#World_Health
Published 23 July 2026
■ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ မနက်စာမျိုး စားချင်သူတွေအတွက်တော့ မနက်တိုင်း ကြက်ဥပြုတ် ၃ လုံးနဲ့ ကော်ဖီတစ်ခွက် သောက်သုံးခြင်းကို ကျင့်သုံးသင့်ပါတယ်။
■ ဒီလိုစားသောက်ပုံမျိုးကို တစ်လကြာအောင် နံနက်တိုင်း စားသုံးပေးပါက ဘာတွေဖြစ်နိုင်မလဲ။
■ အဆိုပါ မနက်စာမျိုးက ရေတိုအကျိုးအာနိသင်အချို့ ရရှိစေနိုင်တယ်လို့ ဒေလီမြို့ ခိုင်လက်ရှ်ဒီပက်ဆေးရုံမှ အာဟာရပညာရှင် ရီချာရှာမက ပြောပါတယ်။
■ ကြက်ဥတွေမှာ အရည်အသွေးမြင့် ပရိုတိန်းများ၊ ကျန်းမာရေးညီညွတ်တဲ့ အဆီများ၊ ဗိုက်တာမင်-ဒီနဲ့ ဘီ၊ ကိုလင်းတို့ ကြွယ်ဝပြီး ကော်ဖီကတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပေးစွမ်းနိုင်တယ်လို့ ပြောပါတယ်။
■ ကြက်ဥ ၃ လုံးနဲ့ ကော်ဖီကို မနက်စာအဖြစ် တွဲဖက်စားသုံးပေးပါက ဆာလောင်စိတ် ထိန်းချုပ်ရာမှာ ကြာရှည်ထိန်းသိမ်းပေးနိုင်စေပြီး ကိုယ်အလေးချိန်လျှော့ချခြင်းတို့ကို ကူညီပေးပါတယ်။
■ ပထမရက်အနည်းငယ်အတွင်း တစ်နေ့တာအတွင်း ဆာလောင်စိတ် လျော့ကျသွားတာကို သတိပြုမိလာနိုင်ပါတယ်။
■ ပရိုတိန်းဓာတ် မြင့်မားတဲ့အခါ ကြွက်သားထိန်းသိမ်းမှုကို ကူညီပေးပြီး ကြံ့ခိုင်လေ့ကျင့်ခန်း၊ စားသောက်ပုံစံထိန်းချုပ်ခြင်းတို့ကို ဦးစားပေးတဲ့သူတွေအတွက် အကျိုးရှိစေမှာပါ။
Source: Indian Express
အင်ဒိုနီးရှားမှာ B50 ဇီဝဒီဇယ်စီမံကိန်း တရားဝင်စတင်လိုက်ပြီ ဖြစ်ပါတယ်။
စွမ်းအင်ကဏ္ဍမှာ ပြည်ပမှစက်သုံးဆီတင်သွင်းရခြင်းအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်ရည်ရွယ်ပြီး ဒီဇယ်ဆီမှာအုန်းအဆီအခြေခံ ဇီဝလောင်စာရောစပ်မှုအချိုး ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ပါတယ်။
#Asia_Business
Published 22 July 2026
#အင်ဒိုနီးရှား #ဇီဝဒီဇယ်စီမံကိန်း
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 22 July 2026
■ အီရန်မှာ စစ်ပွဲဆင်နွှဲနေတဲ့ အမေရိကန်ရဲ့ စစ်ကုန်ကျစရိတ်ဟာ ယခုအချိန်အထိ ဒေါ်လာ ၃၇.၅ ဘီလီယံအထိ မြင့်တက်လာပြီလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဆက်က အင်္ဂါနေ့မှာ ပြောပါတယ်။
■ လူတွေသဘောမကျကြတဲ့ စစ်ပွဲအတွက် အရေးပေါ်ရန်ပုံငွေ ကောက်ခံရန်အတွက် တိုက်ခိုက်မှုကြီးများ ပြုလုပ်ပြီးနောက်ပိုင်း ပထမဆုံးအနေဖြင့် ဥပဒေပြုအမတ်များနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
■ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီအနေဖြင့် လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစု ထိန်းသိမ်းနိုင်ရန် ခက်ခဲလာနိုင်ပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ၆ လမျှသာ လိုတော့တဲ့အချိန်မှာ အများပြည်သူသဘောမကျတဲ့ အီရန်စစ်ပွဲအတွက် ကုန်ကျစရိတ်ကြီးမားနေတာကြောင့် စစ်တမ်းများအရ ဒီမိုကရက်တွေ အလေးသာနေပါတယ်။
