#World_News
Published 17 March 2026
■ ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောများ လိုက်ပါပို့ဆောင်ပေးဖို့ စစ်သင်္ဘောများစေလွှတ်ရန် ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်ကို အမေရိကန် မဟာမိတ်အများအပြား ပယ်ချလိုက်သဖြင့် ဆယ်စုနှစ်တွေကြာအောင် ထောက်ပံ့ပေးခဲ့တာကို အနောက်တိုင်းမဟာမိတ်တွေ ကျေးဇူးမသိတတ်ဘူးလို့ အမေရိကန်သမ္မတ ဝေဖန်လိုက်ပါတယ်။
■ ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်သန်းသွားလာနေတဲ့ လမ်းကြောင်းဖြစ်ပြီး စစ်ပွဲပဋိပက္ခကြောင့် ပိတ်ဆို့ခံထားရကာ လောင်စာဈေးနှုန်း မြင့်တက်နေပါတယ်။
■ အီရန်က ဒရုန်းတွေ ရေမြှုပ်မိုင်းတွေနဲ့ ပိတ်ဆို့ကာရံထားတဲ့ ဒီလမ်းကြောင်း ပြန်လည်ပွင့်စေဖို့ စစ်သင်္ဘောများ စေလွှတ်ရန် အစီအစဉ်မရှိဘူးလို့ ဂျာမနီ၊ စပိန်၊ အီတလီအပါအဝင် အမေရိကန်မဟာမိတ်အချို့ ပြောပါတယ်။
■ အစ္စရေးလ်က အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
■ အီရန်ကတော့ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အစ္စရေးလ်နဲ့ အမေရိကန်စခန်းတွေကို တုံ့ပြန်တိုက်ခိုက်နေပါတယ်။
■ အီရန်မှာ အရပ်သားအသေအပျောက်များ ရှိနေပြီး ကယ်ဆယ်ရေးတွေက လူနေဒေသများမှာ ကူညီဆောင်ရွက်နေပါတယ်။
■ အီရန်တိုက်ခိုက်မှုကြောင့် ယူအေအီးမှ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ရေနံစက်ရုံတွေ လုပ်ဆောင်ရေး ထိခိုက်ခဲ့ကာ ဆော်ဒီအာရေဗျကလည်း ဒရုန်းအများအပြား ဖျက်ဆီးနိုင်ခဲ့ပါတယ်။
■ တင်းမာမှုတွေကြားကပဲ အခြေအနေ တည်ငြိမ်ဖို့အတွက် အီရန်လောင်စာတင်ပို့မှုများကို ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပေးသွားဖို့ အမေရိကန်အရာရှိတွေ အရိပ်အမြွက် ဆိုနေကြပါတယ်။
Source: Reuters
#World_Health
Published 16 March 2026
လူသားတွေနဲ့ သူတို့ရဲ့အိမ်မွေးခွေးတွေကြား သံယောဇဉ်မေတ္တာက အတော်လေး နက်ရှိုင်းတာကို အထောက်အထား တွေ့ရှိထားပါတယ်။
ခွေးတွေရဲ့ ခန္ဓာကိုယ်မှာ သယ်ဆောင်လာတဲ့ အနုဇီဝပိုးမွှားတွေက လူတွေရဲ့ဦးနှောက်မှာ စာနာရင်းနှီးမှု ပိုဖြစ်စေတယ်လို့ တွေ့ရှိထားပါတယ်။
လတ်တလော လေ့လာချက်များအရ မတူကွဲပြားတဲ့ ဘက်တီးရီးယားများပါဝင်တဲ့ ခွေးတွေကို အိမ်ထဲထားတဲ့အခါ လူသားတွေရဲ့ ပိုးမွှားစနစ်ကို သက်ရောက်နိုင်ပါတယ်။
