#World_Health
Published 15 August 2026
■ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့(FDA)က မကောင်းတဲ့ ကိုလက်စထရော(LDL-C) လျှော့ချရန်အတွက် လစ်ဖန်ဒရာသောက်ဆေးပြားကို တစ်နေ့တစ်ကြိမ် သောက်သုံးရန် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
■ ယခင်က ထိုးဆေးများဖြင့်သာ ကုသနိုင်ခဲ့တဲ့ PCSK9 ပရိုတိန်းဓာတ်ကို တားဆီးရန် ထုတ်လုပ်ထားတဲ့ ပထမဆုံးသောက်ဆေး ဖြစ်ပါတယ်။
■ ဒီဆေးက ကိုလက်စထရော မြင့်မားနေသူများနဲ့ မျိုးရိုးလိုက် ကိုလက်စထရော လွန်ကဲတဲ့ရောဂါ(HeFH)ရှိတဲ့ လူကြီးများအတွက် အစားအသောက်နဲ့ လေ့ကျင့်ခန်းတို့အပြင် ပူးတွဲသုံးစွဲရန် ဖြစ်ပါတယ်။
■ PCSK9 ပရိုတိန်းဓာတ်ကို တားဆီးပေးခြင်းဖြင့် အသည်းမှ သွေးအတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောများကို ပိုမိုဖယ်ရှားပေးနိုင်ပါတယ်။
■ စမ်းသပ်ချက်များအရ သွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားသူတွေမှာ LDL-C ကို ပျမ်းမျှ ၅၆ ရာခိုင်နှုန်းနဲ့ မျိုးရိုးလိုက် ကိုလက်စထရော လွန်ကဲသူတွေမှာ ၅၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။
■ စတက်တင်ဆေးများဖြင့်သာ လိုချင်တဲ့ ကိုလက်စထရော အနေအထား မရောက်နိုင်သူများ၊ ထိုးဆေးမလိုချင်သူများအတွက် သောက်ဆေးနည်းလမ်းသစ်တစ်ခု ဖြစ်လာစေပါတယ်။
■ လစ်ဖန်ဒရာဆေးဟာ သာမန်အားဖြင့် ခန္ဓာကိုယ်မှ လက်ခံနိုင်စွမ်းရှိပြီး ဝမ်းလျှောခြင်း၊ ခေါင်းမူးခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေသာ ဖြစ်ကြပါတယ်။
■ ဒီဆေးဟာ နေထိုင်စားသောက်မှုပုံစံတွေ နေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ ဖြည့်စွက်ကုသမှုအဖြစ်သာ အသုံးပြုသင့်တယ်လို့ အလေးပေးပြောထားပါတယ်။
Source: Indian Express
#World_Science
Published 15 August 2026
■ အယ်ဆာဗေးဒိုးနိုင်ငံမှာ ဘီစီ ၈၅၀ ခန့်က လူရုပ်ကြွင်းများကို ဇူလိုင် ၂၁ ရက်နေ့မှာ တူးဖော်တွေ့ရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ပြောပါတယ်။
■ သက်တမ်းနှစ်ပေါင်း ၃ ထောင်နီးပါးရှိပြီလို့ ယူဆရတဲ့ ရုပ်ကြွင်းများကို ဆန်ဆာဗေးဒိုးမြို့ ဆင်ခြေဖုံးဒေသ အန်တီဂိုကော့စ်ကတ်လန်ရှိ မြှုပ်နှံရာနေရာတစ်ခု မီးတောင်ပြာလွှားများအောက်မှာ တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
■ မီးတောင်ပြာလွှာများကြောင့် အရိုးစုနဲ့ ပတ်ဝန်းကျင်ရှိ ရောဂါမကူးစက်နိုင်တဲ့ သဘာဝပစ္စည်းများကို ရာစုနှစ်ပေါင်းများစွာ ကြာရှည်ခံအောင် ထိန်းသိမ်းပေးနိုင်ခဲ့ပါတယ်။
■ လူရုပ်ကြွင်းများနဲ့အတူ ပင်လယ်လိပ်ပုံသဏ္ဍာန်ရှိတဲ့ Usulutan ပုံစံမြေထည်အိုးတစ်လုံးကိုလည်း တွေ့ရှိခဲ့ရပါတယ်။
■ အရိုးစုကို မှောက်လျက်အနေအထား မြှုပ်နှံထားတာကို တွေ့ရှိရသဖြင့် သုတေသီများက ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိပါတယ်။
