#World_Health
Published 18 July 2026

■ ကိုလက်စထရောများခြင်းက နှလုံးသွေးကြောရောဂါ အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပြီး ပြဿနာက လက္ခဏာသိသိသာသာ မပြတတ်ပါဘူး။

■ အများစုက နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်မှသာ ကိုလက်စထရောများမှန်း သိကြရပါတယ်။

■ အချို့လူတွေမှာတော့ ခြေကျင်းဝတ်အနောက်ဘက် အာခီးလိစ်အရွတ်နေရာမှာ လက္ခဏာပြတတ်တယ်လို့ ကျွမ်းကျင်သူတွေ ဆိုပါတယ်။

■ သွေးထဲမှာ ကိုလက်စထရောပမာဏ များပြားလာတဲ့အခါ အရွတ်တွေထဲမှာ ကိုလက်စထရောအနည်များ ဖြစ်ပေါ်လာပါတယ်။

■ ထိုအနည်စုပြုံမှုတွေက အရေပြားအောက်မှာ အဖုအကျိတ်ငယ်လေးတွေလို ဖြစ်ပေါ်စေပါတယ်။

■ အာခီးလိစ်အရွတ် ထူထဲလာခြင်းက ကိုလက်စထရောများခြင်းရဲ့ သတိပေးလက္ခဏာ ဖြစ်ဖွယ်ရှိတယ်လို့ သုတေသီတွေ ဖော်ပြထားပါတယ်။

■ အသက် ၁၈ နှစ်မှ ၇၅ နှစ်အတွင်း လူပေါင်း ၂၀၅ ဦးကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ကိုလက်စထရောပမာဏ ပုံမှန်ရှိတဲ့အဖွဲ့၊ LDL ပမာဏ ပုံမှန်ထက်ကျော်ခါနီးအဖွဲ့၊ ကိုလက်စထရောများသူများအဖွဲ့ ဆိုပြီး ခွဲလိုက်ပါတယ်။

■ ထိုအခါမှာ ကိုလက်စထရော အများဆုံးလူတွေက အာခီးလိစ်အရွတ် အထူဆုံးသူတွေ ဖြစ်နေပါတယ်။

■ LDL ကိုလက်စထရော များပြားပါက သွေးကြောနံရံတွေမှာ စုပြုံလာပြီး အဆီပိတ်ဆို့မှု ဖြစ်ပေါ်စေကာ သွေးကြောကျဉ်းခြင်း၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေများစေပါတယ်။

■ အသက် ၄၀ ကျော်သူတွေ၊ အဝလွန်သူတွေ၊ သွေးတိုး ဆီးချိုခံစားရသူတွေ၊ ကိုလက်စထရောများခြင်းနဲ့ နှလုံးရောဂါ မျိုးရိုးရှိသူတွေအနေနဲ့ ကိုလက်စထရော စစ်ဆေးသင့်ပါတယ်။

■ ကိုလက်စထရောများခြင်းအတွက် နေထိုင်စားသောက်မှုပုံစံ အရင်ဆုံးပြောင်းလဲရမှာဖြစ်ပြီး ဟင်းရွက်၊ အသီးအနှံ၊ ပဲအမျိုးမျိုး၊ အခွံမာသီးနဲ့ အစေ့အဆန်၊ ဂျုံပြောင်းဆန်တို့ ပိုစားပေးသင့်ပါတယ်။

Source: The Jerusalem Post