#World_Health
Published 11 August 2026
■ ဂျွန်ဟော့ပ်ကင်းစ်ဆေးရုံမှ သုတေသီများက ကင်ဆာအကျိတ်များ မဖြစ်ပေါ်မီ ပန်ကရိယကင်ဆာ ကြိုတင်ဟန့်တားဖို့ ထုတ်ထားတဲ့ စမ်းသပ်ကာကွယ်ဆေး mKRAS-VAX ကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
■ အဆင်သင့်သုံးနိုင်တဲ့ ပပ်တိုက်ကာကွယ်ဆေးက မကြာခဏတွေ့နေရတဲ့ အသွင်ပြောင်း KRAS ဗီဇ ၆ ခုကို ပစ်မှတ်ထားကာ ကင်ဆာမဖြစ်မီ ဆဲလ်များကို မှတ်မိစေကာ ဖျက်ဆီးပစ်ဖို့အတွက် ခုခံအား တီဆဲလ်များကိုလေ့ကျင့်ပေးပါတယ်။
■ အဆင့် ၁ စမ်းသပ်မှုမှာ မျိုးရိုးလိုက် အန္တရာယ်ရှိသူများ၊ ပန်ကရိယ ပုံမှန်မဟုတ်သူ စေတနာ့ဝန်ထမ်း ၂၀ ဦး ပါဝင်ခဲ့ပြီး ၁၃ ပတ်အတွင်း ကာကွယ်ဆေး ၄ ကြိမ် ထိုးနှံပေးခဲ့ပါတယ်။
■ ဒီထဲက ၉၀ ရာခိုင်နှုန်းက ၂ နှစ်အထိ ကြာရှည်ခံတဲ့ CD4+ နဲ့ CD8+ တီဆဲလ် ခုခံအားတုံ့ပြန်မှုများ ဖြစ်ပေါ်စေပါတယ်။
■ ပျမ်းမျှ ၁၆.၅ လကြာ စောင့်ကြည့်စစ်ဆေးမှုအတွင်း ပါဝင်သူ တစ်ဦးမျှ ပန်ကရိယကင်ဆာနဲ့ ခွဲစိတ်ကုသရန် လိုအပ်တဲ့ အကျိတ်များ ဖြစ်ပေါ်လာခြင်း မရှိပါဘူး။
■ ဓာတ်မှန်စစ်ဆေးမှုများအရ ၂၅ ရာခိုင်နှုန်းမှာ ပန်ကရိယအရည်အိတ်ငယ်များ လုံးဝပျောက်ကင်းသွားပြီး အခြား ၁၅ ရာခိုင်နှုန်းမှာ ပမာဏအနည်းငယ် ကျုံ့ဝင်သက်သာသွားတာကို တွေ့ရပါတယ်။
■ ကာကွယ်ဆေးက တုပ်ကွေးလိုမျိုး ခဏတာ ဘေးထွက်ဆိုးကျိုးအချို့သာရှိပြီး ဘေးကင်းကြောင်း သက်သေပြနိုင်ခဲ့သဖြင့် ကင်ဆာကာကွယ်ရေးအတွက် ပိုမိုကြီးမားတဲ့ စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် ထောက်ခံပေးသလို ဖြစ်ပါတယ်။
Source: Inside Precision Medicine
#World_Health
Published 11 August 2026
■ ညအချိန် ပတ်ဝန်းကျင်အလင်းရောင် ဒါမှမဟုတ် မီးရောင်ဖွင့်ပြီး အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန် တိုးလာစေနိုင်ပါတယ်။
■ ညဘက်အလင်းရောင်ထိတွေ့မှုက ဦးနှောက်ကို နိုးကြားနေစေရန် လှည့်စားပြီး စိတ်ဖိစီးမှုတုံ့ပြန်မှုများကို ဆက်လက်လုပ်ဆောင်နေစေပါတယ်။
■ အိပ်စက်ချိန်မှာ အလင်းရောင်မှိန်မှိန်လေးရှိနေခြင်းကပင် အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို ထိခိုက်စေပြီး ဂလူးကို့စ်ထိန်းညှိမှုကို ပျက်စီးစေပါတယ်။
■ မီးရောင်အတုများဟာ မယ်လာတိုနင် ဟော်မုန်းထုတ်လုပ်မှုကို ဟန့်တားပေးပြီး ညဘက်နှလုံးခုန်နှုန်းကို မြင့်တက်စေပါတယ်။
■ သုတေသနပြုချက်များအရ တီဗီ သို့မဟုတ် မီးဖွင့်ပြီး အိပ်စက်ခြင်းဟာ ကိုယ်အလေးချိန် ၁၁ ပေါင်ထက် ပိုတိုးလာနိုင်ချေကို ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်စေကြောင်း ပြသနေပါတယ်။
■ ညဘက်အလင်းရောင် ရရှိနေခြင်းဟာ ကယ်လိုရီ လောင်ကျွမ်းစေတဲ့ အဆီညိုများရဲ့ လုပ်ဆောင်ချက်ကို ရပ်တန့်စေပြီး အစာခြေစနစ်နဲ့ ဇီဝကမ္မစနစ်ကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