■ မီးတောင်ပြာလွှာများအောက်မှာ ပျက်စီးခြင်းမရှိဘဲ ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းပီလောပီနံခက်များရဲ့ အစိတ်အပိုင်းများကိုလည်း တွေ့ရှိခဲ့ပါတယ်။
■ သိပ္ပံပညာရှင်များက တိကျတဲ့သက်တမ်း အတည်ပြုနိုင်ရန် ရေဒီယိုကာဗွန်နည်းဖြင့် ရက်စွဲသတ်မှတ်ခြင်း၊ ကျားမလိင်အမျိုးအစား ခွဲခြားသတ်မှတ်နိုင်ရန် DNA စစ်ဆေးခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
■ အဆိုပါနေရာဟာ ဘာသာရေးဆိုင်ရာ ယဇ်ပူဇော်မှု အထောက်အထားများ၊ ဒါမှမဟုတ် မီဆိုအမေရိကရဲ့ ထူးခြားတဲ့ ရှေးဟောင်းဓလေ့ထုံးစံများကို ဖော်ပြနေခြင်းရှိမရှိ သိရှိနိုင်ရန် ကျွမ်းကျင်သူများက Chalchuapa စိုက်ပျိုးရေးနယ်မြေဟောင်းနဲ့ နှိုင်းယှဉ်လေ့လာနေပါတယ်။
Source: WION
ဇူလိုင် ၂၈ ရက်နေ့က ဂျပန်နိုင်ငံ ကူမာမိုတိုမြိုမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၁ အဆင့်ငလျင်ကြောင့် ပြည်တွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းနဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံများ လုပ်ငန်းရပ်ဆိုင်းထားရပါတယ်။
#Asia_Disaster
Published 14 August 2026
#ငလျင် #ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 14 August 2026
■ လေယာဉ်တင်သင်္ဘော USS George Washington ဟာ USS Abraham Lincoln နေရာမှာ အစားထိုးရန်အတွက် အာရှ-ပစိဖိတ်ဒေသမှ အရှေ့အလယ်ပိုင်းသို့ ဦးတည်ထွက်ခွာနေပါတယ်။
■ ဒီလိုပြန်လည်နေရာချထားမှုကြောင့် ပစိဖိတ်ဒေသမှာ ကာလတစ်ခုအထိ အမေရိကန် လေယာဉ်တင်သင်္ဘော အခြေစိုက်မရှိတော့ဘဲ လစ်ဟာသွားမှာ ဖြစ်ပါတယ်။
■ USS Abraham Lincoln ဟာ အီရန်အပေါ် အမေရိကန်စစ်ရေးလှုပ်ရှားမှုများကို ပံ့ပိုးရန် ဇန်နဝါရီလတည်းက အရှေ့အလယ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေခဲ့ခြင်း ဖြစ်ပါတယ်။
■ Lincoln သင်္ဘောဟာ မူလပြန်ရမယ့် မေလထက် အချိန်များစွာ ကျော်လွန်ပြီး ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၄၀ ကျော် ဆက်တိုက်တာဝန်ထမ်းဆောင်ကာ စံချိန်သစ် တင်ခဲ့ပါတယ်။
■ Lincoln သင်္ဘောပေါ်မှာ စိတ်ကျန်းမာရေးထိခိုက်မှုများ၊ ထောက်ပံ့ရေးပစ္စည်း လိုအပ်ချက်များ၊ အစားအစာပြဿနာများ၊ စာပို့စနစ် အဆက်အသွယ် ပြတ်တောက်မှု အပါအဝင် ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။
■ အရှေ့အလယ်ပိုင်း ထောက်ပံ့ရေးစခန်းများဟာ တိုက်ပွဲများကြောင့် ခေါင်းဆောင်ပိုင်းအနေဖြင့် စာပို့စနစ်ထက် အစားအစာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများကို ဦးစားပေးခဲ့ရကြောင်း အမေရိကန်ရေတပ်က ဝန်ခံခဲ့ပါတယ်။
■ ဒီမိုကရက်တစ်အမတ်များက သင်္ဘောပေါ်ရှိ ရေတပ်သားများရဲ့ အခြေအနေနဲ့ ဆက်ဆံခံရမှုများအပေါ် စုံစမ်းစစ်ဆေးရန်၊ လွှတ်တော်မှ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုနေကြပါတယ်။
