#World_Health
Published 02 August 2026
■ ၂၀၅၀ ပြည့်နှစ်အရောက်မှာ ကမ္ဘာတဝှမ်း ခါးကိုက်ခဲမှုဖြစ်ပွားသူဦးရေ ၈၄၃ သန်းအထိ ရှိလာမယ်လို့ ခန့်မှန်းထားပြီး ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း သန်း ၂၃၀ ကျော် တိုးလာခြင်း ဖြစ်ပါတယ်။
■ ၁၉၉၀ မှ ၂၀၂၀ အတွင်း နိုင်ငံပေါင်း ၂၀၀ ကျော်မှ ကျန်းမာရေးဒေတာများကို ဆန်းစစ်လေ့လာထားပြီး Lancet Rheumatology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
■ လူဦးရေ လျင်မြန်စွာ တိုးတက်နေတဲ့ ဒေသတွေနဲ့ လူအိုဦးရေ တိုးများလာတဲ့ ဒေသတွေမှာ ခါးကိုက်ခဲမှု ဖြစ်ပွဦးမှုအများဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။
■ ဒီဝေဒနာဟာ အသက်အရွယ်မရွေး အမျိုးသားများထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားပြီး အသက် ၈၅ နှစ်ကျော်လာတဲ့အခါ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိကာ ပိုမိုဆိုးရွားလာတတ်ပါတယ်။
■ ခန္ဓာကိုယ်မသန်စွမ်းမှုဒဏ် ၃ ပုံ ၁ ပုံကျော်ဟာ ကာကွယ်ရနိုင်တဲ့ အန္တရာယ်များဖြစ်တဲ့ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ၊ ဆေးလိပ်သောက်ခြင်း၊ ခန္ဓာကိုယ်အလေးချိန် မြင့်မားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ လက်ရှိကုသမှုလမ်းညွှန်ချက်များမှာ သက်ကြီးရွယ်အိုများအတွက် သီးသန့်စနစ်တကျ ကုသနည်းများ လိုအပ်နေပြီး မလိုအပ်ဘဲ နာကျင်မှုပျောက်ဆေးများ ပေးမိခြင်း မကြာခဏ ဖြစ်ပေါ်စေပါတယ်။
■ ကျန်းမာရေးဆိုင်ရာ ခေါင်းဆောင်များက ပေါင်းစပ်ညှိနှိုင်းထားတဲ့ ကမ္ဘာ့စီမံခန့်ခွဲမှုနည်းဗျူဟာများ မရှိပါက စီးပွားရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထုပ်ဝန်ပိုးများ လျင်မြန်စွာ မြင့်တက်လာမယ်လို့ သတိပေးထားပါတယ်။
Source: Healthing
အီရန်သမ္မတ မာဆွတ်ပက်ဇက်ရှ်ကီယန်က သူ့တိုင်းပြည်ဟာ အမေရိကန်နဲ့ စစ်ပွဲကြီးဆင်နွှဲနေရပြီး ဒီကာလအတွင်း စီးပွားရေးတည်ငြိမ်မှုရှိအောင် ထိန်းသိမ်းနိုင်ဖို့ အရေးကြီးကြောင်း တနင်္လာနေ့ကပြောပါတယ်။
#World_Military
Published 01 August 2026
#အမေရိကန် #အီရန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 01 August 2026
■ အီရန်တို့က ယင်းတို့တိုက်ခိုက်ခံရပါက အစ္စရေးလ်နဲ့ ဒေသတွင်းရှိ အမေရိကန် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ အီရန်က ကြိမ်းဝါးပြောဆိုလိုက်ပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စစ်ရေးအရ နောက်ထပ် တိုက်ခိုက်မှုများ ပြုလုပ်ရန် အတည်ပြုလိုက်ကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အခုလိုမျိုး ခြိမ်းခြောက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
■ အီရန် အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးက အမေရိကန်နဲ့ အစ္စရေးလ်တို့ တိုက်ခိုက်လာနိုင်မှုတွေကို ရူးသွပ်မှုတစ်မျိုးလို့ ရှုတ်ချလိုက်ပါတယ်။
■ အီရန်က တုံ့ပြန်တိုက်ခိုက်ရေး အမြောက်အမြားကိုရေးဆွဲထားပြီးဖြစ်ကြောင်းနဲ့ အဓိကစွမ်းအင်ဆိုင်ရာ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားရန် အသင့်ရှိကြောင်းကြေညာထားပါတယ်။
