#World_Health
Published 06 August 2026
■ တောင်ကိုရီးယားမှာ ဆံပင်ကျွတ်တဲ့ ပြဿနာက ယုံကြည်မှုနဲ့ အခွင့်အလမ်းများ ထိခိုက်စေလောက်တဲ့ စိန်ခေါ်မှုတစ်ခုအဖြစ် မြင့်မားလာပါတယ်။
■ ဆံပင်ကျွတ်ခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ကျယ်ပြန့်လာကာ နိုင်ငံ့သမ္မတ လီဂျယ်မြောင်ပြောလာရတဲ့အထိ နိုင်ငံတော်ဆွေးနွေးပွဲတွေမှာပါ ရောက်ရှိလာပါတယ်။
■ တောင်ကိုရီးယားက ဆံပင်ပြန်လည်သန်စွမ်းစေတဲ့ အဆင့်မြင့်နည်းပညာပိုင်းမှာ ဦးဆောင်သူအဖြစ် နေရာယူထားပါတယ်။
■ သောက်ဆေးတစ်မျိုးတည်းကို မှီခိုတာမဟုတ်ဘဲ ဦးရေပြားပတ်ဝန်းကျင် အခြေအနေကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးခြင်းကို ပိုမိုဦးစားပေးကြပါတယ်။
■ ဦးရေပြားယားယံခြင်းနဲ့ ဘေးထွက်ဆိုးကျိုးများ လျှော့ချခြင်းတို့အတွက် ဆေးခန်းတွေမှာ Minoxidil foam လိုမျိုး ခေတ်မီထုတ်လုပ်ထားတဲ့ ဆေးဝါးများကို အသုံးပြုကြပါတယ်။
■ လူနာတစ်ဦးချင်းစီအလိုက် ချိန်ညှိပြုလုပ်ထားတဲ့ ကုသမှုအစီအစဉ်တွေထဲမှာ ဆေးဘက်ဆိုင်ရာ ကုသမှုနည်းလမ်းပေါင်းစုံကို အလှအပဆိုင်ရာ ထိန်းသိမ်းမှုများနဲ့ ပေါင်းစပ်ပေးထားပါတယ်။
■ ချက်ချင်းလှပသပ်ရပ်လိုတဲ့ လူနာများအတွက် တိကျသေချာတဲ့ ဆံပင်စိုက်ပျိုးခြင်း၊ ခွဲစိတ်မှုနည်းလမ်းများကိုလည်း ရရှိနိုင်ပါတယ်။
■ ဆံပင်များ အပြင်းအထန် မကျွတ်မီ ရှိနှင့်ပြီးသားဆံပင်များကို ထိန်းသိမ်းဖို့အတွက် အစောပိုင်းအဆင့် ပြုစုကုသမှုများကို အဓိကထား လုပ်ဆောင်ကြပါတယ်။
■ ရေရှည်ဆံပင်တည်မြဲရေးနဲ့ ဦးရေပြား ပြန်လည်ကောင်းမွန်ရေးအတွက် ပြည့်စုံတဲ့ ကုသမှုလွန် စောင့်ရှောက်မှုစနစ်များဖြင့် ဆောင်ရွက်ပေးပါတယ်။
Source: New York Post
#World_Health
Published 06 August 2026
■ Novo Nordisk ကုမ္ပဏီက အိန္ဒိယနိုင်ငံမှ ဆီးချိုရောဂါ အမျိုးအစား ၂ ခုစလုံးအတွက် တစ်ပတ်လျှင် တစ်ကြိမ်သာ ထိုးရန်လိုအပ်တဲ့ ကမ္ဘာ့ပထမဆုံး အင်ဆူလင်အခြေပြု Awiqli(Insulin Icodec) ကို စတင်မိတ်ဆက်လိုက်ပါတယ်။
■ တစ်ပတ်ကို တစ်ကြိမ်သာ ထိုးရတဲ့စနစ်ကြောင့် တစ်နှစ်ဆိုရင် ၃၆၅ ကြိမ် ထိုးရမယ့် အကြိမ်အရေအတွက်ကို ၅၂ ကြိမ်အထိ သိသိသာသာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
■ ယူနစ် ၇၀၀ ပါဝင်တဲ့ ဆေးတစ်ဘူးကို ၂,၆၁၁ ရူပီးကျသင့်တာကြောင့် လက်ရှိ နေ့စဉ်ထိုးနေရတဲ့ အင်ဆူလင်အခြေပြုဆေးများထက် တစ်ယူနစ်နှုန်းထားဖြင့်ဆိုရင် ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့် ပိုမိုသက်သာစေပါတယ်။