■ ကာကွယ်ရေးဝန်ကြီး ပီ့ဟက်ဆက်က သင်္ဘောပေါ်မှ အခြေအနေများကို ကာကွယ်ပြောဆိုခဲ့ကာ တာဝန်ထမ်းဆောင်ချိန် ကြာမြင့်ခက်ခဲခဲ့ပေမယ့် ရေတပ်သားများ အပြည့်အဝ အထောက်အပံ့ ရရှိနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။
Source: AP News
#World_Health
Published 14 August 2026
■ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏအများအပြားကို နာရီဝက်ကြာတိုင်း ရှူသွင်းခြင်းဖြင့် အယ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေတဲ့ ပရိုတိန်းများကို ဦးနှောက်အတွင်းမှ ဖယ်ရှားပေးနိုင်ကြောင်း လေ့လာမှုအသေးစားတစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။
■ ဒီဓာတ်ငွေ့နဲ့ ထိတွေ့ခြင်းက ဦးနှောက်ရှိ သွေးကြောများ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ပြောင်းလဲပေးပါတယ်။
■ ထိုကနေ ဦးနှောက်အတွင်း စွန့်ပစ်ပစ္စည်းများ စုပြုံလာခြင်းကို ဖယ်ရှားပေးတဲ့ ဦးနှောက်ရှင်းလင်းရေးစနစ် ပိုမိုမြန်ဆန်အားကောင်းလာစေပါတယ်။
■ စမ်းသပ်ပါဝင်သူများကို သာမန်လေနဲ့ ၅ ရာခိုင်နှုန်း CO2 ပါဝင်တဲ့ ဓာတ်ငွေ့အရောအနှောကို ၃၅ စက္ကန့်စီ တစ်လှည့်စီ ရှူသွင်းခဲ့ကြပါတယ်။
■ ဒါက ဦးနှောက်သွေးကြောများကို ကျယ်လာလိုက် ကျုံ့သွားလိုက် ဖြစ်စေကာ ညှစ်ထုတ်တဲ့လှုပ်ရှားမှု ဖြစ်စေပါတယ်။
■ ဒီလှုပ်ရှားမှုက အိပ်စက်နေတဲ့အချိန်မှာ ဦးနှောက်စွန့်ပစ်ပစ္စည်း ရှင်းလင်းရေးစနစ် လုပ်စေတဲ့ စည်းချက်ကျ လှိုင်းနှေးများကို တုပဖန်တီးပေးပါတယ်။
■ ကုသမှုအပြီး ၁၅ မိနစ်အကြာမှာ Amyloid-beta နဲ့ Tau ပရိုတိန်းပမာဏ ပိုမိုမြင့်မားလာတာကို တွေ့ရှိရပါတယ်။
■ အလားတူ အကျိုးသက်ရောက်မှုများကို ပါကင်ဆန်ရောဂါရှင်များ ပါဝင်တဲ့ လေ့လာဆန်းစစ်ချက်တစ်ခုမှာလည်း အစောပိုင်းက သက်သေပြခဲ့ဖူးကာ ဒီနည်းလမ်းဖြင့် အဆိပ်အတောက်ဖြစ်စေတဲ့ ပရိုတိန်းအမျိုးအစား အများအပြားကို ရှင်းလင်းပေးနိုင်တာ တွေ့ရပါတယ်။
■ ဒါပေမဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ မရှိဘဲနဲ့ CO2 ကို ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ကတော့ အလွန်အန္တရာယ်များကြောင်း သုတေသီတွေ သတိပေးထားပါတယ်။
Source: NewScientist
#World_Health
Published 14 August 2026
■ နှလုံးရောဂါ ဆိုးဆိုးရွားရွား ခံစားရသူတွေဟာ အခြားသော နှလုံးပြဿနာရှိသူတွေထက်စာရင် သွေးထဲမှာ ပလတ်စတစ်အမှုန်ငယ်များ ပိုများနေကြောင်း တွေ့ရှိထားပါတယ်။
■ ဥရောပနှလုံးဂျာနယ်မှာ ဖော်ပြချက်အရ ဆေးလိပ်သောက်သူများနဲ့ လေထုညစ်ညမ်းမှု ထိတွေ့မှုများသူတွေဟာ သွေးထဲမှာ ပလတ်စတစ်အမှုန် ရှိနိုင်ခြေ ပိုများပါတယ်။
