#World_News
Published 24 June 2026
■ မြောက်ကိုရီးယားအနေဖြင့် လာမယ့် ၅ နှစ်အတွင်း မက်ထရစ်တန်ချိန် ၅,၀၀၀ ရှိတဲ့ ချွဲဟျွန်းစစ်ရေယာဉ်ကဲ့သို့ ကြီးမားတဲ့ ဖျက်သင်္ဘောနှစ်စင်းကို နှစ်စဉ် တည်ဆောက်သွားသင့်ကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက အင်္ဂါနေ့ တာဝန်ပေးအပ်ခြင်း အခမ်းအနားမှာ ပြောကြားခဲ့ကြောင်း KCNA က ဖော်ပြထားပါတယ်။
■ ကင်မ်ဂျုံအန်းက ဘက်စုံသုံး ဖျက်သင်္ဘောအသစ်ဖြစ်တဲ့ ချွဲဟျွန်းကို တာဝန်ေနရာချခြင်း ပွဲတက်ရန် မြောက်ကိုရီးယား နမ်ပိုဆိပ်ကမ်းမှာ ပြုလုပ်တဲ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။
■ ဒီဖျက်သင်္ဘောက ပြီးခဲ့တဲ့ ၁၄ လအတွင်း စစ်ဆင်ရေးစမ်းသပ်မှုများကို အောင်မြင်ခဲ့ပါတယ်။
■ မကြာမီ ကန်ကွန်လို့ခေါ်တဲ့ နောက်ထပ် ၅,၀၀၀ တန်ချိန် ဖျက်သင်္ဘောတစ်စင်းကို တန်ချိန် ၁၀,၀၀၀ ရှိတဲ့ မဟာဗျူဟာမြောက် စစ်ရေယာဉ်များနဲ့အတူ တပ်ဖြန့်ရန် စီစဉ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
■ မြောက်ကိုရီးယား စစ်တပ်မှာ ရေတပ်က အားအနည်းဆုံး ဖြစ်ခဲ့ဖူးပေမယ့် အခုအခါ စွမ်းဆောင်ရည်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် ဖြစ်လာတော့မယ်လို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
■ ခေတ်မီရေတပ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခြင်းက အရေးတကြီး လိုအပ်ပြီး မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပြီလို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
■ ရေတပ်အတွက် အရေးအကြီးဆုံး ပြောင်းလဲမှုမှာ အဆင့်အတန်း၊ အခန်းကဏ္ဍနဲ့ စစ်ဆင်ရေးနယ်ပယ် ပြောင်းလဲလာခြင်း ဖြစ်လိမ့်မယ်လို့ ကင်မ်က ပြောဆိုခဲ့ပါတယ်။
Source: Reuters
#World_Science
Published 24 June 2026
■ တေးဂီတတစ်ခုကို တစ်ကြိမ်နားထောင်ပြီးနောက် မိနစ်ပိုင်းအတွင်း စန္ဒရားပေါ်မှာ ကိုယ်တိုင်လေ့ကျင့်ကာ ပြန်လည်တီးခတ်နိုင်တဲ့ စက်ရုပ်လက်တစ်ခုကို အမေရိကန်သုတေသီများ တီထွင်လိုက်ပါတယ်။
■ ဒီစက်ရုပ်လက်ဟာ ဘယ်လိုဂီတသင်္ကေတတွေ၊ ကြိုတင်ထည့်သွင်းထားတဲ့ ဂီတမှတ်စုများအပေါ် မှီခိုခြင်းမရှိဘဲ နှစ်မိနစ်ခန့်သာ ကိုယ်တိုင်လေ့ကျင့်ပြီးနောက် ပြန်လည်တီးခတ်နိုင်တာ ဖြစ်ပါတယ်။
