#World_Health
Published 13 August 2026
■ သကြားအစားထိုးပစ္စည်းများ စားသုံးခြင်းက မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်း အမြန်အဆန် ကျဆင်းခြင်းနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း သုတေသနသစ်တစ်ခုအရ သိရပါတယ်။
■ ချိုမြိန်တဲ့အရာများ စားသုံးခြင်းနဲ့ အသိဉာဏ်စွမ်းရည် ကျဆင်းတို့ကြား ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။
■ ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် သကြားအစား ကယ်လိုရီနည်းတဲ့ အချိုဓာတ်အတုတွေကို ရွေးချယ်လာကြပေမယ့် တွေ့ရှိချက်များအရ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ကျန်းမာရေး ဆိုးကျိုးပေးနိုင်တယ်လို့ ဆောင်းပါးရှင် ဒေါက်တာ ကလော်ဒီယာကင်မီဆူမိုတိုက ပြောပါတယ်။
■ သုတေသီများက ကယ်လိုရီအနည်းငယ်သာ ပါဝင်တဲ့ aspartame ၊ saccharin ၊ acesulfame K ၊ erythritol ၊ xylitol နဲ့ tagatose စတဲ့ အချိုဓာတ်ပစ္စည်း ၇ မျိုးကို စစ်ဆေးခဲ့ကြပါတယ်။
■ ဒီလိုအချိုဓာတ်ပစ္စည်းတွေကို ပိုမိုစားသုံးသူတွေဟာ အသိဉာဏ်စွမ်းရည်ကျဆင်းမှုနှုန်း ၆၂ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တာကို တွေ့ရှိခဲ့ရပါတယ်။
■ အချိုဓာတ်ကို အသင့်အတင့် စားသုံးသူတွေဟာ အနည်းဆုံးစားသုံးသူတွေထက် ကျဆင်းမှု ၃၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ခဲ့ပါတယ်။
■ ဆီးချိုရောဂါ ရှိသူရော မရှိသူတွေပါ အသိဉာဏ်စွမ်းရည် ကျဆင်းမှုနဲ့ ဆက်စပ်တာ တွေ့ရှိရပေမယ့် ဆီးချိုရှိသူတွေက သကြားအတုတွေကို ပိုမိုသုံးစွဲနိုင်ခြေ များနေပါတယ်။
■ အချိုဓာတ်ပစ္စည်းတွေကို ကော်ဖီ၊ လက်ဖက်ရည်များ၊ ချက်ပြုတ်စရာများ၊ မုန့်ဖုတ်ခြင်းတို့မှာ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်။
Source: The Hill
#World_Health
Published 13 August 2026
■ နေ့အလင်းရောင် ပိုမိုထိတွေ့ခြင်းဖြင့် ညဘက်ကျရင် စောစောစီးစီး နှစ်ခြိုက်စွာ အိပ်မောကျစေတယ်လို့ သုတေသန တွေ့ရှိထားပါတယ်။
■ လူပေါင်း ၈၉ ဦးကို အလင်းအာရုံခံကိရိယာများနဲ့ အိပ်စက်မှုမှတ်တမ်းများ အသုံးပြုကာ ရက်ပေါင်း ၅၀၀ ကျော်ကြာ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
■ နေ့ဘက်မှာ အလင်းရောင်နဲ့ ပိုမိုထိတွေ့မှုရှိခြင်းက ပါဝင်သူများကို စောစောအိပ်ပျော်စေရန်နဲ့ ညဦးပိုင်း ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်စေရန် ကူညီပေးပါတယ်။
■ သဘာဝအလင်းရောင်က မျက်စိအတွင်း မြင်လွှာဆဲလ်များကို လှုံ့ဆော်ပေးပြီး နေ့ဘက်မှာ နိုးကြားတက်ကြွစေဖို့ ဦးနှောက်ကို အချက်ပြပေးပါတယ်။
■ နံနက်ခင်း အစောပိုင်း နေရောင်ခြည်ဟာ နေ့စဉ်ခန္ဓာကိုယ် ပုံမှန်အိပ်စက်မှုစက်ဝန်း မှန်ကန်စေရန်အတွက် အထူးပင် ထိရောက်မှုရှိပါတယ်။
■ ကျွမ်းကျင်သူများက အိပ်ရာမဝင်မီ နောက်ဆုံး ၂ နာရီအတွင်း အလင်းရောင်တောက်တောက်တွေ မထိတွေ့ဖို့တော့ အကြံပြုထားပါတယ်။
■ အိပ်ရာထချိန် ပုံမှန်အတိုင်း ထိန်းသိမ်းခြင်းဖြင့် အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်းနဲ့ ခန္ဓာကိုယ်ဇီဝစက်ဝန်း ကမောက်ကမဖြစ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။
