#Local_News
Published 27 April 2026
■ တောင်ငူမြို့ရှိ သုတေသနပြု တူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျထိန်းသိမ်းထားကြောင်းဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
■ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယမာန်နေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ ကေတုမတီမြို့ဟောင်း ဖော်ထုတ်ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
■ ဦးစွာ ဒုတိယဝန်ကြီးသည် တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊ ရေကျုံးနှင့် နွံကျုံးဖော်ထုတ်ထိန်းသိမ်းထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
■ ထို့နောက် နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော အုတ်စီအုတ်ရိုးများ၊ အုတ်ကြမ်းခင်းများ၊ အုတ်ကြွပ်မိုးနှင့် သံမယ်နများကို စနစ်တကျ ထိန်းသိမ်းသွားရန်မှာကြားသည်။
■ ယင်းနောက် ကေတုမတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ စင်တံခါးနှင့် သစ်ရင်းတံခါး ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ရေပို့ကုန်းရွာရှိ အုတ်ကျောင်း၊ ကြာနီကန်ကျောင်းတိုက်အတွင်းရှိ ပရက္ကမသိမ် ထိန်းသိမ်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဒုတိယဝန်ကြီးက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေခွဲဝေချထားပေးမှုဖြင့် ဖော်ထုတ်ဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ဆက်လက်ဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ အမှိုက်ကင်းစင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်စပ်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။
■ ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟံသာဝတီမြို့ဟောင်း အနောက်ဘက်မြို့ရိုးရှိ သိန္နီတံခါးဝဲယာ မြို့ရိုးနှင့်ကျုံး ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ အရှေ့ဘက်မြို့ရိုးရှိ အင်းဝတံခါးပေါက်၏ ဝဲဘက်ယာဘက်တစ်လျှောက်ရှိ မြို့ရိုးနှင့်ကျုံးဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ယင်းနေရာများရှိ မြို့ရိုးနှင့် ရေကျုံးကြားနေရာများတွင် ပြည်သူများ အနားယူအပန်းဖြေနိုင်ရန်၊ ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူများတွေ့မြင်သိရှိပြီး ဂုဏ်ယူမြတ်နိုးတန်ဖိုးထားနိုင်စေရေးအတွက် ဖော်ထုတ်ထိန်းသိမ်းထားသော ဟံသာဝတီခေတ်၊ တောင်ငူခေတ် ယဉ်ကျေးမှုအမွေအနှစ်များနှင့် အပန်းဖြေနေရာများ၊ မြောက်ဘက်မြို့ရိုးရှိ ယိုးဒယားတံခါးပေါက်၊ တောင်ဘက်မြို့ရိုးရှိ ဇင်းမယ်တံခါးပေါက်နှင့် မိုးကောင်းတံခါးပေါက်များ ဖော်ထုတ်ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပဲခူး ဟံသာဝတီမြို့ဟောင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းရေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေခွဲဝေချထားပေးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ အမှိုက်ကင်းစင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်သွားရန်နှင့် ယဉ်ကျေးမှုအခြေပြု ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။
