#World_Health
Published 27 April 2026

■ ဗိုက်တာမင်-ဒီက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ဓာတ် ဖြစ်ပါတယ်။

■ အချို့သုတေသနအရ ဗိုက်တာမင်-ဒီကို ညမအိပ်ခင် သောက်သုံးပါက အိပ်စက်မှုဟော်မုန်း မယ်လတိုနင် ထုတ်လုပ်မှုကို နှောင့်ယှက်နိုင်တယ်လို့ ဆိုပါတယ်။

■ နေရောင်ခြည်ထိတွေ့မှုက ဗိုက်တာမင်-ဒီ သဘာဝအလျောက် ရနိုင်တာကြောင့် နေ့ဘက်မှာ ပမာဏအများဆုံးရှိသင့်ပြီး ညဘက်မှာတော့ အနည်းဆုံးရှိသင့်တယ်လို့ ယူဆထားပါတယ်။

■ ၂၀၁၃ လေ့လာချက်တစ်ခုမှာ ဗိုက်တာမင်-ဒီ ပမာဏများများ သုံးစွဲသူတွေဟာ ၃ လကြာပြီးနောက် ညဘက် မယ်လတိုနင်ပမာဏ ကျဆင်းသွားစေတယ်လို့ တွေ့ရှိထားပါတယ်။

■ ဒါပေမဲ့ ဗိုက်တာမင်-ဒီက အိပ်စက်မှုကို ကောင်းမွန်စေတဲ့ အထောက်အထားလည်း ရှိပါတယ်။

■ ဗိုက်တာမင်-ဒီ နည်းသူတွေမှာ အိပ်ရေးပျက်ခြင်း၊ ကောင်းစွာ မအိပ်စက်နိုင်ခြင်း စတာတွေနဲ့ ပတ်သက်နေပါတယ်။

■ ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုတွေ ပိုဖြစ်စေပြီး အိပ်စက်မှုကို နှောင့်ယှက်စေနိုင်ပါတယ်။

■ ဗိုက်တာမင်-ဒီက အဆီပျော်ဝင်နိုင်ပြီး အဆီနဲ့တွဲစားပါက စုပ်ယူနိုင်စွမ်း ပိုကောင်းစေပါတယ်။

■ အဆီဆိုတာက ထောပတ်သီး၊ အခွံမာသီးတို့က အဆီတွေကို အကြံပြုပါတယ်။

■ ကျန်းမာရေးအလုံးစုံ ကောင်းမွန်ဖို့အတွက် ဗိုက်တာမင်-ဒီကို တစ်မီလီလီတာလျှင် ၂၀ နာနိုဂရမ်နှုန်းအထက် ထိန်းသိမ်းထားဖို့က အရေးကြီးပါတယ်။

■ ညဘက်မှာ ဗိုက်တာမင်-ဒီသောက်လို့ အိပ်စက်ရတာ အနှောင့်အယှက်ဖြစ်တယ်ဆိုရင် နေ့အစောပိုင်းမှာ ပြောင်းလဲသုံးစွဲသင့်ပြီး ပုံမှန်လေး အသုံးပြုဖို့ကလည်း ပိုပြီးအရေးကြီးပါတယ်။

■ ဘယ်အချိန် သောက်သုံးဖို့ အသင့်လျော်ဆုံးလဲဆိုတာကတော့ သက်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

Source: Health.