ခွေးတွေဟာ သဘာဝအတိုင်း စူးစမ်းသွားလာလိုစိတ် ရှိတာကြောင့် ကွဲပြားတဲ့ ပိုးမွှားတွေ ထိတွေ့ကြပါတယ်။
ဒီပိုးမွှားတွေ လူသားထဲ ဝင်ရောက်လာတဲ့အခါ ပျော်ရွှင်မှုဟော်မုန်း အောက်ဆီတိုစင် ထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးပါတယ်။
ဒီလိုကနေ ခွေးတွေနဲ့ ပိုမိုရင်းနှီးစေရုံမက လူမှုရေးစိတ်နဲ့ စာနာစိတ်တို့ မြင့်တင်ပေးနိုင်ပါတယ်။
ကြောင်တွေကတော့ ခွေးတွေနဲ့မတူဘဲ ခွေးတွေလို အနုဇီဝပိုးမွှား အကျိုးကျေးဇူး မပေးနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးကျေးဇူးတော့ ပေးနိုင်ပါသေးတယ်။
မြို့ပြမှာပဲ ကျင်လည်နေသူတွေအတွက် ခွေးတွေက အပြင်လောကနဲ့ ဆက်စပ်ပေးနိုင်ကာ စိုးရိမ်ပူပန်စိတ် လျော့ကျစေခြင်း၊ လူမှုဆက်ဆံရေး ကောင်းမွန်ခြင်းတို့ ရရှိစေနိုင်ပါတယ်။
ခွေးတစ်ကောင်နဲ့ ခဏတာ ထိတွေ့ခြင်းက အောက်ဆီတိုစင် ယာယီတိုးတက်နိုင်ကာ အတူနေထိုင်ရင်တော့ လူတွေရဲ့ အရေပြားနဲ့ အူလမ်းကြောင်းတို့မှာ နေထိုင်တဲ့ ဘက်တီးရီးယား အစုအဖွဲ့တွေ ကြာရှည်ပြောင်းလဲလာနိုင်မှာ ဖြစ်ပါတယ်။
Source: India Today
#World_Health
Published 15 March 2026
■ လူအချို့ လေ့ကျင့်ခန်းပြုလုပ်နေတာတောင် ကိုယ်အလေးချိန်တက်နေကြပါတယ်။
■ ခန္ဓာကိုယ် ဖိစီးမှုတုံ့ပြန်ခြင်းက အဆီတွေ ဘယ်လိုသိုလှောင်သလဲ၊ ဆာလောင်စိတ် ဘယ်လိုထိန်းချုပ်လဲ၊ ဇီဝလုပ်ဆောင်ချက်တွေ ဘယ်လိုလဲဆိုရာမှာ အရေးပါနေပါတယ်။
■ အလုပ်ဖိအား၊ အိပ်ရေးပျက်ခြင်း၊ ငွေရေးကြေးရေး ပူပန်မှုတွေကြောင့် ရေရှည်ဖိစီးမှု ဖြစ်ရာကနေ ဟော်မုန်းမညီမမျှ ဖြစ်လာပါတယ်။
■ ဖိစီးမှုဖြစ်တဲ့အခါ ကော်တီဆောဟော်မုန်း ထွက်စေပြီး ပမာဏများတဲ့အခါ ပုံမှန်ဇီဝကမ္မဖြစ်စဉ်ကို နှောင့်ယှက်စေပါတယ်။
■ ဝမ်းဗိုက်တဝိုက် အဆီတွေပိုစုလာစေတဲ့အပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့လည်း ဖြစ်နိုင်ခြေများစေတယ်လို့ ဒေလီ CK Birla ဆေးရုံမှ ဒေါက်တာ မာနီရှာအာရိုရာက ပြောပါတယ်။
■ ဖိစီးမှုကြောင့် ကယ်လိုရီများတဲ့ စားစရာတွေ စားချင်လာပြီး ဆာလောင်မှုထိန်းချုပ် ဟော်မုန်းတွေ နှောင့်ယှက်ခံရကာ အစာစားခြင်းကို ထိန်းချုပ်ဖို့ ခက်ခဲလာပါတယ်။
■ ကော်တီဆော ကြာရှည်မြင့်မားတဲ့အခါ အင်ဆူလင်ယဉ်ပါးခြင်း၊ သွေးတွင်းသကြားဓာတ် မြင့်မားခြင်း၊ နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေများခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