■ ပဲခူးမြို့တွင် ဘုရင်မကြီး ရှင်စောပု၊ ဓမ္မစေတီမင်းကြီးနန်းစိုက်ခဲ့ရာ ဟံသာဝတီနန်းမြို့တော်နှင့် ဘုရင့်နောင်မင်းတရားကြီး (ခရစ်နှစ် ၁၅၅၁-၁၅၈၁) က ၁၅၅၃ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည်တည်ထောင်ခဲ့သည့် ကမ္ဘောဇသာဒီနန်းမြို့တော်တို့ တည်ရှိပြီး ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင် အင်အားကြီးသည့် တောင်ငူအင်ပါယာ(ခေါ်)လက်နက် နိုင်ငံတော်ကို စည်းရုံးထူထောင်နိုင်ခဲ့ကာ ကမ္ဘောဇသာဒီသည် ဒုတိယမြန်မာနိုင်ငံတော်၏ အရေးပါသည့် အုပ်ချုပ်မှုဗဟိုမြို့တော်သမိုင်းဝင်နေရာဖြစ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 27 April 2026
■ ရန်ကုန် - မန္တလေး အမြန်လမ်းရှိ ဒုဋ္ဌဝတီတံတား အသစ်ပြန်လည်တည်ဆောက်ခြင်းနှင့် လမ်း၊ တံတားများ ပြုပြင်ဆောင်ရွက်နေသည့်အခြေအနေများကိုဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
■ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမာန်နေ့နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်း၏ မိုင်တိုင်အမှတ် ၃၆၆/၃ မှ ၃၆၁/၃ အကြားရှိ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ကွန်ကရစ်လမ်းများ ပြန်လည်ပြုပြင်ပြီးစီး၍ ကတ္တရာကွန်ကရစ်(AC)ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေ မှုအခြေအနေ၊ လမ်းဝဲ/ယာမြေ သားအမာခံရရှိရေး ဆောင်ရွက်ပြီးစီးသည့် အခြေအနေတို့ကိုကြည့်ရှုစစ်ဆေးသည်။
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင်အမှတ်(၃၆၀/၀)ရှိ မြစ်ဆွတ်ချောင်း တံတားသို့ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာကလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြုပြင်ခြင်းလုပ်ငန်းများ ဆောလျင်စွာပြီးစီးစေရေးအတွက် လုပ်ငန်းလိုအပ်ချက်များကို မေးမြန်းဆွေးနွေး၍ လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုမှာကြားသည်။
■ ယင်းနောက် မိုင်တိုင်အမှတ် (၃၅၈/၁)ရှိ ဒုဋ္ဌဝတီတံတား (ပေ ၁၀၀၀) အသစ်ပြန်လည်တည် ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မန္တလေးမြို့သို့ တိုက်ရိုက်သွားလာနိုင်ရန်အတွက် ဒုဋ္ဌဝတီ တံတားတည်ဆောက်ပြီးစီးရန်လိုအပ်ပါကြောင်း၊ ငလျင်ဒဏ်ကြောင့် တံတားပြိုကျပျက်စီး၍ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်နေသဖြင့် ခရီးသွားပြည်သူများ တံတားဦး - ပလိပ်လမ်းမှ တစ်ဆင့်ပတ်၍ မန္တလေးမြို့သို့ သွားလာနေရသောကြောင့် လေးလမ်းသွား တံတားဆောင်ရွက်နေခြင်းတွင် အပြန်လမ်းဘက်မှ နှစ်လမ်းသွားတံတားကို ၂၀၂၆ ခုနှစ် ကုန်မတိုင်မီ ပြီးစီးအောင်တွန်းအားပေးဆောင်ရွက်၍ လမ်းပန်းဆက်သွယ်မှုရရှိအောင် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တံတားတည်ရှိသည့် နေရာသည် ပြင်းထန်သည့် လှုပ်ခါမှုကြောင့် အစိုင်အခဲမှ ရွှံ့ညွန်ကဲ့သို့ ဂုဏ်သတ္တိပြောင်းလဲခြင်းဖြစ်စဉ် (lique- faction) ဖြစ်နိုင်ခြေများသော မြေအမျိုးအစားဖြစ်သောကြောင့် လိုအပ်သည့် တွက်ချက်မှုများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တံတားပြီးစီးသည်နှင့် တစ်ပြိုင်တည်း ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း လွယ်ကူချောမွေ့စွာသွားလာနိုင်ရန်အတွက် လမ်းတစ်လျှောက်ရှိ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း ဟန်ချက်ညီစွာပြီးစီးစေရေး လမ်းပိုင်းအလိုက် တာဝန်ခံများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း မှာကြားကာလုပ်ငန်းခွင်အတွင်း အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။
■ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း) မိုင်တိုင်အမှတ်(၃၅၅/၀)ရှိ ယုဇနတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အသေးစိတ်ဆွေးနွေးမေးမြန်းကာ လုပ်ငန်းခွင်အတွင်း လိုက်လံစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။ ယခုတည်ဆောက်နေသော ယုဇနတံတားသည် အရှည်ပေ ၂၂၀ ရှိပြီး အကျယ် ၂၇ ပေရှိသော နှစ်လမ်းသွားတံတားဖြစ်၍ ၂၀၂၅ ခုနှစ် ဧပြီလတွင် စတင်တည် ဆောက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် ပြီးစီးစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
■ ဆက်လက်၍ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (လမ်းဟောင်း)အတိုင်း မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာလာကြရာ လမ်းတစ်လျှောက်တွင် အမာခံလမ်းပခုံးများ ဆောင်ရွက် ပြီးစီးသည့်အခြေအနေ၊ လမ်းအင်္ဂါရပ်နှင့်ကိုက်ညီစေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 27 April 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ နှစ်လကြာစစ်ပွဲပြီး အဆုံးသတ်ဖို့ ညှိနှိုင်းလိုပါက ဖုန်းဆက်လို့ရတယ်လို့ တနင်္ဂနွေနေ့က ပြောလိုက်ပြီး နျူကလီးယားလက်နက် ဘယ်တော့မှ မရှိစေရဘူးလို့ ဆိုပါတယ်။
■ ဒီမတိုင်ခင်မှာ အီရန်က အမေရိကန်အနေနဲ့ သဘောတူညီချက် ရရှိဖို့ အတားအဆီးတွေ ဖယ်ရှားပေးသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
■ ထရမ့်က အစ္စလာမာဘက်ခရီးစဉ်ကို သဘောမတူတဲ့နောက် ငြိမ်းချမ်းရေးအားထုတ်မှုတွေ မျှော်လင့်ချက် ပြန်လည်ယုတ်လျော့သွားပါတယ်။
■ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက ကြားဝင်ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန်နဲ့ အိုမန်တို့ထံ အကြိမ်ကြိမ်သွားရောက်နေခဲ့ပြီး ရုရှားမှာ သမ္မတပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
■ ထရမ့်က အီရန်ဆွေးနွေးလိုပါက လာရောက်နိုင်သလို ဖုန်းခေါ်ဆိုနိုင်ကြောင်း၊ လုံခြုံစိတ်ချရတဲ့ ဖုန်းလိုင်းတွေရှိကြောင်း ပြောသွားပါတယ်။
■ ဒါ့အပြင် သဘောတူညီချက်ထဲက အရိုးရှင်းဆုံးအချက်က နျူကလီးယားလက်နက် မရှိစေရေးဖြစ်ပြီး ဒီလိုမှမဟုတ်ရင် တွေ့ဆုံစရာအကြောင်း မရှိဘူးလို့လည်း ပြောပါတယ်။
■ အီရန်ကတော့ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးချဖို့ပဲ ကြိုးပမ်းနေတာကို အမေရိကန် အသိအမှတ်ပြုစေချင်နေတာ ကြာပါပြီ။
■ အပစ်အခတ် ယာယီရပ်စဲရေး ရရှိခဲ့ပေမယ့် စစ်ပွဲကြီး အဆုံးသတ်ဖို့အတွက်တော့ သဘောတူညီချက် မရသေးပါဘူး။
■ အမေရိကန်နဲ့ အီရန်ကြား သဘောတူညီမှု မရခြင်းက နျူကလီးယားအစီအစဉ်နဲ့ ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်မှုတွေအထိပါ ကျော်လွန်နေပြီ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 27 April 2026
■ ဗိုက်တာမင်-ဒီက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ဓာတ် ဖြစ်ပါတယ်။
■ အချို့သုတေသနအရ ဗိုက်တာမင်-ဒီကို ညမအိပ်ခင် သောက်သုံးပါက အိပ်စက်မှုဟော်မုန်း မယ်လတိုနင် ထုတ်လုပ်မှုကို နှောင့်ယှက်နိုင်တယ်လို့ ဆိုပါတယ်။
