ပေးဆောင်ရမယ်လို့ ပြောနေပေမယ့် အမေရိကန်ကုမ္ပဏီတွေကသာ အများစုကို ပေးဆောင်နေရတယ်လို့ စီးပွားရေးပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ သဘောတူညီချက်မရတဲ့ နိုင်ငံတွေကတော့ အခွန် ၅၀ ရာခိုင်နှုန်းအထိ ရင်ဆိုင်ရဖွယ်ရှိပြီး ဒီထဲမှာ ဘရာဇီးလ်၊ ကနေဒါ၊ ထိုင်ဝမ်၊ အိန္ဒိယတို့ ပါဝင်နေပါတယ်။
▪️ ပါကစ္စတန်၊ တောင်ကိုရီးယားတို့လို နိုင်ငံတွေကတော့ နောက်ဆုံးအချိန်ကျမှ သဘောတူညီမှုရခဲ့ပေမယ့် အတိအကျတော့ ရရှိခဲ့တာ မဟုတ်ပါဘူး။
▪️ ကနေဒါကနေ ပါလက်စ်တိုင်းကို အသိအမှတ်ပြုတဲ့ ကိစ္စမျိုးတွေကြောင့် ထရမ့်ရဲ့ပေါ်လစီတွေ ရှုပ်ထွေးလာပြီး ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှုတွေကို သက်ရောက်လာကာ သံတမန်ရေးရာ တင်းမာမှုမြင့်တက်နေပါတယ်။
#Source: AP News
Page 331 of 2056