#World_Health
Published 24 September 2026
■ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန(USDA)က အစေ့မပါ ဖရဲသီးရဲ့ အခွံအဖြူပိုင်းကို FoodData Central အချက်အလက်ဘေ့စ်အတွင်းသို့ တရားဝင် ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။
■ ဖရဲသီးမြှင့်တင်ရေး ဘုတ်အဖွဲ့မှ ဦးဆောင်ခဲ့တဲ့ အာဟာရဓာတ် ခွဲခြမ်းစိတ်ဖြာမှုအပြီး ယခုလို ထည့်သွင်းခြင်း ဖြစ်ပေါ်လာတာပါ။
■ တရားဝင် အာဟာရဆိုင်ရာ အချက်အလက်များအရ ဖရဲသီးအခွံမှာ အမျှင်ဓာတ်၊ ပိုတက်စီယံ၊ ဗိုက်တာမင်-စီတို့ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
■ ဖရဲသီးအခွံက စားသုံးရန် လုံးဝဘေးကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် လူအများစုက လွှင့်ပစ်ကြပါတယ်။
■ ယခုလေ့လာမှုဟာ ဖရဲသီးအခွံအဖြူပိုင်းကို ထည့်သွင်းစားသုံးခြင်းဖြင့် ဖရဲသီးမှရရှိတဲ့ အာဟာရအကျိုးကျေးဇူးများကို အပြည့်အဝ ဘယ်လိုရရှိနိုင်လဲဆိုတာကို ဖော်ပြနေပါတယ်။
■ ဖရဲသီးအခွံကို ပြန်လည်အသုံးပြုခြင်းကြောင့် မီးဖိုချောင်စွန့်ပစ်ပစ္စည်းများကို လျှော့ချပေးနိုင်တဲ့အပြင် နေ့စဉ်အာဟာရဓာတ် ရရှိမှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
■ ဖရဲသီးအခွံများကို ပုံစံအမျိုးမျိုးဖြင့် ပြင်ဆင်စားသုံးနိုင်ပါတယ်။
■ ဒါက လူအများရဲ့ အယူအဆကို ပြောင်းလဲရန်နဲ့ စားသုံးသူများအနေဖြင့် ဖရဲသီးတစ်လုံးလုံးကို အစားအစာအဖြစ် သတ်မှတ်စားသုံးကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
Source: Fox News