#Local_News

Published 04 August 2025

▪️ ရန်ကုန်တိုင်းဒေသကြီး ၊သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၌ Business Management နှင့် Digital Marketing သတင်းများကို အွန်လိုင်းမှ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း
သိရသည် ။

▪️ အဆိုပါ သင်တန်းကာလမှာ ၃လကြာမြင့်မည်ဖြစ်ကာသက်ဆိုင်ရာ အွန်လိုင်းလျှောက်လွှာများကို အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်ပြီး ဩဂုတ်လ ၁၂ ရက်နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည် ။

▪️ ယင်းသင်တန်း၌ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Entrepreneurship and Business Management - CEBM)နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် စျေးကွက်ဖော်ဆောင်မှု နှင့် ဆန်းသစ်တီထွင်မှုပညာ အသိအမှတ်ပြုလက်မှတ် (Certificate in Digital Marketing and Innovation - CDMI) ပေးအပ်သွားမည် ဖြစ်သည် ။

▪️ အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကြေးမှာ (၁ သိန်း)ကျပ် သတ်မှတ်ထားကာ အပတ်စဉ် စနေနှင့်တနင်္ဂနွေနေ့တို့မှာ နံနက် ၉ နာရီမှ ၁၂ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည် ။

#YMG/NN #Yangon_Times