#World_Health
Published10 October 2024
▪️ ကိုယ်ဝန်ဆောင်စဉ် ဆေးခြောက်အသုံးပြုတဲ့ အမျိုးသမီးတွေကနေ မွေးလာတဲ့ ကလေးတွေမှာ မျိုးဗီဇပြောင်းလဲမှုများ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ပထမဆုံးအကြိမ် လေ့လာတွေ့ရှိထားပါတယ်။
▪️ ကိုယ်ဝန်ဆောင်များ ဆေးခြောက်အသုံးပြုခြင်းနဲ့ ကလေးတွေမှာ မျိုးဗီဇပြောင်းလဲမှုတို့ကြား ဆက်စပ်မှုရှိနေတာကို အချိန်ကြာမြင့်စွာ ယူဆခဲ့ကြတာကိုလည်း နယူးဇီလန် ကန်ဘာဘာရီတက္ကသိုလ်မှ ပြုလုပ်တဲ့ လေ့လာချက်က ထောက်ခံနေပါတယ်။
▪️ ကိုယ်ဝန်ဆောင်များ အသုံးပြုတဲ့ ဆေးခြောက်က သန္ဓေသားတွေမှာလည်း ထိတွေ့စေကာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။
▪️ ဒီပတ်သက်မှုက ယခင်ကလည်း တွေ့ရှိဖူးပေမယ့် ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် ဆိုးကျိုးသက်ရောက်စေတာကိုတော့ အထောက်အထား မပြနိုင်ခဲ့ဘူးလို့ ဦးဆောင်သုတေသီ ဒေါက်တာ အေမီအော့စ်ဘွန်းက ဆိုပါတယ်။
▪️ ကိုဗစ်ကပ်ရောဂါနောက်ပိုင်း ကိုယ်ဝန်ဆောင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရန် ဆေးခြောက်များ အသုံးပြုလာကြပါတယ်။
▪️ မွေးကင်းစအရွယ်၊ အသက် ၇ နှစ်၊ ၁၅ - ၁၇ နှစ်၊ ၂၇ နှစ် အသီးသီးရှိကြတဲ့ လူတွေထံမှ အချက်အလက်များ အသုံးပြုရာမှာ မျိုးဗီဇဆိုင်ရာနဲ့ ပတ်သက်ပြီး မော်လီကျူးပြောင်းလဲမှု အများအပြား တွေ့ရှိထားကြောင်း ဒေါက်တာက ပြောပါတယ်။
▪️ နိုင်ငံအများအပြားမှာ ဆေးခြောက်နဲ့ ပတ်သက်ပြီး ထိန်းချုပ်မှုများ လျှော့ချလာတာကြောင့် အမျိုးသမီးများ လွယ်လွယ်ကူကူ အသုံးပြုလာကြတဲ့အပေါ် သတိပေးစရာဖြစ်လာပါတယ်။
▪️ နောက်ထပ် သုတေသနများ ပြုလုပ်သွားရန် မျှော်လင့်ထားပြီး ဆေးခြောက်အသုံးပြုခြင်းရဲ့ အန္တရာယ်တွေကို ကိုယ်ဝန်ဆောင်များထံ သတိပေးသွားဖြစ်ကြောင်း၊ ဒီလိုမှမဟုတ်ရင် ကလေးတွေအတွက် ဘေးအန္တရာယ် ပိုမိုကြီးထွားလာမှာ ဖြစ်ကြောင်း ဒေါက်တာက ပြောသွားပါတယ်။
#Source: WION
#World_Health
Published 10 October 2024
▪️ အစားစားပြီးနောက် အချဉ်တက်၊ ရင်ပူခြင်းမျိုး ခံစားရတာဟာ အစာအိမ်ထဲက အက်ဆစ်များ လျှံတက်လာတာဖြစ်ပြီး နေရထိုင်ရ ခက်ခဲစေပါတယ်။
▪️ လျှံတက်လာတဲ့ အက်ဆစ်တွေက အစာရေမျိုထဲသို့ ပြန်စီးသွားတဲ့အခါ ရင်ပူခြင်း၊ မအီမသာဖြစ်ခြင်းတို့ ခံစားရစေပါတယ်။
