#Local_News
Published 11 April 2026
■ မဟာသင်္ကြန်ကာလတွင် ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ မလုပ်ကြရန်၊မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများမပြုလုပ်ကြရန်၊အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများမပြုလုပ်ကြရန်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
■ အဆိုပါ ထုတ်ပြန်ချက်၌ ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြရန်၊ ဘာသာတရား၏ အဆုံးအမနှင့်မလျော်ညီသည့် ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ကြရန်၊ သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေ မည့်ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း သိရသည်။
■ ထို့ပြင် သူတစ်ပါးသို့မဟုတ်အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက် ခြင်း စသည့်အပြုအမူများ ရှောင်ကြဉ်ကြရန်၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက် ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စား ဆင်ယင်မှုမျိုးဝတ်ဆင်ခြင်းမှ ဆင်ခြင်ရှောင်ကြဉ်ကြရန်နှင့် အခြားနိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာ များ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်းလိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ ဆင်ခြင်ရှောင်ကြဉ်ကြရန် ဝန်ကြီးဌာနက အသိပေးထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 April 2026
■ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။
■ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
■ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနားစွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာသောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားကာ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 11 April 2026
■ အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အီရန်ညှိနှိုင်းရေးအဖွဲ့ သောကြာနေ့မှာ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘက်သို့ ရောက်ရှိလာပါတယ်။
■ နောက်ဆုံးသတ်မှတ်ချိန် မတိုင်မီ နာရီပိုင်းအလို အင်္ဂါနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂ ပတ်တာ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပါတယ်။
■ ဒီအတွက် အီရန်ကို အမေရိကန်နဲ့ အစ္စရေးလ်တို့ လေကြောင်းတိုက်ခိုက်တာတွေ ရပ်ဆိုင်းသွားပေမယ့် ဟော်မုဇ်ရေလက်ကြားကို အီရန်ပိတ်ဆို့ထားတာ မဖွင့်သေးသလို အစ္စရေးလ်နဲ့ လက်ဘနွန် ဟစ်ဇ်ဘိုလာကြား စစ်ပွဲလည်း ငြိမ်သက်သွားခြင်း မရှိပါဘူး။
■ အီရန်ပါလီမန်ဥက္ကဌ မိုဟာမက်ဘာကာကာလီဘက်ဖ်နဲ့ နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ စီးပွားရေး၊ လုံခြုံရေး၊ နိုင်ငံရေးကဏ္ဍမှ ပညာရှင်များအပြင် မီဒီယာနဲ့ ထောက်ပံ့ဝန်ထမ်းများ အပါအဝင် ၇၀ ခန့် ပါဝင်တာကြောင့် ဒီညှိနှိုင်းရေးတွေက ဘယ်လောက်အထိ အရေးကြီးလဲဆိုတာ သိသာပါတယ်။
■ အီရန်ခေါင်းဆောင်တွေက အမေရိကန်အပေါ် ယုံကြည်မှုမရှိတဲ့သဘော မြင်ရပေမယ့် သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို အသိအမှတ်ပြုပေးရင် ညှိနှိုင်းလိုကြပါတယ်။
■ အီရန်နဲ့ အမေရိကန် အပစ်အခတ်ရပ်စဲရေး ရထားပေမယ့် အစ္စရေးလ်နဲ့ ဟစ်ဇ်ဘိုလာတို့ကြား ဆက်လက်တိုက်ခိုက်နေကြပြီး လက်ဘနွန်မှာ အထိအခိုက် များတယ်လို့ သိရပါတယ်။
■ အီရန်နိုင်ငံ့ခေါင်းဆောင်က စစ်ပွဲအတွင်း ထိခိုက်နစ်နာမှုများအတွက် လျော်ကြေးအလိုရှိနေပါတယ်။
■ ဒီစစ်ပွဲကြောင့် စွမ်းအင်ထောက်ပံ့လည်ပတ်မှုတွေ ထိခိုက်နေသလို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု မြင့်တက်နေပြီး စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးကြရပါတယ်။
