#World_News
Published 28 September 2026
■ အမေရိကန်က အီရန်ကို ပြန်လည်တိုက်ခိုက်လာပါက စစ်ပွဲပြန်လည်ဖြစ်ပွားရန် အပြည့်အဝပြင်ဆင်ထားပြီး “ကမ္ဘာပျက်နေ့စစ်ပွဲ” အထိ ဖြစ်လာသော်လည်း ရင်ဆိုင်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက စက်တင်ဘာ ၂၇ ရက်တွင် NBC News ၏ Meet the Press အစီအစဉ်၌ ပြောကြားသည်။
■ တစ်ချိန်တည်းတွင် သံတမန်ရေးအရ ဆွေးနွေးရန်လည်း အသင့်ရှိပြီး ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းတစ်စုံတစ်ရာကို မလွတ်စေလိုကြောင်း ၎င်းက ပြောသည်။
■ အီရန်က ၎င်း၏သတ်မှတ်ချက်များ ပြည့်မီပါက ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးနှင့် အမေရိကန်နှင့် ဆွေးနွေးရေးကို အဆိုပြုထားသည်။
■ သမ္မတ ဒေါ်နယ်ထရမ့်က ယင်းအဆိုပြုချက်ကို ပယ်ချကြောင်း လူသိရှင်ကြား ပြောခဲ့သော်လည်း ကြားခံများမှတစ်ဆင့် အမေရိကန်၏ တရားဝင်တုံ့ပြန်ချက်ကို မရရှိသေးကြောင်း အာရက်ချီက ဆိုသည်။
■ ထရမ့်ကလည်း ယခုသီတင်းပတ်အတွင်း ကြားခံမှတစ်ဆင့် ဆွေးနွေးမှုများ ဆက်လုပ်ရန် မျှော်လင့်ကြောင်း ပြောထားသည်။
မူရင်းသတင်းရင်းမြစ် — WION