■ အပ်ပါရှိတဲ့ ဆေးထိုးဘောပင်ဖြင့် ထိုးရတာကြောင့် တစ်ပတ်ကို တစ်ကြိမ်သာ ထိုးရခြင်းက နေ့စဉ် ဆေးထိုးအပ် ကြောက်ရွံ့မှု၊ ကုသမှုစတင်ရန် တွန့်ဆုတ်နေမှုတို့ကို ကျော်လွှားနိုင်ရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။
■ ဆေးဝါးစမ်းသပ်မှုများအရ တစ်နေ့တစ်ကြိမ်ထိုးရတဲ့ အင်ဆူလင်ဂလာဂျင်နဲ့ နှိုင်းယှဉ်ပါက HbA1c ကို ပိုမိုလျှော့ချပေးနိုင်ပြီး သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်တဲ့ကြာချိန်ကို ပိုမိုကောင်းမွန်စေပါတယ်။
■ Novo Nordisk က Awiqli ကို အိန္ဒိယတဝန်း ပိုမိုကျယ်ပြန့်စွာ ဖြန့်ဖြူးနိုင်ရန် Abbott ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။
■ လူကြီးများအတွက် ဒီဆေးကို အသုံးပြုရန် ခွင့်ပြုထားပြီး ကလေးများနဲ့ ဆယ်ကျော်သက်များအတွက် အသုံးပြုနိုင်ဖို့ကတော့ ဆက်လက်လုပ်ဆောင်နေတဲ့ ဆေးဝါးစမ်းသပ်မှု အချက်အလက်များအပေါ် မူတည်ကာ တိုးချဲ့သွားမှာ ဖြစ်ပါတယ်။
Source: India Today
လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆိုမှုများကြောင့် အီရန်မှာဆေးဝါးပြတ်လပ်မှု ဆိုးရွားနေပြီး သွေးမတိတ်ရောဂါ ဝေဒနာရှင်များဟာ အသက်ကယ်ဆေး မရရှိဘဲဖြစ်နေကြပါတယ်။
#World_Crisis
Published 05 August 2026
#အီရန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 05 August 2026
■ အမေရိကန်တပ်ဟာ အီရန်နဲ့ ငါးလကြာ စစ်ပွဲအတွင်း ယင်းတို့ရဲ့ တာဝေးပစ် တိကျမှုမြင့်မားတဲ့ ဒုံးကျည်များ (ATACMS နဲ့ PrSM) အားလုံးနီးပါးကို အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။
■ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ဒေသတွင်းရှိ စတော့ပမာဏများ ကုန်သလောက် နီးပါး အသုံးပြုခဲ့ရသဖြင့် ကမ္ဘာတစ်ဝန်းရှိ အမေရိကန် အရန်လက်နက် သိုလှောင်ရုံများမှ ပစ္စည်းများကို ပြန်လည်ခွဲဝေ ထုတ်ယူခဲ့ရပါတယ်။
■ တိုက်စစ်ဆင်ရေး ခဲယမ်းများအပြင် Patriot ကြားဖြတ်ဒုံးများနဲ့ THAAD စနစ်များ ပါဝင်တဲ့ ခံစစ်လက်နက် လက်ကျန်များမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။
■ လက်နက်လက်ကျန် ကုန်ခမ်းလာခြင်းက ရုရှား၊ တရုတ်ကဲ့သို့ အဓိက ပြိုင်ဘက်များနဲ့ ဖြစ်လာနိုင်တဲ့ ပဋိပက္ခများအတွက် အမေရိကန်ရဲ့ စစ်ရေးအသင့်ဖြစ်မှုကို ခြိမ်းခြောက်နေကြောင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ကျွမ်းကျင်သူများက စိုးရိမ်နေကြပါတယ်။
