#World_News
Published 27 April 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေနဲ့ နှစ်လကြာစစ်ပွဲပြီး အဆုံးသတ်ဖို့ ညှိနှိုင်းလိုပါက ဖုန်းဆက်လို့ရတယ်လို့ တနင်္ဂနွေနေ့က ပြောလိုက်ပြီး နျူကလီးယားလက်နက် ဘယ်တော့မှ မရှိစေရဘူးလို့ ဆိုပါတယ်။
■ ဒီမတိုင်ခင်မှာ အီရန်က အမေရိကန်အနေနဲ့ သဘောတူညီချက် ရရှိဖို့ အတားအဆီးတွေ ဖယ်ရှားပေးသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
■ ထရမ့်က အစ္စလာမာဘက်ခရီးစဉ်ကို သဘောမတူတဲ့နောက် ငြိမ်းချမ်းရေးအားထုတ်မှုတွေ မျှော်လင့်ချက် ပြန်လည်ယုတ်လျော့သွားပါတယ်။
■ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်စ်အာရက်ချီက ကြားဝင်ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန်နဲ့ အိုမန်တို့ထံ အကြိမ်ကြိမ်သွားရောက်နေခဲ့ပြီး ရုရှားမှာ သမ္မတပူတင်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
■ ထရမ့်က အီရန်ဆွေးနွေးလိုပါက လာရောက်နိုင်သလို ဖုန်းခေါ်ဆိုနိုင်ကြောင်း၊ လုံခြုံစိတ်ချရတဲ့ ဖုန်းလိုင်းတွေရှိကြောင်း ပြောသွားပါတယ်။
■ ဒါ့အပြင် သဘောတူညီချက်ထဲက အရိုးရှင်းဆုံးအချက်က နျူကလီးယားလက်နက် မရှိစေရေးဖြစ်ပြီး ဒီလိုမှမဟုတ်ရင် တွေ့ဆုံစရာအကြောင်း မရှိဘူးလို့လည်း ပြောပါတယ်။
■ အီရန်ကတော့ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးချဖို့ပဲ ကြိုးပမ်းနေတာကို အမေရိကန် အသိအမှတ်ပြုစေချင်နေတာ ကြာပါပြီ။
■ အပစ်အခတ် ယာယီရပ်စဲရေး ရရှိခဲ့ပေမယ့် စစ်ပွဲကြီး အဆုံးသတ်ဖို့အတွက်တော့ သဘောတူညီချက် မရသေးပါဘူး။
■ အမေရိကန်နဲ့ အီရန်ကြား သဘောတူညီမှု မရခြင်းက နျူကလီးယားအစီအစဉ်နဲ့ ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်မှုတွေအထိပါ ကျော်လွန်နေပြီ ဖြစ်ပါတယ်။
Source: Reuters