ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နှစ်သစ်ကူးအတွက် တရုတ်ရုပ်သံ CGYN က မြင်းနှစ်ကိုဂုဏ်ပြုတဲ့အနေနဲ့ အထူးဗီဒီယိုအတိုလေးတစ်ခု တင်ဆက်ထားပါတယ်။
#Asia_News
Published 07 February 2026
#တရုတ်နှစ်သစ်ကူး #CGTN
#YMG #Yangon_Times #Yangon_Media_Group
(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားအတွက် ယခုလ(၁၀)ရက်နဲ့(၁၂)ရက်တွေမှာ ပြည်လမ်းကိုခေတ္တပိတ်ထားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 07 February 2026
#ပြည်ထောင်စုနေ့ #ရန်ကုန်တိုင်းဒေသကြီး
#YMG/SW #Yangon_Times
အခုတစ်ပတ်အတွက် စက်သုံးဆီရည်ညွှန်းဈေးအားလုံးမြင့်တက်လာပြီးဒီဇယ်ဈေးနှုန်းကတော့ နှစ်ပတ်ဆက်တိုက် မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ အခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 07 February 2026
#စက်သုံးဆီ #ဒီဇယ်
#YMG/NN #Yangon_Times
ယခုနှစ်မှာပဲတီစိမ်းအထွက်နှုန်းလျော့ပြီး ဈေးကောင်းနိုင်တယ်လို့ ပဲစိုက်တောင်သူတချို့က သုံးသပ်ပြောကြားပါတယ်။
#Local_News
Published 07 February 2026
#ပဲတီစိမ်း #ပဲစိုက်တောင်သူ
#YMG/SW #Yangon_Times
#Daily_News
Published 07 February 2026
၁။ ပြည်ထောင်စုနေ့အခမ်းအနားအတွက် ပြည်လမ်းကိုယခုလ(၁၀)ရက်နှင့်(၁၂)ရက်တို့တွင်ခေတ္တပိတ်မည်
၂။ စက်သုံးဆီ ဈေးအားလုံးပြန်တက်
၃။ ပဲတီစိမ်းအထွက်နှုန်းလျော့ပြီး ဈေးကောင်းနိုင်
၄။ တရုတ်နှစ်သစ်ကူးအတွက် CGTNရုပ်သံဌာနမှအထူးဗီဒီယိုအတိုတင်ဆက်ပြသ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 07 February 2026
■ အိုမန်ရဲ့ ကြားဝင်စေ့စပ်မှုဖြင့် အီရန်ဟာ အမေရိကန်နဲ့ နျူကလီးယားဆွေးနွေးမှု ပြုလုပ်ခဲ့ရာမှာ အစကောင်းခဲ့ပြီး ဆက်လက်ဆွေးနွေးဖို့ရှိကြောင်း အီရန်ထိပ်သီးသံတမန်တစ်ဦးက သောကြာနေ့မှာ ပြောပါတယ်။
■ အိုမန်မြို့တော် မွတ်စ်ကက်မှာ နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်၊ အမေရိကန်သမ္မတရဲ့ သားမက် ဂျရတ်ကုရှ်နာတို့နဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး နျူကလီးယားအရေးကိုပဲ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
■ နှစ်ဖက်စလုံးက နျူကလီးယားအငြင်းပွားမှုကို သံတမန်ရေးဖြင့် ဖြေရှင်းရန် အသင့်ဖြစ်နေတဲ့သဘော မြင်ရပြီး အမေရိကန်က အီရန်ရဲ့ ဒုံးကျည်ထောက်ပံ့မှုတွေနဲ့ ပြည်သူအပေါ် ဆက်ဆံရေးတို့ကို အဓိကထား ဆွေးနွေးချင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောထားပါတယ်။
■ အီရန်ဘက်က သံတမန်ကတော့ အီရန်ဟာ ယူရေနီယံ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ငြင်းခုံနေပါတယ်။
■ ဒေါ်နယ်ထရမ့်ကတော့ အီရန်ကို ဖိအားပေးတဲ့အနေနဲ့ အီရန်ဆီကနေ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ကုန်ပစ္စည်းများဝယ်ယူတဲ့ နိုင်ငံတွေရဲ့ တင်ပို့ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်းစည်းကြပ်ဖို့ အမိန့်ထုတ်ထားပါတယ်။