■ တာဝေးပစ် ဒုံးကျည်များ နည်းပါးသွားခြင်းကြောင့် အတိုင်းအတာကြီးမားတဲ့ စစ်ဆင်ရေးများ ဆက်လက်ဖြစ်ပွားပါက အမေရိကန်အနေဖြင့် အန္တရာယ်ပိုများတဲ့ လေကြောင်းဗုံးကြဲမစ်ရှင်များ ပိုမိုအားကိုးရဖွယ် ရှိပါတယ်။
■ ကာကွယ်ရေး စက်ရုံများက ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်နေပေမယ့် ကုန်ကြမ်းသုံးစွဲထားတဲ့ လက်နက်များကို ချက်ချင်းအစားထိုးရန် ထုတ်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
■ အိမ်ဖြူတော်က လက်နက်လက်ကျန် စိုးရိမ်မှုများကို ပယ်ချခဲ့ပြီး အမေရိကန်မှာ လုံလောက်တဲ့ ခဲယမ်းမီးကျောက်များ ရှိနေသေးကြောင်းနဲ့ ပြည်တွင်း ကာကွယ်ရေး လက်နက်ထုတ်လုပ်မှုမှာ စံချိန်တင် အဆင့်သို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters
#World_Health
Published 05 August 2026
■ ခြေဖနောင့်ကွဲခြင်းက ဇင့်နဲ့ အဆီဓာတ် လိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပြောထားတာ ရှိပါတယ်။
■ ဒါပေမဲ့ ခြေဖနောင့်ကွဲခြင်းက ဇင့်၊ အဆီဓာတ် နည်းပါးခြင်းနဲ့ တိုက်ရိုက် သက်ဆိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား အခိုင်အမာမရှိကြောင်း ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်များ ပြောကြားထားပါတယ်။
■ အာဟာရချို့တဲ့မှု ဆိုးရွားလာတဲ့အခါ ခြေဖနောင့်တဝိုက် အက်ကွဲရုံမက တစ်ကိုယ်လုံးမှာ အခြားသောလက္ခဏာတွေပါ ပေါ်ပေါက်စေပါတယ်။
■ ခြေထောက်ဆိုတာက ခန္ဓာကိုယ်သွေးလည်ပတ်မှုရဲ့ နောက်ဆုံးမှာရှိပြီး အရေပြား တစ်စုံတစ်ရာ ပြောင်းလဲရုံဖြင့်တော့ အာဟာရချို့တဲ့ပြဿနာလို့ မဆိုနိုင်ပါဘူး။
■ ခြေဖနောင့်ကွဲခြင်းကတော့ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ ခြေဗလာဖြင့် လမ်းလျှောက်ခြင်း၊ လေထုစိုထိုင်းဆ နည်းပါးခြင်းစတဲ့ နေ့စဉ်နေထိုင်မှုပုံစံတွေကြောင့်သာ အဖြစ်အများဆုံး ဖြစ်ပါတယ်။
■ ဒါ့အပြင် အရေပြား ရင့်ရော်လာခြင်း၊ နှင်းခူ၊ မှိုရောဂါပိုး ဝင်ရောက်ခြင်း စတဲ့ အခြေအနေတွေကြောင့်လည်း ခြေဖနောင့်ခြောက်သွေ့ကာ ကွဲအက်နိုင်ပါတယ်။
■ ဆီးချိုရောဂါနဲ့ လည်ပင်းကြီး ဟော်မုန်းနည်းပါးတဲ့ရောဂါစတဲ့ ရောဂါအခံများ ရှိပါကလည်း ခြေဖနောင့် အက်ကွဲကြောင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပါတယ်။
