#World_Health
Published 01 April 2026
■ သိပ္ပံပညာရှင်တွေက သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်း၊ သားအိမ်ခေါင်းကင်ဆာ၊ ဆီးချို၊ ဗိုက်တာမင်ချို့တဲ့ခြင်းကဲ့သို့ ရောဂါအခြေအနေများ ရှာဖွေတွေ့ရှိဖို့အတွက် ရာသီသွေးအလားအလာကို စူးစမ်းနေကြပါတယ်။
■ သားအိမ်တွင်းဆဲလ်များ နေရာလွဲခြင်းရောဂါက ကမ္ဘာတဝှမ်းက အမျိုးသမီးပေါင်း သန်း ၁၉၀ မှာ ဖြစ်ပေါ်နေပြီး ရောဂါရှာဖွေတွေ့ရှိဖို့ ၅ နှစ်မှ ၁၂ နှစ်အထိ ကြာမြင့်တတ်ကာ ကိုယ်တွင်းအင်္ဂါကြည့်မှန်ပြောင်း အသုံးပြုခြင်းလိုမျိုး ကိုယ်တွင်းခွဲစိတ်နည်းလမ်းတွေ လိုအပ်လေ့ရှိပါတယ်။
■ NextGen Jane လိုမျိုး ကုမ္ပဏီတွေက ရာသီသွေးအသုံးပြုတဲ့ ကိုယ်တွင်းခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတွေ ဖန်တီးနေပြီး ပရိုတိန်း၊ ဟော်မုန်း၊ မျိုးပွားစနစ်မှ ဆဲလ်တွေ ရောစပ်ပါဝင်တာ ဖြစ်ပါတယ်။
■ ရာသီသွေးက သားအိမ်ခေါင်းကျန်းမာရေးအကြောင်း ဘက်ပေါင်းစုံအမြင်တွေ ပေးစွမ်းနိုင်ပြီး သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကြွက်သားများ နံရံသို့ထွက်သည့်ရောဂါ၊ သားအိမ်အတွင်းပိုင်း ပိုးဝင်ခြင်းစတဲ့ ရောဂါအခြေအနေတွေကို ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။
■ ရာသီသွေးထဲက သားအိမ်ခေါင်း သဘာဝဖျက်ဆီးဆဲလ်များ၊ ဖိုင်ဘရိုဘလက်စ်ဆဲလ်တွေလို ဇီဝအမှတ်အသားတွေ ကွဲပြားခြင်းကနေ သားအိမ်ကြွက်သားများ နံရံသို့ထွက်သည့်ရောဂါနဲ့ အခြားရောဂါတွေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
■ ရာသီသွေးဖြင့် ကိုယ်ခံအားရောဂါများ၊ ဆီးချို၊ သိုင်းရွိုက်ပြဿနာများ၊ ပတ်ဝန်းကျင်အဆိပ်အတောက် ထိတွေ့မှုတွေအကြောင်းလည်း သိရှိစေနိုင်မှာ ဖြစ်ပါတယ်။
■ Qvin ရဲ့ FDA အသိအမှတ်ပြု Q-Pad လိုမျိုး ဖန်တီးမှုများဖြင့် သွေးတွင်းသကြားဓာတ်ကို တိုင်းတာနိုင်ပြီး HPV ဖြစ်နိုင်ခြေတွေကို တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။
■ အမျိုးသမီးတွေရဲ့ ကျန်းမာရေးသုတေသနမှာ နှောင့်နှေးမှုတွေ ရှိပေမယ့် ယခုလိုမျိုး ရာသီသွေးအချက်အလက်များဖြင့် စိတ်ဝင်စားမှု မြင့်မားစေမှာ ဖြစ်ပါတယ်။
Source: BBC
ပိုဆောင်မှုလုံခြုံရေးစီမံအုပ်ချုပ်ရေး(TSA) ဝန်ထမ်းများ နည်းပါးနေသဖြင့် လူဝင်မှုနဲ့ အကောက်ခွန်ကြီးကြပ်ရေး (ICE)အေးဂျင့်တွေ ကူညီနေတာကြောင့် ဗာဂျီးနီးယား အာလင်တန်ရှိ ရီဂန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးသည်တွေ ကြာရှည်စောင့်ဆိုင်းနေရပြီး အဆင်မပြေဖြစ်နေပါတယ်။
#World_News
#TSA #ICE
Published 31 March 2026
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 31 March 2026
