20 June,2026
Myanmar President Min Aung Hlaing on Wednesday called on all countries in the world to work closely together to combat online gambling and telecom fraud, and described cybercrime as a growing threat to the people worldwide.
Source CCTV+
တရုတ်ဟာဟင်းသီးဟင်းရွက်စိုက်ပျိုးရေးမှာ လျှပ်စစ်ပစ္စည်းများအသုံးပြုမှု ပိုမိုမြန်ဆန်လာစေရန်နဲ့ စက်မှုလယ်ယာစနစ်မြှင့်တင်ရန်အတွက် လျှပ်စစ်သုံးလယ်ယာစက်ပစ္စည်းများ ပထမဆုံးကွင်းဆင်းစမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။
#Asia_Agriculture
Published 20 June 2026
#လျှပ်စစ်လယ်ယာစက်ပစ္စည်း #တရုတ်
#YMG #Yangon_Times #Yangon_Media_Group
20 June, 2026
Myanmar President U Min Aung Hlaing made the comments in an interview with China Media Group in Beijing on Wednesday, during his five-day state visit to China which ended on Friday. The trip marked his 13th visit to the country and his first since assuming the office of president.
Source CCTV+
#World_Science
Published 20 June 2026
■ အမေရိကန် အရှေ့ကမ်းရိုးတန်း ပင်လယ်ကြမ်းပြင်အောက်မှာ ကျယ်ပြန့်တဲ့ ရေချိုစနစ်တစ်ခုကို သိပ္ပံပညာရှင်များ မှတ်တမ်းတင်တွေ့ရှိခဲ့ပါတယ်။
■ IODP³-NSF Expedition 501 လို့ခေါ်တဲ့ စီမံကိန်းကြီးထဲမှာ နိုင်ငံ ၁၃ နိုင်ငံမှ သိပ္ပံပညာရှင်အယောက် ၄၀ ပါဝင်ပြီး နယူးအင်္ဂလန်ကမ်းရိုးတန်းသို့ သွားကာ ပင်လယ်ကြမ်းပြင် ဖောက်ထွင်းပြီးနောက် နမူနာများကို ထုတ်ယူခဲ့ကြပါတယ်။
■ ပင်လယ်ရေအောက် မီတာ ၂၀၀ ခန့်အကွာမှာ ရေချိုများစိမ့်ဝင်နေတဲ့ အနည်အနှစ်အလွှာတစ်ခု ရှိနေကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။
■ သုတေသီတွေက ရေသက်တမ်း၊ မြစ်ဖျားခံရာနဲ့ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေထိတွေ့တုံ့ပြန်မှုများကို စစ်ဆေးနေကြပြီး ရေခဲပြင်ခေတ် ဒါမှမဟုတ် ပင်လယ်ရေမျက်နှာပြင် နိမ့်ကျခဲ့တဲ့ အချိန်တွေတည်းက ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
■ ဒီရှာဖွေတွေ့ရှိမှုက ကမ္ဘာ့ရေရှားပါးမှုပြဿနာကို ဖြေရှင်းရန် ပင်လယ်ရေအောက်ရှိ ရေချိုသိုလှောင်မှုများကို အသုံးပြုနိုင်မယ့် အလားအလာ မြှင့်တင်နိုင်ပေမယ့် မရေမရာမှုများစွာ ရှိနေပါသေးတယ်။
■ လက်ရှိမှာ ကမ္ဘာ့လူဦးရေ တဝက်လောက်က အချို့သောနှစ်တွေမှာ ရေရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။
■ ရာသီဥတုပြောင်းလဲမှုနဲ့ လူဦးရေတိုးပွားမှုတို့ကြောင့် ရေရှားပါးမှုပြဿနာ ပိုမိုဆိုးရွားလာသဖြင့် ဒီလိုမျိုး ရေသိုလှောင်မှုတွေ ရှာဖွေတွေ့ရှိခြင်းက အရေးကြီးတဲ့ကဏ္ဍက ပါဝင်လာနိုင်ပါတယ်။