■ ကုန်ကျစရိတ် ၃၇.၅ ဘီလီယံဒေါ်လာထဲမှာ အချို့သော စစ်ပွဲအကြောင်းအရာတွေအပြင် စက်တင်ဘာ ၃၀ အထိ မျှော်မှန်းထားတာတွေ ပါဝင်တယ်လို့ ဟက်ဆက်က ပြောပါတယ်။
■ ပင်တဂွန်စစ်ဌာနချုပ်က ဘဏ္ဍာရေးအကျပ်အတည်းတွေ ဖြေရှင်းဖို့နဲ့ စစ်ရေးလုပ်ဆောင်ချက်တွေ ဆက်လက်ထိန်းသိမ်းဖို့ ၂၀၂၇ အတွက် ဘက်ဂျက် ၁.၅ ထရီလီယံ တောင်းဆိုထားပါတယ်။
■ ဒေါ်နယ်ထရမ့်ကတော့ ပဋိပက္ခကို ဆက်လက်တင်းမာအောင် ခြိမ်းခြောက်နေပြီး အီရန်ရဲ့ အခြေခံအဆောက်အအုံများနဲ့ စစ်ရေးနေရာများကို ပစ်မှတ်ထားနေပါတယ်။
■ ပဋိပက္ခကြောင့် အမေရိကန်ဘက်မှာ အကျအဆုံးနဲ့ ဒဏ်ရာရသူတွေ ရှိထားသလို အမေရိကန်နဲ့ အီရန်ကြား နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။
Source: Reuters
#World_Health
Published 20 July 2026
■ ဗြိတိန်မှာ အသက် ၆၅ နှစ်အရွယ် လူ ၁၁ ယောက်မှာ တစ်ဦးနှုန်းက ဒီမန်ရှာရောဂါ ရှိနေပြီး အသက် ၇၀ နောက်ပိုင်း ၅ နှစ်ကြီးသွားတိုင်း ဖြစ်နိုင်ခြေ နှစ်ဆများလာပါတယ်။
■ ဒါပေမဲ့ ဒီမန်ရှာလက္ခဏာ ပေါ်လာဖို့အတွက်ကတော့ ဆယ်စုနှစ်တွေတိုင်အောင် ကြာနိုင်ပါတယ်။
■ ဒီမန်ရှာဖြစ်နိုင်ခြေများခြင်းနဲ့ ဆက်စပ်နေတဲ့ သွေးထဲက pTau181 ဇီဝပစ္စည်းဟာ အသက် ၄၅ နှစ်ကစပြီး လက္ခဏာပြသလာတတ်ပါတယ်။
■ pTau181 ပရိုတင်းမြင့်မားနေခြင်းဟာ မိမိဘာသာ သတိပြုမိတဲ့ မှတ်ဉာဏ်ချို့ယွင်းမှုဆိုင်ရာ စိုးရိမ်ပူပန်မှုများနဲ့ ဆက်စပ်နေပါတယ်။
■ pTau181 ပမာဏမြင့်မားသူတွေမှာ ဦးနှောက်တည်ဆောက်ပုံ ပြောင်းလဲမှုများ မတွေ့ရှိရပေမယ့် ပုံမှန်သူငယ်ပြန်ဝေဒနာလက္ခဏာများ မပြမီ ကြိုတင်သိရှိနိုင်တဲ့ ရှေ့ပြေးသတိပေးချက်တစ်ခု ဖြစ်နိုင်ကြောင်း ညွှန်ပြနေပါတယ်။
■ စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်းက ကာကွယ်နိုင်မယ့် အခွင့်အလမ်း ရရှိစေနိုင်ပေမယ့် pTau181 ပမာဏ မြင့်မားနေခြင်းက ဒီမန်ရှာရောဂါ ဖြစ်ပွားမယ်လို့ သေချာပေါက် မပြောနိုင်တာကြောင့် သုတေသနများ ပိုမိုပြုလုပ်ရန် လိုအပ်ပါသေးတယ်။
■ pTau181 ဟာ လူလတ်ပိုင်းအရွယ်တွေမှာ အယ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေသလား ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေမှာပဲ ဆက်စပ်နေလားဆိုတာ သေချာမသိသေးပါဘူး။
■ လက်ရှိသုတေသနတွေမှ ပါဝင်စမ်းသပ်ခံသူများ အသက်ကြီးလာတဲ့အထိ ဆက်လက်စောင့်ကြည့် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
Source: Huff Post
#World_Science
Published 20 July 2026