■ ဒါတွေက အီရန်နဲ့ စွမ်းအင်၊ သတ္တုများ၊ ရေနံဓာတုများ ကုန်သွယ်နေတဲ့ နိုင်ငံတွေကို နှောင့်ယှက်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
■ အီရန်က ယူရေနီယံထုတ်လုပ်လိုတဲ့ဆန္ဒကို အချို့သောအပေးအယူတွေနဲ့ ညှိနှိုင်းလိုနေပြီး ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ရေး၊ အီရန်အနီး စစ်ရေးဖြန့်ကျက်မှုတွေ လျှော့ချရေး စတဲ့အခြေအနေတွေ ဖြစ်ပါတယ်။
■ အမေရိကန်စစ်တပ် တည်ရှိမှု၊ လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန် ခြိမ်းခြောက်မှုတို့ကြောင့် ဒေသတွင်း ပဋိပက္ခဖြစ်လာမှုကို စိုးရွံ့နေကြပါတယ်။
Source: Reuters
#Local_News
Published_7 Feb 2026
■ ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများမှာ ပညာရေးဆိုင်ရာအားနည်းမှုများကြောင့်ဖြစ်သည်ဟုလည်းသုံးသပ်နိုင်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
■ ယမန်နေ့ ဖေဖော်ဝါရီ လ ၆ ရက် မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများအား ရန်ကုန်တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ယင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
■ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မိမိတို့ နိုင်ငံလူဦးရေ၏ စာတတ် မြောက်သူမှာ ၉၁ ဒသမ ၁ ရာခိုင်နှုန်းကျော်ရှိသော်လည်း အခြေခံပညာမူလတန်းအဆင့် တတ်မြောက် အောင်မြင် သူများပြားပြီး အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့်တတ်မြောက်သူ နည်းပါကြောင်း၊ ၎င်းမှာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ တွေ့ရှိချက်ဖြစ်ပြီး ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတို့နှင့်ပါ နှိုင်းယှဉ်လေ့လာ ကြည့်ပါက မိမိတို့နိုင်ငံ၌ ပညာရေးမြှင့်တင်ရန် လိုအပ်ချက်ကြီးမားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးရန် လိုအပ်သည်ကိုတွေ့ရကြောင်း ယာယီသမ္မတ က ပြောသည်။
■ ပညာရေးအားနည်းမှုသည် နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက် များစွာအကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခဖြစ်ပွားမှုများသည် ပညာရေးဆိုင်ရာအားနည်းမှုများကြောင့် ဖြစ်သည်ဟုလည်းသုံးသပ်နိုင်ကြောင်း၊ အတန်းပညာ၊ အသိပညာများ အားနည်းမှုကြောင့် အခြားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို စဉ်းစားတွေးခေါ်ဆင်ခြင်မှုများမရှိတော့ဘဲ လုပ်ဆောင်ကြခြင်းကြောင့် နိုင်ငံတည်ငြိမ်ရေးကို ပျက်ပြားစေခဲ့ခြင်းဖြစ်ကြောင်း ယင်းက ပြောသည်။
■ အလားတူ သင်ကြားရေးပိုင်းဆိုင်ရာ နည်းစနစ်များ (Teaching Method) ကိုလည်း ခေတ်နှင့် လျော်ညီစွာဆောင်ရွက်ပေးရမည်၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းတက် ရောက်လိုသည့်စိတ်များရှိအောင် ဆွဲဆောင်၍ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏အရည်အသွေးမြင့်မားရေးကို ဆောင်ရွက်ပေးရန် လိုအပ်သည်ကိုလည်း တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