■ နေရောင်ခြည်ထိတွေ့မှုက ဗိုက်တာမင်-ဒီ သဘာဝအလျောက် ရနိုင်တာကြောင့် နေ့ဘက်မှာ ပမာဏအများဆုံးရှိသင့်ပြီး ညဘက်မှာတော့ အနည်းဆုံးရှိသင့်တယ်လို့ ယူဆထားပါတယ်။
■ ၂၀၁၃ လေ့လာချက်တစ်ခုမှာ ဗိုက်တာမင်-ဒီ ပမာဏများများ သုံးစွဲသူတွေဟာ ၃ လကြာပြီးနောက် ညဘက် မယ်လတိုနင်ပမာဏ ကျဆင်းသွားစေတယ်လို့ တွေ့ရှိထားပါတယ်။
■ ဒါပေမဲ့ ဗိုက်တာမင်-ဒီက အိပ်စက်မှုကို ကောင်းမွန်စေတဲ့ အထောက်အထားလည်း ရှိပါတယ်။
■ ဗိုက်တာမင်-ဒီ နည်းသူတွေမှာ အိပ်ရေးပျက်ခြင်း၊ ကောင်းစွာ မအိပ်စက်နိုင်ခြင်း စတာတွေနဲ့ ပတ်သက်နေပါတယ်။
■ ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတွေ ပိုဖြစ်စေပြီး အိပ်စက်မှုကို နှောင့်ယှက်စေနိုင်ပါတယ်။
■ ဗိုက်တာမင်-ဒီက အဆီပျော်ဝင်နိုင်ပြီး အဆီနဲ့တွဲစားပါက စုပ်ယူနိုင်စွမ်း ပိုကောင်းစေပါတယ်။
■ အဆီဆိုတာက ထောပတ်သီး၊ အခွံမာသီးတို့က အဆီတွေကို အကြံပြုပါတယ်။
■ ကျန်းမာရေးအလုံးစုံ ကောင်းမွန်ဖို့အတွက် ဗိုက်တာမင်-ဒီကို တစ်မီလီလီတာလျှင် ၂၀ နာနိုဂရမ်နှုန်းအထက် ထိန်းသိမ်းထားဖို့က အရေးကြီးပါတယ်။
■ ညဘက်မှာ ဗိုက်တာမင်-ဒီသောက်လို့ အိပ်စက်ရတာ အနှောင့်အယှက်ဖြစ်တယ်ဆိုရင် နေ့အစောပိုင်းမှာ ပြောင်းလဲသုံးစွဲသင့်ပြီး ပုံမှန်လေး အသုံးပြုဖို့ကလည်း ပိုပြီးအရေးကြီးပါတယ်။
■ ဘယ်အချိန် သောက်သုံးဖို့ အသင့်လျော်ဆုံးလဲဆိုတာကတော့ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။
Source: Health.
#World_Health
Published 27 April 2026
■ အမျှင်ဓာတ်ဆိုတာက အစားအသောက်ထဲမှာ အရေးကြီးတဲ့ဓာတ် ဖြစ်ပါတယ်။
■ အမျှင်ဓာတ် လုံလောက်စွာ စားခြင်းဖြင့် အူလမ်းကြောင်းအတွက်သာမက ဦးနှောက်ကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။
■ လူပေါင်း ၃,၇၀၀ ကျော် လေ့လာထားရာမှာ အမျှင်ဓာတ်အများဆုံး စားသူတွေက ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေနည်းပါးပြီး ဦးနှောက်အသိဉာဏ် လုပ်ဆောင်ချက်လည်း တိုးတက်တာ တွေ့ရပါတယ်။
■ အူလမ်းကြောင်း ဘက်တီးရီးယားတွေက အစာခြေစနစ်၊ ကိုယ်ခံအားစနစ်၊ စိတ်ပိုင်းနဲ့ ဦးနှောက်ကျန်းမာရေးတို့မှာ အရေးပါပါတယ်။
■ အမျှင်ဓာတ်တွေကြောင့် SCFA ဖက်တီးအက်ဆစ်များ ထွက်ရှိကာ ဦးနှောက်လုပ်ဆောင်ချက်၊ စိတ်အခြေအနေတို့ကို ထောက်ပံ့ကူညီပါတယ်။
■ အမျှင်ဓာတ် ပိုစားသူတွေဟာ မှတ်ဉာဏ်ပိုမိုစွဲကျန်ခြင်း၊ အာရုံစူးစိုက်မှု ကောင်းမွန်ခြင်း၊ ဦးနှောက်အသိဉာဏ်ကျဆင်းနိုင်ခြေ နည်းပါးခြင်းတို့ ရရှိတာ တွေ့ရပါတယ်။
■ အမျှင်ဓာတ်က ဦးနှောက်အတွက် ဘာကြောင့် အကျိုးရှိစေလဲဆိုတော့ ရောင်ရမ်းမှု လျှော့ချပေးခြင်း၊ အာရုံကြောပေးပို့ပစ္စည်းများ ထောက်ပံ့ကူညီပေးခြင်း၊ သွေးတွင်းသကြားဓာတ် တည်ငြိမ်စေခြင်းတို့ ပေးစွမ်းနိုင်လို့ ဖြစ်ပါတယ်။
■ အရွယ်ရောက်ပြီးသူတွေအတွက် အသီးအနှံနဲ့ ဟင်းရွက်တို့ကနေ နေ့စဉ်အမျှင်ဓာတ် ၄၀၀ ဂရမ် အနည်းဆုံး လိုအပ်ပါတယ်။
■ အမျှင်ဓာတ်ကို ရုတ်တရက် အများကြီးမစားသင့်ဘဲ ဖြည်းဖြည်းချင်း စားသုံးကာ ရေများများသောက်ပေးသင့်ပါတယ်။
■ အဆိုပါ အကျိုးကျေးဇူးများအပြင် အစာခြေထောက်ပံ့ခြင်း၊ ကိုယ်အလေးချိန် ထိန်းပေးခြင်း၊ ကိုလက်စထရော လျှော့ချခြင်း၊ ဆီးချိုဖြစ်နိုင်ခြေ လျော့နည်းခြင်းတို့လည်း ရရှိစေနိုင်ပါတယ်။
Source: NDTV.