■ ဒီနည်းလမ်းဖြင့် ပါကင်ဆန်ရောဂါ ကုသနည်းသစ်များအတွက် လမ်းစဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
■ စက်ရုပ်လက်က ကလေးငယ်များ ခြေလက်လှုပ်ရှားမှု သင်ယူတဲ့နည်းလမ်းနဲ့ ဆင်တူတဲ့ မော်တာဘက်ဘလင်းနည်းစနစ်ကို အသုံးပြုထားပါတယ်။
■ ဒါက အသံကို ခွဲခြိမ်းစိတ်ဖြာပြီး လှုပ်ရှားမှုအမိန့်ပေးချက်များအဖြစ် ပြောင်းလဲရန် အာရုံကြောကွန်ရက်များ ပါဝင်တဲ့ အရွတ်လက်ချောင်းများကို အသုံးပြုထားပါတယ်။
■ ဒီနည်းလမ်းက စက်ရုပ်တွေဟာ များပြားလှတဲ့ လေ့ကျင့်ရေးဒေတာများ မလိုအပ်ဘဲ အာရုံခံခြင်း၊ စမ်းသပ်ခြင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိတဲ့ နည်းပညာကို ပြသနေပြီး သမားရိုးကျ စက်ရုပ်နည်းပညာ အယူအဆဟောင်းတွေကို စိန်ခေါ်သလို ဖြစ်နေပါတယ်။
■ ပါကင်ဆန်ရောဂါဝေဒနာရှင်များအတွက် ကူညီပေးမယ့် နည်းပညာများ၊ လူတစ်ဦးချင်းစီရဲ့ လှုပ်ရှားမှုပုံစံအတိုင်း လိုက်လျောညီထွေဖြစ်စေမယ့် စက်ရုပ်အင်္ကျီများ၊ လူနာတစ်ဦးချင်းစီအတွက် သီးသန့်ပြုလုပ်ထားတဲ့ ကာယကုထုံးသုံးစက်ရုပ်များ ပါဝင်ပါတယ်။
■ ဂီတပညာရှင်စက်ရုပ်လက် နမူနာပုံစံရဲ့ အခြေခံမူများကို အသုံးပြုပြီး သုတေသီတွေက လေဖြတ်ဝေဒနာရှင်များ၊ ဆောက်လုပ်ရေးလုပ်သားများ၊ သက်ကြီးရွယ်အိုများကို ကူညီပေးနိုင်ရန်နဲ့ ပိုမိုကျယ်ပြန့်တဲ့ နယ်ပယ်တွေမှာ အသုံးပြုရန် မျှော်မှန်းထားပါတယ်။
Source: NR Times
#World_Health
Published 24 June 2026
■ အိမ်မွေးကြောင်လေးတွေနဲ့ လူသားကင်ဆာ ကုသလို့ရနိုင်တယ်ဆိုတဲ့အကြောင်း သိပ္ပံပညာရှင်တွေ တွေ့ရှိထားပါတယ်။
■ သုတေသီများက ကြောင်တွေရဲ့ကင်ဆာမျိုးရိုးဗီဇကို အကြီးစားလေ့လာဆန်းစစ်နိုင်ခဲ့ကြပါတယ်။
■ ဂွယ်ဖ်တက္ကသိုလ်၊ ဝဲလ်ကမ်းဆန်ဂါသုတေသနနဲ့ ဘန်းတက္ကသိုလ်တို့မှ သုတေသီများက ၅ နိုင်ငံမှ အိမ်မွေးကြောင် ၅၀၀ နီးပါးထံကနေ အကျိတ်နမူနာများ ရယူဆန်းစစ်ခဲ့ကြပါတယ်။
ကြောင်၊ ခွေးနဲ့ လူသားများဟာ ကင်ဆာဖြစ်ပွားစေတဲ့ မျိုးရိုးဗီဇအများစု အတူတူပိုင်ဆိုင်ထားကြပါတယ်။
■ အဓိကထူးခြားချက်က နို့အကျိတ်ကင်ဆာဖြစ်ပွားတဲ့ ကြောင်ထက်ဝက်ကျော်မှာ FBXW7 မျိုးရိုးဗီဇပြောင်းလဲမှု တွေ့ရှိခဲ့ပြီး လူသားတွေရဲ့ ရင်သားကင်ဆာတွေမှာလည်း FBXW7 မျိုးရိုးဗီဇပြောင်းလဲမှု ဖြစ်ပေါ်တာနဲ့ထပ်တူကျနေပါတယ်။