■ အလွန်အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းမယ့် သင်္ဘောတွေကို ဖြတ်သန်းခကောက်ခံမယ့် အဆိုပြုချက်တစ်ခုကို အီရန်အဓိကပါလီမန်ကော်မရှင်တစ်ခုက အတည်ပြုလိုက်တယ်လို့ ပြည်တွင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
■ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကုန်သွယ်မှု ပြန်လည်အဆင်ပြေစေမယ့် လှုပ်ရှားမှုဖြစ်ပါတယ်။
■ ဒီရေလမ်းကြောင်းအပေါ် အီရန်အချုပ်အခြာအာဏာ သက်ရောက်ပုံကို ဖော်ပြတဲ့အနေနဲ့ ဘဏ္ဍာရေးစီစဉ်မှု မူဘောင်တစ်ခု ဖြစ်တယ်လို့ အရာရှိတွေ ဆိုပါတယ်။
■ ဒီအဆိုပြုချက်က ဘူမိနိုင်ငံရေးတင်းမာမှုကြီးကိုလည်း ဖော်ပြရာ ရောက်နေပါတယ်။
■ ဒီလမ်းကြောင်းကနေ အမေရိကန်နဲ့ အစ္စရေးလ်တို့ ဆက်စပ်နေတဲ့ သင်္ဘောတွေကို ပိတ်ပင်မှာဖြစ်သလို အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်တဲ့ နိုင်ငံတွေကိုလည်း ပစ်မှတ်ထားပါတယ်။
■ ဟော်မုဇ်ရေလက်ကြားဟာဆိုရင် ကမ္ဘာပေါ်မှာ အရေးကြီးတဲ့ စွမ်းအင်ထိန်းချုပ်မှုနေရာဖြစ်ပြီး တစ်ကမ္ဘာလုံးရဲ့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှု ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပါတယ်။
■ ဒါပေမဲ့ ပဋိပက္ခစဖြစ်တည်းက ရေလမ်းကြောင်းသွားလာမှု သိသိသာသာ ကျဆင်းသွားပါတယ်။
■ စစ်ပွဲနဲ့ဆက်စပ်ပြီး လုံခြုံရေးအန္တရာယ်တွေ နှောင့်ယှက်မှုတွေ မြင့်တက်တာကိုလည်း မြင်တွေ့ရပါတယ်။
■ ဒီလိုမျိုး စွမ်းအင်တင်ပို့မှု လျော့နည်းလာတာကြောင့်ပဲ ကမ္ဘာပေါ်က စွမ်းအင်ဈေးကွက် ကမောက်ကမဖြစ်ကုန်ပြီး ဈေးနှုန်းမြင့်တက်လာပါတယ်။
■ ဖြတ်သန်းခကောက်ခံမယ်ဆိုရင်လည်း နိုင်ငံတကာ ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တင်းမာမှုတွေ ရှိနေဦးမှာဖြစ်တယ်လို့ ကျွမ်းကျင်သူများ သတိပေးထားပါတယ်။
Source: WION
#World_Health
Published 31 March 2026
■ ပါးစပ်နဲ့ အူလမ်းကြောင်း ပိုးမွှားစနစ်ထဲက ပိုးမွှားငယ်လေးတွေဟာ မြေပဲဓာတ်မတည့်ခြင်းဖြစ်စေတဲ့ အန္တရာယ်ရှိပရိုတိန်းတွေကို ဖယ်ရှားနိုင်စွမ်းရှိတယ်လို့ တွေ့ရှိထားပါတယ်။
■ Rothia aeria ASV 14171 လို့ခေါ်တဲ့ ဘက်တီးရီးယားဟာ ဓာတ်မတည့်တုံ့ပြန်မှုတွေကို လျှော့ချရာမှာ အထိရောက်ဆုံးဖြစ်နေပါတယ်။
■ မြေပဲမတည့်ခြင်းအခြေအနေက ပြင်းထန်စွာ အသက်ရှူခြင်းလိုမျိုး အန္တရာယ်အပြင် အသက်အန္တရာယ်အထိပါ ခြိမ်းခြောက်နိုင်တယ်လို့ မက်မာစတာတက္ကသိုလ်မှ လီယမ်ရွန်ဒေါက်က ပြောပါတယ်။
■ အနောက်နိုင်ငံတွေမှာဆိုရင် လူဦးရေရဲ့ ၂ ရာခိုင်နှုန်းလောက်က မြေပဲမတည့်ခြင်း ခံစားနေရပါတယ်။