■ ကျွမ်းကျင်သူများက အိပ်စက်ခြင်းမပြုမီ ဖန်သားပြင်များ၊ ပတ်ဝန်းကျင်အလင်းရောင်များနဲ့ လျှပ်စစ်ပစ္စည်းများအားလုံးကို ပိတ်ထားရန် အကြံပြုထားကြပါတယ်။
Source: New York Post
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နောက်ထပ်အတွင်းရေးမှူးချုပ်နေရာအတွက် ကိုယ်စားလှယ်လောင်းများကို အကဲဖြတ်ဖို ပထမဆုံးအကြိမ် တံခါးပိတ်ဆန္ဒမဲပွဲ ကျင်းပခဲ့ပါတယ်။
#World_News
Published 10 August 2026
#ကုလလုံခြုံရေးကောင်စီ #ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
ဘန်ကောက်၊ ဩဂုတ် ၁၀ —
■ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ ဒေသန္တရအစိုးရရုံးတစ်ခု၌ ဩဂုတ် ၁၀ ရက် တနင်္လာနေ့က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆင့်မြင့် ပြည်နယ်အရာရှိတစ်ဦးနှင့် ၎င်း၏ယာဉ်မောင်း ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
■ ပစ်ခတ်မှုကျူးလွန်သည်ဟု သံသယရှိသူ လွှတ်တော်အမတ်ဟောင်းတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
■ ဘန်ကောက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နွန်ထဘူရီပြည်နယ် ရဲတပ်ဖွဲ့မှူး ဗိုလ်ချုပ် ဒက်ဂျာပီ ကောင်ဒီ (Dejrapee Kongdee) က သံသယရှိသူသည် အဆင့်မြင့် ပြည်နယ်အရာရှိနှင့် ၎င်း၏ယာဉ်မောင်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း Reuters သို့ ပြောကြားခဲ့သည်။
■ အဆိုပါပစ်ခတ်မှုသည် နွန်ထဘူရီပြည်နယ်ရှိ ကျောင်းတစ်ကျောင်း၌ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၏ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ရက်အနည်းငယ်အကြာတွင် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။
■ သောကြာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုတွင် ဆယ်ကျော်သက်က ပထမဦးစွာ ၎င်း၏နေအိမ်၌ ပစ်ခတ်ခဲ့ပြီးနောက် Debsirin Nonthaburi ကျောင်းတွင် ဆက်လက်ပစ်ခတ်ခဲ့ရာ သေနတ်သမားအပါအဝင် လူကိုးဦးသေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
■ ယင်းသည် ထိုင်းနိုင်ငံတွင် လေးနှစ်နီးပါးအတွင်း လူသေဆုံးမှုအများဆုံး အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုဖြစ်သည်။
■ ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံတွင် သေနတ်ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်မြင့်တက်လာပြီး ဝန်ကြီးချုပ် အနူတင် ချန်ဝီရာကူလ် က သေနတ်ပိုင်ဆိုင်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းများကိုပိုမိုတင်းကျပ်သွားမည်ဟု ထပ်မံပြောကြားခဲ့သည်။
