#World_News
Published 20 August 2026
■ အစ္စရေးလ်သူလျှိုအဖွဲ့အစည်း မော့ဆက်ဒ်ရဲ့ အကြီးအကဲဖြစ်သူ ရိုမန်ဂေါ့ဖ်မန်ဟာ ဩဂုတ်လ ၁၄ ရက်နေ့မှာ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး အာဆက်အယ်ရှိုင်ဘာနီနဲ့ ဖုန်းပြောဆိုခဲ့ပါတယ်။
■ ဒီထဲမှာ ဆီးရီးယားအတွင်း တူရကီစစ်ရေးတိုးချဲ့လာမှုနဲ့ လက်နက်ထောက်ပံ့ပေးနေမှုများအပေါ် စိုးရိမ်ပူပန်မှုများနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့ပါတယ်။
■ အဆိုပါ ဖုန်းဆက်သွယ်မှုဟာ အစ္စရေးလ်နဲ့ ဆီးရီးယား အစိုးရသစ်တို့ကြား အဆင့်မြင့်ဆုံး သံတမန်ရေးရာ ဆက်သွယ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။
■ ၄ ရက်အကြာမှာ အစ္စရေးလ်ဟာ အိဒ်လစ်ရှိ ဆီးရီးယားတို့ရဲ့ အဘူအယ်ဒူဟာ စစ်လေတပ်စခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပါတယ်။
■ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူက ဆီးရီးယားအနေဖြင့် တူရကီတပ်ဖွဲ့များကို တပ်စွဲခွင့်ပြုခဲ့ခြင်းကြောင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောပါတယ်။
■ အစ္စရေးလ်အနေဖြင့် မြောက်ဘက်နယ်စပ်တလျှောက် တူရကီစစ်ရေးအခြေချမှုကို လုံးဝလက်ခံမှာမဟုတ်ကြောင်း နေတန်ယာဟူက သတိပေးပါတယ်။
■ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးကတော့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုဟာ တရားမျှတမှုမရှိဘဲ ယင်းတို့ရဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
■ တူရကီက အစ္စရေးလ်ရဲ့ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ဆီးရီးယားအတွင်း တရားမဝင်စစ်ရေးလုပ်ဆောင်မှုများကို တရားနည်းလမ်းကျကြောင်း ပြသဖို့အတွက် ကြိုးပမ်းမှုတစ်ခုမျှသာဖြစ်ကြောင်း တုံ့ပြန်ပြောကြားလိုက်ပါတယ်။
Source: Reuters
#World_Science
Published 20 August 2026
■ အလင်းနှစ် ၄၈ နှစ် အကွာအဝေးရှိ ပြင်ပဂြိုဟ်ဖြစ်တဲ့ LHS 1140b ရဲ့ သက်ရှိနေထိုင်နိုင်တဲ့ဇုံအတွင်းမှာ လေထုကို နက္ခတ္တပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
■ သက်ရှိများနေထိုင်နိုင်တဲ့ဇုံအတွင်း ကျောက်သားဂြိုဟ်တစ်လုံးပေါ်မှာ လေထုရှိကြောင်းကို ဟားဗတ်တက္ကသိုလ်မှ သုတေသနပညာရှင် ကောလင်းချယ်ရူဘင်မ် ဦးဆောင်တဲ့အဖွဲ့က ပထမဆုံးအနေဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
■ ဂြိုဟ်ရဲ့ အထက်လေထုလွှာမှ အာကာသအတွင်းသို့ ဟီလီယံဓာတ်ငွေ့များ အနည်းငယ် စိမ့်ထွက်နေတာကို လေ့လာရာကနေ ဒီတွေ့ရှိချက်ကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
■ ချယ်ရူဘင်မ်က ယင်းတို့ရဲ့ သီအိုရီမော်ဒယ်ကို အသုံးပြုပြီး ဟီလီယံစိမ့်ထွက်မှုကို ကြိုတင်ခန့်မှန်းပြီးနောက် မြေပြင်အခြေပြု အဝေးကြည့်မှန်ပြောင်းဖြင့် လေ့လာကြည့်ရှုကာ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
■ ချီလီနိုင်ငံ လက်စ်ကမ်ပါနက်စ် လေ့လာရေးစခန်းမှ မက်ဂျယ်လန်ကလေး တယ်လီစကုပ်ပေါ်မှာ တပ်ဆင်ထားတဲ့ WINERED Spectrograph ဖြင့် ဖမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
■ LHS 1140b က မိခင်ကြယ်နီငယ်ရှေ့မှ ဖြတ်သန်းသွားတဲ့ ဂြိုဟ်ဖြတ်သန်းမှုဖြစ်စဉ်အတွင်း ဒီတွေ့ရှိချက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။
