#World_News
Published 15 July 2026
■ အမျိုးသမီးတစ်ဦးဟာ လောင်းကစားစွဲလမ်းမှုကြောင့် ငွေကြေးရရန် ရည်ရွယ်ချက်ဖြင့် လက်စ်ဗေးဂတ်စ်မှာ အမျိုးသား ၅ ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။
■ အသက် ၃၃ နှစ်အရွယ် ကျာယင်ချန်ဟာ အမျိုးသားများနဲ့ လက်ထပ်ပြီး ယင်းတို့ထံမှ ဒေါ်လာသောင်းချီ ယူသွားပြီးနောက် ပျောက်ကွယ်သွားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
■ တိုင်ကြားချက်အရ ယခုနှစ် ဧပြီလမှ ဇွန်လကြား အမျိုးသား ၅ ဦးနဲ့ လက်ထပ်ခဲ့ပြီး ဇွန်လမှာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
■ အွန်လိုင်းမှတ်တမ်းများအရ သူမဟာ ၂၀၁၉ မတ်လနဲ့ ၂၀၂၄ မေလကြား ကလာ့ခ်ခရိုင် အိမ်ထောင်ရေးလိုင်စင်ဗျူရိုသို့ အိမ်ထောင်ပြုခွင့်လျှောက်လွှာ ၁၅ စောင် တင်သွင်းခဲ့ကြောင်း သိရပါတယ်။
■ ၂၀၂၄ တုန်းကလည်း လင်ပြိုင်ထားမှုဖြင့် ထိန်းသိမ်းခံခဲ့ရဖူးပါတယ်။
■ ဗစ်ကီလန်ဆိုတဲ့ အမည်ပွားကို အသုံးပြုပြီး နီဗာဒါးပြည်နယ် ယာဉ်မောင်းလိုင်စင်နဲ့ အမေရိကန်နိုင်ငံကူးလက်မှတ်တို့ အတုပြုလုပ်ခဲ့ကြောင်း News 3 သတင်းက ဖော်ပြထားပါတယ်။
■ ယခုအခါ လင်ပြိုင်ထားမှုအတွက် ထောင်ဒဏ် ၂၄ နှစ် ကျခံရမယ့်အရေး ကြုံနေရပါတယ်။
■ အမျိုးသားများနဲ့ အာဏာပိုင်များကို လှည့်ဖြားရန်အတွက် စာရွက်စာတမ်းအတုများ ပြုလုပ်ခြင်းနဲ့ အမည်ပွားများ အသုံးပြုခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။
■ ကျာယင်ချန်ဟာ လင်ရှိလျက်နဲ့ ထပ်မံအိမ်ထောင်ပြုမှု၊ လိမ်လည်လှည့်ဖြားကာ ငွေကြေးရယူမှုတို့အတွက် ပြစ်မှုကျူးလွန်ကြောင်း တရားရုံးမှာ ဝန်ခံခဲ့ပါတယ်။
■ သူမဟာ Wynn ကာစီနိုမှာ ဒေါ်လာ ၃ သိန်း ဆုံးရှုံးခဲ့ပြီး အနည်းဆုံး အမျိုးသား ၃ ဦးထံမှ ဒေါ်လာ ၁၃၈,၀၀၀ ခန့် ခိုးယူခဲ့ပါတယ်။
Source: WION