■ အစောပိုင်းတွေ့ရှိချက်များအရ ကြောင်နို့အကျိတ်တွေကို ဗီဇပြောင်းလဲထားတဲ့ FBXW7 မျိုးဗီဇနဲ့အတူ ဓာတုကုထုံးဆေးတွေနဲ့ ကုသလို့ရနိုင်ကာ အနာဂတ် လက်တွေ့ကုသမှုအတွက် မျှော်လင့်ချက်ဖြစ်ပါတယ်။
■ ဒါ့အပြင် လူသားတွေနဲ့ ကြောင်တွေကြား အရိုး၊ အဆုတ်၊ သွေး၊ အရေပြား၊ ဗဟိုအာရုံကြောစနစ်၊ အစာအိမ်အူလမ်းကြောင်းတို့နဲ့ သက်ဆိုင်တဲ့ကင်ဆာတွေ ဆက်စပ်နေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
■ ဒီလေ့လာမှုကနေ ကြောင်နဲ့ လူသားတို့မှာ ကင်ဆာအပေါ် ဘယ်လိုသက်ရောက်မှုရှိတာကို ပိုမိုနားလည်စေရန် လူသားဆေးပညာနဲ့ တိရိစ္ဆာန်ဆေးပညာ ပေါင်းကူးပေးသလို ဖြစ်နေပါတယ်။
■ ဒီတွေ့ရှိချက်တွေကနေ လူသားကင်ဆာသုတေသနကို အသွင်ကူးပြောင်းဖို့ ရည်ရွယ်ပါတယ်။
Source: The News
ကမ္ဘာ့သင်္ဘောပိုင်ရှင်အများအပြားဟာ အမေရိကန်နဲ့အီရန်တို့ကြား အရေးပါတဲ့ သဘောတူညီချက် ရရှိတဲ့အထိစောင့်ဆိုင်းပြီး ရေကြောင်းဖြတ်သန်းမှုကို သီတင်းပတ်များစွာ ဆိုင်းငံ့ထားဦးမယ်လို့ ဂျပန်သင်္ဘောကျင်းလုပ်ငန်းတစ်ခုမှ စီအီးအိုက ပြောပါတယ်။
#World_News
Published 23 June 2026
#အမေရိကန်_အီရန်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 23 June 2026
■ ငြိမ်းချမ်းရေးသဘောတူညီချက်အရ ပထမဆုံးအကြိမ် ဆွေးနွေးပွဲများ ပြုလုပ်ပြီးနောက် တနင်္လာနေ့ကစပြီး အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုများကို ရက်ပေါင်း ၆၀ ကြာ အမေရိကန်က ကင်းလွတ်ပေးခဲ့သလို ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်ရန် ရည်ရွယ်ကာ လက်ဘနွန်နိုင်ငံအတွင်း တိုက်ပွဲများ ငြိမ်သက်သွားကြောင်း တာဝန်ရှိသူများ ပြောသွားပါတယ်။
■ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဟော်မုဇ်ရေလက်ကြားတလျှောက် သင်္ဘောဖြတ်သန်းသွားလာမှုတွေကို အီရန်နှောင့်ယှက်ပါက သမ္မတဒေါ်နယ်ထရမ့်က စစ်ပွဲပြန်စမယ်လို့ ခြိမ်းခြောက်ပြီးနောက် ဒီလိုသဘောတူညီချက် ရလာတာ ဖြစ်ပါတယ်။
■ ဆွစ်ဇာလန်မှာ အီရန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပြီး နောက်ဆုံးပိတ် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အခြေခံအုတ်မြစ်ကောင်း ချမှတ်နိုင်ခဲ့တယ်လို့ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။
■ ကြားဖြတ်သဘောတူညီချက်ထဲမှာ လက်ဘနွန်အတွင်း တိုက်ခိုက်မှုများ အဆုံးသတ်ရန်နဲ့ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းသွားလာမယ့် သင်္ဘောများအတွက် ဘေးကင်းလုံခြုံစေရန်တို့ ပါဝင်ပါတယ်။