■ LHS 1140b ဟာ လေထုကို နှစ်ပေါင်း ၃ ဘီလီယံကျော်တိုင်အောင် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း အချက်အလက်များက ညွှန်ပြနေပါတယ်။
■ စိမ့်ထွက်နေတဲ့ လေထုဓာတ်ငွေ့များ အသုံးပြုကာ ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တွေမှာ သက်ရှိများ နေထိုင်နိုင်ခြေရှိမရှိ စူးစမ်းလေ့လာနိုင်ကြောင်း ဒီတွေ့ရှိချက်က အတည်ပြုပေးခဲ့ပါတယ်။
Source: SciTechDaily
#World_Science
Published 20 August 2026
■ အစ္စရေးလ် တဲလ်အဗစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ လူသားများ နားအတွင်းရှိ အကြားအာရုံခံ အမွှေးအမျှင်ဆဲလ်များကို ပြန်လည်မွေးဖွားပေးနိုင်ခြေရှိတဲ့ နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
■ အမွှေးအမျှင်ဆဲလ်များ ပျက်စီးသွားတဲ့အခါ သဘာဝအတိုင်း ပြန်လည်မွေးဖွားခြင်း မရှိတဲ့အတွက် လူသားတွေမှာ အကြားအာရုံဆုံးရှုံးခြင်း မကြာခဏဆိုသလို ဖြစ်တတ်ပါတယ်။
■ အမွှေးအမျှင်ဆဲလ်များအဖြစ် ပြောင်းလဲနိုင်တဲ့ အထောက်အပံ့ ဆဲလ်အမျိုးအစားငယ်(tDCs) အနည်းငယ်ကို ဖော်ထုတ်ခဲ့ကြပါတယ်။
■ Notch အချက်ပြလမ်းကြောင်းကို ပိတ်ပင်တားဆီးလိုက်ခြင်းဖြင့် အဆိုပါ tDCs ဆဲလ်များကို အသံဖမ်းယူပေးနိုင်တဲ့ အမွှေးအမျှင်ဆဲလ်များအဖြစ် ပြောင်းလဲသွားစေရန် လှုံ့ဆော်ပေးပါတယ်။
■ သုတေသီအဖွဲ့ဟာ ဆဲလ်များရဲ့ အချက်အလက် စီးဆင်းမှုကို လေ့လာရန် AI နည်းပညာ အသုံးမပြုဘဲ တိုက်ရိုက် ရိုက်ကူးခြင်းနည်းပညာနဲ့ ဆဲလ်တစ်ခုချင်းစီရဲ့ မျိုးဗီဇဆိုင်ရာ သုတေသနနည်းပညာတို့ကို အသုံးပြုခဲ့ကြပါတယ်။
■ သဘာဝအတိုင်း ကြားနိုင်စွမ်း ပြန်လည်ရရှိမယ့် ကုသမှုများအတွက် အနာဂတ်မှာ နားအတွင်းသို့ တိုက်ရိုက်ထိုးဆေးပေးတဲ့ နည်းလမ်းဖြင့် ဆောင်ရွက်နိုင်ခြေ ရှိပါတယ်။
■ ဒီသုတေသနဟာ အခြေခံအဆင့်မှာသာ ရှိသေးပြီး စည်းမျဉ်းစည်းကမ်းများ၊ နည်းပညာနဲ့ ကုန်ကျစရိတ်ကြီးမားမှု အစရှိတဲ့ အတားအဆီးများနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
■ ဒီတွေ့ရှိချက်များဟာ အကြားအာရုံဆုံးရှုံးမှုကို သက်သာအောင် ကူညီပေးရုံတင်မဟုတ်ဘဲ ပျောက်ကွယ်သွားတဲ့ အကြားအာရုံကို ပြန်လည်ကောင်းမွန်စေတဲ့ ဇီဝဗေဒဆိုင်ရာ ကုသမှုများအတွက် အခြေခံအုတ်မြစ်များ ချမှတ်ပေးလျက်ရှိပါတယ်။
Source: The Jerusalem Post
အီရန်တိုက ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ပြီး အမေရိကန်နဲ့ အစ္စရေးလ်သင်္ဘောများ မဖြတ်သန်းနိုင်အောင်ရည်ရွယ်တဲ့ ကနဦးဥပဒေမူကြမ်းတစ်ခုကို ပြန်လည်သုံးသပ်နေကြောင်း Fars သတင်းဌာနက ဖော်ပြလာပါတယ်။
#World_News
Published 19 August 2026
#အမေရိကန် #အစ္စရေးလ်
#YMG #Yangon_Times #Yangon_Media_Group
၁၉၊ဩဂုတ် ၂၀၂၆ (မော်စကို)
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၁၉ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပလက်ခါနော့ဗ် ရုရှား စီးပွားရေး တက္ကသိုလ်" Plekhanov Russian University of Economics က အပ်နှင်းသည့် ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ကို လက်ခံရယူခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ပလက်ခါနော့ဗ်စီးပွားရေးတက္ကသိုလ်က ယခုကဲ့သို့ ဂုဏ်ထုးဆောင်ပါမောက္ခဘွဲ အပ်နှင်း ခဲ့ခြင်းဖြစ်သည်။
