၄ ဩဂုတ် ၂၀၂၅

တောင်ငူဘူတာရုံကို ခေတ်မီဘူတာရုံတစ်ခုအဖြစ် အသစ်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရပါ တယ်။

အဆိုပါဘူတာရုံအသစ်နှင့်ဆက်စပ်ပြီး  တောင်ငူမြို့ရှောင် ရထားလမ်းကိုလည်း ဖောက်လုပ်နေပါတယ်။

အဆိုပါဆောင်ရွက်ချက်များကို လအက နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသယာယာရေးကော်မရှင် (လအက) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဩဂုတ် ၂ ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှု ခဲ့ပါတယ်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တောင်ငူမြို့ရှောင် ရထားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရထားလမ်းအူကြောင်းနှင့် ရထားလမ်းဆိုင်ရာအချက်အလက်များ၊ တောင်ငူဘူတာရုံအသစ် တည်ဆောက်ရေး လျာထား ဆောင်ရွက် ထားရှိမှု၊ ရထားလမ်းနှင့် ဘူတာအဝင်ကားလမ်းနယ်နိမိတ်သတ်မှတ်မှု၊ဖို့မြေလုပ်ငန်းဆောင်ရွက် သွား မည့်အစီအမံများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ရှင်းလင်းတင်ပြမှုများအပေါ် လအကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရထားလမ်း နှင့် ဘူတာရုံ အသစ် တည်ဆောက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်စေရေး သတ်မှတ်စံချိန်စံညွှန်းများအတိုင်း လုပ်ငန်းစဉ်အဆင့်အလိုက် အရည်အသွေး  ပြည့်မီအောင် တည်ဆောက်သွားဖို့ မှာကြားခဲ့ကြောင်း သိရပါတယ်။

#ymng/knl