■ ဖိစီးမှုကြောင့် အိပ်ရေးပျက်တဲ့အခါ ဇီဝဖြစ်စဉ်နှေးသွားပြီး ဆာလောင်စိတ်များလာသလို ကျန်းမာရေးလမ်းစဉ်တွေ ထိခိုက်ကာ ကိုယ်အလေးချိန် တိုးလာစေပါတယ်။
■ ဖိစီးမှုကို တုံ့ပြန်ပုံက တစ်ယောက်နဲ့တစ်ယောက် မတူဘဲ အချို့က စားချင်စိတ် လျော့နည်းတတ်ပါတယ်။
■ ဒါပေမဲ့ ရေရှည်ဖိစီးမှုကတော့ ဇီဝဖြစ်စဉ်ရောဂါတွေ ဖြစ်နိုင်ခြေများစေပါတယ်။
■ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ပုံမှန်အိပ်စက်ခြင်း၊ ဂရုတစိုက်စားခြင်း၊ စိတ်ပြေလျော့အောင် ကျင့်ကြံခြင်းတို့ဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
Source: India Today.
#World_Science
Published 15 March 2026
■ မြွေလိုမျိုးသတ္တဝါတွေက အစာမစားဘဲနဲ့ ရက်သတ္တပတ်တွေ လတွေကြာအောင် နေနိုင်ကြကာ မျိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ အချို့သော မြွေတွေနဲ့ တွားသွားသတ္တဝါတွေမှာ ဂရီလင်လို့ခေါ်တဲ့ ဆာလောင်မှုဟော်မုန်း မရှိကြတာကြောင့် အစာမစားဘဲ အချိန်ကြာမြင့်စွာ နေနိုင်ကြတာ ဖြစ်ပါတယ်။
■ သုတေသီတွေက မြွေ၊ မိကျောင်း၊ ပုတ်သင်အပါအဝင် တွားသွားမျိုးစိတ် ၁၁၂ မျိုးရဲ့ မျိုးဗီဇပစ္စည်းများကို နှိုင်းယှဉ်ကြည့်ရာမှာ ဂရီလင်နဲ့ လှုံ့ဆော်ပေးတဲ့ အင်ဇိုင်းတို့ဟာ မြွေမျိုးစိတ် ၃၂ မျိုးမှာ မရှိတာကို တွေ့ရပါတယ်။
■ ပုတ်သင်နဲ့ အိမ်မြှောင်မျိုးစိတ်အချို့မှာလည်း အလားတူပုံစံတွေ့ရပြီး မိကျောင်းတွေကတော့ အစာမစားဘဲ ၁ နှစ်လောက် နေနိုင်ပေမယ့် မျိုးဗီဇနှစ်ခုစလုံး ရှိနေပါတယ်။
■ ဒါပေမဲ့ ကြွက်တွေကို စမ်းသပ်ရာမှာတော့ ဂရီလင်မရှိခြင်းက အစာအစားချင်စိတ်ကို မပြောင်းလဲစေပါဘူး။
■ ဒါကြောင့် မြွေတွေမှာ ဂရီလင်မရှိခြင်းက ဆာလောင်စိတ်ဆိုတာထက် ဇီဝဖြစ်စဉ်နဲ့ ပိုပြီးပတ်သက်နေနိုင်ပါတယ်။
■ မြွေတွေရဲ့ ဇီဝကမ္မဖြစ်စဉ်က အခြားနို့တိုက်သတ္တဝါတွေနဲ့ ကွဲပြားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
■ ဇီဝဖြစ်စဉ်အတွက် ဂရီလင်ရဲ့ အရေးကြီးပုံကို အလွန်အကျွံ ဖော်ပြနေခြင်းကို အချို့သောပညာရှင်တွေ သတိပေးနေပါတယ်။
■ ဂရီလင်ရဲ့ ကဏ္ဍကို နောက်ထပ်လေ့လာခြင်းဖြင့် လူတွေမှာ ဆီးချို၊ အဝလွန်ခြင်းတို့လို ဇီဝကမ္မရောဂါတွေအကြောင်း ပိုမိုသိရှိလာနိုင်ပါတယ်။
Source: ScienceNews
