#World_Health
Published 22 September 2026
■ ကလေးရဲ့ ပထမဆုံးရက် ၁ ထောင်အတွင်း သကြားစားသုံးမှု လျှော့ချပေးခြင်းဖြင့် နောင်ဆယ်စုနှစ်တွေအကြာမှာ ကင်ဆာဖြစ်ပွားနိုင်ခြေ လျှော့ချပေးနိုင်ပြီး ဇီဝဆိုင်ရာ အိုမင်းရင့်ရော်မှုကိုလည်း နှေးစေနိုင်ပါတယ်။
■ ထိုအချိန်ကာလဟာ မိခင်ဝမ်းဗိုက်ထဲ စတင်သန္ဓေတည်ချိန်မှစပြီး အသက် ၂ နှစ်ပြည့်အထိ ဖြစ်ပါတယ်။
■ သုတေသီများဟာ ၁၉၅၁ မှ ၁၉၅၆ အတွင်း မွေးဖွားခဲ့တဲ့ UK Biobank မှ ၆၄,၀၀၀ ကျော်ရဲ့ ကျန်းမာရေးမှတ်တမ်းများကို လေ့လာဆန်းစစ်ခဲ့ကြပါတယ်။
■ ဒီလေ့လာမှုဟာ ၁၉၅၃ စက်တင်ဘာလမှာ ဗြိတိန်ရဲ့ စစ်ပြီးခေတ် သကြားခွဲတမ်းစနစ် ပြီးဆုံးခဲ့တဲ့ဖြစ်စဉ်ကို သဘာဝအလျောက် နှိုင်းယှဉ်ချက်အုပ်စုအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။
■ သကြားခွဲတမ်းစနစ် ပြီးဆုံးပြီးနောက် အခြားအစားအစာများ စားသုံးမှုမှာ အပြောင်းအလဲမရှိဘဲ တစ်နေ့တာ ပျမ်းမျှသကြားစားသုံးမှု နှစ်ဆနီးပါး မြင့်တက်သွားခဲ့ပါတယ်။
■ သကြားခွဲတမ်းရှိစဉ်က သန္ဓေတည်ခဲ့သူများနဲ့ ပြီးဆုံးပြီးနောက်မှ သန္ဓေတည်ခဲ့သူများကို နှစ်ပေါင်း ၅၀ အကြာမှာ ကျန်းမာရေးရလဒ်များ နှိုင်းယှဉ်ကြည့်ရှုခဲ့ကြပါတယ်။
■ ငယ်စဉ်တည်းက သကြားအလွန်အကျွံ စားသုံးမှုကို ထိန်းချုပ်ခြင်းဟာ နောင်အချိန် ရောဂါများဖြစ်ပေါ်စေတဲ့ ခန္ဓာကိုယ်တွင်းပြဿနာများကို လျှော့ချပေးနိုင်ကြောင်း ကျွမ်းကျင်သူများ ထောက်ပြထားပါတယ်။
■ ကင်ဆာရောဂါ အထူးကုဆရာဝန်များက စားသောက်မှုပုံစံကို အလွန်အကဲ ကန့်သတ်ခြင်း၊ ကြိုက်နှစ်သက်တဲ့ အစားအစာများကို လုံးဝမစားဘဲ ရှောင်ကြဉ်ခြင်းထက် မျှတတဲ့ အာဟာရဓာတ် ရရှိရေးကိုသာ အဓိကထား ဆောင်ရွက်သင့်ကြောင်း အကြံပြုထားပါတယ်။
Source: Fox News