#World_Science
Published 15 July 2026
■ မျိုးဆက်သစ်တွေဟာ ဇီဝဖြစ်စဉ်အရ လျင်မြန်စွာ အိုမင်းလာကြပြီး ကင်ဆာအဖြစ်များလာစေတယ်လို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိထားပါတယ်။
■ ရောဂါဆိုတာ သက်ကြီးရွယ်အိုတွေနဲ့ ဆက်စပ်ပေမယ့် အသက် ၂၀၊ ၃၀ ၊ ၄၀ ဝန်းကျင်တွေမှာလည်း အဖြစ်များလာပါတယ်။
■ ပြောရရင်တော့ နေထိုင်မှုပုံစံနဲ့ စားသောက်ပုံစံတို့ကြောင့်လို့ ဆိုနိုင်ပါတယ်။
■ ဒါပေမဲ့ ဆန်းစစ်ချက်များအရ အခြေခံအကြောင်းအရင်းတွေက ဒီထက်ပိုနက်ရှိုင်းနေပါတယ်။
■ လူတစ်ယောက်ရဲ့ သက္ကရာဇ်အသက်နဲ့ ဇီဝအသက်တို့ ကွဲပြားကာ ခန္ဓာကိုယ်တွင်း တစ်ရှူးများ၊ အင်္ဂါများ၊ စနစ်များအပေါ် အခြေခံတဲ့ ဇီဝအသက်က မျိုးဗီဇ၊ နေထိုင်စားသောက်မှုပုံစံ၊ ပတ်ဝန်းကျင်ထိတွေ့မှုများနဲ့ အခြားအကြောင်းအရာတွေအပေါ် မူတည်ပါတယ်။
■ ယခင်ခေတ်က လူတွေရဲ့ ဇီဝအသက်ထက် ယနေ့ခေတ် လူတွေရဲ့ ဇီဝအသက်က ပိုမိုလျင်မြန်စွာ အိုမင်းလာကြောင်း တွေ့ရတယ်လို့ သုတေသီတွေ တွေ့ရှိထားပါတယ်။
■ ကင်ဆာတစ်မျိုးချင်းစီအလိုက် ကာကွယ်ရေးနည်းလမ်းများ ဖော်ထုတ်နိုင်ဖို့အတွက် သုတေသီတွေက ကင်ဆာဖြစ်နိုင်ခြေအပေါ် ပတ်ဝန်းကျင် အကြောင်းအရာတွေ ဘယ်လိုသက်ရောက်လဲဆိုတာ နားလည်ဖို့ ရည်မှန်းထားပါတယ်။
■ အဝလွန်ခြင်း၊ အာဟာရနည်းတဲ့ အစားအစာ၊ အထိုင်များတဲ့ နေထိုင်မှုပုံစံတို့လို အကြောင်းအရာတွေက ထည့်သွင်းစဉ်းစားစရာ ဖြစ်ပေမယ့် ငယ်ရွယ်သူတွေမှာ ကင်ဆာအဖြစ်များတာ အတွက်ကတော့ ဒီကိစ္စတွေကြောင့်တင် မဟုတ်ပါဘူး။
■ ဇီဝအသက် စောစီးစွာအိုမင်းလာခြင်းကြောင့် နှလုံးရောဂါ၊ ဆီးချို၊ အသိစိတ်ကျဆင်းမှုတို့ ဖြစ်လာစေနိုင်ပါတယ်။
Source: WION