▪️ အာဟာရပညာရှင် ပါလက်ခ်နက်ဂ်ပဲလ်က အက်ဆစ်လျှံတက်ရတဲ့ အဓိကအကြောင်းအရင်းတွေကို ဖော်ပြသွားပါတယ်။
▪️ (၁) အစားလွန်ခြင်း - အစာအိမ်က လက်ခံနိုင်တာထက် ပိုစားမိတဲ့အခါ အစာရေမျို အောက်ပိုင်းကြွက်သားကို ဖိအားများစေပြီး အပေါက်ဝ မပိတ်နိုင်ဘဲ လျှံတက်လာနိုင်ပါတယ်။
▪️ (၂) အပူအစပ်စားခြင်း - အစာအိမ်နံရံများကို လှုံ့ဆော်သဖြင့် အက်ဆစ်ထုတ်လုပ်မှု များစေပြီး အစာရေမျိုထဲသို့ အက်ဆစ်လျှံတက်စေပါတယ်။
▪️ (၃) အရက်သောက်သုံးခြင်း - အစာခြေခြင်းကို နှောင့်နှေးစေကာ အစာအိမ်ထဲမှာ အစာပိုကြာရှည်ရှိနေသဖြင့် အက်ဆစ်ပိုမိုထုတ်လုပ်ပါတယ်။
▪️ (၄) ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်း - ကြာရှည်စွာ ရောင်ရမ်းခြင်းဖြင့် အစာအိမ်အက်ဆစ် ပိုမိုထုတ်လုပ်စေကာ နံရံများကို ထိခိုက်စေကာ အက်ဆစ်လျှံတက်နိုင်ပါတယ်။
▪️ (၅) ညနောက်ကျမှစားခြင်း - သဘာဝ အစာခြေဟန်ချက်စနစ်ကို နှောင့်ယှက်စေသဖြင့် အက်ဆစ်ပိုထုတ်လုပ်ပြီး တံတွေးထုတ်လုပ်မှု လျော့နည်းသွားကာ အက်ဆစ်ကို မချေဖျက်နိုင်တော့ပါဘူး။
▪️ (၆) ဖိစီးမှု - ကော်တီဆောလ်လိုမျိုး ဖိစီးမှုဟော်မုန်းများ လှုံ့ဆော်ပေးသဖြင့် အက်ဆစ်ပိုမို ထွက်ရှိစေပြီး အစာချေစနစ်ကို ပျက်စီးစေပါတယ်။
▪️ (၇) စားသောက်ပြီးနောက် လဲလျောင်းခြင်း - ကမ္ဘာမြေဆွဲအားကြောင့် အက်ဆစ်များ အစာရေမျိုထဲသို့ ရောက်လာစေပါတယ်။
#Source: DoctorNDTV
အီရန်ရေနံတွင်းများတိုက်ခိုက်ခံရမည်ကိုစိုးရိမ်လာရသဖြင့် နိုင်ငံတကာရေနံဈေးနှုန်းများသိသိသာသာမြင့်တက်
ပြီးခဲ့တဲ့ ရက်သတ္တပတ်က နိုင်ငံတကာရေနံဈေးနှုန်းများ သိသိသာသာ မြင့်တက်ခဲ့ကာ တစ်နှစ်တာအတွင်း တစ်ပတ်ပြီးတစ်ပတ် စံချိန်တင် ဈေးနှုန်းမြင့်တက်မှု ဖြစ်ခဲ့ပါတယ်။
#World_Science
Published 9 October 2024
#အီရန်ရေနံတွင်း #ဈေးနှုန်းများမြင့်တက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 9 October 2024
၁။ ငမိုးရိပ်ဆည်တွင် ရေပိုမိုသိုလှောင်နိုင်ရန် ရေပိုလွှဲတွင် Shutter များတပ်ဆင်
၂။ ဖီဖာနိုင်ငံတကာခြေစမ်းပွဲအဖြစ်မြန်မာ-သီရိလင်္ကာခြေစမ်းပွဲနှစ်ပွဲ သုဝဏ္ဏကွင်း၌ ကန်မည်
၃။ ကမ္ဘာ့ရွှေဈေးကျ၍ ရည်ညွှန်ဈေးအနည်းငယ်ကျဆင်းသော်လည်း ပြင်ပဈေးတက်
၄။ အီရန်ရေနံတွင်းများတိုက်ခိုက်ခံရမည်ကို စိုးရိမ်လာရသဖြင့် နိုင်ငံတကာရေနံဈေးနှုန်းများ သိသိသာသာမြင့်တက် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 09 October 2024