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက တစ်ဆင့်မြင့်မော်တာစက်ချုပ်သင်တန်း (Advanced Sewing Machine Operator Training) အမှတ်စဥ် (၁၄ ) သင်တန်းကို ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 25 April 2026
#အထည်ချုပ်လုပ်ငန်း #မော်တာစက်ချုပ်
#YMG/SW #Yangon_Times
#World_Health
Published 25 April 2026
■ အသက်ရှည်ရှည် နေချင်ရင် နေထိုင်ပြောင်းလဲမှုပုံစံ ကြီးကြီးမားမား ပြောင်းလဲရန်မလိုဘဲ နေ့စဉ်အလေ့အကျင့်တွေမှာ မှန်မှန်နဲ့ အနည်းငယ်သာ ပြောင်းလဲဖို့ လိုပါတယ်။
■ လူပေါင်း ၆ သောင်းကို သုတေသနလေ့လာရာမှာ အိပ်စက်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ စားသောက်ပုံစံတို့မှာ အနည်းငယ်မျှ တိုးတက်အောင်ပြုလုပ်ရုံဖြင့် ပျမ်းမျှနေထိုင်သက်တမ်း ၁ နှစ်ကျော် တိုးစေတာ တွေ့ရပါတယ်။
■ တစ်ညကို ၅ မိနစ်ခန့် ပိုအိပ်ခြင်း၊ နေ့စဉ် လေ့ကျင့်ခန်း ၂ မိနစ်ပိုလုပ်ခြင်း၊ နေ့စဉ် ဟင်းသီးဟင်းရွက် ပိုစားခြင်းတို့ ပါဝင်ပါတယ်။
■ ဒီအပြောင်းအလဲငယ်တွေက မထင်ရှားပေမယ့် ပေါင်းစုလိုက်တဲ့အခါကျရင် အသက် ၁ နှစ်ကျော် ရှည်စေနိုင်ပါတယ်။
■ အိပ်စက်မှု၊ လှုပ်ရှားမှု၊ စားသောက်မှု ၃ မျိုးစလုံး တိုးတက်အောင်လုပ်ခြင်းက တစ်ခုတည်းကို ကြီးကြီးမားမား ပြောင်းလဲတာထက် များစွာပိုသက်ရောက်မှု ရှိပါတယ်။
■ တစ်ညကို ၇-၈ နာရီအိပ်စက်ခြင်း၊ နေ့စဉ် လှုပ်ရှားမှု မိနစ် ၄၀ မှ ၄၅ မိနစ်ခန့် ပြုလုပ်ခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်းတို့က နေထိုင်မှုဘဝကို ပြောင်းလဲစေနိုင်မှာ ဖြစ်ပါတယ်။
■ ဆယ်စုနှစ်တွေကြာတဲ့ သုတေသနများအရ နေထိုင်စားသောက်မှုပုံစံက သက်ရှည်ကျန်းမာရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာကို တွေ့ထားပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ခြင်းက မျိုးရိုးဗီဇအန္တရာယ်တွေကိုတောင် ကျော်လွန်ကာ အသက် ၅ နှစ်လောက် ပိုရှည်စေနိုင်ပါတယ်။
■ ဒါကြောင့် အထက်ပါ ၃ မျိုးကို အနည်းငယ်မျှ လက်တွေ့ကျကျ ပြောင်းလဲခြင်းဖြင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ အသက်ရှည်စေနိုင်မှာ ဖြစ်ပါတယ်။
Source: First Post.