■ တနင်္လာနေ့တွင် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းများသို့ ပြန်လည်တက်ရောက်ချိန်၌ အချို့ကျောင်းများတွင် သတ္တုရှာဖွေရေးစက်များဖြင့် စစ်ဆေးခြင်းနှင့် လုံခြုံရေးအစီအမံများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။
■ သောကြာနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ကျောင်းနှင့် ဆက်နွှယ်သော ဘန်ကောက်ရှိ Debsirin School တွင်လည်း သတ္တုရှာဖွေရေးစက်များ တပ်ဆင်ပြီး ကျောင်းဝင်ပေါက်လုံခြုံရေးကို တိုးမြှင့်ထားသည်။
■ ကျောင်းအုပ်ကြီး ဝီသန် ပရုမ်စင်တူဆက် (Withan Promsintusak) က မိဘများ စိတ်ချစေရန်နှင့် ကျောင်းသားများ၏ လုံခြုံရေးအတွက် လက်နက်စစ်ဆေးရေးစနစ်ကို ချက်ချင်းစတင်အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
■ “အလုံခြုံဆုံးနေရာဖြစ်သင့်တဲ့ ကျောင်းမှာ ဒီလိုအဖြစ်မျိုး ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး” ဟု ၎င်းက ဆိုသည်။
■ ပစ်ခတ်မှုအပြီးတွင် ထိုင်းပညာရေးဝန်ကြီးဌာနက လာမည့် သုံးလအတွင်း ကျောင်းလုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသစ်များ ရေးဆွဲမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းတွင် စိတ်ကျန်းမာရေး စစ်ဆေးမှုများ၊ အရေးပေါ်တုံ့ပြန်ရေး လေ့ကျင့်မှုများ၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်မှု တားဆီးရေးနှင့် လက်နက်အပါအဝင် တားမြစ်ပစ္စည်းများကို ပိုမိုထိရောက်စွာ ရှာဖွေစစ်ဆေးနိုင်ရေး အစီအမံများ ပါဝင်မည်ဖြစ်သည်။
■ ဝန်ကြီးချုပ် အနူတင်က အများပြည်သူနေရာများတွင် သေနတ်ကိုင်ဆောင်သူများအပေါ် ပိုမိုတင်းကျပ်စွာ အရေးယူရန်လည်း အမိန့်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က စစ်ဆေးရေးဂိတ်များ တည်ထောင်ကာ သေနတ်ပိုင်ဆိုင်ခြင်း၊ ကိုင်ဆောင်ခြင်းနှင့် အသုံးပြုခြင်းတို့ကို ထိန်းချုပ်ရေး အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်သည်။
■ “အထူးသဖြင့် အများပြည်သူနေရာမှာ ဘယ်သူ့မှာမှ သေနတ်ကိုင်ဆောင်ခွင့် မရှိပါဘူး” ဟု အနူတင်က သတင်းထောက်များအား ပြောကြားခဲ့ပြီး မိမိကိုယ်ကိုကာကွယ်ရန် သေနတ်ကိုင်ဆောင်ထားခြင်းဖြစ်သည်ဟူသော အကြောင်းပြချက်ကိုလည်း လက်ခံနိုင်ဖွယ်မရှိကြောင်းဆိုသည်။
■ Small Arms Survey ၏ ၂၀၁၇ ခုနှစ် ခန့်မှန်းချက်အရ ထိုင်းနိုင်ငံရှိ အရပ်သားများလက်ဝယ်တွင် သေနတ် ၁၀.၃ သန်းခန့်ရှိပြီး လူဦးရေ ၁၀၀ လျှင် သေနတ် ၁၅ လက်ခန့်ရှိသည်။ ယင်းသည် အရှေ့တောင်အာရှတွင် အမြင့်ဆုံးနှုန်းဖြစ်သည်။
■ ကျွမ်းကျင်သူများအဆိုအရ ထိုင်းနိုင်ငံ၏ လက်ရှိသေနတ်လိုင်စင်စနစ်တွင် သေနတ်ပိုင်ဆိုင်ခွင့် လျှောက်ထားသူများအတွက် စိတ်ကျန်းမာရေးစစ်ဆေးမှု မပါဝင်သေးဘဲ အသက် ၂၀ နှစ်မှစ၍ သေနတ်ပိုင်ဆိုင်ခွင့်ရှိသည်။
■ ထို့ပြင် လိုင်စင်ရရှိထားသူများကို အချိန်ကာလအလိုက် ပြန်လည်စစ်ဆေးသုံးသပ်ရန်လည်း မလိုအပ်ကြောင်း သိရသည်။
#World_News
