#World_Health
Published 25 April 2026
■ အသက်ရှည်ရှည် နေချင်ရင် နေထိုင်ပြောင်းလဲမှုပုံစံ ကြီးကြီးမားမား ပြောင်းလဲရန်မလိုဘဲ နေ့စဉ်အလေ့အကျင့်တွေမှာ မှန်မှန်နဲ့ အနည်းငယ်သာ ပြောင်းလဲဖို့ လိုပါတယ်။
■ လူပေါင်း ၆ သောင်းကို သုတေသနလေ့လာရာမှာ အိပ်စက်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ စားသောက်ပုံစံတို့မှာ အနည်းငယ်မျှ တိုးတက်အောင်ပြုလုပ်ရုံဖြင့် ပျမ်းမျှနေထိုင်သက်တမ်း ၁ နှစ်ကျော် တိုးစေတာ တွေ့ရပါတယ်။
■ တစ်ညကို ၅ မိနစ်ခန့် ပိုအိပ်ခြင်း၊ နေ့စဉ် လေ့ကျင့်ခန်း ၂ မိနစ်ပိုလုပ်ခြင်း၊ နေ့စဉ် ဟင်းသီးဟင်းရွက် ပိုစားခြင်းတို့ ပါဝင်ပါတယ်။
■ ဒီအပြောင်းအလဲငယ်တွေက မထင်ရှားပေမယ့် ပေါင်းစုလိုက်တဲ့အခါကျရင် အသက် ၁ နှစ်ကျော် ရှည်စေနိုင်ပါတယ်။
■ အိပ်စက်မှု၊ လှုပ်ရှားမှု၊ စားသောက်မှု ၃ မျိုးစလုံး တိုးတက်အောင်လုပ်ခြင်းက တစ်ခုတည်းကို ကြီးကြီးမားမား ပြောင်းလဲတာထက် များစွာပိုသက်ရောက်မှု ရှိပါတယ်။
■ တစ်ညကို ၇-၈ နာရီအိပ်စက်ခြင်း၊ နေ့စဉ် လှုပ်ရှားမှု မိနစ် ၄၀ မှ ၄၅ မိနစ်ခန့် ပြုလုပ်ခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးခြင်းတို့က နေထိုင်မှုဘဝကို ပြောင်းလဲစေနိုင်မှာ ဖြစ်ပါတယ်။
■ ဆယ်စုနှစ်တွေကြာတဲ့ သုတေသနများအရ နေထိုင်စားသောက်မှုပုံစံက သက်ရှည်ကျန်းမာရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာကို တွေ့ထားပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်စားသောက်ခြင်းက မျိုးရိုးဗီဇအန္တရာယ်တွေကိုတောင် ကျော်လွန်ကာ အသက် ၅ နှစ်လောက် ပိုရှည်စေနိုင်ပါတယ်။
■ ဒါကြောင့် အထက်ပါ ၃ မျိုးကို အနည်းငယ်မျှ လက်တွေ့ကျကျ ပြောင်းလဲခြင်းဖြင့် ကျန်းမာရေးနဲ့ ညီညွတ်စွာ အသက်ရှည်စေနိုင်မှာ ဖြစ်ပါတယ်။
Source: First Post.