Source: Reuters
#World_Health
Published 11 April 2026
■ ဟင်းနုနွယ်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အမျှင်ဓာတ်တွေ ပြည့်ဝနေပြီး တစ်နေ့တာကို ဟင်းနုနွယ်ဖြင့် စတင်ခြင်းက ရေဓာတ်ဖြည့်ပေးခြင်း၊ အဆိပ်အတောက် ဖယ်ရှားခြင်း၊ အစာခြေစနစ် ကောင်းမွန်စေခြင်း စတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ ချန်နိုင်အခြေစိုက် အာဟာရပညာရှင် ဒီပါလက်ရှ်မီက ပြောပါတယ်။
■ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း၊ သံဓာတ်ပါဝင်တဲ့ သွေးနီဥဆဲလ် ထုတ်လုပ်ခြင်း၊ ခွန်အားနဲ့ သက်လုံမြှင့်တင်ပေးခြင်းတို့ ရရှိနိုင်ပါတယ်။
■ သီရိရာမာချန်ဒရာ ပညာရေးနှင့်သုတေသနတက္ကသိုလ်မှ အာဟာရပညာရှင် စီဗီအီရှဝါရာကလည်း ဟင်းနုနွယ်မှာ ဗိုက်တာမင်-စီ၊ ဘီတာကယ်ရိုတင်း၊ လူတိန်းတို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး အရေပြား၊ ဆံကေသာတို့ ကျန်းမာသန်စွမ်းစေကာ ကိုယ်ခံအားစနစ် ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။
■ ဟင်းနုနွယ်မှာပါတဲ့ နိုက်ထရိတ်တွေက သွေးလှည့်ပတ်မှု ကောင်းစေပြီး ဗိုက်တာမင်-ကေနဲ့ ကယ်စီယံတို့က အရိုးကြံ့ခိုင်စေပါတယ်။
■ လူတိန်းနဲ့ ဇီဇန်သင်းတို့က မျက်လုံးကြွက်သား ယုတ်လျော့လာတဲ့ ရောဂါအခြေအနေတွေကို လျော့နည်းစေပါတယ်။
■ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယံတို့က ကိုလက်စထရောကျစေသဖြင့် နှလုံးကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။
■ ဟင်းနုနွယ်ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ကောင်းစွာစုပ်ယူနိုင်ပေမယ့် အစိမ်းလိုက်စားခြင်းကတော့ အာဟာရဓာတ်စုပ်ယူမှုတွေကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
Source: Indian Express.
#World_Health
Published 11 April 2026
■ နောက်ပြန်လမ်းလျှောက် လေ့ကျင့်ခန်းက အစပိုင်းမှာ ထူးဆန်းသလို ဖြစ်ပေမယ့် ခန္ဓာကိုယ်တွင်း အလုပ်လုပ်ပုံကို ကြီးမားစွာ သက်ရောက်စေနိုင်ပါတယ်။
■ နောက်ပြန်လမ်းလျှောက်ခြင်းက ခန္ဓာကိုယ်က ပုံမှန်လှုပ်ရှားလေ့မရှိတာကြောင့် အာရုံစူးစိုက်မှု၊ ထိန်းချုပ်နိုင်စွမ်း၊ ကြွက်သားပါဝင်လှုပ်ရှားခြင်းတို့ ပိုပြီးလိုအပ်ပါတယ်။
■ ဒါက သာမန်ပဲလို့ ထင်ရပေမယ့် ခန္ဓာကိုယ်ထဲမှာ သိပ်အသုံးမပြုတဲ့ ကြွက်သားတွေကို လှုံ့ဆော်ပေးရတယ်လို့ ကြံ့ခိုင်ရေးနည်းပြ ဆူနီလ်ချောင်ဒရီက ပြောပါတယ်။
■ သာမန်လမ်းလျှောက်ခြင်းနဲ့ ဘာတွေကွာခြားသွားသလဲဆိုရင် သာမန်လမ်းလျှောက်ခြင်းမှာ ဒူးကောက်ကြောနဲ့ ခြေသလုံးတို့ အများဆုံးအလုပ်လုပ်ရပြီး နောက်ပြန်လမ်းလျှောက်ခြင်းမှာတော့ ရှေ့ပေါင်ကြွက်သားတွေ ပိုမိုအလုပ်လုပ်ရကာ ခြေထောက်သန်မာစေပါတယ်။
■ အရှေ့ဘက်လမ်းလျှောက်ခြင်းက ဒူးတွေအပေါ် ဖိအားဆက်တိုက်ဖြစ်စေပြီး နောက်ပြန်လျှောက်ခြင်းကတော့ ဒီဖိအားကို လျော့စေကာ ဒူးမကောင်းသူတွေအတွက် သက်သာစေပါတယ်။
■ သာမန်လမ်းလျှောက်ခြင်းက အလေ့အကျင့်အတိုင်း ဖြစ်နေပေမယ့် နောက်ပြန်လျှောက်ခြင်းကတော့ ဦးနှောက်ကို တက်ကြွအောင်လှုံ့ဆော်ပေးပြီး ဟန်ချက်နဲ့ စိတ်ခန္ဓာလုပ်ဆောင်မှု တိုးတက်စေနိုင်ပါတယ်။
■ နောက်ပြန်လမ်းလျှောက်ခြင်းက အားစိုက်ထုတ်မှု ပိုမိုလိုအပ်ပြီး ကယ်လိုရီ ပိုမိုလောင်ကျွမ်းစေနိုင်ပါတယ်။
■ နေ့စဉ် ၁၀-၁၅ မိနစ်ခန့် နောက်ပြန်လမ်းလျှောက်ခြင်းဖြင့် ကြံ့ခိုင်မှု၊ ဟန်ချက်တို့ တိုးတက်စေပြီး ကိုယ်အလေးချိန်ပါ ကျစေနိုင်ပါတယ်။
■ အစပိုင်းမှာ လျှောက်ရတာ ထူးဆန်းနိုင်ပေမယ့် ကျင့်သားရသွားရင် အလွန်အသုံးဝင်တဲ့ လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါတယ်။
Source: India Today.