Published 10 August 2026
■ အီရန်ဟာ ဟော်မုဇ်ရေလက်ကြားမှတဆင့် သင်္ဘောလမ်းကြောင်းသစ်များ သတ်မှတ်ရန် အိုမန်နိုင်ငံနဲ့ နောက်ဆုံးအဆင့် သဘောတူညီချက်ရရှိရန် နီးကပ်နေပြီလို့ ဆိုပါတယ်။
■ ဒါပေမဲ့ ရေလက်ကြား ပြန်လည်မဖွင့်မီ အမေရိကန်အနေဖြင့် လျော်ကြေးပေးအပ်ရန်၊ စီးပွားရေးပိတ်ဆို့မှုများနဲ့ စစ်ရေးခြိမ်းခြောက်မှုများ ရပ်တန့်ရန် အပါအဝင် အခြားသော အခြေအနေများကို လိုက်လျောဖြည့်ဆည်းပေးရမယ်လို့ ထပ်လောင်းပြောခဲ့ပါတယ်။
■ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရတ်ချီက အမေရိကန်အနေဖြင့် တောင်းဆိုချက်များစွာကို လိုက်လျောခြင်းမရှိသရွေ့ ရေလက်ကြား ဆက်လက်ပိတ်ထားမယ်လို့ ပြောခဲ့ပါတယ်။
■ အီရန်က စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန်၊ စစ်ရေးခြိမ်းခြောက်မှုများ ရပ်တန့်ရန်၊ အမေရိကန်ရေကြောင်းပိတ်ဆို့မှု ဖယ်ရှားပေးရန် တောင်းဆိုနေပါတယ်။
■ အမေရိကန်က ဇွန်လက ရရှိခဲ့တဲ့ ယာယီအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲကာ အမေရိကန်နဲ့ တိုက်ရိုက်ဆွေးနွေးပွဲများ ပြုလုပ်ရန် အီရန်က ငြင်းဆိုထားပါတယ်။
■ ကုန်သွယ်ရေးသင်္ဘောများ ဘေးကင်းစွာ ပြန်လည်သွားလာနိုင်ပါက ရေကြောင်းပိတ်ဆို့မှု ဖယ်ရှားပေးမယ်လို့ အမေရိကန်တာဝန်ရှိသူများ အရိပ်အမြွက်ပြောခဲ့ပြီး သမ္မတထရမ့်ကတော့ အမေရိကန်အနေဖြင့် ဆွေးနွေးမှုအချို့ ပြုလုပ်နေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
■ ဒေသတွင်း တိုက်ခိုက်မှုများ ဆက်လက်ရှိနေပြီး အရေးပါတဲ့ ရေလက်ကြားမှတဆင့် ကမ္ဘာ့စွမ်းအင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အနှောင့်အယှက် ဖြစ်ပေါ်နေတာကြောင့် တင်းမာမှုများ မြင့်မားနေပါတယ်။
Source: Reuters
#World_Health
Published 10 August 2026
■ မျက်နှာအရေပြားနဲ့ ပတ်သက်လာရင် နေကာ၊ ရေဓာတ်၊ စိုစွတ်မှု၊ ခြောက်သွေ့မှု၊ နေရောင်၊ လေအေးစနစ်တို့ကိုသာ ပြောနေကြပေမယ့် အရေးကြီးဆုံးတွေထဲကတစ်ခုက ဗိုက်တာမင်-အီးလည်း ပါဝင်ပါတယ်။
■ ဗိုက်တာမင်-အီးဟာ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အောက်ဆီဂျင်ဓာတ်တိုး ပျက်စီးခြင်းများမှ အရေပြားဆဲလ်အမြှေးပါးများကို ကာကွယ်ပေးတဲ့ အဆီပျော်ဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။
■ နေရောင်ကာခရင်နေရာမှာ အလုံးစုံ အစားထိုးနိုင်တာ မဟုတ်ပေမယ့် ခရမ်းလွန်ရောင်ခြည်နဲ့ လေထုညစ်ညမ်းမှုများကို ခုခံဖို့ အရေပြား သဘာဝကာကွယ်ရေးစနစ်ကို အထောက်အကူ ပြုပါတယ်။
■ သူ့မှာပါဝင်တဲ့ အယ်လ်ဖာ-တိုကိုဖရောလ်က လူကြီးတွေဆိုရင် တစ်နေ့ကို ၁၅ မီလီဂရမ်လိုအပ်ပြီး ဖြည့်စွက်အားဆေးများထက် အစားအစာမှ ရရှိခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။