Source: IFL Science
#World_Health
Published 20 June 2026
■ နှလုံးအင်္ဂါနဲ့ ပတ်သက်လာရင် သွေးဖိအားများခြင်း၊ နှလုံးဖောက်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်း၊ နှလုံးရပ်ခြင်း စတဲ့ရောဂါတွေ ရှိပါတယ်။
■ နှလုံးဆိုတာက ဝန်ထုပ်ဝန်ပိုး အမြဲရှိနေပြီး အရေးပါတဲ့အင်္ဂါဖြစ်ပေမယ့် ကင်ဆာဖြစ်နိုင်ခြေမှာတော့ အနည်းဆုံးတွေထဲ ပါဝင်ပါတယ်။
■ နှလုံးက လူ့ခန္ဓာကိုယ်ထဲမှာ ကင်ဆာခံနိုင်ရည်အရှိဆုံး အင်္ဂါတွေထဲက တစ်ခုဖြစ်ပြီး နှလုံးကင်ဆာရောဂါဆိုတာ ရှားပါးလွန်းတယ်လို့ နှလုံးရောဂါအထူးကု ဒေါက်တာ ယာရာနော့ဗ်က ပြောပါတယ်။
■ နှလုံးရဲ့ စွမ်းအင်မြင့်မားမှု၊ အောက်ဆီဂျင်ကြွယ်ဝမှု၊ အဆက်အပြတ် သွေးစီးဆင်းမှုတို့က အကျိတ်ဖြစ်ပေါ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။
■ ဒါပေမဲ့ ဒါဟာ နှလုံးကင်ဆာကို အပြည့်အဝ ကာကွယ်ပေးတဲ့သဘောမဟုတ်ဘဲ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ နာတာရှည်ရောင်ရမ်းခြင်း စတဲ့အလေ့အကျင့်တွေက ကင်ဆာဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။
အရေပြား၊ အဆုတ်၊ အစာခြေလမ်းကြောင်းတို့မှ တစ်ရှူးတွေကတော့ အဆက်မပြတ် သူ့အလိုလို အသစ်ဖြစ်နေပြီး ခဏခဏ ဆဲလ်ကွဲခြမ်းနေတာကြောင့် ကင်ဆာဖြစ်စေတဲ့ ဗီဇပြောင်းလဲမှုတွေ ဖြစ်နိုင်ခြေ များစေပါတယ်။
■ နှလုံးအကျိတ်ဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာတွေထဲမှာ ကိုယ်နေဟန်ထားကြောင့် အသက်ရှူမဝခြင်း၊ အကြောင်းအရင်းမရှိဘဲ မူးလဲခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်းလိုမျိုး လက္ခဏာများ၊ ပင်ပန်းနွမ်းနယ်ခြင်း ဖျားနာခြင်းတို့လို ယေဘုယျလက္ခဏာများ ပါဝင်ပြီး ဒါတွေက နှလုံးအကျိတ်တစ်မျိုးတည်းကြောင့် ဖြစ်ပွားတာမျိုးတွေတော့ မဟုတ်ပါဘူး။
Source: Indian Express
#World_News
Published 20 June 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလေးစားဆုံး ကမ္ဘာ့ခေါင်းဆောင်များထဲမှာ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို ထည့်သွင်းပြောကြားခဲ့ပြီး ယင်းတို့ရဲ့ ခေါင်းဆောင်မှုစွမ်းရည်၊ နိုင်ငံရေးအင်အားနဲ့ ကမ္ဘာ့ဇာတ်ခုံအပေါ် လွှမ်းမိုးနိုင်မှုတို့ကို ချီးကျူးပြောဆိုခဲ့ပါတယ်။
■ The Axios Show နဲ့ အင်တာဗျူးမှာ နိုင်ငံတကာ ခေါင်းဆောင်များအနက် သူအလေးစားရဆုံး ပုဂ္ဂိုလ်နှစ်ဦးကိုဖော်ပြရန် ထရမ့်ကို မေးမြန်းခဲ့ရာ သူက ရှီကျင့်ဖျင်နဲ့ ဝန်ကြီးချုပ် မိုဒီတို့ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။
■ ရှီကျင့်ဖျင်နဲ့ ပတ်သက်လာရင် ခေါင်းဆောင်မှုအပိုင်းမှာ အမှန်တကယ် လေးစားထိုက်ပြီး မိုဒီကလည်း အလွန်တော်တယ်လို့ ဖြေကြားခဲ့ပါတယ်။