▪️ မုန်တိုင်းအမျိုးအစား နံပါတ် ၅ အဆင့်ရှိ မီလ်တန်ဟာရီကိန်းမုန်တိုင်းဟာ အင်္ဂါနေ့က ဖလော်ရီဒါမှ ပင်လယ်ကွေ့ကမ်းခြေကို ဦးတည်တိုက်ခတ်သွားသဖြင့် လမ်းခရီးသွားလာမှုများ ပိတ်ဆို့ကုန်ပြီး လောင်စာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။
▪️ တမ်ပါပင်လယ်အော်ဒေသသို့ မဝင်ရောက်ခင် လူ ၁ သန်းကျော်ကို ထွက်ပြေးတိမ်းရှောင်ဖို့ တာဝန်ရှိသူများက အမိန့်ပေးထားပါတယ်။
▪️ ဖလော်ရီဒါမှ လူဦးရေထူထပ်တဲ့ အနောက်ဘက် ကမ်းခြေနေရာဟာ လွန်ခဲ့တဲ့ သီတင်းပတ်တွေတည်းက ဟယ်လင်းဟာရီကိန်းဒဏ်ကို ခံစားနေရဆဲဖြစ်ပါတယ်။
▪️ ယခု မီလ်တန်မုန်တိုင်းဟာ အပြင်းထန်ဆုံး အတ္တလန္တိတ် ဟာရီကိန်းတွေထဲက တစ်ခုဖြစ်လာပြီး ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ဒါမှမဟုတ် ကြာသပတေးနေ့ အစောပိုင်းမှာ မြေပြင်သို့ ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားခဲ့ရာ ကမ်းခြေတလျှောက်ကို ခြိမ်းခြောက်နေပါတယ်။
▪️ တမ်ပါမြို့တော်ဝန် ဂျိန်းကက်စ်တာက ဟယ်လင်းမုန်တိုင်းဟာ အစပျိုးရုံဖြစ်ပြီး ပင်လယ်အော်နေရာတွေကနေ ထွက်ပြေးကြဖို့ သတိပေးထားပါတယ်။
▪️ တမ်ပါမှ ထွက်ပြေးလာသူ မိသားစုတွေဟာ အရေးကြီး စာရွက်စာတမ်း ငွေသားတွေကို ယူဆောင်ပြီး ကျန်တာတွေကို ထားရစ်ကာ ဘေးကင်းရာသို့ ထွက်ပြေးနေကြပါတယ်။
▪️ မီလ်တန်ဟာရီကိန်းဟာ တစ်နာရီကို အမြင့်ဆုံး ၁၆၅ မိုင်နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ကာ Saffir-Simpson တိုင်းတာမှု အဆင့် ၅ ဆင့်မှာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း အမေရိကန် အမျိုးသားဟာရီကိန်းဌာနက ပြောပါတယ်။
▪️ ဒေသစံတော်ချိန် ည ၇ နာရီမှာ မုန်တိုင်းက တမ်ပါအနောက်တောင်ပိုင်း ၄၄၀ မိုင်မှာ ဗဟိုပြုပြီး တစ်နာရီကို ၁၀ မိုင်နှုန်းဖြင့် အရှေ့မြောက်ဘက်သို့ ရွေ့လျားနေခဲ့ပါတယ်။
▪️ မီလ်တန်ရဲ့ လေပြင်းအကျယ်အဝန်းက ဖလော်ရီဒါသို့ ချဉ်းကပ်လာစဉ်မှာ ကျယ်ပြန့်လာမယ်လို့ ခန့်မှန်းရပြီး တရားဝင်ခန့်မှန်းချက်များအရ ဟာရီကိန်းနဲ့ လေပြင်းတိုက်ခတ်မှုဟာ မြေပြင်သို့ ကျရောက်တဲ့အခါ နှစ်ဆလောက် ပိုကြီးမားကျယ်ပြန့်လာမယ်လို့ ဟာရီကိန်းဌာနက ပြောထားပါတယ်။
