တောင်တရုတ်ပင်လယ်အတွင်း သင်္ဘောနစ်မြုပ်ခဲ့ပြီး တရုတ်ကယ်ဆယ်ရေးသမားများ ကယ်ဆယ်ခဲ့တဲ့ ဗီယက်နမ်သင်္ဘောသား ၄၇ ဦးကို တနင်္လာနေ့နံနက်ပိုင်းမှာ ဗီယက်နမ်သို့ လွှဲပြောင်းပေးခဲ့ပြီဖြစ်ကာ အားလုံးကို စနစ်တကျ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။
#Asia_News
Published 27 July 2026
#တောင်တရုတ်ပင်လယ် #ဗီယက်နမ်သင်္ဘောသား
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 28 July 2026
■ အီရန်ဟာ လတ်တလော ပဋိပက္ခအတွင်းမှ အမေရိကန်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှု စွပ်စွဲချက်များကို တရားစွဲဆိုရန် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်မှာဖြစ်တဲ့ ဥပဒေလမ်းကြောင်း ကြိုးပမ်းမှုကို စီစဉ်နေပါတယ်။
■ အီရန်က စာမျက်နှာ ၁,၄၀၀ ကျော်ရှိတဲ့ မှတ်တမ်းအထောက်အထားများကို စုဆောင်းပြုစုထားကြောင်း နိုင်ငံခြားရေးဒုဝန်ကြီး ကာဇမ်ဂါရီဘာဘာဒီက ပြောကြားခဲ့ပါတယ်။
■ အီရန်အစိုးရက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံသို့ အထောက်အကူပြု စာရွက်စာတမ်းပေါင်း ၁၂၀ ကျော်ကို တိုက်ရိုက်ပေးပို့တင်ပြထားပြီးဖြစ်ပါတယ်။
■ တရားစွဲဆိုခြင်းခံရတဲ့ အဖွဲ့အစည်းလူပုဂ္ဂိုလ်များကို တရားစီရင်ဆုံးဖြတ်ချက်များ ချမှတ်ရန်နဲ့ ဥပဒေလမ်းကြောင်းအရ အခြေခံအုတ်မြစ်များတည်ဆောက်ရန် အီရန်ဟာ ပြည်တွင်း တရားစီရင်ရေးစနစ်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။
■ အီရန်ဟာ ကုလသမဂ္ဂလုပ်ထုံးလုပ်နည်းများကို အသုံးပြုကာနိုင်ငံတကာတရားရုံး ICJ ထံသို့ လိုအပ်သလို ချဉ်းကပ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါတယ်။
■ နိုင်ငံတကာပြစ်မှုများကို တရားစွဲဆိုခွင့် ပြဋ္ဌာန်းထားတဲ့ တတိယနိုင်ငံများရဲ့တရားရုံးများမှာလည်း အမှုဖွင့် တိုင်ကြားသွားနိုင်ပါတယ်။
■ အမေရိကန်အပေါ် သံတမန်ရေးနဲ့ ဥပေဒလမ်းကြောင်းအရ ဆက်တိုက်ဖိအားပေးနိုင်ရေးအတွက် သီးသန့်အထူးတရားရုံးတစ်ခု ဖွဲ့စည်းရန် အီရန်ကအဆိုပြုထားပါတယ်။
Source: WION
#World_Health
Published 28 July 2026
■ ဘက်စုံမျက်စိစစ်ဆေးမှုများဟာ ဆီးချို၊ သွေးတိုးနဲ့ ကိုလက်စထရော မြင့်မားခြင်းစတဲ့ ရောဂါများ စောစီးစွာပြသတဲ့ လက္ခဏာများကို သိရှိစေနိုင်ပါတယ်။
■ မျက်ကြည်လွှာအတွင်းရှိ အလွန်သေးငယ်တဲ့ သွေးကြောမျှင်လေးများဟာ တစ်ခန္ဓာကိုယ်လုံးရှိ သွေးကြောများရဲ့ ကျန်းမာရေးအခြေအနေကို ထင်ဟပ်ဖော်ပြနေပါတယ်။
■ မျက်စိအာရုံကြောနဲ့ အမြင်အာရုံလမ်းကြောင်းဆိုင်ရာ ပြောင်းလဲမှုများဟာ လေဖြတ်ခြင်း ဒါမှမဟုတ် အာရုံကြောအမျှင်ခဲရောဂါ လိုမျိုး အာရုံကြောဆိုင်ရာ ရောဂါများကို စောစီးစွာပြသပေးတဲ့ လက္ခဏာများ ဖော်ပြပေးနိုင်ပါတယ်။
■ မျက်စိရောင်ရမ်းတဲ့ ဝေဒနာများက လေးဘက်နာ သို့မဟုတ် Lupus ကဲ့သို့ ခန္ဓာကိုယ်ခုခံအားစနစ် ဖောက်ပြန်တဲ့ ရောဂါများနဲ့ မကြာခဏ ဆက်စပ်နေပါတယ်။
■ အိုမီဂါ-၃၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် အေ၊ စီ၊ အီး တို့ ကြွယ်ဝတဲ့ အစားအစာများဟာ အမြင်အာရုံရော တစ်ကိုယ်လုံး ကျန်းမာရေးကိုပါ အထောက်အကူပြုပါတယ်။