■ ယာယီသမ္မတ က အခြေခံပညာစာသင်ကျောင်းများအားလုံး အဆင့်မြှင့်တင်နိုင်ရေးအတွက် အချိန်ယူဆောင် ရွက်သွားရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်အစိုးရကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများရှိကြောင်း၊ ပြည်သူအများစုမှာ အစိုးရကျောင်းများတွင် တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ အစိုးရအခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘပြည်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများအား ပုဂ္ဂလိကကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှ ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ပြီး အများစုမှာ အစိုးရအခြေခံပညာကျောင်းများတွင် တက်ရောက်ကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအခြေခံကျောင်းများ၏ ပညာရေးကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်များ ကောင်းမွန်ရေးနှင့် ပညာသင်ကြားမှုများ အဆင်ပြေစေရေးအတွက် မိမိတို့အစိုးရတာဝန်ယူချိန်တွင် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ၏အနာဂတ် ကောင်းမွန်ရန်အတွက် ပညာရေးကို အခြေခံမှစ၍ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုများနှင့် အားပေးမှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Yangon_Times/PP
#World_Science
Published 07 February 2026
■ ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက်(HCN)က အသက်အန္တရာယ်ဖြစ်စေတဲ့ အဆိပ်ဆိုပေမယ့် ကမ္ဘာပေါ်မှာ သက်ရှိစတင်ဖြစ်ပေါ်တဲ့အရာ ဖြစ်နိုင်ပြီး စေတန်ရဲ့လ တိုင်တန်လိုမျိုး အခြားရေခဲကမ္ဘာတွေအတွက်လည်း ဖြစ်နိုင်ပါတယ်။
■ HCN က အပူချိန်အလွန်နည်းတဲ့အချိန်မှာ ပင်အပ်လို ပုံဆောင်ခဲတွေအဖြစ် ပြောင်းလဲသွားပြီး ရေခဲပင့်ကူအိမ်တွေလို ဖြစ်သွားပါတယ်။
■ ဓာတုအစွမ်းသတ္တိတွေက အဆိပ်အဖြစ်ကနေ DNA အစိတ်အပိုင်းများအတွက် အဓိကအရာအဖြစ် ပြောင်းလဲသွားကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။
■ HCN ပုံဆောင်ခဲတွေက ခဲသွားတဲ့အခါ ဓာတုဓာတ်ပြုမှုတွေ ဖြစ်သွားတာကို ချယ်မားစ်နည်းပညာတက္ကသိုလ်မှ မာတင်ရမ်းနဲ့အဖွဲ့က တွေ့ရှိခဲ့ပါတယ်။
■ ထိုမျက်နှာပြင်တွေကနေ အချို့သောဓာတ်ပြုမှုတွေ လိုအပ်တဲ့ စွမ်းအင်အတားအဆီးတွေကို လျှော့ချပေးနိုင်တဲ့ ဓာတုအင်ဂျင်လိုမျိုး လုပ်ဆောင်စေဖို့ အမြဲတမ်းလျှပ်စစ်စက်ကွင်းတွေ ထုတ်လုပ်ပေးပါတယ်။
■ ဒါဟာ အမိုင်နိုအက်ဆစ်တွေနဲ့ နျူကလီအစ်အက်ဆစ်တို့လို ပရီဘိုင်အိုတင်မော်လီကျူးတွေအတွက် အဓိကအစိတ်အပိုင်းတွေ ဖြစ်စေပါတယ်။
■ ဒါကြောင့် သက်ရှိတွေ စတင်ဖြစ်ပေါ်ရာမှာ အေးခဲထားတဲ့ အခြေအနေတွေကနေ ထွက်ပေါ်တယ်ဆိုတဲ့ ယူဆချက်မျိုး ဖြစ်လာပါတယ်။
■ စေတန်ဂြိုဟ်ရဲ့လဖြစ်တဲ့ တိုင်တန်မှာဆိုရင် ဒီလိုဓာတ်ပြုမှုမျိုးတွေ များစွာတွေ့ရပြီး ကမ္ဘာအစောပိုင်းကာလက ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်စမ်းသပ်နိုင်မယ့် ဂြိုဟ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
■ နာဆာနဲ့ အာကာသအေဂျင်စီတွေအတွက်တော့ အခြားသော စကြဝဠာအရာဝတ္ထုတွေမှာ ဆိုင်ယာနိုက်ပုံဆောင်ခဲတွေကို ရှာဖွေဖို့ ဖြစ်လာနိုင်ပါတယ်။
Source: WION.