အဆိုပါတက္ကသိုလ်တွင်ကျင်းပသည့် ဘွဲ့အပ်နှင်းသည့်အခမ်အနားတွင် နိုင်ငံတော်သမ္မတသည် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ကို လက်ခံရယူပြီးနောက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ပလက်ခါနော့ဗ် ရုရှားစီးပွားရေးတက္ကသိုလ်သည် ရုရှားအင်ပါယာခေတ် ၁၉၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရုရှားနိုင်ငံ၏ ရှေးအကျဆုံးနှင့် အကြီးဆုံး စီးပွားရေးဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု ဖြစ်ပြီး ရုရှား၏ ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုလည်းဖြစ်ကာ ဩဇာလွှမ်းမိုးမှုရှိသည့် ရုရှား၏ထိပ်တန်း စီမံခန့်ခွဲသူများနှင့် စီးပွားရေးခေါင်းဆောင်များကိုမွေးထုတ်ပေးခဲ့ကြောင်းသိရသည်။
၁၉ ဩဂုတ် ၂၀၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်တို့သည် ၂၀၂၆ခုနှစ်၊ ဩဂုတ် ၁၈ ရက်က မီဒီယာများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံပူးတွဲကြေညာချက်များအပါအဝင် အပြန်အလှန် ပြောကြားခဲ့ကြသည်။ ယင်းတို့အနက် အဓိက အချက်များကို ကောက်နှုတ်၍ ဖော်ပြအပ်ပါ သည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ အဓိကပြောကြားချက်များ
🔳မြန်မာ–ရုရှား ဆက်ဆံရေး သည် ကာလရှည်ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုနှင့် အကျိုးစီးပွား တူညီမှုအပေါ် အခြေခံထားပြီး လက်ရှိတွင် ဆက်လက်တိုးတက်ခိုင်မာနေကြောင်း ပြောကြားသည်။
🔳နှစ်နိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လုံခြုံရေးကောင်စီ၊ ပါလီမန်နှင့် နိုင်ငံရေးပါတီများအကြား ပုံမှန်ဆက်သွယ်ဆွေးနွေးမှုများရှိနေပြီး နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီမံကိန်းများစွာ အကောင်အထည် ဖော်နေကြောင်း ဆိုသည်။
🔳စီးပွားရေးနှင့် စွမ်းအင်ကဏ္ဍကို ပူးပေါင်းဆောင်ရွက်မှု၏ အဓိကနယ်ပယ်အဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ၊ ကျောက်မီးသွေးစီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး တို့ကို ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိကြောင်း ပြောကြားသည်။
🔳ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေး အလားအလာရှိပြီး ပြည်တွင်းအသုံးပြုမှုသာမက အခြားနိုင်ငံများသို့ ပြန်လည်တင်ပို့နိုင်ရေးကိုပါ စဉ်းစားနိုင်ကြောင်း ထည့်သွင်းပြောသည်။
🔳မြန်မာနိုင်ငံတွင်အဏုမြူဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးသည် နှစ်နိုင်ငံအတွက် အရေးကြီး သည့် ပူးပေါင်းစီမံကိန်းတစ်ခုဖြစ်ပြီး ဆက်လက်အကောင်အထည်ဖော်မည်ဟု ဆိုသည်။
🔳စက်မှုနှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် သံမဏိစက်ရုံ၊ မြေဩဇာစက်ရုံ၊ သယ်ယူပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ ရေနက်ဆိပ်ကမ်းစီမံကိန်း တို့တွင် ပူးပေါင်းရန် အလားအလာရှိကြောင်း ပြော ကြားသည်။
🔳Digital Technology၊ Cyber Security နှင့် High-Tech နယ်ပယ်များ တွင် ရုရှားကုမ္ပဏီများ၏ အဆိုပြု အစီအစဉ်များရှိနေပြီး မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဆိုသည်။
🔳အာကာသနည်းပညာကဏ္ဍတွင်လည်း ၂၀၂၅ ခုနှစ်က ချုပ်ဆိုခဲ့သည့် သဘောတူညီချက်အရ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း ပြောကြားသည်။