■ အီရန်က ရေနံနဲ့ ရေနံဓာတုပစ္စည်းများ တင်ပို့ခွင့်ဆိုင်ရာ ပိတ်ဆို့မှုကင်းလွတ်ခွင့်များနဲ့ ထိန်းချုပ်ခံထားရတဲ့ ပိုင်ဆိုင်မှုအချို့ ပြန်လည်အသုံးပြုခွင့် ရရှိခဲ့ပါတယ်။
■ အီရန်က နျူကလီးယား စစ်ဆေးရေးမှူးများ လာရောက်ခွင့်ပြုရန် သဘောတူခဲ့ပေမယ့် ဆွေးနွေးမှုများအတွင်း နျူကလီးယားအစီအစဉ်အကြောင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
■ လက်ဘနွန်မှာ တိုက်ပွဲများ လျော့နည်းသွားပြီး အပစ်အခတ်ရပ်စဲရေး ၂ ရက်တိုင်တိုင် တည်မြဲနေပေမယ့် အစ္စရေးလ်ကတော့ စစ်တပ်များ ပြန်လည်ရုပ်သိမ်းရန် သဘောမတူသေးပါဘူး။
Source: Reuters
#World_Health
Published 23 June 2026
■ ညအိပ်ချိန်ဆိုတာက ခန္ဓာကိုယ်အနားယူရင်း ပြုပြင်ထိန်းသိမ်းပေးတဲ့ ဖြစ်စဉ်ဖြစ်ပေမယ့် ဆီးချိုလက္ခဏာ ရှိသူတွေမှာတော့ ညဘက်မှာ သိသာစေပါတယ်။
■ ဆီးချိုဖြစ်နေနိုင်ကြောင်း ပြသနေတဲ့ ညဘက်ဖြစ်စဉ်တွေကို ဖော်ပြလိုက်ပါတယ်။
■ ■ (၁) ညအိပ်ချိန် ခဏခဏဆီးသွားခြင်းက ဆီးချိုရဲ့ အဓိကလက္ခဏာဖြစ်ပါတယ်။
သွေးတွင်းသကြားဓာတ် မြင့်မားခြင်းက ကျောက်ကပ်ကနေ ဂလူးကို့စ် ပြန်လည်စုပ်ယူခြင်း မပြုနိုင်အောင် တားဆီးပေးပြီး အရည်တွေက ဆီးဖြစ်စေပါတယ်။
ဒါကြောင့် ခဏခဏ ဆီးသွားခြင်းနဲ့ ရေငတ်ခြင်းတို့ သံသရာလည်စေပါတယ်။
■ ■ (၂) ဆီးချိုကြောင့် ညဘက်ကြွက်တက်ခြင်းက အာရုံကြောပျက်စီးခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဆီးချိုတက်ခြင်းနဲ့ ဆီးခဏခဏသွားခြင်းဟာ ခန္ဓာကိုယ်တွင်း ဆားဓာတ်မမျှတခြင်းကြောင့် ဖြစ်ပါတယ်။ ကြွက်မတက်မီ ပူစပ်ပူလောင်ဖြစ်ခြင်း အရင်ခံစားရတတ်ပါတယ်။
ဒါဟာ သွေးတွင်းသကြားဓာတ်လွန်ကဲမှုကြောင့် အာရုံကြောနဲ့ ကြွက်သားစနစ်များ ပျက်စီးနေကြောင်း ပြသရာရောက်ပါတယ်။
■ ■ (၃) မနက် ၄ နာရီမှ ၈ နာရီကြား ဟော်မုန်းတွေက ဂလူးကို့စ်ထုတ်လွှတ်စေပြီး ဆီးချိုသမားတွေမှာ သွေးတွင်းသကြားဓာတ် မြင့်တက်စေပါတယ်။
ညဘက် သွေးတွင်းဂလူးကို့စ် လျော့နည်းခြင်းကြောင့် အိပ်မက်ဆိုးမက်ခြင်း၊ ချွေးပျံခြင်း၊ မနက်ခင်းနွမ်းနယ်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ အလွန်အာခြောက်ခြင်း၊ ခံတွင်းရောဂါဖြစ်ခြင်း၊ ညဘက် ခဏခဏဆီးသွားခြင်း၊ ခြေထောက်နာခြင်း၊ ညဘက်ချွေးပျံခြင်းတို့က သွေးတွင်းသကြားဓာတ် မြင့်မားကြောင်းညွှန်ပြနေပါတယ်။
