#World_News
Published 28 September 2026
■ စက်တင်ဘာ ၂၇ ရက်နေ့ အင်္ဂလန်နိုင်ငံ RAF Fairford လေတပ်စခန်းအနီးမှာ ကြီးမားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က သတ်မှတ်ကြေညာခဲ့ပါတယ်။
■ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းနဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေများဖြင့် သံသယရှိသူ အမျိုးသား ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
■ အဆိုပါ လေတပ်စခန်းထံ ဦးတည်မောင်းနှင်လာတဲ့ သံသယဖြစ်ဖွယ် မော်တော်ယာဉ် ၃ စီးကို ရဲတပ်ဖွဲ့က ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။
■ ဗုံးရှင်းလင်းရေး အဖွဲ့များနဲ့ စက်ရုပ်များဖြင့် မော်တော်ယာဉ်များကို စစ်ဆေးခဲ့ပြီး အနီးအနားရှိ နေအိမ်များကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ပါတယ်။
■ RAF Fairford က အီရန်ပစ်မှတ်များကို တိုက်ခိုက်တဲ့ အမေရိကန်လေတပ် ဗုံးကျဲလေယာဉ်များအတွက် အဓိကအခြေစိုက်စခန်းတစ်ခု ဖြစ်ပါတယ်။
■ အမေရိကန်ရဲ့ တိုက်ခိုက်မှုများကို ထောက်ပံ့ပေးနေတဲ့ စခန်းတွေဟာ တရားဝင်တိုက်ခိုက်ရမယ့် ပစ်မှတ်များဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ယခင်တည်းက ကြေညာထားပါတယ်။
■ ရဲတပ်ဖွဲ့က လေတပ်စခန်းသို့ ဝင်ရောက်တဲ့ လမ်းကြောင်းများကို စက်ယန္တရားကြီးများနဲ့ လက်နက်ကိုင်ကင်းလှည့်တပ်ဖွဲ့များသုံးပြီး လုံခြုံရေးတင်းကြပ်ထားပါတယ်။
■ ဗြိတိန်နိုင်ငံအတွင်းရှိ အခြားအမေရိကန်စခန်းတွေမှာလည်း လုံခြုံရေးအဆင့်မြှင့်တင်ထားပါတယ်။
Source: Reuters