ယီမင်ဆိပ်ကမ်းမြို့ကို အစ္စရေးလ်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် လောင်စာဆီပြတ်တောက်မည်ကိုစိုးရိမ်ကာ စက်သုံးဆီဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းနေကြ
ယီမင်နိုင်ငံ ဟိုဒဲဒါဆိပ်ကမ်းနေရာကို အစ္စရေးလ်တို့က စနေနေ့မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယီမင်နိုင်ငံသား အများအပြားဟာ လောင်စာဆီပြတ်တောက်မှာ စိုးရိမ်နေကြပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ ကားတွေတန်းစီစောင့်ဆိုင်းနေကြပါတယ်။
#World_News
Published 23 July 2024
#လေကြောင်းမှတိုက်ခိုက် #လောင်စာဆီပြတ်တောက်
#YMG #Yangon_Times #Yangon_Media_Group
၂၃ ဇူလိုင် ၂၀၂၄
ယခုတစ်ပတ်ထဲ လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာနစက အစိုးရက အကြီး တန်းအရာရှိတစ်ဦးကို စေလွှတ်မယ်လို့ သံတမန်သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ကျုတိုသတင်းဌာနက သတင်းဖော် ပြလိုက်ပါတယ်။
ဒါဟာ မြန်မာနစကအစိုးရရဲ့ အကြီးတန်းအရာရှိတစ်ဦးအနေနှင့် လာအိုမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးမှာ တတိယ အကြိမ်မြောက်ဆက်တိုက်တက်ရောက်ခြင်းဖြစ်ပါတယ်။
@ymg/knl
#Daily_News
Published 23 July 2024
၁။ ပုဂံရှေးဟောင်းဘုရားများ မြစ်ရေကြောင့် မစိုးရိမ်ရပေမည့်လည်း မိုးသည်းထန်မှုကြောင့် ထိခိုက်ပျက်စီးနိုင်ဟုဆို
၂။ ဓာတ်မြေဩဇာတင်သွင်း၊ ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် မှတ်ပုံတင်ပေါင်း တစ်သောင်း ကျော် ခွင့်ပြုပေးထား
၃။ တစ်ပတ်တာကာလအတွင်း ရွှေဈေးကျပ်ခုနှစ်သောင်းကျော်ကျဆင်း
၄။ ယီမင်ဆိပ်ကမ်းမြို့ကို အစ္စရေးလ်တို့ လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် လောင်စာဆီပြတ်တောက်မည်ကိုစိုးရိမ်ကာ စက်သုံးဆီဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းနေကြ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၃ ဇူလိုင် ၂၀၂၄
နစက ဥက္ကဋ္ဌထံသို့ ယာယီသမ္မတ၏ တာဝန်ဝတ္တရားများလွှဲပြောင်းပေးခြင်းဟာ အခြေခံဥပဒေနှင့်ညီညွတ်တယ်လို့ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်။
ဘောလုံးနည်းပြသင်တန်း MFF "D" Certificate Coaching Course ကို ဇူလိုင် ၂၃ ရက်မှ ၂၆ ရက်အထိဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသား ၂၇ဦးနဲ့ သင်တန်းသူ ၃ ဦး တက်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 23 July 2024
#ဘောလုံးနည်းပြသင်တန်း #MFF"D"
#YMG/tthl #Yangon_Times
ကမ္ဘာ့ရွှေဈေးနဲ့အတူ အခုလတတိယပတ် တစ်ပတ်တာကာလအတွင်း အခေါက်ရွှေဈေးကျပ်ခုနှစ်သောင်းကျော်အထိကျဆင်းလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။ တစ်ပတ်တာကာလအတွင်းမှာ ကမ္ဘာ့ရွှေဈေးကလည်းတစ်အောင်စကို အမေရိကန်ဒေါ်လာ ၄၀ အထိကျဆင်းလာပြီး အခေါက်ရွှေတစ်ကျပ်သားကတော့ ၇၄,၅၈၄ ကျပ်အထိ ကျဆင်းလာတာပါ။
#Local_News
Published 23 July 2024
#ကမ္ဘာ့ရွှေဈေး #ရွှေဈေးကျဆင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံအတွင်းရှိ မြေဩဇာတင်သွင်းမှုနဲ့ ထုတ်လုပ်မှုလုပ်ငန်းတွေအတွက် မှတ်ပုံတင်လက်မှတ် အစောင်ရေပေါင်း (၁၁,၀၀၀) ကျော်ကို စိစစ်ခွင့်ပြုပေးထားပြီးဖြစ်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ သိရပါတယ်။
#Local_News
Published 23 July 2024
#မြေဩဇာတင်သွင်းမှု #မှတ်ပုံတင်ပေါင်းတစ်သောင်းကျော်
#YMG/NN #Yangon_Times
ပုဂံရှေးဟောင်းဘုရားတွေဟာ မြစ်ရေကြောင့် မစိုးရိမ်ရပေမယ့်လည်း မိုးဆက်တိုက်သည်းထန်ပါက ဘုရားစေတီပုထိုးတွေပဲ့ကျတာတွေဖြစ်နိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 23 July 2024
#ပုဂံရှေးဟောင်းဘုရား #ဘုရားစေတီပုထိုးတွေပဲ့ကျ
#YMG/tthl #Yangon_Times
#Local_News
Published 23 July 2024
▪️ နိုင်ငံ့စီးပွားရေးတိုးတက်ရန် နိုင်ငံတကာမှလာရောက်ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှုTrustရရှိရန်နှင့် Trade ပေါ်လစီများကောင်းမွန်ရန်လိုအပ်ကြောင်း စီးပွားရေးပညာရှင်သန်းစိုး (ဘောဂဗေဒ)၏ ပြောကြားချက်အရ သိရသည်။
▪️ ယင်းလိုအပ်ချက်ကို စီးပွားရေးပညာရှင် သန်းစိုး(ဘောဂဗေဒ)က'နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေများကြောင့်လက်ရှိ ပြည်တွင်းမငြိမ်သက်မှုအခြေအနေနှင့်ရွေးကောက်ပွဲ၏ အကျိုးကျေးဇူးများ ဆွေးနွေးပွဲ'၌ထည့်သွင်း ပြောကြားထားခြင်းဖြစ်သည်။
▪️ "နိုင်ငံတကာရင်းနှီးမြုပ်နှံမှု FBIတွေလာမလား မလာမလားဆိုတာနဲ့ပတ်သက်လို့ No.1ကတော့ နိုင်ငံရေးတည်ငြိမ်မှု Political Stable နဲ့ပတ်သက်တာ ရှိတယ်။
▪️ နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာထက်ပိုပြီးတော့ အဲဒီ့နိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေကိုမစဉ်းစားတော့ဘူး။ နိုင်ငံတကာရဲ့ နိုင်ငံတကာအရေးပြဿနာကို စဉ်းစားပြီး ရင်းနှီးမြုပ်နှံမှု Investment လုပ်လာတယ်။ အခုကစဉ်းစားပုံစဉ်းစားနဲ့ ကွဲထွက်သွားပြီ။
▪️ အရင်ကစစ်ပွဲတွေကြောင့်စီးပွားပျက်သွားတဲ့နိုင်ငံ တွေရှိတယ်။ တောင်ကိုးရီးယားနဲ့ မြောက်ကိုရီးယား စစ်ပွဲဖြစ်လို့ အဲဒီ့နှစ်နိုင်ငံပျက်သွားတယ်။ တောင် မြောက်ကိုရီးယားစစ်ပွဲကို မှီပြီးတော့ ဂျပန်မှာ စီးပွားရေးတွေတက်သွားတယ်။ ဒါကဥပမာပေါ့။
▪️ စီးပွားရေးမှာကအရေးကြီးတာက ယုံကြည်မှု Trustပဲ။ကျွန်တော်တို့ကနိုင်ငံမှာက အမှန်အတိုင်းပြောရရင်ယုံကြည်မှု Trustကအရေးကြီးတယ်။Trust က နည်းနည်းစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်။ အဲဒါလေး ဘယ်လိုလုပ်ရမလဲ။ Trust ဆိုရင် ဘဏ်ကိစ္စ တွေရွှေကိစ္စတွေအများကြီးရှိတယ်။
▪️ No.2က ခုနကပြောတဲ့ ကုန်သွယ်မှုTrade ပြဿနာ။ ကျွန်တော်တို့ ပို့ကုန် သွင်းကုန်Export/Importဆိုရင် Trade ပြဿနာပဲ။ သူတို့ကို အစိုးရသတ်မှတ်ထားတဲ့ ဈေးနှုန်းပြောင်းလိုက်၊ သူတို့ရှုံးနိုင်လား၊ အဲဒီ့အတွက်သူတို့ကို ကားပါမစ်ပေးမျိုးစသဖြင့် တစ်ခုခုစီစဉ်ပေးတာမျိုးတွေ လုပ်ဆောင်သင့်တာပေါ့"ဟု စီးပွားရေးပညာရှင်သန်းစိုး (ဘောဂဗေဒ)ကထည့်သွင်းပြောကြားခဲ့သည်။
▪️ လက်ရှိတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံ၏ စီးပွားရေးပြန်လည် ဦးမော့လာမလားမျှော်လင့် ချက်များရှိနေကြသည့်အပေါ် စီးပွား ရေးပညာရှင်သန်းစိုး(ဘောဂဗေဒ)က နိုင်ငံတစ်နိုင်ငံမှာ စီးပွားဖြစ်ထွန်းရန် နိုင်ငံတည်ငြိမ်ရန်လိုအပ်ပေမည့်လည်း ယင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေထက် အဆိုပါနိုင်ငံ၏ စီးပွားရေးပေါ်လစီများအပေါ်သာပိုမို မူတည်နေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ နိုင်ငံတကာရင်းနှီးမြုပ်နှံမှု FBIများ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြုပ်နှံရန် နိုင်ငံရေးတည်ငြိမ်မှုအပြင် ပုဂ္ဂလိကပိုင်ဆိုင်မှု အာမခံချက်ဘယ် လောက်ပေးနိုင်မလဲ၊ ကုန်သွယ်မှုဆိုင်ရာ ပေါ်လစီများ Trade Policyများ ၊Tax အခွန်ဆိုင်ရာများ ပေါ်လစီများ၊ Institution များအပေါ်သာမူတည်ကြောင်း သိရသည်။
#YMG/tthl #Yangon_Times
#Local_News
Published 23 July 2024
▪️ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေဘေးဖြစ်ပွားမှုအကြိမ်ရေ(၁၄၄)ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပေါင်း (၂၇၉)လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူနှင့်တိရစ္ဆာန်သေဆုံး၊ ထိခိုက်/ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