တရုတ်က အာကာသထဲ နက်နက်နဲနဲ စူးစမ်းလေ့လာသွားမယ့် အစီအစဉ်တွေ ဆက်တိုက်ပြုလုပ်နေပြီး လပေါ်မှာ ရေရှာဖွေခြင်းကစလို့ မားစ်ဂြိုဟ်ပေါ်မှ နမူနာများယူဆောင်လာခြင်းအထိပြုလုပ်နေကာ စကြဝဠာအပြင်ဘက်အထိ ရောက်ရှိရန်ရည်မှန်းနေပါတယ်။
#Asia_Science
Published 14 March 2026
#တရုတ် #အာကာသ
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 14 March 2026
■ နော့ဝက်စတန်းဖိန်းဘာ့ဂ်ဆေးတက္ကသိုလ်ရဲ့ သုတေသနအသစ်မှာ ဘယ်အချိန် အစားစားခြင်းက နှလုံးကျန်းမာရေးနဲ့ ပတ်သက်နေပြီး ညနေစာလျှော့စားသူတွေကို လေ့လာရာမှာ သွေးပေါင်ချိန်လျော့ခြင်း၊ သွေးတွင်းသကြားဓာတ် တည်ငြိမ်ခြင်း၊ နှလုံးခုန်နှုန်း တည်ငြိမ်ခြင်းတို့ တွေ့ရှိရပါတယ်။
■ အစာမစားတဲ့ အချိန်ကာလကို ခန္ဓာကိုယ် နိုးထအိပ်စက်စက်ဝန်းနဲ့အညီ အချိန်ကိုက်ပြုလုပ်ပါက နှလုံး၊ ဇီဝဖြစ်စဉ်၊ အိပ်စက်မှုတို့ကြား ပူးပေါင်းဆောင်ရွက်နိုင်စေပြီး နှလုံးသွေးကြောကျန်းမာရေး ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဒေါက်တာ ဒန်နီယယ်လာဂရီမယ်ဒီက ဆိုပါတယ်။
■ နှလုံးကျန်းမာရေး မကောင်းတဲ့အခါ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အိပ်မပျော်ခြင်း၊ အချို့သော ကင်ဆာအန္တရာယ်တွေနဲ့ ဆက်စပ်နေပါတယ်။
■ အသက် ၃၆ နှစ်မှ ၇၅ နှစ်ကြားရှိပြီး အဝလွန်နေတဲ့ လူ ၃၉ ယောက်ကို ခေါ်ယူကာ အဖွဲ့တစ်ဖွဲ့ကို အိပ်ရာမဝင်ခင် ၃ နာရီခြားပြီး နောက်ဆုံးစားစေကာ အစာမစားချိန် ၁၃ နာရီမှ ၁၆ နာရီကြား ရှိစေခဲ့ပါတယ်။
■ အခြားအဖွဲ့ကတော့ ပုံမှန်အတိုင်း အစာမစားချိန် ၁၁ နာရီမှ ၁၃ နာရီကြား ရှိပါတယ်။
■ ရက်သတ္တပတ် ၇ ပတ်ခွဲကြာပြီးနောက် အိပ်ရာမဝင်ခင် ၃ နာရီနောက်ဆုံးထား စားတဲ့သူတွေက နှလုံးကျန်းမာရေးမှာ သိသိသာသာ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။
■ ပျမ်းမျှအားဖြင့် သွေးပေါင်ချိန် ၃.၅ ရာခိုင်နှုန်း ကျဆင်းကာ ညဘက်မှာ နှလုံးခုန်နှုန်း ၅ ရာခိုင်နှုန်း ကျဆင်းစေသဖြင့် နှလုံးကျန်းမာရေးအတွက် အရေးပါပါတယ်။
■ ဒါကြောင့် နောက်ကျမှ အစားစားခြင်းကို ရှောင်ရှားမယ်ဆိုရင် ကိုယ်အလေးချိန် ထိန်းသိမ်းနိုင်ရန် ကူညီပေးနိုင်ပါတယ်။
■ သုတေသီတွေက တွေ့ရှိချက်တွေကို အတည်ပြုနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်လေ့လာသွားရန် စီစဉ်နေပါတယ်။
Source: New York Post.