■ ကမ္ဘာနဲ့နီးကပ်တဲ့ ဂြိုဟ်တစ်ခုရဲ့ ခန့်မှန်းဒြပ်ထုကို လျှော့ချတွက်ချက်ခဲ့ကြရာ ယခင်ထင်ထားတာထက် ရေအခြေအနေနဲ့ သက်ရှိများ ရှင်သန်နိုင်ရန် ပိုမိုအလားအလာကောင်းတဲ့ ဂြိုဟ်အဖြစ် မှတ်ယူလာစေတယ်လို့ The Astrophysical ဂျာနယ်မှာ လေ့လာမှုတစ်ရပ်ကို ဖော်ပြထားပါတယ်။
■ McDonald နက္ခတ်တာရာလေ့လာရေးဌာနရဲ့ အဆိုအရ GJ 3378b ဟာ ကမ္ဘာမှ အလင်းနှစ် ၂၅ နှစ်အကွာမှာရှိပြီး ကျောက်ဆောင်များဖြင့် ဖွဲ့စည်းထားကာ ကမ္ဘာ့ဒြပ်ထုရဲ့ ၂.၃ ခန့်ရှိကြောင်း ခန့်မှန်းထားပါတယ်။
■ ဒီဒြပ်ထုပမာဏက လူ့ခန္ဓာကိုယ်ရှင်သန်ရန် အလွန်ခက်ခဲနေဦးမှာ ဖြစ်ပြီး ကျောက်ဆောင်ထူထပ်တဲ့ ဂြိုဟ်မျက်နှာပြင်မျိုးဖြစ်ရန် ဖြစ်နိုင်ခြေပိုရှိကြောင်း၊ ရေအခြေအနေနဲ့ ဂြိုဟ်မျက်နှာပြင်ပေါ်မှာ သက်ရှိများ မရှင်သန်နိုင်လောက်တဲ့ လေထုဖိအားမျိုး ရှိမနေကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။
■ ဂြိုဟ်ပတ်လမ်းကြောင်းဟာ မိခင်ကြယ်ကို ၂၁ ရက်လျှင် တစ်ပတ်နှုန်းဖြင့် လှည့်ပတ်နေပြီး ကမ္ဘာနဲ့ မရှေးမနှောင်းတူညီတဲ့ ကြယ်အလင်းရောင်ပမာဏ ရရှိတယ်လို့ ယူဆရပါတယ်။
ဒါ့အပြင် သက်ရှိများ ရှင်သန်နိုင်ခြေရှိတဲ့နေရာ တည်ရှိကြောင်းလည်း အတည်ပြုနိုင်ပါတယ်။
■ အော်စတင်ရှိ တက္ကဆက်တက္ကသိုလ်မှ နက္ခတ်ဗေဒပညာရှင် မိုက်ကယ်အန်းဒ်က GJ 3378b နဲ့ ပတ်သက်ပြီး အိမ်နီးနားချင်းဂြိုဟ်တွေအကြောင်း သိရှိဖို့နဲ့ နောက်ဆုံးမှာ ဘယ်ဂြိုဟ်က သက်ရှိတွေ ရှင်သန်နေထိုင်နိုင်မလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့ ခြေတစ်လှမ်း ပိုမိုနီးစပ်သွားစေတယ်လို့ ပြောပါတယ်။
■ GJ 3378b ဂြိုဟ်ရဲ့ အချို့အခြေအနေတွေက သက်ရှိများ ရှင်သန်နိုင်စွမ်းရှိတဲ့ အလားအလာကို လျော့နည်းစေပါတယ်။
■ လာမယ့်နှစ်တွေမှာ Giant Magellan Telescope၊ Extremely Large Telescope နဲ့ Habitable Worlds Observatory တို့လို အာကာသစောင့်ကြည့်ရေးဌာနတွေကနေ သက်ရှိများ ရှင်သန်နေထိုင်နိုင်မယ့် လက္ခဏာများ ရှိမရှိ တိုက်ရိုက်စကန်ဖတ် ရှာဖွေသွားမှာ ဖြစ်ပါတယ်။
Source: Forbes
#World_Health
Published 19 July 2026
■ ဟင်းရွက်နဲ့ အသီးအနှံတွေမှာ အခွံတွေက ဓာတ်တိုးဆန့်ကျင်ပစ္စည်း မြင့်မားစွာပါဝင်ကာ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေကတော့ အသီးအရွက် တစ်ခုလုံးမှာ ပါဝင်ပါတယ်။
■ အခွံခွာခြင်းကြောင့် အာဟာရတန်ဖိုး သိသိသာသာ လျော့နည်းမသွားနိုင်သလို အစာခြေဖျက်မှု၊ ပိုးသတ်ဆေးအန္တရာယ် စတဲ့အချက်တွေကြောင့် အခွံခွာစားခြင်းက ပိုမိုသင့်တော်နိုင်ပါတယ်။
■ အခွံခွာမှာလား မခွာဘူးလားဆိုတာက အသီးအရွက်အပေါ် မူတည်နိုင်ပါတယ်။
■ အာလူး - အစိမ်းရောင်ပြောင်းနေတဲ့ အာလူး၊ အညှောက်ထွက်နေတဲ့ အာလူးအခွံတွေမှာ အဆိပ်အတောက်များ ရှိနေနိုင်တာကြောင့် အခွံခွာပစ်ရပါမယ်။
■ ကလောဥ - ကလောဥအသေးများကို သေချာဆေးကြောပါက အခွံက ကျန်းမာရေးအတွက် အကျိုးရှိပေမယ့် ဥအကြီးကြီးတွေမှာတော့ အခွံများ ဖယ်ရှားနိုင်ပါတယ်။