▪️ အမေရိကန် ပြည်တွင်းအသားတင်ထုတ်ကုန်များရဲ့ ၂.၈ ရာခိုင်နှုန်းလောက်ဟာ မီလ်တန်တိုက်ခတ်မယ့် လမ်းကြောင်းမှာ တိုက်ရိုက်ရှိနေကြောင်း အောက်စ်ဖို့ဒ်စီးပွားရေးမှ ရိုင်ယန်ဆွိက အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။
▪️ လေကြောင်းလိုင်း၊ စွမ်းအင်ကုမ္ပဏီတို့ကတော့ ဖလော်ရီဒါမှာ လုပ်ငန်းများ စတင်ရပ်တန့်နေပြီ ဖြစ်ပါတယ်။
▪️ သမ္မတဂျိုးဘိုင်ဒင်က မုန်တိုင်းအခြေအနေကို ကြီးကြပ်ရန် နိုင်ငံခြားခရီးစဉ်တစ်ခုကို ရွှေ့ဆိုင်းထားပြီး သေရေးရှင်ရေးကိစ္စဖြစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ရန် အမိန့်ပေးခံရသူတွေကို အမြန်ဆုံးချက်ချင်း ထွက်ပြေးဖို့ တိုက်တွန်းထားပါတယ်။
#Source: Reuters
#World_Science
Published 09 October 2024
▪️ 2024 TW2 လို့အမည်ပေးထားတဲ့ ဘတ်စ်ကားတစ်စီးအရွယ် ဂြိုဟ်မွှားတစ်ခုဟာ ကမ္ဘာဂြိုဟ်နဲ့ နီးကပ်တဲ့အနေအထား ရောက်လာမယ်လို့ နာဆာ(NASA)က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
▪️ ၂၁ ပေနီးပါးရှိတဲ့ အာကာသကျောက်တုံးဟာ တစ်နာရီကို ၆၀၉၆၈ ကီလိုမီတာနှုန်း ကြောက်မက်ဖွယ် အရှိန်ဖြင့် ရွေ့လျားနေပါတယ်။
▪️ ထိုဂြိုဟ်မွှားနဲ့ ကမ္ဘာမြေကြား အကွာအဝေးက စိုးရိမ်စရာရှိပေမယ့် ဘေးအန္တရာယ် ဖြစ်စေမှာမဟုတ်ဘူးလို့တော့ နာဆာက ဆိုပါတယ်။
▪️ 2024 TW2 ဟာ ကမ္ဘာမြေနဲ့ ၂၈၈၀၀၀ ကီလိုမီတာ အကွာအဝေးကနေ ဖြတ်သန်းသွားမှာဖြစ်ပြီး ဒါဟာ လနဲ့ ကမ္ဘာမြေကြား ပျမ်းမျှအကွာအဝေးထက် အနည်းငယ်သာ ပိုနည်းပါတယ်။
▪️ ဒီလောက်အထိ နီးကပ်စွာ ဖြတ်သန်းမှာဖြစ်ပေမယ့် ဘေးအန္တရာယ်ဖြစ်နိုင်မယ့် ဂြိုဟ်မွှားအမျိုးအစားထဲ မပါဝင်ပါဘူး။
▪️ အဆိုပါဂြိုဟ်မွှားမျိုးဟာ နာဆာကနေ ပုံမှန်စောင့်ကြည့်နေတဲ့ ကမ္ဘာဂြိုဟ်အနီး အရာဝတ္ထုများ အဖွဲ့ထဲမှာ ပါဝင်ပါတယ်။
▪️ ဂြိုဟ်မွှားရဲ့ အရှိန်နှုန်းနဲ့ အကွာအဝေးနီးစပ်မှုက ထင်ရှားပေမယ့် အရွယ်အစားသေးငယ်တာကြောင့် ကမ္ဘာ့လေထုထဲ ဝင်ရောက်ခဲ့ရင်တောင် ထိခိုက်မှုကြီးကြီးမားမား ဖြစ်နိုင်ခြေ အလွန်နည်းပါးပါတယ်။
▪️ ထိုကဲ့သို့ အရာဝတ္ထုတွေက ကမ္ဘာဂြိုဟ်နား အလွန်နီးနီးကပ်ကပ် မလာတတ်ပေမယ့် အချို့ကတော့ ကြောက်စရာ အရှိန်နှုန်းနဲ့ ရွေ့လျားနေကြတာကြောင့် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
#Source: WION
#World_Health
Published 09 October 2024