#World_Health
Published 14 March 2026
■ အင်္ဂလန်မှ သိပ္ပံပညာရှင်တွေဟာ ၂၀၂၄ ခုနှစ်က အသက် ၇၈ နှစ်ရှိခဲ့တဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့ကြရာမှာ လိင်တံ ၃ ချောင်းတောင် ပါနေတာကို တွေ့ရှိခဲ့ကြပါတယ်။
■ ဒီလိုမျိုး ကျားအင်္ဂါပုံမှန်မဟုတ်တဲ့ အခြေအနေကို တွေ့ရှိတာဟာ သမိုင်းမှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
■ ဒီလူဟာ အသက်ရှင်စဉ်တုန်းက ဒီလိုအပိုပါတာကို လုံးဝသတိမထားမိခဲ့တာပါပဲ။
■ ဒီအခြေအနေကို ဆရာဝန်တွေက လိင်အင်္ဂါအပိုပါခြင်းလို့ ခေါ်ကြပြီး အလွန်အမင်းရှားပါးတဲ့ မွေးရာပါအခြေအနေ ဖြစ်ပါတယ်။
■ ၁၆၀၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထိုကဲ့သို့ လိင်တံ ၃ ချောင်းပါခြင်းဖြစ်စဉ် တစ်ဦးသာရှိခဲ့ပြီး ၃ လသားအရွယ် ကလေးရဲ့ ကပ္ပယ်အိတ်အပြင်ဘက်မှာ အပိုထွက်နေတဲ့အင်္ဂါတွေ ခွဲစိတ်ဖယ်ရှားခဲ့ကြပါတယ်။
■ ၇၈ နှစ်အရွယ် အလောင်းမှာတော့ အင်္ဂါအပိုတွေက အိတ်အတွင်းမှာပဲ ပုန်းကွယ်ရှိနေခဲ့တာကြောင့် သာမန်လိုပဲ ထင်ခဲ့ပါတယ်။
■ လိင်အင်္ဂါတွေဖြစ်စေတဲ့ ရှေ့ပြေးအရာက သုံးပင်ပွားပြီး အဓိကလိင်တံတစ်ခုနဲ့ အပိုနှစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ သုတေသီတွေ ပြောပါတယ်။
■ ဒီလိုပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေ သိရှိထားတာထက် အပြင်မှာ ပိုများနိုင်ကာ ပုန်းကွယ်နေတဲ့ ဖြစ်ရပ်မျိုးဆိုရင် မသိရှိဘဲဖြစ်နေမယ်လို့ သုတေသီတွေ ယူဆထားပါတယ်။
■ ဒီဖြစ်စဉ်တွေကနေ ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်း၊ ထောင်မတ်မှုပြဿနာရှိခြင်း၊ မျိုးပွားနိုင်စွမ်းပြဿနာများ ဖြစ်လာနိုင်ပါတယ်။
■ ခွဲစိတ်ဖယ်ရှားတာနဲ့ ပတ်သက်ပြီး လူကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်တွေအကြောင်း ကျွမ်းကျင်သူတွေ ဆွေးနွေးခဲ့ကြပါတယ်။
Source: New York Post.
Page 43 of 1171