■ ဆွေးနွေးပွဲများဖြစ်လာစေရန် ဖိအားပေးတဲ့အနေဖြင့် အမေရိကန် တိုက်ခိုက်မှုများဟာ ယခုသီတင်းပတ်အကုန်မှာပင် စတင်နိုင်ကြောင်း The Wall Street Journal က သတင်းဖော်ပြထားပါတယ်။
■ အီရန်ကို အဆုံးစွန်အခြေအနေအထိ ရောက်ရှိသွားစေရန် အမေရိကန်က ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမယ်လို့ သမ္မတထရမ့်က ပြောကြားခဲ့ပါတယ်။
■ တင်းမာမှု မြင့်တက်လာခြင်းကြောင့် အနောက်အာရှတခွင်ရှိ စွမ်းအင်တည်ငြိမ်မှုကို ထိခိုက်စေနိုင်ကာ ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခ ဖြစ်ပွားလာမှာကို စိုးရိမ်ပူပန်မှုများ ပိုမိုမြင့်မားစေပါတယ်။
Source: WION
#World_Science
Published 01 August 2026
■ အစ္စရေးလ်ဦးဆောင်တဲ့ ကမ္ဘာ့လေ့လာချက်တစ်ခုမှာ ၁၉၇၂ မှ ၂၀၁၉ အတွင်း အမျိုးသားတွေမှာ တက်စတိုစတီရုန်း ကျားဟော်မုန်းပျမ်းမျှပမာဏ ၅၄ ရာခိုင်နှုန်း ကျဆင်းလာကြောင်း တွေ့ရပါတယ်။
■ တစ်နှစ်ကို ၁ ရာခိုင်နှုန်းကျော်နှုန်းဖြင့် ကျဆင်းနေခဲ့ရာ ၂၀၀၀ ခုနှစ်နောက်ပိုင်း သိသိသာသာ ကျဆင်းလာပါတယ်။
■ သုတေသန ပါဝင်စမ်းသပ်ခံသူတွေရဲ့ အသက်အရွယ်တွေကို ထည့်သွင်းစဉ်းစားပြီးနောက် ဟော်မုန်းကျဆင်းမှုက သာမန်အိုမင်းခြင်းဖြစ်စဉ်ထက် များစွာကျော်ပြီး ကျဆင်းနေတာ ဖြစ်ပါတယ်။
■ ဟီဘရူးတက္ကသိုလ်မှ ပရော်ဖက်ဆာ ဟက်ဂိုင်လက်ဗင်ဦးဆောင်တဲ့ သုတေသနက တစ်ကမ္ဘာလုံးမှ သုတ်ပိုးအရေအတွက် ကျဆင်းမှုကို ဦးစားပေး လေ့လာခဲ့တာ ဖြစ်ပါတယ်။
■ ဒီလိုကျဆင်းမှုရဲ့ ၂၅ မှ ၅၀ ရာခိုင်နှုန်းအထိက အဝလွန်ခြင်း၊ ဇီဝဖြစ်စဉ်ရောဂါများ အဖြစ်များခြင်းတို့နဲ့ သက်ဆိုင်နေမယ်လို့ ခန့်မှန်းရပါတယ်။
■ ပလတ်စတစ်များ၊ ပိုးသတ်ဆေးများ၊ အိမ်သုံးပစ္စည်းများထဲမှ ဟော်မုန်းနှောင့်ယှက်စေတဲ့ ဓာတုပစ္စည်းတွေက ဟော်မုန်းကျန်းမာရေးအပေါ် များစွာသက်ရောက်စေပါတယ်။
■ အာဟာရဓာတ် ချို့တဲ့ခြင်း၊ အထိုင်များတဲ့ အလေ့အထများ၊ နာတာရှည်ဖိစီးမှု၊ အိပ်ချိန်မလုံလောက်ခြင်း စတဲ့အချက်တွေကလည်း တစ်ကမ္ဘာလုံးမှာ အမျိုးသားကျန်းမာရေး ပြဿနာတွေကို ပိုမိုဆိုးရွားလာစေပါတယ်။
Source: The Jerusalem Post
#World_Health
Published 01 August 2026
■ Behavioral Sciences ဂျာနယ်ရဲ့ လေ့လာဆန်းစစ်ချက်တစ်ခုအရ ခေတ်သစ်လူနေမှုဘဝဟာ ဦးနှောက်ကို ဝန်ပိစေတယ်လို့ ဖော်ပြထားပါတယ်။
■ သုတေသီတွေက ဒီလိုစိတ်ပိုင်းဆိုင်ရာ ဝန်ပိမှုကို ခေတ်သစ်ပတ်ဝန်းကျင်နဲ့ ဆင့်ကဲဖြစ်စဉ်အရ မဟပ်စပ်တော့မှုကြောင့်လို့ သတ်မှတ်ကြပါတယ်။
■ လူ့ဦးနှောက်ဟာ မူလက သေးငယ်ပြီး ရင်းနှီးကျွမ်းဝင်တဲ့ဒေသအတွင်း အသိုင်းအဝိုင်းတွေမှာပဲ အလုပ်လုပ်ဖို့ ဆန်းသစ်တီထွင် ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။
■ လူမှုကွန်ရက်နဲ့ ၂၄ နာရီပတ်လုံး လွှင့်ထုတ်နေတဲ့ သတင်းတွေက ဦးနှောက်ကို သန်းပေါင်းများစွာရဲ့ ဘဝတွေနဲ့ အခက်အခဲတွေကို မဖြစ်မနေ လိုက်ပါစဉ်းစားစေပါတယ်။
■ သူတစ်ပါးရဲ့ အောင်မြင်မှု ဒါမှမဟုတ် ရုန်းကန်ရမှုတွေကို အမြဲမပြတ် မြင်တွေ့နေရခြင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ပြိုင်ဆိုင်မှု၊ စိတ်ဖိစီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။