■ ဖုန်းမျက်နှာပြင်များကို အချိန်အကြာကြီးကြည့်ခြင်းက မျက်စိညောင်းညာခြင်းနဲ့ ခေါင်းကိုက်ခြင်းတို့ကို ဖြစ်စေပြီး ခန္ဓာကိုယ်ထိုင်နည်းအမူအရာ၊ အိပ်စက်မှုနဲ့ ဖုန်းကြည့်ချိန် ခေတ္တနားပေးရန် လိုအပ်ကြောင်း အချက်ပြနေပါတယ်။
■ ပုံမှန် မျက်စိစစ်ဆေးမှုပြုလုပ်ခြင်းက တစ်ကိုယ်လုံး ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ရန်နဲ့အမြင်အာရုံကွယ်ခြင်းမှ ကာကွယ်ရန်အတွက် အရေးကြီးတဲ့ ပထမဆုံး ကာကွယ်ရေးတစ်ခု ဖြစ်ပါတယ်။
Source: AOL
#World_Health
Published 28 July 2025
■ အိပ်ခါနီး အစာအလွန်အကျွံစားခြင်းက အစာချေဖျက်မှုကို နှောင့်ယှက်ပြီး ညဘက် သွေးတိုးစေနိုင်ပါတယ်။
■ ဆားဓာတ်များတဲ့ ညစာနဲ့ မုန့်များက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်စုပြုံမှုကို မြင့်တက်စေပြီး သွေးကြောများကို ဖိအားဖြစ်စေပါတယ်။
■ ညနေပိုင်း ကော်ဖီ၊ လက်ဖက်ရည် ဒါမှမဟုတ် အချိုရည်များ သောက်သုံးခြင်းက နှစ်ခြိုက်စွာ အိပ်ပျော်မှုကို နှောင့်ယှက်ပြီး နှလုံးခုန်နှုန်း မြင့်တက်စေပါတယ်။
■ ညနေပိုင်း အရက်သောက်ခြင်းက ညဘက် သွေးဖိအားကို မြင့်တက်စေပြီး နှလုံးနဲ့ သွေးကြောများ သဘာဝ အနားယူချိန် စက်ဝန်းကို ပျက်စီးစေပါတယ်။
■ ညနက်ပိုင်း ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ် အနားယူရမယ့်အချိန်မှာ အက်ဒရီနလင်ဟော်မုန်းများ ထွက်ရှိစေပါတယ်။
■ ဖုန်း၊ ဒီဂျစ်တယ်မျက်နှာပြင်များကို ကြည့်ရှုခြင်းက မယ်လာတိုနင် ဟော်မုန်းထွက်ရှိမှုကို ဟန့်တားပြီး နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ နှစ်ခြိုက်စွာ အိပ်စက်မှုကို အချိန်နှောင့်နှေးစေပါတယ်။
■ စိတ်ဖိစီးမှုများကို အိပ်ရာဝင်သည်အထိ သယ်ဆောင်သွားခြင်းက ကော်တီစောဟော်မုန်းပမာဏကို မြင့်တက်စေပြီး သွေးဖိအား သဘာဝအတိုင်း ကျဆင်းမှုကို တားဆီးပေးပါတယ်။
Source: EatingWell
ကမ္ဘာ့ပထမဆုံး လူသားပုံသဏ္ဍာန်စက်ရုပ် လက်ဝှေ့လိဂ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ရှင်ကျန်မြို့မှာ ကြာသပတေးနေ့က စတင်ကျင်းပခဲ့ပြီး တရုတ်၊ အမေရိကန်၊ စင်္ကာပူအပါအဝင် နိုင်ငံပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း ၂၀၀ ကျော် ဆင်နွှဲခဲ့ကြပါတယ်။
#Asia_Technology
Published 27 July 2026
#စက်ရုပ်လက်ဝှေ့လိဂ် #တရုတ်နိုင်ငံရှင်ကျန်မြို့
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 July 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုများ လမ်းဖွင့်ပေးနိုင်ရန် ၁၃ ညဆက်တိုက် ပြုလုပ်ခဲ့တဲ့ အီရန်အပေါ် ဗုံးကျဲတိုက်ခိုက်မှုကို သောကြာနေ့မှာ ဆိုင်းငံ့ခဲ့ပါတယ်။
■ အမေရိကန်ဘက်က စစ်ဆင်ရေး ရပ်ဆိုင်းထားသရွေ့ ကာလပတ်လုံး အီရန်အနေနဲ့လည်း တိုက်ခိုက်မှုများ ရပ်တန့်ထားမယ်လို့ အီရန်ထိပ်တန်းအရာရှိတစ်ဦးက ပြောခဲ့ပြီး တိုက်ခိုက်လာပါက ပြန်လည်တိုက်ခိုက်မယ်ဆိုတဲ့ မူဝါဒက ကိုင်စွဲထားပါတယ်။
