လာမယ့် မတ်လ(၁)ရက်ကစတင်ပြီးပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC) ကတ်ဖိုးကိုကျပ် ၅၆၀၀အဖြစ် ပြောင်းလဲသတ်မှတ်မှာဖြစ်ပြီး ပျောက်ဆုံး/ ပျက်စီးပါက ဒဏ်ကြေးအဖြစ် ကျပ် ၂၂၄၀၀ ကိုပေးဆောင်ရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 10 February 2026
#OWIC #အလုပ်သမားဝန်ကြီးဌာန
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ကျောက်လုံးတော်ကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ဖို့လုပ်ဆောင်နေရာ မည်သူမဆိုပါဝင်လှူဒါန်းနိုင်တယ်လို ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကနေ့သိရပါတယ်။
#Local_News
Published 10 February 2026
#ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး #မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်
#YMG/NN #Yangon_Times
“၂၀၂၆ခုနှစ်မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်"မှာ၂၀၂၅ ခုနှစ်အတွက်အကယ်ဒမီဆုရ ရုပ်ရှင်ဇာတ်ကားတွေကို ပြသသွားမယ်လို့သိရပါတယ်။
#Local_News
Published 10 February 2026
#အကယ်ဒမီဆု #မြန်မာ့ရုပ်ရှင်
#YMG/SW #Yangon_Times
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားဖြတ်သန်းအသုံးပြုခကို ယာဉ်အမျိုးအစား Class ၄ မျိုးခွဲကာ ဈေးနှုန်းများသတ်မှတ်ကောက်ခံသွားမယ်လိုဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 10 February 2026
#မြန်မာ_ကိုရီးယား #ဒလတံတား
#YMG/NN #Yangon_Times
#Daily_News
Published 10 February 2026
၁။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ကျောက်လုံးတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ၌ ပါဝင်လှူဒါန်းနိုင်
၂။ “၂၀၂၆ခုနှစ်မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ပွဲတော်"တွင် အကယ်ဒမီဆုရ ဇာတ်ကားများပြသသွားမည်
၃။ ဒလတံတား ဖြတ်သန်းအသုံးပြုခများကို ယာဉ်အမျိုးအစားအလိုက်ကောက်ခံမည်
၄။ ရှင်ကျိုး-၂၁အာကာသယာဉ်မှူးများ၏လုပ်ငန်းတာဝန်များနှင့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 February 2026
▪️ တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုက တက္ကသိုလ်များတွင်၂၀၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားအခြေခံစစ်ပညာသင်တန်းနဲ့ တန်းမြင့်စစ်ပညာသင်တန်းများ ကို ယမန်နေ့က စတင်ဖွင့်လှစ်သင်ကြားပေးနေကြောင်းသိရသည်။
▪️ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာများ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိကာ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည်အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းသိရသည်။
▪️ ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာတွင် ယမန်နေ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း နယ်မြေခံသင်တန်းကျောင်းများ၌ အသီးသီး ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ယခုဖွင့်လှစ်သည့် သင်တန်းများမှာ ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ်တန်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 February 2026
▪️ Naypyitaw State Academy တွင် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေးနားလည်မှုစာချွန်လွှာ (MoU) ကို မြန်မာနိုင်ငံအစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
