#World_News
Published 02 October 2026

■ ၇,၁၂၆ မီတာ မြင့်တဲ့ ဟိမဝန္တာတောင်တန်းပေါ်မှာ ပြည်ပတောင်တက်သမားတွေအတွက် စခန်းပြင်ဆင်ပေးနေတဲ့ နီပေါလုပ်သား ၁၅ ယောက် ဆီးနှင်းပြိုကျမှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

■ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက Manang ခရိုင်ထဲမှာရှိတဲ့ Himlung Himal တောင်ခြေစခန်းမှာ တဲထိုးတာနဲ့ ကြိုးဆင်တာတွေ လုပ်ပေးနေတုန်း ဆီးနှင်းပြိုကျပြီးပိမိခဲ့တာပါ။

■ လက်ရှိ အလုပ်သမား ၁ ယောက်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

■ နီပေါအမျိုးသား တောင်တက်လမ်းပြအသင်း (NNMGA) ဥက္ကဋ္ဌ Tul Singh Gurung ရဲ့ ပြောပြချက်အရ ရုပ်အလောင်း ၁၅ လောင်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ၇ လောင်းကိုတော့ ဒီတစ်ပတ်အစောပိုင်းမှာ တွေ့ခဲ့တာဖြစ်သလို ကျန်တဲ့ ၈ လောင်းကိုတော့ ကြာသပတေးနေ့မှာ ဆီးနှင်းတွေအောက်ကနေ ထပ်မံတူးဖော်ရရှိခဲ့တာပါ။

■ ရရှိထားတဲ့ အလောင်းတွေကိုတော့ ရဟတ်ယာဉ်နဲ့ ခတ္တမန္ဒူးမြို့ကို သယ်ဆောင်သွားမယ်လို့ သိရပါတယ်။

■ ပျောက်ဆုံးနေတဲ့ အလုပ်သမား ၁ ယောက်ကို ရှာတွေ့ဖို့ မျှော်လင့်ချက် မရှိသလောက် နည်းပါးသွားပြီဖြစ်လို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရုပ်သိမ်းတော့မယ်လို့လည်း ဂူရန်း က ဆိုပါတယ်။

■ ဆီးနှင်းပြိုကျချိန်မှာ ပြည်ပတောင်တက်သမားတွေ စခန်းကို မရောက်သေးဘူးလို့ ဆိုပါတယ်။

Source_Reuters