#Local_News
Published 15 July 2026

■ ထိုင်းနိုင်ငံတွင်ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့်မြန်မာအလုပ်သမားအတွက်အာမခံကြေးငွေဘတ်ငါးသိန်းရရှိခဲ့ကြောင်း ထိုင်းရှိအလုပ်သမားသံအရာရှိရုံးမှ သတင်းထုတ်ပြန်ထားသည်။

■ အလုပ်သမားသံအရာရှိရုံးအနေဖြင့်ထိုင်းနိုင်ငံ‌ေရာက် မြန်မာအလုပ်သမားရေးရာများကို ကူညီဆောင်ရွက်ပေးလျှက်ရှိရာတွင်ထိုင်းနိုင်ငံ၊ စမုပရာကန်၌ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ယာဉ်မတော်တဆဖြစ်ရာမှ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမား စိုင်းဝမ် (ခ) စစ်လူ အတွက် ပုဂ္ဂလိက အာမခံကုမ္ပဏီမှ ရသင့်ရထိုက်သည့် အာမခံကြေးငွေ ဘတ် ၅၀၀,၀၀ဝိ/- အား ထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်‌‌ပေးခဲ့ပြီး ဇူလိုင်လ၁၄ ရက် မွန်းလွဲပိုင်းအချိန်တွင် အလုပ်သမားသံအရာရှိရုံး၌ မိခင်ဖြစ်သူထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

#YMG/SW #Yangon_Timess