#World_News
Published 25 September 2026

■ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နဲ့ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စေရန် မြှင့်တင်ဖို့အတွက် အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

■ နိုင်ငံခြားရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ဥပဒေစိုးမိုးရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ဆက်သွယ်ဆက်ဆံရေး ပိုမိုအားကောင်းလာစေရန် ရှီကျင့်ဖျင်က အလေးပေးပြောကြားခဲ့ပါတယ်။

■ ယင်းကစျေးကွက်များ ပွင့်လင်းမြင်သာမှုရှိရန်၊ အမေရိကန်မှာ တရုတ်ကုမ္ပဏီများကို တန်းတူညီမျှ ဆက်ဆံရန်နဲ့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို တိုးမြှင့်ရန် တောင်းဆိုခဲ့ပါတယ်။

■ ခေါင်းဆောင်နှစ်ဦးစလုံးက နည်းပညာကို လူသားတို့ရဲ့ ထိန်းချုပ်မှုအောက်မှာသာ ရှိစေပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို အဓိကဝန်ဆောင်မှုပေးနိုင်ရန် AI နည်းပညာကို အပြုသဘောဆောင်စွာ ဖွံ့ဖြိုးတိုးတက်စေရေးဟာ ပူးတွဲတာဝန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

■ လုံခြုံရေးနဲ့ ပတ်သက်လို့ ရှီကျင့်ဖျင်က စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲများ ဆက်လက်ထားရှိရန်၊ အကျပ်အတည်း တားဆီးကာကွယ်ရေး ယန္တရားများကို မြှင့်တင်ရန်နဲ့ အင်အားကြီးနိုင်ငံနှစ်ခုကြား စစ်ပွဲဖြစ်ပွားနိုင်ခြေကို ရှောင်ရှားရန် တိုက်တွန်းခဲ့ပါတယ်။

■ ယင်းက အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကို အနိုင်အရှုံးသက်သက် ပြိုင်ဆိုင်မှုထက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဦးစားပေးတဲ့ အပြုသဘောဆောင်တဲ့ ယှဉ်ပြိုင်မှုအဖြစ် ပုံဖော်ခဲ့ပါတယ်။

■ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ဥပဒေစိုးမိုးရေးနဲ့ တိုက်ရိုက်လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း လက်တွေ့ကျတဲ့ အဓိကပန်းတိုင်များအဖြစ် အလေးပေးပြောကြားခဲ့ပါတယ်။

■ ရှီကျင့်ဖျင်က လာမယ့် ၅ နှစ်အတွင်း အမေရိကန်လူငယ် ၁၀,၀၀၀ ကို တရုတ်နိုင်ငံသို့ လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့ပြီး ဂျော်ဂျီယာပြည်နယ် အတ္တလန်တာတိရစ္ဆာန်ရုံအတွက် ပန်ဒါဝက်ဝံစုံတွဲသစ်တစ်စုံ ပေးပို့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Source: