#Local_News

Published 04 August 2025

▪️ ဆော်ဒီနိုင်ငံ Riyadh မြို့၌ ကျင်းပခဲ့သည့် ESports ကမ္ဘာ့ဖလားပြိုင်ပွဲ PMWC 2025 တွင် မြန်မာ ကိုယ်စားပြု Yangon Galacticos အသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

▪️ “ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း (၄,၀၀၀) ကျော်အကွာ ESports အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲပြိုင်ပွဲမှာတော့ ကျွန်တော်တို YG PUBGM အသင်းအနေနဲ့ ကမ္ဘာ့စင်မြင့်ပေါ်မှာ PMWC 2025 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် အကောင်းဆုံးရယူနိုင်ခဲ့ပါပြီ။

▪️ ဒီချန်ပီယံဆုဟာ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ပထမဆုံး Esports ကမ္ဘာ့ဖလားဖြစ်တဲ့ World Champion Title ကို ရယူနိုင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တိုင်အသစ်ကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

▪️ နောက်နှစ်တွေလဲ ဒီထက်မကအောင်မြင်မှုတွေ ရရှိအောင်ကြိုးစားသွားပါမယ်ခင်ဗျာ” ဟု Yangon Galacticos အသင်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

▪️ YG အသင်းအနေဖြင့် နိုင်ငံတကာမှ PUPG အသင်းပေါင်း ၁၅သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ရပြီးနောက် ချန်ပီယံဆုကိုရရှိခဲ့ခြင်းဖြစ်ကာ ဆုကြေးအနေဖြင့် အမေရိကန်ဒေါ်လာ၅၄၇၀၀၀ရရှိခဲ့ကြောင်း သိရသည်။

▪️ ဆော်ဒီနိုင်ငံတွင် ကျင်းပသည့် ESports ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ PUBG နှင့် MLBB ကိုယ်စားပြု အသင်းတို့ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး MLBB ကိုယ်စားပြု အဖြစ် Mythic Seal ကဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 8 အဆင့်ရရှိခဲ့ကြောင်း သိရသည်။

#YMG/SW #Yangon_Times