Source: The Jerusalem Post
#World_Health
Published 23 June 2026
■ တစ်နေ့တာအတွင်း အနည်းငယ်စီ လေ့ကျင့်ခန်းလုပ်ခြင်းက ဆီးချိုရောဂါဖြစ်နိုင်ခြေ လျှော့ချဖို့အတွက် အဓိကကျတယ်လို့ သုတေသနအသစ်မှာ အကြံပြုထားပါတယ်။
■ တစ်နေ့ကို အချိန် ၄ မိနစ်လောက် အနည်းငယ်စီ လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်းက ပုံမှန်လေ့ကျင့်ခန်း မလုပ်သူတွေထက် ဆီးချိုဖြစ်နိုင်ခြေ ၃ ပုံ ၁ ပုံကျော်လောက် လျော့ကျစေနိုင်ပါတယ်။
■ လှုပ်ရှားမှု အမျိုးအစားနှစ်မျိုးကို လေ့လာခဲ့ကြရာ ပြင်းထန်တဲ့ အပိုင်းအခြားလိုက် နေ့စဉ်လူနေမှုဘဝ ကိုယ်လက်လှုပ်ရှားမှု(VILPA)နဲ့ အသင့်အတင့်ကနေ ပြင်းထန်တဲ့ နေ့စဉ်လူနေမှုဘဝ ကိုယ်လက်လှုပ်ရှားမှု(MV-ILPA)တို့ ဖြစ်ပါတယ်။
■ VILPA ကို နေ့စဉ် ၃.၉ မိနစ်ပြုလုပ်ပေးရင် ဆီးချိုဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်း လျှော့ချပေးပြီး MV-ILPA ၂၅ မိနစ်ပြုလုပ်ခြင်းကတော့ ၄၆ ရာခိုင်နှုန်း လျှော့ချပေးနိုင်ပါတယ်။
■ တိုတောင်းပြင်းထန်တဲ့ လှုပ်ရှားမှုတွေက ဂလူးကို့စ်စုပ်ယူနိုင်စွမ်းကို ထိရောက်စေကာ အင်ဆူလင်လှုံ့ဆော်မှု တိုးတက်စေသဖြင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေတာ ဖြစ်ပါတယ်။
■ VILPA က ဘယ်လိုလှုပ်ရှားမှုတွေလဲဆိုရင် ဥပမာအားဖြင့် ပြေးခြင်း၊ လှေကားတက်ခြင်း၊ ဈေးဝယ်အိတ်အလေးကြီး သယ်ဆောင်ခြင်းတို့ ပါဝင်ပြီး MV-ILPA မှာတော့ ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ အိမ်အလုပ်လုပ်ခြင်းတို့ ပါဝင်ပါတယ်။
■ နေ့စဉ်စနစ်ကျတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ခက်ခဲနေသူတွေအတွက် လေ့ကျင့်ခန်းအနည်းငယ်စီကို မကြာခဏပြုလုပ်ခြင်းက လက်တွေ့ကျပြီး လှုပ်ရှားနေစေမှာ ဖြစ်ပါတယ်။
■ ဆီးချိုဖြစ်နိုင်ခြေ ကျဆင်းစေမယ့် အခြားသောနည်းလမ်းတွေမှာတော့ ကျန်းမာရေးညီညွတ်တဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊ မျှတတဲ့ အစားအသောက်၊ တစ်ပတ်ကို ၅ ရက် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံးမိနစ် ၃၀ ပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။
Source: Prevention
Page 28 of 1207