#World_Health
Published 26 September 2026

■ သုတေသီတွေက ပြင်းထန်တဲ့ နာတာရှည်နာကျင်မှု အချက်ပြမှုများ စီးဆင်းပုံကို သိရှိရန် တစ်ဦးချင်းစီရဲ့ ဦးနှောက်လှုပ်ရှားမှုကို ပုံဖော်ခဲ့ကြပါတယ်။

■ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ နာကျင်မှုအချက်ပြမှုများကို ဟန့်တားပေးနိုင်တဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ဘရိတ်ယန္တရားတစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။

■ ဒီနည်းလမ်းဟာ DBS လို့ခေါ်တဲ့ ဦးနှောက်အတွင်းပိုင်း လျှပ်စစ်ဓာတ်ပေး စိစစ်ကုသမှုနဲ့ ဆင်တူပြီး ပစ်မှတ်ထား လျှပ်စစ်ဓာတ်ဆွပေးခြင်းကို အသုံးပြုထားပါတယ်။

■ ဦးနှောက်အတွင်း တပ်ဆင်ထားတဲ့ လျှပ်ခေါင်းများဟာ နာကျင်မှုလမ်းကြောင်းကို နှောင့်ယှက်ဖျက်ဆီးရန် တိကျတဲ့ လျှပ်စစ်အချက်ပြမှုများကို ပေးပို့ပါတယ်။

■ မျက်နှာပိုင်းပြင်းထန်စွာ နာတာရှည်နာကျင်နေသူများ ပါဝင်တဲ့ သုတေသနတစ်ခုမှာ ပစ်မှတ်ထား လျှပ်စစ်ဓာတ်ဆွပေးခြင်းက လူနာ ၂ ဦးရဲ့ နာကျင်မှုဝေဒနာများကို သက်သာစေခဲ့ပါတယ်။

■ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ပေါ်တဲ့ ရုတ်တရက်နာကျင်မှုများနဲ့ မတူဘဲ နာတာရှည်နာကျင်မှုဟာ ဦးနှောက်နဲ့ အာရုံကြောမကြီး ကွန်ရက်တွေရဲ့ ရေရှည်ပြောင်းလဲမှုများကြောင့် ဆက်လက်ဖြစ်ပေါ်နေခြင်း ဖြစ်ပါတယ်။

■ နာကျင်မှုဝေဒနာမှာ အာရုံခံစားမှု၊ ဓာတုဗေဒဆိုင်ရာ အချက်ပြမှုများနဲ့ စိတ်ခံစားမှုကွန်ရက်များ ပါဝင်နေတာကြောင့် တိကျစွာ ပစ်မှတ်ထားကုသရန် အလွန်အရေးကြီးပါတယ်။

■ ပညာရှင်တွေက တစ်ဦးချင်းစီအလိုက် ပုံဖော်ဆန်းစစ်တဲ့ နည်းလမ်းဟာ နာတာရှည်နာကျင်မှု ဝေဒနာများကို ကုသရာမှာ နယ်ပယ်သစ်တစ်ခုကို ဖွင့်လှစ်ပေးနိုင်မယ်လို့ ယုံကြည်ကြပါတယ်။

Source: WION