■ အခွံနွှာပြီးသား နေကြာစေ့၊ ဗာဒံစေ့ ၂၀ ဂရမ်စားသုံးရုံဖြင့် နေ့စဉ်လိုအပ်ချက်ရဲ့ ၃ ပုံ ၁ ပုံလောက် ရရှိနိုင်ပါတယ်။
■ ဗိုက်တာမင်-အီး အကြွယ်ဝဆုံး ရင်းမြစ်က ဂျုံပင်ပေါက်ဆီဖြစ်ပြီး တစ်ဇွန်းကို ၂၀ မီလီဂရမ်ထက်မကပါဝင်ကာ အာဟာရဓာတ်များ မဆုံးရှုံးစေဖို့ အပူမပေးဘဲသုံးဆောင်သင့်ပါတယ်။
■ ဗိုက်တာမင်-အီးဟာ အဆီမှာပျော်ဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီများနဲ့ တွဲဖက်စားသုံးပါက ခန္ဓာကိုယ်ကနေ ပိုမိုထိရောက်စွာစုပ်ယူနိုင်ပါတယ်။
■ ဟင်းနုနွယ်၊ ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်းတို့လို အစိမ်းရောင်ဟင်းရွက်များကို အကျိုးပြုအဆီများ၊ အစေ့အဆန်များနဲ့ တွဲဖက်စားသုံးခြင်းဖြင့် ဗိုက်တာမင်-အီးစုပ်ယူမှု ပိုမိုအားကောင်းစေပါတယ်။
Source: The Jerusalem Post
#World_Health
Published 10 August 2026
■ ယနေ့ခေတ် လူငယ်တွေ ဆေးခန်းလာပြတဲ့အခါ ဦးနှောက်ဝေဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံစိုက်ရခက်ခဲခြင်းတို့ အဖြစ်များလာကြပြီး ဒါဟာ စမတ်ဖုန်း၊ ကွန်ပျူတာဖန်သားပြင်များ အလွန်အကျွံ သုံးစွဲခြင်းကြောင့်ဖြစ်ကြောင်း အာရုံကြောအထူးကုတွေ သတိပေးလာပါတယ်။
■ အက်ပလီကေးရှင်းများ တစ်ခုပြီးတစ်ခု သုံးစွဲခြင်း၊ Notification များ ဝင်လာခြင်းတို့ကြောင့် ဦးနှောက်မှာ အမြဲမပြတ် လှုံ့ဆော်ခံနေရကာ နည်းပညာကြောင့် ပင်ပန်းနွမ်းနယ်မှု ဖြစ်စေပြီး အာရုံစိုက်နိုင်စွမ်းကြာချိန် တိုတောင်းသွားစေပါတယ်။
■ စမတ်ဖုန်းသုံးစွဲခြင်းကနေ ထွက်လာတဲ့ အလင်းပြာက မယ်လတိုနင် ဟော်မုန်းထုတ်လုပ်မှုကို ပိတ်ပင်တာကြောင့် အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်စေပြီး ခေါင်းကိုက်ခြင်း၊ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေပါတယ်။
■ ခေါင်းငုံ့ပြီး ဖုန်းကြည့်တဲ့အချိန် ကြာလာတဲ့အခါ ခန္ဓာကိုယ်အပေါ် လည်ပင်းကြွက်သားနာကျင်မှုဒဏ် ဖြစ်စေကာ ကြွက်သားများ တောင့်တင်းလာပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်း ပိုမိုဆိုးရွားစေပါတယ်။
■ ဆယ်ကျော်သက်များနဲ့ လူငယ်လူရွယ်များဟာ ဦးနှောက်ဖွံ့ဖြိုးဆဲကာလဖြစ်ပြီး လုံလောက်တဲ့ အနားယူမှုနဲ့ လှုံ့ဆော်မှုများ လိုအပ်တာကြောင့် ဒီဆိုးကျိုးတွေ ပိုမိုခံစားရလွယ်ပါတယ်။
■ ဖုန်းကြည့်ခြင်းမှ အနားယူခြင်း၊ ညအိပ်ခါနီး ဖုန်းအသုံးမပြုခြင်း၊ ၂၀-၂၀-၂၀ စည်းမျဉ်း လိုက်နာကျင့်သုံးခြင်း စတဲ့ ပိုမိုကောင်းမွန်တဲ့ အလေ့အထများ လေ့ကျင့်ဖို့အတွက် ဆရာဝန်များ အကြံပြုထားပါတယ်။
■ စမတ်ဖုန်းတွေက သူတို့ဘာသာဆိုရင် အန္တရာယ်မရှိပေမယ့် ရေရှည်ဦးနှောက်ကျန်းမာရေးအတွက် နေ့စဉ် ဖန်သားပြင် ကြည့်ရှုသုံးစွဲတဲ့ အလေ့အထများကို စနစ်တကျ ထိန်းချုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောထားပါတယ်။
Source: India Today
Page 34 of 1237