#World_News
Published 23 September 2026

■ အမေရိကန်သမ္မတ ထရမ့်က ပြည်ပ ပဋိပက္ခများကို ဗဟိုပြုပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

■ အီရန်ရဲ့ နျူကလီးယား ဖွံ့ဖြိုးတိုးတက်မှုများနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိပါက အီရန်ကို လုံးဝ ချေမှုန်းပစ်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

■ အီရန်ကို စီးပွားရေးအရ ဝိုင်းပယ်ရန် အမေရိကန်နဲ့အတူ ပူးပေါင်းကြဖို့ နိုင်ငံတကာ ခေါင်းဆောင်များကို ထရမ့်က တိုက်တွန်းခဲ့ပါတယ်။

■ ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို ဖြေရှင်းရန်အတွက် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးနဲ့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့ပါတယ်။

■ ထရမ့်က ဥရောပ၊ အာရှနဲ့ ပင်လယ်ကွေ့ဒေသ နိုင်ငံများမှ ကိုယ်စားလှယ်များ အပါအဝင် အနည်းဆုံး ကမ္ဘာ့ခေါင်းဆောင် ၁၁ ဦးနဲ့ တွေ့ဆုံဆွေးနွေးရန် အစီအစဉ်ဆွဲခဲ့ပါတယ်။

■ ဆွေးနွေးပွဲအစီအစဉ်မှာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ စွမ်းအင်ဆိုင်ရာကိစ္စရပ်များအတွက် ဗင်နီဇွဲလား ယာယီခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံမှုလည်း ပါဝင်ပါတယ်။

■ ဂရင်းလန်းမှာ အမေရိကန် စစ်ဘက်ဆိုင်ရာ ပါဝင်မှုကို တိုးမြှင့်ရန် သဘောတူညီချက် စာချုပ်လက်မှတ်ရေးထိုးရေးအတွက် ဒိန်းမတ်နဲ့ ဂရင်းလန်း အရာရှိများနဲ့ တွေ့ဆုံရန် စီစဉ်ခဲ့ပါတယ်။

■ ယခုလိုမျိုး ပြည်ပနိုင်ငံရေး လှုပ်ရှားမှုများဟာ ကမ္ဘာ့ပဋိပက္ခများနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှုတို့ကြောင့် ထရမ့်ရဲ့ ပြည်တွင်း ထောက်ခံမှုနှုန်း ကျဆင်းနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

Source: Reuters