▪️ သွားနဲ့ခံတွင်း ကျန်းမာရေးကို ပုံမှန်မထိန်းသိမ်းပါက ကင်ဆာရောဂါ ၂ မျိုးဖြစ်နိုင်ခြေ မြင့်မားစေတယ်လို့ အမေရိကန် သိပ္ပံပညာရှင်များ တွေ့ရှိထားပါတယ်။
▪️ ဒါ့အပြင် ဆီးချိုနဲ့ သွေးဖိအားများခြင်းတို့လည်း ဖြစ်နိုင်ခြေ များစေပါတယ်။
▪️ သွားဖုံးရောဂါဖြစ်စေတဲ့ ပါးစပ်ထဲက ဘက်တီးရီးယားများကြောင့် ဦးခေါင်းနဲ့ လည်ပင်းဆဲလ်ကင်ဆာများ ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။
▪️ ကင်ဆာဖြစ်နိုင်ခြေများ လျှော့ချဖို့အတွက် ခံတွင်းသန့်ရှင်းရေး ပုံမှန်ထိန်းသိမ်းဖို့ အရေးကြီးကြောင်းကို နယူးယော့ခ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ရစ်ချတ်ဟေးယက်စ်က အလေးပေးဖော်ပြသွားပါတယ်။
▪️ အိန္ဒိယဟာ ခံတွင်းကင်ဆာ အဖြစ်အများဆုံး နိုင်ငံဖြစ်နေပြီး ဆေးလိပ်သုံးစွဲခြင်းက ခံတွင်းကင်ဆာ ဖြစ်ပွားခြင်းမှာ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ပတ်သက်နေပါတယ်။
▪️ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ လက္ခဏာများက နေရာနဲ့ ကင်ဆာအဆင့်အပေါ် မူတည်နေပါတယ်။
▪️ အဖြစ်များတဲ့ လက္ခဏာတွေထဲမှာ အဖုအပိမ့်၊ နာကျင်ခြင်း၊ မျိုချရ ခက်ခဲခြင်း၊ အသံပြောင်းလဲခြင်း၊ အဆက်မပြတ် လည်ချောင်းနာခြင်း၊ နာရွက်နာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျခြင်း၊ သွေးထွက်ခြင်း၊ ထုံကျဉ်ခြင်းတို့ ပါဝင်ပါတယ်။
▪️ ဦးခေါင်းနဲ့လည်ပင်း ကင်ဆာတို့ဟာ လက္ခဏာမပေါ်တတ်တာကြောင့် ကင်ဆာနောက်ပိုင်းအဆင့်ရောက်မှ တွေ့ရှိပြီး ကုသရခက်ခဲစေပါတယ်။
▪️ အမေရိကန်မှ လူပေါင်း ၁၆၀၀၀၀ ကျော်ကို စားသောက်နေထိုင်မှုပုံစံများ၊ ခံတွင်းကျန်းမာရေးတို့ကို လေ့လာခဲ့ကြပြီး တံတွေးနမူနာများ ရယူခဲ့ကြပါတယ်။
▪️ ၁၅ နှစ်ကြာ စောင့်ကြည့်ပြီးနောက် ၂၃၆ ဦးဟာ ဦးခေါင်းနဲ့လည်ပင်း ဆဲလ်ကင်ဆာများ ဖြစ်ပွားခဲ့ပြီး သူတို့ရဲ့ ခံတွင်းဒီအင်န်အေကို ကင်ဆာမဖြစ်တဲ့ ၄၅၈ ဦးနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
▪️ ကင်ဆာဖြစ်နိုင်ခြေများစေတဲ့ ဘက်တီးရီးယား ၁၃ မျိုးကို တွေ့ရှိခဲ့ပြီး အချို့တွေဆိုရင် ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ မြင့်မားစေပါတယ်။
▪️ ဒီဘက်တီးရီးယားတွေကို တွေ့ရှိခြင်းက ရောဂါဘယ်လိုဖြစ်ပွားစေသလဲဆိုတာနဲ့ ဘယ်လိုဟန့်တားရမလဲဆိုတာ သိရှိစေနိုင်မယ်လို့ မှတ်ချက်ပြုသွားပါတယ်။
#Source: India Today
Page 31 of 821