■ နှလုံးရောဂါ ပြင်းထန်သူလူနာ ၈၄ ရာခိုင်နှုန်းရဲ့ သွေးအတွင်း ပလတ်စတစ်အမှုန်များ တွေ့ရပြီး နာတာရှည် နှလုံးရောဂါရှိသူ ၄၀ ရာခိုင်နှုန်းနဲ့ သွေးလွှတ်ကြော ကောင်းမွန်သူတွေမှာ ၃၂ ရာခိုင်နှုန်းသာ တွေ့ရပါတယ်။
■ ပလတ်စတစ်ပုလင်းများနဲ့ အစားအသောက် ထုပ်ပိုးရာမှာ အဓိကသုံးတဲ့ ပိုလီအက်သလင်းတို့က အတွေ့အများဆုံး ပလတ်စတစ်တွေ ဖြစ်ပါတယ်။
■ ဆေးလိပ်သောက်သူတွေရဲ့ သွေးကြောအတွင်း မိုက်ခရိုပလတ်စတစ် ပါဝင်နိုင်ခြေက ၆ ဆပိုများနေပါတယ်။
■ လေထုညစ်ညမ်းမှုနှုန်း PM2.5 နဲ့ ပိုမိုထိတွေ့ရခြင်းကလည်း သွေးအတွင်း ပလတ်စတစ်အမှုန် ပါဝင်မှုနှုန်း မြင့်မားခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
■ ဆေးလိပ်လည်းသောက် လေထုညစ်ညမ်းမှု မြင့်မားတဲ့ ဒေသမှာလည်း နေထိုင်တဲ့ ပါဝင်စမ်းသပ်သူတိုင်းဟာ သွေးအတွင်း ပလတ်စတစ်အမှုန်များ တွေ့ရှိရပါတယ်။
■ ဒီလေ့လာမှုက တိုက်ရိုက်ဖြစ်ပွားစေတဲ့ အကြောင်းအရင်းဆိုတာထက် ဆက်စပ်မှုကိုသာ ဖော်ပြခြင်းဖြစ်ပေမယ့် နှလုံးနဲ့ သွေးကြောကျန်းမာရေး ကာကွယ်ရန် ဆေးလိပ်သောက်ခြင်းနဲ့ လေထုညစ်ညမ်းမှု ထိတွေ့ခြင်းတို့ကို လျှော့ချရန် သုတေသီများ အကြံပြုထားပါတယ်။
Source: India Today
#World_Health
Published 13 August 2026
■ သကြားအစားထိုးပစ္စည်းများ စားသုံးခြင်းက မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်း အမြန်အဆန် ကျဆင်းခြင်းနဲ့ ဆက်စပ်မှုရှိနိုင်ကြောင်း သုတေသနသစ်တစ်ခုအရ သိရပါတယ်။
■ ချိုမြိန်တဲ့အရာများ စားသုံးခြင်းနဲ့ အသိဉာဏ်စွမ်းရည် ကျဆင်းတို့ကြား ဆက်စပ်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။
■ ကျန်းမာရေးနဲ့ ပိုညီညွတ်အောင် သကြားအစား ကယ်လိုရီနည်းတဲ့ အချိုဓာတ်အတုတွေကို ရွေးချယ်လာကြပေမယ့် တွေ့ရှိချက်များအရ အချိန်ကြာလာတာနဲ့အမျှ ဦးနှောက်ကျန်းမာရေး ဆိုးကျိုးပေးနိုင်တယ်လို့ ဆောင်းပါးရှင် ဒေါက်တာ ကလော်ဒီယာကင်မီဆူမိုတိုက ပြောပါတယ်။
■ သုတေသီများက ကယ်လိုရီအနည်းငယ်သာ ပါဝင်တဲ့ aspartame ၊ saccharin ၊ acesulfame K ၊ erythritol ၊ xylitol နဲ့ tagatose စတဲ့ အချိုဓာတ်ပစ္စည်း ၇ မျိုးကို စစ်ဆေးခဲ့ကြပါတယ်။
■ ဒီလိုအချိုဓာတ်ပစ္စည်းတွေကို ပိုမိုစားသုံးသူတွေဟာ အသိဉာဏ်စွမ်းရည်ကျဆင်းမှုနှုန်း ၆၂ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တာကို တွေ့ရှိခဲ့ရပါတယ်။
■ အချိုဓာတ်ကို အသင့်အတင့် စားသုံးသူတွေဟာ အနည်းဆုံးစားသုံးသူတွေထက် ကျဆင်းမှု ၃၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ခဲ့ပါတယ်။
■ ဆီးချိုရောဂါ ရှိသူရော မရှိသူတွေပါ အသိဉာဏ်စွမ်းရည် ကျဆင်းမှုနဲ့ ဆက်စပ်တာ တွေ့ရှိရပေမယ့် ဆီးချိုရှိသူတွေက သကြားအတုတွေကို ပိုမိုသုံးစွဲနိုင်ခြေ များနေပါတယ်။
■ အချိုဓာတ်ပစ္စည်းတွေကို ကော်ဖီ၊ လက်ဖက်ရည်များ၊ ချက်ပြုတ်စရာများ၊ မုန့်ဖုတ်ခြင်းတို့မှာ ထည့်သွင်းအသုံးပြုလေ့ ရှိကြပါတယ်။
Source: The Hill
Page 32 of 1237