#World_Health
Published 07 February 2026
■ လူအများစုက စားပြီးသောက်ပြီးနောက် လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးကို သိပ်မသိကြဘူးလို့ အစာအိမ်အူလမ်းကြောင်းအထူးကု ဒေါက်တာ ဂျိုဆပ်ဆယ်ဟက်က ပြောပါတယ်။
■ စားပြီးနောက်မှာ ဖုန်းပွတ်မနေဘဲ ၁၀ မိနစ်လောက် လမ်းလျှောက်ခြင်းဖြင့် အစာမကြေပြဿနာတွေ ကင်းဝေးပြီး အူလမ်းကြောင်းကျန်းမာရေး တိုးတက်စေနိုင်တယ်လို့ YouTube Shorts မှာ ပြောထားပါတယ်။
■ လှုပ်ရှားလမ်းလျှောက်ခြင်းကြောင့် အစာတွေနဲ့ အစာအိမ်အက်ဆစ် ရှင်းလင်းပေးကာ ပျို့အန်ခြင်း၊ ရင်ပူခြင်း၊ လေပွခြင်းတို့ လျော့နည်းစေပြီး အစာဟောင်းတွေကိုလည်း ရွေ့လျားစေပါတယ်။
■ စားသောက်ပြီးနောက် ထိုင်တာဖြစ်ဖြစ် လှဲနေတာဖြစ်ဖြစ် အစာအိမ်အက်ဆစ် အပေါ်တက်စေကာ အက်ဆစ်လျှံတက်ခြင်း၊ ရင်ပူခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
■ ၁၀ မိနစ်လောက် လမ်းလျှောက်ရုံဖြင့် အစာတွေကို ထိရောက်စွာ တွန်းပို့ပေးကာ လူကိုပေါ့ပါးပြီး နေလို့ထိုင်လို့ ကောင်းစေတယ်လို့ KIMS ဆေးရုံမှ ဒေါက်တာ မာနစ်ရှ်ဒေါ့မာနီက ပြောပါတယ်။
■ လှုပ်ရှားလိုက်တဲ့အခါ အူတွေကို လှုံ့ဆော်ပေးပြီး လေတွေ ရွေ့သွားစေသဖြင့် လေပွခြင်းကိုလည်း သက်သာစေပါတယ်။
■ ပုံမှန်လှုပ်ရှားပေးပါက အူတွေအလုပ်လုပ်စေပြီး အစာဟောင်းတွေကို တွန်းပစ်ကာ ဝမ်းသွားဖို့ ထောက်ကူပေးပါတယ်။
■ လမ်းလျှောက်ရာမှာ ပြင်းပြင်းထန်ထန် မလိုအပ်ဘဲ ၁၀ မိနစ်လောက် ဖြည်းဖြည်းသက်သာ ပုံမှန်လျှောက်ရုံဖြင့် အစာကြေစေပါတယ်။
■ စားပြီးနောက် လေပွခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း ခံစားရသူတွေနဲ့ အထိုင်များတဲ့သူတွေအနေဖြင့် ဒီအကျိုးကျေးဇူးတွေကို သိရှိနားလည်သင့်ပါတယ်။
Source: Indian Express
အာရှဟာ ကမ္ဘာပေါ်မှာစွမ်းအင်အများဆုံးသုံးစွဲသူအဖြစ် ဆက်ရှိနေဆဲဖြစ်တယ်လို ၂၀၂၅ နိုင်ငံတကာ ရေနံနဲ့ဓာတ်ငွေ့တင်ပြချက်အရသိရပါတယ်။
#World_Industry
Published 06 February 2026
#အာရှ #ရေနံ_ဓာတ်ငွေ့
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 06 February 2026
၁။ ကိုဗစ်ချေးငွေရယူထားသည့် လုပ်ငန်းရှင်များလက်ရှိ ဘဏ္ဍာနှစ်မကုန်မီ အကြေပေးသွင်းရမည်
၂။ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့်ထုတ်လုပ်ခွင့်လိုင်စင်ရှိမှသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်မည်
၃။ ပြည်ထောင်စုနေ့နှင့်တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း အထူးရထားများပြေးဆွဲမည်
၄။ အာရှသည်ကမ္ဘာ့စွမ်းအင်သုံးစွဲမှုအပိုင်း၌အများဆုံးဖြစ်နေကာ ထောက်ပံ့ရေးနှင့်လိုအပ်ချက်လျော့တိလျော့ရဲဖြစ်လာသည် ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့မြန်မာ့အရှည်ဆုံးနဲ့အမြင့်ဆုံးသံမဏိကြိုးဆိုင်း မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ) တံတားကို ဖေဖော်ဝါရီ ၆ ရက်၊ ဒီကနေ့ မနက်ပိုင်းကစတင်ဖွင့်လှစ်လိုက်ပြီလို့သိရပါတယ်။
#Local_News
Published 06 February 2026
#ရန်ကုန်မြစ် #မြန်မာ_ကိုရီးယား
#YMG/NN #Yangon_Times
Page 107 of 2001