#World_News
Published 04 August 2025
▪️ နယူးဇီလန်မှ အမျိုးသမီးတစ်ဦး ဘတ်စ်ကားဖြင့် ခရီးသွားနေစဉ် သူ့ရဲ့ခရီးဆောင်အိတ်ထဲကနေ အသက် ၂ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တွေ့ရှိပြီးနောက် ဖမ်းဆီးခံလိုက်ရပါတယ်။
▪️ တနင်္ဂနွေနေ့ နယူးဇီလန်မြောက်ပိုင်း ကိုင်ဝါကာမြို့လေးမှာ ခရီးသည်တစ်ဦးက လက်ဆွဲအိတ်ထားရာနေရာကို ဖွင့်ကြည့်လိုကြောင်း တောင်းဆိုခဲ့ပြီးနောက်မှာ ရဲအရာရှိတွေကို ဘတ်စ်ကားမှတ်တိုင်တစ်ခုသို့ လာရောက်ရန် လှမ်းခေါ်ခဲ့ကြတယ်လို့ ရဲတွေကပြောပါတယ်။
▪️ ယာဉ်မောင်းဆရာက လက်ဆွဲအိတ်လှုပ်နေတာကို သတိထားမိပြီး စိုးရိမ်သွားကြောင်း၊ အိတ်ကို ဖွင့်လိုက်တဲ့အခါ အသက် ၂ နှစ်အရွယ်မိန်းကလေးကို တွေ့ရှိခဲ့ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အမျိုးသမီးကို ဖမ်းဆီးခဲ့ပြီး ကလေးညှင်းပန်းဆက်ဆံမှုဖြင့် တရားစွဲဆိုထားပါတယ်။
▪️ မိန်းကလေးက အလွန်ပူနေတယ်ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာအရ ဘေးအန္တရာယ် မဖြစ်တဲ့ပုံပေါ်တယ်လို့ ရဲတွေကပြောပါတယ်။
ကလေးကို ဆေးရုံသို့ခေါ်ဆောင်သွားပြီး ဆေးစစ်ဆေးမှုများ ပြုလုပ်နေပါတယ်။
▪️ ထိုအမျိုးသမီးနဲ့ ကလေးကြား ဆက်စပ်မှုကို မဖော်ပြထားပါဘူး။
အမျိုးသမီးကတော့ တနင်္လာနေ့မှာ မြောက်ပိုင်းကမ်းခြေခရိုင်တရားရုံးကို တက်ရောက်ရမှာ ဖြစ်ပါတယ်။
▪️ ဘတ်စ်ကားယာဉ်မောင်းက တစ်ခုခုမူမမှန်တာကို သတိထားမိပြီး နောက်ထပ်ပိုဆိုးမလာအောင် လုပ်ဆောင်နိုင်ခဲ့တာကို အသိအမှတ်ပြုချင်ပါတယ်လို့လည်း ပြောသွားပါတယ်။
#Source: BBC