■ ခရမ်းသီး - သူ့အခွံမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်ပေမယ့် သေချာချက်ပြုတ်မထားပါက အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပါတယ်။
■ သခွားသီး - အခွံမှာ အမျှင်ဓာတ်နဲ့ ဗိုက်တာမင်များ ပါဝင်ပေမယ့် ခါးနေရင် အခွံခွာနိုင်ပါတယ်။
■ သကြားမုန်လာ - အာဟာဓာတ်များ ထိန်းသိမ်းနိုင်ဖို့အတွက် အခွံပါအောင် ချက်ပြုတ်သင့်ပါတယ်။
■ ဖရဲသီး - အဖြူရောင်အခွံသားက ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
■ သရက်သီး - သရက်သီးခွံတွေကတော့ ဓာတ်မတည့်မှုဖြစ်စေနိုင်တာကြောင့် အခွံခွာခြင်းက ပိုမိုစိတ်ချရပါတယ်။
■ သလဲသီး - ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပေမယ့် တိုက်ရိုက်မစားသုံးသင့်ပါဘူး။
■ တည်သီး - တည်သီးခွံတွေဟာ အစာမကြေခြင်း ဖြစ်စေနိုင်တာကြောင့် အခွံခွာသင့်ပါတယ်။
■ ပန်းသီး - ပန်းသီးခွံမှာ အကျိုးပြုဒြပ်ပေါင်းများ ပါဝင်ပေမယ့် အစာခြေဖျက်မှုအတွက်ဆိုရင် အခွံခွာစားလည်း ရပါတယ်။
■ ဒါကြောင့် အခွံကိုပါ စား၊ မစားဆိုတာက လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အခြေအနေနဲ့ စိတ်ကြိုက်ရွေးချယ်မှုအပေါ် မူတည်ပေမယ့် အခွံခွာလိုက်ရင်လည်း အတွင်းသားရဲ့ အာဟာရတန်ဖိုး မြင့်မားစွာ ကျန်ရှိနေနိုင်ပါသေးတယ်။
Source: The Jerusalem Post
#World_Health
Published 19 July 2026
■ ခြေထောက်တွေ သန်မာခြင်းဟာ ကြံ့ခိုင်ရေးကောင်းမွန်စေရုံမက အခြားသော ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ပေးနိုင်ပါတယ်။
■ ပေါင်တွေ သန်မာအောင် လေ့ကျင့်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်၊ နှလုံးကျန်းမာရေး၊ ဦးနှောက်လုပ်ဆောင်ချက်တို့ကို ထောက်ကူပေးနိုင်ပြီး သက်ရှည်ကျန်းမာရေးအတွက် အရေးကြီးတယ်လို့ အာဟာရပညာရှင် ဒိသီခါဂျိန်းက ပြောပါတယ်။
■ (၁) သွေးတွင်းသကြားဓာတ်ထိန်းညှိခြင်း
ပေါင်တွေကြံ့ခိုင်သန်စွမ်းတဲ့အခါ ဂလူးကို့စ်ကို ပိုစုပ်ယူပြီး သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။
■ (၂) ဦးနှောက်ကျန်းမာရေး ထောက်ကူပေးခြင်း
မှတ်ဉာဏ်နဲ့ သိရှိစိတ်လုပ်ဆောင်ချက်တို့ တိုးတက်စေကာ ဦးနှောက်ကျန်းမာရေး ပိုမိုကောင်းမွန်စေနိုင်ပါတယ်။
■ (၃) နှလုံးကျန်းမာရေး အကျိုးရှိစေခြင်း
ခြေထောက်ကသွေးတွေကို နှလုံးသို့ ပြန်လည်တွန်းပို့ပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို ကူညီပေးကာ သက်ရှည်ကျန်းမာစေနိုင်ပါတယ်။
■ ဒီလိုအကျိုးကျေးဇူးတွေ ရဖို့အတွက် ခြေထောက်ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေကို ထည့်သွင်းပြုလုပ်ဖို့ ဂျိန်းက အကြံပြုထားပါတယ်။
Source: NDTV
Page 44 of 1237