#Local_News
Published 22 July 2026

■ မြစ်ကြီးနား-မိုးညှင်း ရထား လမ်းပိုင်းတွင် အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနားနှင့် အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်းရထားခရီးစဉ်များကို ယမန်နေ့က စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။

■ အဆိုပါ အမှတ် (၄၉) အဆန် မိုးညှင်း-မြစ်ကြီးနားလူစီးရထားသည် မိုးညှင်းဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မြစ်ကြီးနားဘူတာသို့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးညှင်းလူစီးရထားသည် မြစ်ကြီးနားဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ မိုးညှင်းဘူတာသို့ မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။

■ ခရီးစဉ် လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစ/အဆုံးအထက်တန်းအတွက် ငွေကျပ် ၂၅၀၀၀ နှင့် ရိုးရိုးတန်းအတွက် ငွေကျပ် ၁၅၀၀၀ ကျသင့်မည်ဖြစ်ပြီး ခရီးစဉ်တစ်လျှောက် ဘူတာစဉ် ရပ်တန့်ပေးမည်ဖြစ်ကာ လက်မှတ်များကို သက်ဆိုင်ရာဘူတာများတွင် အထက်တန်းသုံးရက်နှင့် ရိုးရိုးတန်းအတွက် တစ်ရက်ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

■ မြစ်ကြီးနား-မိုးညှင်း-မြစ်ကြီး နားခရီးစဉ်ကို ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သက်သောင့်သက်သာစီးနင်းလိုက်ပါနိုင်ရေးအတွက် လူစီးရထားခရီးစဉ်ကို ပြေးဆွဲပေးခြင်းဖြစ်ပြီး မြန်မာ့မီးရထားအနေဖြင့် လမ်းပိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ ခေတ်မီအချက်ပြစနစ် တပ်ဆင်အသုံးပြုနိုင်ခြင်း၊ ခေတ်မီစက်ခေါင်းနှင့် တွဲများ အသုံးပြုလာနိုင်ပြီဖြစ်၍ ရထားအမြန်နှုန်း တိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times