■ မြေပဲမှာပါတဲ့ Ara h 1 နဲ့ 2 တို့က ဓာတ်မတည့်မှု ဖြစ်ပေါ်စေတာဖြစ်ပြီးနောက် ဒီပရိုတိန်းတွေကို ဘယ်ဘက်တီးရီးယားတွေ ချေဖျက်နိုင်မလဲဆိုတာ ဓာတ်ခွဲခန်းကြွက်တွေနဲ့ စမ်းသပ်ခဲ့ကြပါတယ်။
■ ထိုအခါမှာ Staphylococcus ၊ Streptococcus နဲ့ Veillonella အမျိုးအစားဘက်တီးရီးယားတွေဟာ မြေပဲဓာတ်မတည့်ခြင်းပရိုတိန်းတွေကို အထိရောက်ဆုံး ကာကွယ်နိုင်တာ တွေ့ရပါတယ်။
■ ခံတွင်းပိုးမွှားစနစ်ထဲက Rothia က Ara h 1 နဲ့ 2 တို့ကို ထိရောက်စွာ သက်ရောက်နိုင်တာ တွေ့ရပါတယ်။
■ ပါးစပ်နဲ့ အူလမ်းကြောင်းထဲက ပိုးမွှားတွေက အစာခြေရာမှာ အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
■ မြေပဲခံနိုင်ရည် မြင့်မားသူတွေ ဓာတ်မတည့်တာမျိုး ဖြစ်တဲ့သူတွေမှာ Rothia အများအပြားပါဝင်တယ်လို့ လေ့လာချက်တစ်ခုမှာ အတည်ပြုထားပါတယ်။
■ ဒီလေ့လာချက်တွေကနေ မြေပဲဓာတ်မတည့်ခြင်းအတွက် ပရိုဘိုင်အိုတစ်ကုသနည်းများနဲ့ ခံတွင်းရောဂါခုခံအားစနစ် တိုးတက်ခြင်းတို့ အကျိုးရှိလာစေနိုင်ပါတယ်။
Source: Gizmodo.
#World_Health
Published 31 March 2026
■ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများစွာ ရှိပေမယ့် ဒီထက်ပိုပြီး အာဟာရဓာတ်တွေကို အသံတိတ်ပေးစွမ်းနိုင်တဲ့ အစားအစာတွေလည်း ရှိပါတယ်။
■ ထိုစားစရာတွေက သိပ်ပြီးအထင်ကြီး မခံရပေမယ့် တကယ်တမ်းမှာတော့ စားနေကျအရာတွေထက် ပိုပြီး အာဟာရထောက်ပံ့ပေးနိုင်တယ်လို့ အာဟာရပညာရှင် အမ်မာမီအက်ဂါဝယ်က ပြောပါတယ်။
ဒီလိုမျိုး လဲလှယ်စားသုံးသင့်တဲ့ အရာတွေကတော့..
■ (၁) ကယ်စီယံအတွက် နှမ်းစေ့နှင့် နို့
နို့က ကယ်စီယံကြွက်ဝပြီး အရိုးကျန်းမာရေးကို ထောက်ကူပေမယ့် နှမ်းစေ့က ဂရမ်အတူတူချင်း ယှဉ်ကြည့်ရင် ကယ်စီယံပိုပေးနိုင်ပါတယ်။
နို့ ၁၀၀ ဂရမ်မှာ ကယ်စီယံ ၁၁၈ မီလီဂရမ်ခန့် ပါဝင်ပြီး နှမ်းစေ့ထိုပမာဏဆိုရင်တော့ ကယ်စီယံ ၁၂၈၃ မီလီဂရမ်ခန့် ပါဝင်ပါတယ်။
■ (၂) သံဓာတ်အတွက် စမုန်နီစေ့နှင့် ဟင်းနုနွယ်
ဟင်းနုနွယ်က သံဓာတ်ပေးစွမ်းနိုင်တယ်ဆိုတာ သိထားကြပေမယ့် စမုန်နီကလည်း သံဓာတ်များစွာ ပါဝင်ပါတယ်။
ဟင်းနုနွယ် ၁၀၀ ဂရမ်မှာ သံဓာတ် ၂.၇ မီလီဂရမ်ပါဝင်ပြီး ထိုပမာဏအတိုင်း စမုန်နီမှာတော့ သံဓာတ် ၁၇ မီလီဂရမ်တောင် ပါဝင်ပါတယ်။
■ (၃) ဗိုက်တာမင်-စီအတွက် မာလကာသီးနှင့် လိမ္မော်သီး
လိမ္မော်သီးမှာ ကိုယ်ခံအားအတွက် အရေးကြီးတဲ့ ဗိုက်တာမင်-စီ ပါဝင်တာ သိထားကြပေမယ့် မာလကာသီးက အံ့အားသင့်ဖွယ် ဗိုက်တာမင်-စီ ကြွယ်ဝနေပါတယ်။
လိမ္မော်သီး ၁၀၀ ဂရမ်မှာ ဗိုက်တာမင်-စီ ၅၃ မီလီဂရမ် ပါဝင်ကာ ထိုပမာဏအတိုင်း မာလကာသီးမှာတော့ ၂၂၈ မီလီဂရမ် ပါဝင်နေပါတယ်။
■ ဒီဖော်ပြချက်တွေက လုံးဝအစားထိုးဖို့ ရည်ညွှန်းတာမဟုတ်ဘဲ အာဟာရဓာတ်မျှတအောင် ချင့်ချိန်စားသုံးကြဖို့အတွက်သာ ဖြစ်ပါတယ်။
Source: NDTV.