■ ကမ္ဘာ့အရေးမှာ အိန္ဒိယရဲ့ အရေးပါလာပုံကို ညွှန်းထားပြီး အိန္ဒိယလူဦးရေ ၁ ဘီလီယံခွဲအပေါ် အကောင်းဆုံး ခေါင်းဆောင်နိုင်သူလို့ ချီးကျူးခဲ့ပါတယ်။
■ ထိုခေါင်းဆောင်နှစ်ဦးလိုမျိုး ဘယ်မှာမှ ရှာမတွေ့နိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။
■ မိုဒီမတိုင်ခင် အိန္ဒိယခေါင်းဆောင်ပိုင်း မကြာခဏအာဏာပြောင်းလဲခဲ့တာကိုလည်း ဆိုပါတယ်။
■ မိုဒီက လူတွေကို သူရဲ့အစွမ်းသတ္တိနဲ့ ခိုင်မာပြတ်သားပြီး ထူးထူးခြားခြား ခက်ထန်တဲ့ ညှိနှိုင်းဆွေးနွေးသူတစ်ဦးအဖြစ် ဖော်ပြခဲ့ပါတယ်။
■ အဆိုပါမှတ်ချက်တွေကို ပြင်သစ်မှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး တွေ့ဆုံပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Source: Reuters
#World_Health
Published 19 June 2026
■ စားစရာတွေက ဦးနှောက်အတွက် တိုက်ရိုက်လမ်းညွှန်ပေးနိုင်ပြီး အာဟာရဓာတ်တွေ မှန်ကန်အောင် စားသုံးပေးပါက အာရုံစူးစိုက်မှု ပိုမိုထက်မြက်စေကာ စိတ်ပိုင်းဆိုင်ရာ ထက်မြက်စေပါတယ်။
■ ဦးနှောက်က ခန္ဓာကိုယ်စွမ်းအင်ရဲ့ ၂၀ ရာခိုင်နှုန်းလောက် အသုံးချတာကြောင့် အာဟာရချို့တဲ့ရင် စိတ်ပိုင်းဆိုင်ရာ တိုက်ရိုက်ပင်ပန်းနွမ်းနယ်စေပါတယ်။
■ ကျန်းမာရေးညီညွတ်တဲ့ အဆီများ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ဦးနှောက်လုပ်ဆောင်ချက်အတွက် ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။
■ (၁) အဆီပါသောငါးနှင့် အိုမီဂါ-၃ဖက်တီးအက်ဆစ်
အဆီပါတဲ့ငါးတွေကို အနည်းဆုံး ၁ ပတ် ၂ ကြိမ်ခန့် စားပေးခြင်းဖြင့် မှတ်ဉာဏ်ဆုတ်ယုတ်မှုကို နှေးစေနိုင်ပါတယ်။
■ (၂) ဘယ်ရီသီးများ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝပြီး သွေးစီးဆင်းမှု ကောင်းစေကာ ဓာတ်တိုးဖိစီးခြင်း လျော့ကျစေတဲ့အပြင် အာရုံကြောမျှင်များ ရေရှည်ထိခိုက်ခြင်းမှ ကာကွယ်ပေးပါတယ်။
■ (၃) ချောကလက်နှင့်ကိုကိုး
ဖလေဗိုနွိုက်၊ ကဖင်း၊ သီယိုဘရိုမင်းတို့ ပါဝင်တာကြောင့် ဦးနှောက်သွေးစီးဆင်းမှုနဲ့ နိုးကြားမှု ကောင်းစေပါတယ်။
■ (၄) ကြက်ဥနှင့်ကိုလင်း
မှတ်ဉာဏ်နဲ့ စိတ်အခြေအနေအတွက် အဓိကကျတဲ့ ကိုလင်းက ကြက်ဥမှာ အများဆုံးပါဝင်ကာ တစ်နေ့ကို ကြက်ဥအကြီးတစ်လုံးဆိုရင် လုံလောက်ပါတယ်။
■ (၅) အစိမ်းရောင်အရွက်များ
ဟင်းနုနွယ်၊ ကိုက်လံ၊ ပန်းဂေါ်ဖီစိမ်းတို့မှာ ဖောလိတ်၊ ဗိုက်တာမင်-ကေ၊ လူတိန်း၊ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝတာကြောင့် ဦးနှောက်ဆဲလ်ဖွဲ့စည်းမှု၊ လုပ်ဆောင်ချက်များကို ကူညီပေးပါတယ်။
■ (၆) အခွံမာသီး၊ အစေ့အဆန်၊ ဂျုံပြောင်းသီးနှံ
ဦးနှောက်ဆဲလ်များ ဓာတ်တိုးဖိစီးခြင်းမှ ကာကွယ်ပေးကာ တစ်နေ့တာလိုအပ်တဲ့ စွမ်းအင်တွေကို ထိန်းသိမ်းပေးပါတယ်။
Source: Style Rave
Page 30 of 1207