🔳ပညာရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ကို အရေးကြီးသည့်ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားပြီး ရုရှားတက္ကသိုလ်များတွင် မြန်မာကျောင်းသား ၄၀၀ ခန့် ပညာသင်ကြားနေသလို ယခင်က မြန်မာ ကျောင်းသား ၁၇,၀၀၀ ခန့် သင်ကြားပြီးမြောက်ခဲ့ကြောင်း ဆိုသည်။
🔳ဗီဇာကင်းလွတ်ခွင့်စနစ်ကြောင့် ခရီးသွား၊ လူငယ်၊ သိပ္ပံပညာရှင်နှင့် အားကစားသမားများအကြား အပြန်အလှန်သွားလာမှု တိုးတက်လာနေပြီး ဗလာဒီဗော့စတော့တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ် ရန်လည်း စီစဉ်ထားကြောင်း ပြောကြားသည်။
🔳စစ်ဘက်နည်းပညာနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သည်လည်း ကောင်းမွန်စွာတိုးတက်နေပြီး မြန်မာ့ပင်လယ်ပြင်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်နေကြောင်း၊ ရုရှားရေတပ်သင်္ဘောများ လည်း မြန်မာနိုင်ငံသို့ လာရောက်လျက်ရှိကြောင်း ဆိုသည်။
🔳နိုင်ငံတကာရေးရာများတွင် ရုရှားနှင့် မြန်မာတို့၏ အမြင်များ နီးကပ်ပြီး နိုင်ငံများ၏ ပြည်တွင်းရေးကို ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများအား ကန့်ကွက်သည့် ရပ်တည်ချက်ကို မျှဝေထားကြောင်း ပြောကြား သည်။
🔳ယခုခရီးစဉ်နှင့် သဘောတူညီချက်များသည် ရုရှား–မြန်မာ မိတ်ဖက်ဆက်ဆံရေးနှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြင့်မားစေမည်ဟု မျှော်လင့်ကြောင်း နိဂုံးချုပ်ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ အဓိကပြောကြားချက်များ
🔳ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက် ခြင်းဖြစ်ပြီး မြန်မာ–ရုရှား သံတမန်ဆက်ဆံရေး ၇၈ နှစ်ပြည့် ရှိပြီဖြစ်ကြောင်း ပြောကြားသည်။
🔳ရုရှားနိုင်ငံသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် အစောဆုံး သံတမန်ဆက်ဆံရေး ထူထောင် ခဲ့သည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံသည် မိတ်ဆွေရင်း၊ မိတ်ဆွေစစ်နိုင်ငံများ ဖြစ်ကြောင်း ပြောကြားသည်။
🔳လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာ–ရုရှား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုနီးကပ်လာ ခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား မကြာခဏတွေ့ဆုံဆွေးနွေးမှုက ဆက်ဆံရေးတိုးတက်ရေး အတွက် အဓိကတွန်းအားဖြစ်ကြောင်း ပြောကြားသည်။
🔳ယခုတွေ့ဆုံမှုတွင် ယခင်က ဆွေးနွေးသဘောတူထားသည့် ကိစ္စများနှင့် သဘောတူညီချက်များ၏ အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ပြီး ရရှိထားသည့် တိုးတက်မှုများကို ထိန်းသိမ်းကာ ဆက်လက်တိုးမြှင့်သွားရန် သဘောတူခဲ့ကြောင်း ပြောကြားသည်။
🔳ကာကွယ်ရေး၊ လုံခြုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အာကာသနည်းပညာ၊ ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
🔳မြန်မာနိုင်ငံတွင် လွှတ်တော်များ ပေါ်ပေါက်လာပြီဖြစ်သဖြင့် အစိုးရအချင်းချင်းသာမက လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကိုပါ တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။
🔳နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်အသက် ဝင်ခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှု ပိုမိုတိုးတက်လာနိုင်မည်ဟု ပြောကြားသည်။