▪️ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ Naypyitaw State Academy အတွက် ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်သည့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး၏ အဓိပ္ပာယ်ပြည့်ဝသော ရလဒ်တစ်ခုဖြစ်ပါကြောင်း၊ စီမံကိန်းအားထိရောက်စွာနှင့်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နားလည်မှုစာချွန်လွှာ (MoU) မှတစ်ဆင့်ရူပဗေဒနှင့် ဓာတုဗေဒဓာတ်ခွဲခန်းသုံးပစ္စည်းများ၊ သုတေသနသုံးသိပ္ပံပစ္စည်းများ၊ ဓာတ်ခွဲခန်းသုံးကိရိယာများနှင့် အထောက်အကူပြု Software များအပါအဝင် ခေတ်မီပစ္စည်းကိရိယာများကို ပေးအပ်သွားမည်ဖြစ်ပါသဖြင့် Naypyitaw State Academy ၏ သင်ကြားသင်ယူမှုနှင့် သုတေသနဆောင်ရွက်မှုများတွင် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာအား အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် အိန္ဒိယအစိုးရနှင့် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့သူအားလုံးကို ပညာရေးဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
▪️ အဆိုပါနားလည်မှုစာချွန်လွှာ (MoU) ကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍လည်းကောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာမှုရှိလာစေရန် ရည်ရွယ်၍လည်းကောင်းလက်မှတ်ရေးထိုးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေးမြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သုတေသနလုပ်ငန်းများအတွက် လိုအပ်မည့်ဓာတ်ခွဲခန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 10 February 2025
▪️ ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်းသားများဖိတ်ခေါ်လျှက်ရှိကြောင်း သိရသည်။
▪️ အဆိုပါ ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း(အမှတ်စဉ် ၁၉)အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)မှ သင်တန်းသားခေါ်ယူနေခြင်းဖြစ်သည်။
▪️ သင်တန်းကို အမှတ်(၂၂၈/၂၄၀)၊ စတုတ္ထထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ် တွင် ဖေဖော်ဝါရီလ ၂၃ ရက်မှ ၂၇ ရက်အထိ (တနင်္လာ မှ သောကြာ) အထိ နံနက် ၉ နာရီမှ ညနေ ၄ ရာရီထိသင်ကြားပေးမည်ဖြစ်ပြီးသင်တန်းသားဦးရေ (၅၀) အထိ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် သင်တန်းဝင်ခွင့်လျှောက်ထားသူများအနေဖြင့် ၁ လက်မပတ်လည်ဓါတ်ပုံ ၃ ပုံ၊ ဘွဲ့ (သို့) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ တို့နှင့်အတူ လာရောက်လျှောက်ထားနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon_Times
#World_News
Published 10 February 2026
■ အမေရိကန်ဘက်က ပေးချေရမယ့်ငွေတွေကို ဘယ်အချိန် ဘယ်လောက်ပေးမလဲဆိုတဲ့ အသေးစိတ်အကြောင်းတွေကို ကုလသမဂ္ဂစောင့်ဆိုင်းနေတယ်လို့ တနင်္လာနေ့က ပြောပါတယ်။
■ အမေရိကန်က လာမယ့်သီတင်းပတ်များအတွင်း ပေးသွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ကတိပြုခဲ့တာ ဖြစ်ပါတယ်။
■ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ်က သံအမတ် မိုက်ဝေါ့ဇ်နဲ့ ပြောဆိုနေခဲ့တယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။
■ ငွေကြေးထိန်းချုပ်သူက အမေရိကန်နဲ့ ပြောဆိုနေပြီး ဘယ်အချိန် ဘယ်လောက်ပေးမလဲဆိုတဲ့ အတိအကျကို ကုလစောင့်ဆိုင်းနေကြောင်း ပြောပါတယ်။
■ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ငွေမပေးချေမှုများကြောင့် ငွေကြေးပြိုလဲပျက်စီးနိုင်ခြေ ရှိနေတယ်လို့ အဖွဲ့ဝင်များထံ သတိပေးစာပို့ခဲ့ပါတယ်။
■ ငွေအများစုက အမေရိကန် အကြွေးတင်ထားတာဖြစ်ပြီး ဒေါ်နယ်ထရမ့်က နိုင်ငံပေါင်းစုံဝါဒကနေ ရှောင်ဖယ်လာကာ ကုလကို ပြန်လည်ဖွဲ့စည်းလိုနေပါတယ်။
■ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ်က ကနဦးပေးငွေ သိသိသာသာ များလွန်းပြီး နောက်ဆုံးပမာဏတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။