■ ဒီသုတေသနက အလင်းရောင်နဲ့ အိပ်စက်မှုကြား ဆက်စပ်နေမှုကိုသာ မီးမောင်းထိုးပြနေပြီး အကြောင်းကျိုး တိုက်ရိုက်ဖြစ်တဲ့ပုံတော့ သက်သေမပြနိုင်သေးကြောင်း သုတေသီများ ထောက်ပြထားပါတယ်။
Source: Fox News
တရုတ်ရဲ့ AI စမတ်မျက်မှန်များဟာ ကမ္ဘာ့ဈေးကွက်သို ထိုးဖောက်ဝင်ရောက်လာနေပြီး နည်းပညာ hardware ပိုင်းမှာ တိုးတက်လာတာ မြင်တွေ့နေရပါတယ်။
#Asia_Technology
Published 12 August 2026
#AI
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 12 August 2026
■ အီရန်စစ်ပွဲ အဆုံးသတ်နိုင်ခြေ မရေမရာဖြစ်လာချိန်မှာ အမေရိကန်နဲ့ အီရန်မဟာမိတ် ဟူသီအဖွဲ့တို့ဟာ အင်္ဂါနေ့က သင်္ဘောတွေကို သီးခြားတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ကြပြီး အမေရိကန်အနေဖြင့် ယင်းတို့ရဲ့ လိုအပ်ချက်များကို လက်မခံပါက ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ထားမယ်လို့ အီရန်အစိုးရက ပြောပါတယ်။
■ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ဖ်က ရေလက်ကြားကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီမှု တစ်စုံတစ်ရာရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
■ စေ့စပ်ညှိနှိုင်းပေးသူ ကာတာနိုင်ငံကလည်း အိုမန်နဲ့ အီရန်တို့ကြား သီးခြားစေ့စပ်ဆွေးနွေးမှုများမှာ အဆင့်မြင့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
■ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဓိကသယ်ယူပို့ဆောင်ရေး ရေလမ်းကြောင်း ပိတ်ဆို့သွားစေခဲ့တဲ့ တင်းမာဆိုင်းငံ့မှုကို ကျော်လွန်ပြီး ယခုကဲ့သို့ အကောင်းမြင် သံတမန်ရေးရာ အချက်ပြမှုများ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပျက်စီးဆုံးရှုံးမှုများအတွက် အီရန်ထံမှ လျော်ကြေးငွေ တောင်းဆိုလိုက်ခြင်း အပါအဝင် ပြင်းထန်တဲ့ ပြောဆိုစိန်ခေါ်မှုတွေက အဟန့်အတား ဖြစ်နေဆဲလို့ ပြောပါတယ်။
■ ရေလက်ကြား ပြန်ဖွင့်ရေးအတွက် အီရန်အဓိကတောင်းဆိုချက်တွေထဲမှာ အမေရိကန်ရဲ့ ရေကြောင်းပိတ်ဆို့မှု ရပ်ဆိုင်းရန်၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန်း၊ လျော်ကြေးငွေ ရရှိရန်တို့ ပါဝင်ပါတယ်။
■ အိုမန်ပင်လယ်ကွေ့နဲ့ ပင်လယ်နီတို့အတွင်း ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်မှုများ အပါအဝင် ဒေသအတွင်း ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှုများမှာ ဆက်လက်ဖြစ်ပေါ်ဆဲ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 12 August 2026
■ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ ထောင်မှ ၁ သောင်းကြား အန်ဒီးစ်ဒေသမှာ ကစီဓာတ်ကြွယ်ဝတဲ့ အာလူးများ စိုက်ပျိုးခဲ့ခြင်းဟာ ဒေသခံလူမျိုးများရဲ့ မျိုးဗီဇဆင့်ကဲဖြစ်စဉ်ကို သိသာထင်ရှားစွာ ပြောင်းလဲစေခဲ့ပါတယ်။
■ ပီရူးနိုင်ငံမှ အန်ဒီးစ်ဒေသခံများဟာ တံတွေးထဲမှာ ပါဝင်တဲ့ အမိုင်လေ့စ်အင်ဇိုင်းမျိုးဗီဇ (AMY1) ပမာဏအရေအတွက် အများဆုံး ပိုင်ဆိုင်ထားသူများ ဖြစ်ကြပါတယ်။
■ AMY1 မျိုးဗီဇအရေအတွက် ပိုမိုပါဝင်ခြင်းက တံတွေးအမိုင်လေ့စ် ထုတ်လုပ်မှု ပိုများစေပြီး ပါးစပ်အတွင်း ရှုပ်ထွေးတဲ့ ကစီဓာတ်များကို ပိုမိုထိရောက်စွာ ဖြိုခွဲပေးနိုင်ပါတယ်။