🔳ယခုခရီးစဉ်အတွင်း သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၂ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး နောက်ထပ် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ ချုပ်ဆိုနိုင်ရန်လည်း ဆက်လက် ညှိနှိုင်းနေကြောင်း ပြောကြားသည်။
🔳မြန်မာနှင့် ရုရှားတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ရပ်တည် ထောက်ခံပေးကြသည့် နိုင်ငံများဖြစ်ပြီး နောင်တွင်လည်း နိုင်ငံတကာရေးရာများ၌ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း ပြောကြားသည်။
🔳မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိပြီး အနီးအနား၌ ကြီးမား သည့်ဈေးကွက်များရှိသလို သဘာဝသယံဇာတများလည်း ပေါကြွယ်ဝကြောင်း ထောက်ပြသည်။
🔳မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧက ၃၃ သန်းကျော်ရှိခြင်း၊ လုပ်သားအင်အားရရှိနိုင်ခြင်း၊ ရာသီဥတု ကောင်းမွန်ခြင်းနှင့် မိုင် ၁၃၀၀ ကျော်ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းရှိခြင်းတို့သည် ရင်းနှီးမြှုပ်နှံမှု အတွက် အားသာချက်များ ဖြစ်ကြောင်း ပြောကြားသည်။
🔳ယင်းအခြေအနေများကို အခြေခံ၍ ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ခဲ့ကြောင်း ပြောကြားသည်။
🔳ဩဂုတ်လ ၁၉ ရက်တွင် မြန်မာ–ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ် ကျင်းပမည်ဖြစ်ပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံရေးများ ပိုမိုတိုးမြှင့်သွားမည်ဟု ပြောကြားသည်။
🔳အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုမြင့်မားသည့်အဆင့်သို့ ဆက်လက်တိုး
#World_News
Published 19 August 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားခြင်း မရှိသလို လက်ရှိမှာလည်း ဆွေးနွေးနေခြင်း မရှိဘူးလို့ ဩဂုတ် ၁၈ ရက်နေ့မှာ ပြောခဲ့ပါတယ်။
■ ဒီလိုပြောကြားချက်က သံတမန်ကိုယ်စားလှယ် ဂျရက်ကုရှ်နာပြောထားတာတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
■ အမေရိကန်ရေတပ်ရဲ့ ပိတ်ဆို့ထားမှုက တည်မြဲနေဆဲဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားဟာလည်း ပွင့်နေတယ်လို့ ထရမ့်က အခိုင်အမာ ပြောပါတယ်။
■ ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်နယ်မြေသစ်အဖြစ် ပုံဖော်ထားတဲ့ ဓာတ်ပုံတစ်ပုံကို Truth Social မှာ တင်ထားပါတယ်။
■ အီရန်အစိုးရက ထရမ့်ပြောဆိုချက်များကို ငြင်းဆိုခဲ့ပြီး အရေးပါတဲ့ ရေကြောင်းလမ်းဟာ သင်္ဘောသွားလာရေးအတွက် ထိရောက်စွာ ပိတ်ဆို့ထားဆဲဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
■ အီရန်ရဲ့ ထိပ်တန်းဆွေးနွေးရေးမှူး မိုဟာမက်ဘာဂါဂါလီဘက်ဖ်က နားလည်မှုစာချွန်လွှာမှာ ပါဝင်တဲ့ ကတိကဝတ်များကို အမေရိကန်ဘက်က မလိုက်နာမချင်း ရေလက်ကြားကို ဆက်လက်ပိတ်ထားမယ်လို့ ပြောပါတယ်။
■ အီရန်တောင်းဆိုချက်တွေထဲမှာ ဆိပ်ကမ်းများ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းရေး၊ ရေနံဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားရေးနဲ့ ထိန်းချုပ်ခံထားရတဲ့ ပိုင်ဆိုင်မှုများ ပြန်လည်ထုတ်ပေးရေးတို့ ပါဝင်ပါတယ်။
■ သံတမန်ရေးရာ အကျပ်အတည်းနဲ့ ရေနံသင်္ဘောပို့ဆောင်ရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ တစ်ဖန်ပြန်လည်မြင့်တက်လာပါတယ်။
Source: Reuters
Page 29 of 1237