■ အမေရိကန်ဟာ ပြီးခဲ့တဲ့လက ပုံမှန်မပေးခဲ့ဘဲ ဒေါ်လာ ၈၂၇ သန်း အကြွေးကျန်ထားကာ ၂၀၂၆ အတွက်လည်း ၇၆၇ သန်း ကျန်ရှိနေတယ်လို့ ကုလတာဝန်ရှိသူတွေ ဆိုပါတယ်။
■ ယခုနှစ်အတွက် ကုလအဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံက ပုံမှန်ငွေပေးပို့ထားတယ်လို့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Source: Reuters
#World_Health
Published 10 February 2026
■ ဓမ္မတာကာလရောက်ချိန်မှာ အမျိုးသမီးတွေဟာ အားအင်နည်းပါးပြီး ပင်ပန်းခြင်းနဲ့ အခြားသောလက္ခဏာတွေ ဖြစ်တတ်ပါတယ်။
■ ထိုအချိန်မှာ သံဓာတ်အများအပြား ဆုံးရှုံးကြကာ သွေးပမာဏအပေါ်မူတည်ပြီး သံဓာတ်ဆုံးရှုံးကြတယ်လို့ အာဟာရပညာရှင် ရာရှီချောင်ဒယ်ရီက ပြောပါတယ်။
■ ပုံမှန်ဆိုရင် ဓမ္မတာတစ်ကြိမ်လာရင် သံဓာတ် ၁၅-၃၀ မီလီဂရမ်ခန့်ဆုံးရှုံးကာ တစ်နှစ်ဆိုရင် ၁၈၀-၃၆၀ မီလီဂရမ်လောက် ရှိပါတယ်။
■ ဓမ္မတာများရင်တော့ တစ်လကို ၄၀ မီလီဂရမ်ကျော် ဆုံးရှုံးနိုင်ပြီး တစ်နှစ်ကို ၄၈၀ မီလီဂရမ်ခန့်အထိ ရှိနိုင်ပါတယ်။
■ ထိုအခါမှာ သံဓာတ်ဖြည့်စွက်ဆေးတွေ လိုအပ်လာနိုင်ပြီး ကြက်သား၊ ကြက်ဥ၊ ငါးတို့လောက်နဲ့ မလုံလောက်နိုင်ပါဘူး။
■ ဒါကြောင့် စားသောက်တဲ့အခါ သံနဲ့လုပ်ထားတဲ့ အိုးခွက်ပန်းကန်တွေနဲ့ ချက်ပြုတ်စားသောက်ဖို့ အကြံပြုလာပါတယ်။
■ အက်ဆစ်ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ မန်ကျည်း၊ သံပရာတို့ ချက်ပြုတ်တဲ့အခါ ငါးပုံသဏ္ဍာန် သံခွက်ထည့်သွင်းအသုံးပြုပြီး ၁၀-၁၅ မိနစ်ခန့် ဟင်းထဲထည့်ချက်ထားရပါမယ်။
■ မစားခင်မှာ ထိုသံခွက်ကို ထုတ်ပြီး ရေဆေး အခြောက်ခံ သိမ်းထားရပါမယ်။
■ ဒီလိုဆိုရင် စားစရာထဲမှာ သံဓာတ်တွေနဲ့ ပြည့်ဝသွားပါပြီ။
■ ဒီနည်းလမ်းက အချိန်မကုန်လူမပင်ပန်းဘဲ သံဓာတ်များစွာ ရရှိစေမှာဖြစ်ပါတယ်။
■ ဒီလေ့လာချက်က အမျိုးသမီးတွေ နေ့စဉ်သံဓာတ်ဖြည့်ပေးဖို့ လိုအပ်ကြောင်းကိုလည်း ဖော်ပြနေပါတယ်။
Source: NDTV
#World_Health
Published 10 February 2026
■ ဓမ္မတာကာလရောက်ချိန်မှာ အမျိုးသမီးတွေဟာ အားအင်နည်းပါးပြီး ပင်ပန်းခြင်းနဲ့ အခြားသောလက္ခဏာတွေ ဖြစ်တတ်ပါတယ်။
■ ထိုအချိန်မှာ သံဓာတ်အများအပြား ဆုံးရှုံးကြကာ သွေးပမာဏအပေါ်မူတည်ပြီး သံဓာတ်ဆုံးရှုံးကြတယ်လို့ အာဟာရပညာရှင် ရာရှီချောင်ဒယ်ရီက ပြောပါတယ်။
■ ပုံမှန်ဆိုရင် ဓမ္မတာတစ်ကြိမ်လာရင် သံဓာတ် ၁၅-၃၀ မီလီဂရမ်ခန့်ဆုံးရှုံးကာ တစ်နှစ်ဆိုရင် ၁၈၀-၃၆၀ မီလီဂရမ်လောက် ရှိပါတယ်။
■ ဓမ္မတာများရင်တော့ တစ်လကို ၄၀ မီလီဂရမ်ကျော် ဆုံးရှုံးနိုင်ပြီး တစ်နှစ်ကို ၄၈၀ မီလီဂရမ်ခန့်အထိ ရှိနိုင်ပါတယ်။
■ ထိုအခါမှာ သံဓာတ်ဖြည့်စွက်ဆေးတွေ လိုအပ်လာနိုင်ပြီး ကြက်သား၊ ကြက်ဥ၊ ငါးတို့လောက်နဲ့ မလုံလောက်နိုင်ပါဘူး။
■ ဒါကြောင့် စားသောက်တဲ့အခါ သံနဲ့လုပ်ထားတဲ့ အိုးခွက်ပန်းကန်တွေနဲ့ ချက်ပြုတ်စားသောက်ဖို့ အကြံပြုလာပါတယ်။
■ အက်ဆစ်ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ မန်ကျည်း၊ သံပရာတို့ ချက်ပြုတ်တဲ့အခါ ငါးပုံသဏ္ဍာန် သံခွက်ထည့်သွင်းအသုံးပြုပြီး ၁၀-၁၅ မိနစ်ခန့် ဟင်းထဲထည့်ချက်ထားရပါမယ်။
■ မစားခင်မှာ ထိုသံခွက်ကို ထုတ်ပြီး ရေဆေး အခြောက်ခံ သိမ်းထားရပါမယ်။
■ ဒီလိုဆိုရင် စားစရာထဲမှာ သံဓာတ်တွေနဲ့ ပြည့်ဝသွားပါပြီ။
■ ဒီနည်းလမ်းက အချိန်မကုန်လူမပင်ပန်းဘဲ သံဓာတ်များစွာ ရရှိစေမှာဖြစ်ပါတယ်။
■ ဒီလေ့လာချက်က အမျိုးသမီးတွေ နေ့စဉ်သံဓာတ်ဖြည့်ပေးဖို့ လိုအပ်ကြောင်းကိုလည်း ဖော်ပြနေပါတယ်။
Source: NDTV
ကွမ်တုံပြည်နယ်မြို့တော် ကွမ်ကျိုးမှာ နိုင်ငံတကာစီးပွားကုန်သွယ်ရေးတရားရုံးတစ်ခု ပြင်ဆင်ထားပါတယ်။
#Asia_News
Published 09 February 2026
#ကွမ်တုံပြည်နယ် # ကွမ်ကျိုး
#YMG #Yangon_Times #Yangon_Media_Group
Page 105 of 2001