■ ဒါကြောင့် ခြေထောက်ရှိ အရေပြား အပြောင်းအလဲများကို ကြည့်ရုံမျှဖြင့် အာဟာရချို့တဲ့မှုကို ရောဂါအမည်တပ်လို့ မရနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူများ အကြံပြုထားပါတယ်။
Source: Indian Express
#World_Science
Published 05 August 2026
■ ဩစတြေးလျ ဆန်းစစ်ချက်ထဲမှာ အမျိုးသမီး ၁၈,၀၀၀ ကျော်ကို လေ့လာခဲ့ရာ ခေတ်သစ် ဖန်ပြွန်သန္ဓေ IVF နည်းပညာဟာ ကိုယ်ဝန်အောင်မြင်မှုနှုန်း မထိခိုက်စေဘဲ အမွှာကိုယ်ဝန်ရရှိနိုင်ခြေ သိသိသာသာ လျှော့ချပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
■ ၉ နှစ်တာ လေ့လာမှုအတွင်း အမျိုးသမီး ၆၈ ရာခိုင်နှုန်းနီးပါးဟာ IVF စက်ဝန်း ၃ ကြိမ်အတွင်း အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့ကြပါတယ်။
■ ကိုယ်ဝန် ၂.၉ ရာခိုင်နှုန်းက နှစ်မွှာ၊ သုံးမွှာပူးများ ဖြစ်ခဲ့ပြီး ယခင် IVF လုပ်ဆောင်နည်းများနဲ့ ယှဉ်ပါက သိသိသာသာ လျော့ကျသွားခြင်း ဖြစ်ပါတယ်။
■ သန္ဓေသားတစ်ခုတည်း ထည့်သွင်းတဲ့နည်းလမ်းကို ကုသမှုများရဲ့ ၉၅ ရာခိုင်နှုန်းအထိ အသုံးပြုခဲ့ပြီး ထိရောက်တဲ့ အောင်မြင်မှုနှုန်းကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
■ Blastocyst culture လိုမျိုး အဆင့်မြင့် နည်းပညာများကြောင့် ဆရာဝန်များဟာ ၅ ရက်မှ ၆ ရက်အထိ ဖွံ့ဖြိုးလာတဲ့ သန္ဓေသားတွေထဲမှ အသန်မာဆုံး သန္ဓေသားတစ်ခုတည်းကို ရွေးချယ်ခဲ့ကြပါတယ်။
■ Vitrification နည်းလမ်းဖြင့် ခေတ်မီအေးခဲသိမ်းဆည်းခြင်းက ကျန်ရှိတဲ့ သန္ဓေသားများကို လုံခြုံစွာ သိမ်းဆည်းပေးထားနိုင်သဖြင့် တစ်ကြိမ်တည်းဖြင့် သန္ဓေသားအများအပြား ထည့်သွင်းရန် မလိုတော့ပါဘူး။
■ ဒီနည်းလမ်းက မိခင်နဲ့ကလေး နှစ်ဦးစလုံးအတွက် ဖြစ်လာနိုင်တဲ့ ကိုယ်ဝန်ဆောင် နောက်ဆက်တွဲပြဿနာများကို သိသိသာသာ လျှော့ချပေးကြောင်း ကျန်းမာရေးကျွမ်းကျင်သူများ ထောက်ပြထားပါတယ်။
Source: Indian Express
တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ ဥရွမ်ချီမြို့မှာ နိုင်ငံတော်အထူးရဲတပ်ဖွဲပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဗုံးရှင်းလင်းရေးစက်ရုပ်ပြိုင်ပွဲကို အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။
#Asia_Technology
Published 04 August 2026
#တရုတ်ရှင်ကျန်း #ဗုံးရှင်းလင်းရေးစက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
Page 37 of 1237