#World_Health
Published 26 April 2026
■ နေ့စဉ် သစ်သီးဝလံတွေ စားသုံးခြင်းဖြင့် ဆီးချိုရောဂါ ကာကွယ်နိုင်မှာဖြစ်ပေမယ့် ဘယ်အသီးအနှံက အကောင်းဆုံးလဲ။
■ စပျစ်သီးနဲ့ ငှက်ပျောသီးမှာ ဘယ်ဟာက သွေးတွင်းသကြားဓာတ်ကို ပိုမိုသက်ရောက်စေနိုင်သလဲ။
■ စပျစ်သီးက အမျှင်ဓာတ်နည်းပြီး သကြားဓာတ်မြင့်မားတာကြောင့် သွေးတွင်းသကြားဓာတ် အတက်မြန်စေပါတယ်။
■ ပမာဏများများ စားသုံးတဲ့အခါ သွေးတွင်းသကြားဓာတ် များစွာမြင့်တက်စေနိုင်ပေမယ့် ရေနဲ့ အခြားအာဟာရများ ပါဝင်တာကြောင့် စုပ်ယူမှုကိုတော့ နှေးသွားစေပါတယ်။
■ ဆီးချိုမရှိသူတွေမှာ စပျစ်သီးကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းက သင့်တင့်ရုံဖြစ်ပြီး ယာယီခဏတာသာ ဖြစ်ပါတယ်။
■ ငှက်ပျောသီးကတော့ ဘယ်လောက်မှည့်သလဲဆိုတဲ့အပေါ် မူတည်ပြီး သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်ပါတယ်။
■ သိပ်မမှည့်တဲ့ ငှက်ပျောသီးမှာတော့ ကစီဓာတ်ပိုများပြီး အစာခြေခြင်း နှေးစေကာ ဗိုက်ပြည့်ဝစေပါတယ်။
■ ဒါပေမဲ့ စပျစ်သီးနဲ့ယှဉ်ရင်တော့ သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းက သိမ်မွေ့ပြီး သိပ်စိုးရိမ်စရာ မရှိပါဘူး။
■ ဆီးချိုမရှိသူတွေအတွက်တော့ အသီးနှစ်မျိုးစလုံးကို မျှတစွာ စားသုံးနိုင်ပါတယ်။
■ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးမယ်ဆိုရင် အင်ဆူလင်အလုပ်လုပ်စေပြီး သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
■ ဒါကြောင့် စားသောက်ပြီးတဲ့အခါ ၁၀ မိနစ်ခန့် လမ်းလျှောက်ခြင်းက အကျိုးရှိစေနိုင်ပါတယ်။
Source: Eating Well
တရုတ်တောင်ပိုင်း ကွမ်တုံ-ဟောင်ကောင်-မကာအို ပင်လယ်ကွေ့ဒေသရှိ ပထမဆုံး ဟွာလုံ-၁ နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ တနင်္လာနေ့မှာ စတင်လည်ပတ်ပြီ ဖြစ်ပါတယ်။
#Asia_Development
Published 25 April 2026
#တရုတ်ပြည် #နျူကလီးယား
#YMG #Yangon_Times #Yangon_Media_Group
နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်းအနေနဲ့ လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့ မြို့တွေကို ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက်မြန်မာအမျိုးသားလေကြောင်းကနေ လေယာဉ်ခရီးစဉ်များ စတင်ပျံသန်းပြေးဆွဲနေပြီလို့သိရပါတယ်။
#Local_News
Published 25 April 2026
#မြန်မာအမျိုးသားလေကြောင်း
#YMG/NN #Yangon_Times
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အပတ်စဉ်ထုတ်ပြန်ပေးလျှက်ရှိတဲ့ စားအုန်းဆီလက်ကားရည်ညွန်းဈေးဟာ ယခုတစ်ပတ်မှာတော့ တစ်ပိသာကို ကျပ်ငါးရာကျော်အထိမြင့်တက်လာတယ်လို့ သိရပါတယ်။
#Local_News
Published 25 April 2026
#စားအုန်းဆီ
#YMG/SW #Yangon_Times
ရန်ကုန်စတော့အိတ်ချိန်းရဲ့ Main Board မှာ ကုမ္ပဏီတစ်ခု အခုနှစ်အတွင်းဝင်ရောက်ဖို့ရှိတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းကသိရပါတယ်။
#Local_News
Published 25 April 2026
#ရန်ကုန်စတော့အိတ်ချိန်း #Main_Board
#YMG/NN #Yangon_Times
Page 101 of 2053