တရုတ်ပြည်ရဲ့ လူသားပုံစံစက်ရုပ်ကဏ္ဍက စီးပွားဖြစ်အသုံးချခြင်းဆီ ဖြန့်ကျက်လာပြီး အဓိကကစက်ရုပ်တွေရဲ့ ဦးနှောက်ဖြစ်တဲ့ အယ်ဂိုရစ်သမ်တွေပဲ ဖြစ်ပါတယ်။
#Asia_Technology
Published 10 April 2026
#တရုတ်လူသားပုံစံစက်ရုပ် #အယ်ဂိုရစ်သမ်
#YMG #Yangon_Times #Yangon_Media_Group
၁၀ ဧပြီ၊၂၀၂၆
၁။ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍ
စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို အဓိကထား အကောင်အထည်ဖော်မည်။
၂။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကဏ္ဍ
ငြိမ်းချမ်းရေးနှင့် တရားဥပဒေဆိုင်ရာများအတွက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းမည်ဖြစ်ပြီး၊ NCA အရ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများနှင့် အခြေခံဥပဒေပြင်ဆင်ရန် သဘောတူထားသည့် အချက် ၄၃ ချက်ကို လွှတ်တော်သို့ တင်သွင်းအတည်ပြုမည်။
၃။ ပညာရေးကဏ္ဍ
ဒေသကွာဟမှုမရှိဘဲ အနည်းဆုံး KG+9 အထိ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး အခြေခံပညာအဆင့်မှစ၍ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များ သင်ကြားပေးကာ Polytechnic သိပ္ပံများနှင့် တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်မည်။
၄။ ကျန်းမာရေးကဏ္ဍ
ပြည်သူတိုင်း လက်လှမ်းမီပြီး တိုက်ရိုက်အကျိုးပြုမည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်မည်။
၅။ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ
ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် အလုပ်အကိုင်လိုအပ်ချက်များကို ဖြေရှင်းရန် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကို မြှင့်တင်မည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများအတွက် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်မည်။

၆။ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသော ကျေးလက်နေပြည်သူများနှင့် တောင်သူလယ်သမားများ၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေးကို ရေရှည်စီမံကိန်းများချမှတ်၍ အဓိကဦးစားပေး လုပ်ဆောင်မည်။
၇။ အမျိုးသမီးရေးရာကဏ္ဍ
နိုင်ငံလူဦးရေ၏ ၅၃ ရာခိုင်နှုန်းခန့်ရှိသော အမျိုးသမီးများ၏ စွမ်းဆောင်ရည်များကို နယ်ပယ်အသီးသီးတွင် ပိုမိုထိရောက်စွာ အသုံးချနိုင်ရန် "အမျိုးသမီးရေးရာဝန်ကြီးဌာန" ကို သီးခြားဖွဲ့စည်း တာဝန်ပေးအပ်မည်။
၈။ သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်ကဏ္ဍ
ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်စွမ်းအင်) ကို မြှင့်တင်မည်ဖြစ်ပြီး၊ ပြည်ပမှ စက်သုံးဆီတင်သွင်းရမှု လျှော့ချရန် လျှပ်စစ်ကား (EV) အသုံးပြုရေးကို မလွဲမသွေ ဆောင်ရွက်မည်။
၉။ သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍ
အဓိကမြစ်ကြီးများကို ကုန်စည်ပို့ဆောင်ရေး၊ စိုက်ပျိုးရေရရှိရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးတို့တွင် ထိရောက်စွာ အသုံးချမည်ဖြစ်ပြီး၊ ခရီးသွားလာမှု လွယ်ကူစေရန် အများပြည်သူသယ်ယူပို့ဆောင်ရေး (Public Transportation) ကို တိုးချဲ့ပြေးဆွဲမည်။
၁၀။ နိုင်ငံတကာဆက်ဆံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍ
အာဆီယံနှင့် ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိရန်နှင့် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ ၅ ချက်အညီ ပူးပေါင်းဆောင်ရွက်မည်။ ထို့ပြင် မှန်ကန်မြန်ဆန်သော တရားစီရင်ရေးကို ဖော်ဆောင်ပြီး လူမှုရေးပြန်လည်သင့်မြတ်ရေးအတွက် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များကိုလည်း စဉ်းစားဆောင်ရွက်မည်။