■ စစ်ပွဲပဋိပက္ခတွေ ရာသီဥတုပြောင်းလဲမှုတွေ စတဲ့ ကမ္ဘာနဲ့ချီတဲ့ ကပ်ဘေးတွေကို အစဉ်မပြတ် သိရှိနေရခြင်းက စိုးရိမ်ပူပန်မှုကို ဖြစ်လာစေပါတယ်။
■ စိတ်ဖိစီးမှု ခံစားရတာဟာ တစ်ဦးချင်းစီရဲ့ ကျရှုံးမှုကြောင့် မဟုတ်ဘဲ အကန့်အသတ်မရှိတဲ့ ဒေတာစီးကြောင်းတွေကို မခံနိုင်တဲ့ ခန္ဓာဗေဒသဘာဝကြောင့် ဖြစ်ပါတယ်။
Source: VICE
ပင်လယ်ပြင် တော်တော်များများမှာ နှစ်ပတ်ကျော်ကြာ လုပ်ခဲ့တဲ့ ပူးတွဲကင်းလှည့်မှုနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးသွားတဲ့အတွက် တရုတ်-ရုရှား ရေတပ် စစ်သင်္ဘောအုပ်စုဟာ ဗုဒ္ဓဟူးနေ့မှာ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်က စစ်ဆိပ်ကမ်းတစ်ခုကို ဆိုက်ရောက်လာခဲ့ပါတယ်။
#World_News
Published 31 July 2026
#တရုတ် #ရုရှား
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 31 July 2026
■ အီဂျစ်နိုင်ငံ ဒါမီယက်တာဆိပ်ကမ်းမှာ အထိုင်ချထားတဲ့ အမေရိကန်ပိုင် သဘာဝဓာတ်ငွေ့တင် သင်္ဘောဖြစ်တဲ့ Energos Winter ကို ဘယ်အဖွဲ့အစည်းကလဲလို့ မသိရတဲ့ ဒရုန်းတစ်စင်း တိုက်ခိုက်ခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အနီးနားမှ GasLog Salem သင်္ဘောကို ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
■ တိုက်ခိုက်ခံရမှုကြောင့် သေဆုံး/ဒဏ်ရာရသူ မရှိဘဲ ထိန်းချုပ်နိုင်ခဲ့ကြောင်း အီဂျစ်အစိုးရ အတည်ပြုခဲ့ပေမယ့် တိုက်ခိုက်ခံရတဲ့ သင်္ဘောတွေကတော့ အချိန်ယူပြင်ဆင်ရမှာဖြစ်ပြီး သွားလာရေး ခေတ္တရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
■ ဒါမီယက်တာဆိပ်ကမ်းဟာ ဆူးအက်တူးမြောင်း မြောက်ဘက်အဝင်ဝအနီးမှာ တည်ရှိပြီး အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများ ကျယ်ပြန့်လာစဉ် အီဂျစ်ရေကြောင်းဆိုင်ရာ အခြေခံအဆောက်အအုံတစ်ခု တိုက်ရိုက်တိုက်ခိုက်ခံရတဲ့ ပထမဆုံးဖြစ်စဉ် ဖြစ်လာပါတယ်။
■ ဆူးအက်တူးမြောင်းနဲ့ အနီးနားမှ ဆူးမက်ပိုက်လိုင်းတို့ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွင်းရေလက်ကြားများကို ရှောင်ကွင်းပြီး ဆော်ဒီရေနံနဲ့ ကမ္ဘာ့စွမ်းအင်ကုန်စည်များကို သယ်ယူပို့ဆောင်ပေးနေတဲ့ အဓိကလမ်းကြောင်းများ ဖြစ်ပါတယ်။
■ မြေထဲပင်လယ်အတွင်း လုံခြုံရေးခြိမ်းခြောက်မှုများ မြင့်မားလာခြင်းကြောင့် တစ်ရက်ကို ရေနံစည်ပေါင်း ၅ သန်းခန့် တင်ပို့မှုအပေါ် ထိခိုက်လာနိုင်ပြီး စစ်ပွဲဆိုင်ရာ အာမခံကြေးများ မတန်တဆ မြင့်တက်လာနိုင်ကြောင်း စွမ်းအင်သုတေသီတွေ သတိပေးထားပါတယ်။
■ ဒီတိုက်ခိုက်မှုဟာ အမေရိကန်တပ်ဖွဲ့များ၊ အီရန်နဲ့ လက်နက်ကိုင် မဟာမိတ်အဖွဲ့များကြား ဒေသတစ်ခုလုံး အတိုင်းအတာဖြင့် စစ်ရေးအရ အပြန်အလှန်တိုက်ခိုက်နေချိန်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။
■ အီဂျစ်အာဏာပိုင်များက စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းကာ ဒရုန်းစတင်ထွက်ခွာရာနေရာကို စုံစမ်းနေပြီး လုံခြုံရေးတိုးမြှင့်ထားပါတယ်။
Source: Reuters
Page 39 of 1237