▪️ယင်းကဲ့သို့ ဆုံးရှုံးခဲ့ကြောင်းကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် ရေဘေးအန္တရာယ်ကြိုတင်ပြင် ဆင်ရေးနှင့် စပ်လျင်း၍ အသိပေးနှိုးဆော်ချက်၌ဖော်ပြထားသည်။
▪️ အဆိုပါ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၌ နှစ်စဉ်ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန် များပြားစွာရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများကိုလည်း ကြုံတွေ့ရနိုင်ကြောင်း၊
▪️ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်အတွက် ရေဘေးမဖြစ်ပွားမီကြိုတင်ပြင်ဆင်ထားရမည့်သောက်သုံးရေများ ကြိုတင်စုဆောင်း ထားခြင်း၊ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင် ပြင်ဆင်ထားခြင်းစသည့်အသေးစိတ်အချက်များကိုဖော်ပြထားသည်။
▪️ အကယ်၍သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့ရပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီ ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်၍ အကူအညီ တောင်းခံနိုင်ကြောင်း ထုတ်ပြန် ဖော်ပြထားကြောင်း သိရသည်။
#YMG/tthl #Yangon_Times
၂၃ ဇူလိုင် ၂၀၂၄
ရုရှားနိုင်ငံရဲ့ ငွေချေစနစ် ဖြစ်တဲ့ Mir ကို မြန်မာနိုင်ငံမှာ အကန့်အသတ်နှင့်စတင်အသုံးပြုနေပြီလို့ မြန်မာနိုင်ငံအခြေစိုက်ရုရှား သံရုံးရဲ့ပြောကြားချက်ကိုကိုးကားပြီး TASS သတင်းဌာနကရေးသားပါတယ်။
မြန်မာနိုင်ငံမှာ အချို့သောစားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာရုရှားငွေချေကတ် Mir ကို အကန့်အသတ်နှင့် စတင် အသုံးပြုနေတာဖြစ်တယ်လို့ ရုရှားသံရုံးကပြောပါတယ်။
“ယခုလောလောဆယ်မှာ Mir card စနစ်ကို မြန်မာနိုင်ငံမှာရှိတဲ့ အချို့စားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာ ကန့်သတ်သုံးစွဲမှုတွေစတင်နေပါပြီ။ မကြာခင်မှာ ထပ်မံတိုးချဲ့အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီလိုသုံးတဲ့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေအတွက် အကျိုးရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာရှိနေကြတဲ့ ရုရှားနိုင်ငံသားတွေအတွက်လည်း နေရထိုင်ရ ပိုအဆင်ပြေပါလိမ့်မယ်” လို့ သံရုံးကပြောကြားပါတယ်။
မြန်မာနိုင်ငံဟာ ရုရှားရဲ့ Mir card ကိုသုံးစွဲတဲ့ ၁၃နိုင်ငံမြောက်ဖြစ်ပါတယ်။ အခြားသော နိုင်ငံ(၆)နိုင်ငံကလည်း အသုံးပြုနိုင်ဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်ရေး အဆင်သင့်ဖြစ်နေကြကြောင်းသတင်းမှာဖော်ပြထားပါတယ်။
Source TASS
#Local_News
Published 23 July 2024
▪️ ဂျပန်ကုမ္ပဏီများက မြန်မာလုပ်သားများကို အလုပ်ကမ်းလှမ်းစာ ၄၄၀ ခု ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
▪️ တိုကျိုမြို့ရှိ မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ ၄၄၀ ခု၏ အချက်အလက်များကိုစိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့အကြောင်းကြားထားခြင်းဖြစ် ကြောင်းသိရသည်။
▪️ အဆိုပါ စိစစ်ချက်များအရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိသည့် ရက်စွဲအလိုက် အစဉ်အတိုင်းစိစစ်ပေးလျက်ရှိရာ ဇွန်လ ၃ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီးဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ စိစစ်ရာတွင် အလုပ်ခေါ်ယူသည့် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီ၊ အလုပ်ခေါ်ယူသည့်စက်ရုံ /ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်းရှိ၊ မရှိအပါအဝင် စာရွက်စာတမ်းအထောက်အထားများကို စစ်ဆေးခဲ့ကြောင်း မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရသည်။
#YMG/NN #Yangon_Times
Page 331 of 1682