■ အာလူးက အဓိကစားသောက်ကုန် ဖြစ်လာတာနဲ့အမျှ AMY1 အရေအတွက် ပိုမိုမြင့်မားတဲ့ ရှေးခေတ်အန်ဒီးစ်ဒေသခံများဟာ မျိုးဆက်တစ်ခုစီမှာ အသက်ရှင်သန်နိုင်မှုနဲ့ မျိုးပွားနိုင်မှု အားသာချက် ၁.၂၄ ရာခိုင်နှုန်းခန့် ပိုမိုရရှိခဲ့ကြပါတယ်။
■ သဘာဝအလျောက် ရွေးချယ်မှုက မျိုးဗီဇအသစ်များကို ဖန်တီးပေးခြင်းမဟုတ်ဘဲ AMY1 အရေအတွက် မြင့်မားစွာ ပါဝင်ပြီးသား လူတစ်ဦးချင်းစီကို ဦးစားပေးဖြစ်ထွန်းစေခဲ့ပြီး နည်းပါးသူများကိုတော့ အချိန်နဲ့အမျှ လျှော့ချပစ်ခဲ့ပါတယ်။
■ ဒီလိုမျိုး မျိုးဗီဇအပြောင်းအလဲက ဥရောပသားများနဲ့ မထိတွေ့မီ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း အဆင့်မြင့် DNA စစ်ဆေးမှုများဖြင့် အတည်ပြုနိုင်ခဲ့သဖြင့် လူဦးရေအပြောင်းအလဲကြောင့် အလိုအလျောက် ဖြစ်ပေါ်လာခြင်းမျိုး မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။
■ UCLA နဲ့ ဘက်ဖလိုတက္ကသိုလ်တို့ရဲ့ ပူးပေါင်းလေ့လာချက်အရ လူသားတို့ရဲ့ DNA ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁ သောင်းအတွင်း စိုက်ပျိုးရေးဆိုင်ရာ အစားအသောက်ပုံစံများနဲ့အညီ ပြောင်းလဲလိုက်လျောညီထွေဖြစ်အောင် ဆက်လက်အဆင်ပြေအောင် ပြုပြင်နေကြောင်း ခိုင်မာတဲ့သက်သေအဖြစ် ဖော်ပြနေပါတယ်။
Source: Food & Wine
#World_Health
Published 12 August 2026
■ ကျန်းမာရေး၊ ဆီးချိုတို့နဲ့ ပတ်သက်လာရင် အာလူးထက် အာလူးကြော်တွေက တကယ့်ပြဿနာ ဖြစ်စေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
■ BMJ သုတေသနပြုချက်ထဲမှာ လူပေါင်း ၂၀၅,၀၀၀ ကျော်ကို နှစ် ၄၀ ကြာ လေ့လာခဲ့ရာမှာ အာလူးကြော်စားသုံးခြင်းက ဆီးချိုရောဂါ အမျိုးအစား ၂ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားခြင်းနဲ့ ဆက်စပ်နေကြောင်း တွေ့ရပါတယ်။
■ အာလူးကြော်ကို တစ်ပတ်လျှင် ၃ ကြိမ်စားသုံးခြင်းဟာ ဆီးချိုဖြစ်နိုင်ခြေကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်စေပါတယ်။
■ ပြုတ်ထားတဲ့အာလူး၊ ဖုတ်ထားတဲ့ အာလူး၊ ထောင်းထားတဲ့အာလူးတွေကို ထိုပမာဏအတိုင်း စားသုံးတာကတော့ ဆီးချိုဖြစ်နိုင်ခြေကို သိသိသာသာ တိုးမြင့်စေခြင်း မရှိပါဘူး။
■ ဆီများများဖြင့် ကြော်လှော်ခြင်းဟာ အဆီနဲ့ ကယ်လိုရီပမာဏ မြင့်တက်စေပြီး အာလူးရဲ့ သဘာဝအလျောက် သွေးတွင်းသကြားဓာတ် မြင့်တက်စေမှုနှုန်းအပေါ် သက်ရောက်မှုကို ပိုမိုဆိုးရွားစေပါတယ်။
■ အာလူးနေရာမှာ ဆန်ဖြူအစားထိုး စားသုံးခြင်းကလည်း ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်တက်စေကြောင်း တွေ့ရပါတယ်။
■ အစားအစာ ချက်ပြုတ်ပြင်ဆင်တဲ့ နည်းလမ်းက အရေးအကြီးဆုံးဖြစ်ပြီး ဆီမကြော်ထားတဲ့ အာလူးတွေကို သင့်တော်ရုံ စားသုံးပါက ကျန်းမာရေးနဲ့ ညီညွတ်ဆဲဖြစ်ကြောင်း သုတေသီများ ကောက်ချက်ချထားပါတယ်။
Source: The Jerusalem Post
တရုတ်နိုင်ငံရဲ့ ၂၈ ကြိမ်မြောက် လူသားပုံသဏ္ဍာန်စက်ရုပ်နဲ့ ဉာဏ်ရည်တုပြိုင်ပွဲ နိုင်ငံတော်အဆင့် ဗိုလ်လုပွဲများကို ပေကျင်းမြို၌ကျင်းပခဲ့ပြီး တက္ကသိုလ်ပေါင်း ၁၀၀ ကျော်မှ အသင်း ၂၁၃ သင်းနဲ့ စက်ရုပ် ၃၅၀ ခန့် ပါဝင်ကြပါတယ်။
#World_Technology
#တရုတ်နိုင်ငံ #လူသားပုံသဏ္ဍာန်စက်ရုပ်
Published 11 August 2026
#YMG #Yangon_Times #Yangon_Media_Group
Page 33 of 1237