တရုတ်တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်မှာ အာရှဘိုအော်ဖိုရမ်(BFA) နှစ်ပတ်လည်အစည်းအဝေး ပြုလုပ်နေရာ နောက်ဆုံးရ အာရှစီးပွားရေးတိုးတက်မှုလားရာတွေနဲ့ ပတ်သက်တဲ့အဓိကအစီရင်ခံစာကြီးနှစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
#Asia_Event
Published 30 March 2026
#အာရှဘိုအော်ဖိုရမ် #တရုတ်တောင်ပိုင်းဟိုင်နန်ကျွန်းပြည်နယ်
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 30 March 2026
■ ဂျပန်က ပါကင်ဆန်နဲ့ နှလုံးရောဂါတို့အတွက် ထူးခြားတဲ့ ပင်မဆဲလ်ကုသနည်းတွေကို အသိအမှတ် ပြုလိုက်ပါတယ်။
■ ဒီကုသနည်းတွေက လူနာတွေထံ လပိုင်းအတွင်း ရောက်ရှိနိုင်ဖွယ် ရှိပါတယ်။
■ ပါကင်ဆန်ရောဂါ ကုသနည်း Amchepry ကို ထုတ်လုပ်ရောင်းချတဲ့ Sumitomo Pharma ကုမ္ပဏီအတွက်တော့ မီးစိမ်းပြလိုက်တဲ့သဘော ဖြစ်ပါတယ်။
■ ဒါ့အပြင် နှလုံးကြွက်သားလွှာတွေကို ထုတ်လုပ်ကာ သွေးကြောအသစ်တွေ ဖြစ်စေပြီး နှလုံးလုပ်ဆောင်ချက် ပြန်ကောင်းစေတဲ့ ReHeart အတွက်လည်း Cuorips ကုမ္ပဏီကို ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ပါတယ်။
■ ၂၀၁၂ ခုနှစ်က ဂျပန်သိပ္ပံပညာရှင် ရှင်ယာယာမာနာကာ နိုဘယ်ဆုရခဲ့တဲ့ iPS စနစ်က ခန္ဓာကိုယ်ထဲကဆဲလ်တွေ ဖြစ်လာစေနိုင်တဲ့ အလားအလာ ရှိပါတယ်။
■ ဒီကုသနည်းတွေ လူနာအားလုံးဆီ ရောက်နိုင်အောင် အားချင်းဆောင်ရွက်နေကြတယ်လို့ ကျန်းမာရေးဝန်ကြီး ကင်နီချီရိုယူအီနိုက ပြောပါတယ်။
■ လူနာအနည်းစုထံမှ အချက်အလက်တွေပေါ် မူတည်ပြီး ကုသနည်းရဲ့ ဘေးကင်းထိရောက်မှုတွေ တွေ့ရှိပြီးနောက် အသိအမှတ်ပြုပေးလိုက်တာ ဖြစ်ပါတယ်။
■ အသက် ၅၀ မှ ၆၉ နှစ်အတွင်း ပါကင်ဆန်လူနာ ၇ ဦးပါဝင်တဲ့ လေ့လာမှုထဲမှာ ဦးနှောက်နှစ်ဖက်စလုံးထဲသို့ ဆဲလ်ပေါင်း ၅ သန်း သို့မဟုတ် ၁၀ သန်း ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။
■ ဒီနောက် ၂ နှစ်ကြာအောင် စောင့်ကြည့်ခဲ့ရာ ဆိုးကျိုးတွေ မတွေ့ရဘဲ လူနာ ၄ ဦးမှာ တိုးတက်မှုတွေ တွေ့ရပါတယ်။
Source: India Today
Page 35 of 1171