#Daily_News
Published 10 April 2026
၁။ ရန်ကုန်မြို့တော်မဟာသင်္ကြန် ဗဟိုဖျော်ဖြေရေးမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲအတွက်လေ့ကျင့်နေ
၂။ သဘာဝဓာတ်ငွေ့ တိုးတက်ထွက်ရှိလာခြင်းကြောင့် စက်သုံးဆီအကျပ်အတည်းကိုအထိုက်အလျောက် လျော့နည်းသက်သာစေမည်
၃။ စည်းကမ်းမလိုက်နာသည့်စားအုန်းဆီကိုယ်စားလှယ်များအားအရေးယူ
၄။ စီးပွားဖြစ်လက်တွေ့အသုံးချလာကြသည့် တရုတ်လူသားပုံစံစက်ရုပ်ကဏ္ဍ ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 10 April 2026
■ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ (Small Development Projects-SDP) အကောင်အထည်ဖော်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက အဆိုပြုခဲ့သည့် " Construction of Preschool at Lewe Township, Nay Pyi Taw (ပြည်ထောင်စု နယ်မြေနေပြည်တော်၊ လယ်ဝေးမြို့တွင် မူလတန်းကြိုကျောင်းဆောက်လုပ်ခြင်း)" နားလည်မှုစာချွန်လွှာMOU လက်မှတ်ရေးထိုးခဲ့ ကြောင်း သိရသည်။
■ အဆိုပါနားလည်မှုစာချွန်လွှာMOU လက်မှတ်ရေးထိုးပွဲကို ယမာန်နေ့ညနေ ၆ နာရီက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Kirti Vardhan Singh၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးအကြီး အကဲ H.E. Mr. Abhay Thakur၊ ဒုတိယအကြီးအကဲ Mr. Ashish Sharma ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး တာဝန်ရှိသူများ တက်ရောက်ကြပြီးအခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Kirti Vardhan Singh တို့က စီမံကိန်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်ဝေးမြို့တွင် မူလတန်းကြိုကျောင်း ဆောက်လုပ်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး ဒုတိယအကြီးအကဲ Mr. Ashish Sharma တို့က လက်မှတ်ရေးထိုးကြသည်။
■ ထိုသို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုံခြုံမှုရှိသော၊ ပါဝင်သင်ကြားခွင့်ရှိသော၊ အရည်အသွေးမြင့်သော သင်ယူမှုပတ်ဝန်းကျင် များအား ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ကလေးများ၏ ကိုယ်ကာယပိုင်း၊ ဉာဏ်ရည်၊ ဉာဏ်သွေး၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်သည့် မူလတန်းကြို ကျောင်းတစ်ကျောင်းအဖြစ် ပေါ်ထွက်လာပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ရန်ကုန်တိုင်းရဲ့ မဟာသင်္ကြန်ပွဲတော်ကိုလမ်းလျှောက်သင်္ကြန်တွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်ပြီ လက်ရှိမှာတော့ ရန်ကုန်မြို့တော်မဟာသင်္ကြန် ဗဟိုဖျော်ဖြေရေးမဏ္ဍပ်မှာ ယိမ်းအကပြိုင်ပွဲအတွက် လေ့ကျင့်နေတယ်လို့ သိရပါတယ်။
#Local_News
Published 10 April 2026
#ရန်ကုန်မြို့တော်မဟာသင်္ကြန်
#YMG/NN #Yangon_Times
ကုန်းတွင်းရေနံမြေများမှသဘာဝဓာတ်ငွေ့များ တိုးတက်ထွက်ရှိလာတာကြောင့် လတ်တလောဖြစ်ပေါ်နေတဲ့ စက်သုံးဆီအကျပ်အတည်းကို အထိုက်အလျောက် လျော့နည်းသက်သာစေမှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 10 April 2026
#သဘာဝဓာတ်ငွေ့ #ကုန်းတွင်းရေနံမြေ
#YMG/SW #Yangon_Times
သတ်မှတ်စည်းကမ်းမလိုက်နာတဲ့ စားအုန်းဆီကိုယ်စားလှယ်တွေကို အရေးယူထားတယ်လို သန်လျင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန
ကသိရပါတယ်။
#Local_News
Published 10 April 2026
#စားအုန်းဆီ #သန်လျင်ခရိုင်
#YMG/NN #Yangon_Times
Page 110 of 2053