■ အမေရိကန်တပ်ဖွဲ့များက အသင့်အနေအထား ရှိနေဆဲဖြစ်ပေမယ့် သံတမန်ရေးရာ ညှိနှိုင်းမှုများအတွက် အခွင့်အလမ်းပေးရန် ထရမ့်က စစ်ဆင်ရေးများ ခေတ္တရပ်နားခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ်က ပြောပါတယ်။
■ ဟော်မုဇ်ရေလက်ကြား ပတ်ဝန်းကျင်ရှိ မူလသတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်အများစုမှာ ကုန်လုနီးပါးဖြစ်နေပြီလို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်အကြီးအကဲ ဘရက်ဒါကူးပါးက တင်ပြထားပါတယ်။
■ စစ်ပွဲပိုမိုကြီးထွားလာပါက လေကြောင်းရန်ကာကွယ်ရေး လက်နက်ခဲယမ်းများ ကုန်ခမ်းသွားနိုင်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းနဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်အပါအဝင် ထိပ်တန်းအကြံပေးများ ပူပန်နေကြပါတယ်။
■ အီရန်အရာရှိများက အမေရိကန်ရည်ရွယ်ချက်အပေါ် သံသယရှိကြောင်း ထုတ်ဖော်ခဲ့ကြပြီး ယခုစစ်ဆင်ရေးရပ်နားမှုဟာ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆိုတာထက် စစ်ရေးဗျူဟာရွှေ့ကွက်တစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။
Source: Reuters
#World_Health
Published 27 July 2026
■ ယူကေရဲ့ လေ့လာသုံးသပ်မှုကြီးတစ်ခုမှာ အသက် ၂ နှစ်အောက် မွေးကင်းစနဲ့လမ်းလျှောက်စ ကလေးငယ်တွေကို ဖုန်း၊ တီဗီ၊ တက်ဘလက်တို့ ကြည့်ရှုစေခြင်းမျိုး လုံးဝမပြုလုပ်ရန် အကြံပြုထားပါတယ်။
■ ယူကေတက္ကသိုလ် ၄ ခုမှ သုတေသီများဟာ ကလေးငယ်တစ်ဦးရဲ့ဘဝ အရေးအကြီးဆုံးအချိန်ဖြစ်တဲ့ ပထမဆုံးရက်ပေါင်း ၁,၀၀၁ ရက်အတွင်း ဒီဂျစ်တယ်ဖန်သားပြင်နဲ့ ထိတွေ့ခြင်းအန္တရာယ်များကို ဆန်းစစ်လေ့လာခဲ့ကြပါတယ်။
■ အသက်ငယ်စဉ်မှာ ဖန်သားပြင်နဲ့ ထိတွေ့ခြင်းဟာ စကားပြောဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းသွားခြင်း၊ ကလေးနဲ့မိဘကြား ရင်းနှီးမှုလျော့နည်းသွားခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ ကလေးတွေ ငိုယိုနေတဲ့အခါ ဒီဂျစ်တယ်ပစ္စည်းတွေ အသုံးပြုပြီး ချော့လိုက်ခြင်းက မိဘစောင့်ရှောက်သူများအပေါ် မှီခိုမှုကို အစားထိုးလိုက်သလိုဖြစ်သွားပြီး ကလေးရဲ့ စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ထိခိုက်စေနိုင်ပါတယ်။
■ မရည်ရွယ်ဘဲ အသုံးပြုမိတာမျိုး ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် ဖွံ့ဖြိုးဆဲအရွယ်မှာ ရည်ရွယ်ချက်ရှိရှိ စက်ပစ္စည်းများ အသုံးပြုစေခြင်းက အကျိုးကျေးဇူး ထူးထူးခြားခြားပေးနိုင်မှာမဟုတ်ပါဘူး။
■ မိဘများကို ကူညီပံ့ပိုးနိုင်ရန် လက်ရှိလမ်းညွှန်ချက်များကို ပြန်လည်ပြင်ဆင်ရန်နဲ့ ကလေးများရဲ့ ဖန်သားပြင်အသုံးပြုမှု အန္တရာယ်ဆန်းစစ်ချက်များကို သတ်မှတ်ပေးရန် ကျွမ်းကျင်သူများက မူဝါဒချမှတ်သူများကို တိုက်တွန်းထားပါတယ်။
■ ပိုမိုရှင်းလင်းတဲ့ လမ်းညွှန်ချက်များ ပေးခြင်းဖြင့် မိဘများအနေဖြင့် ကလေးငယ်များကို ငယ်စဉ်တည်းက ဖန်သားပြင်ကြည့်စေတဲ့ အလေ့အကျင့်ဆိုးများ ပြုလုပ်စေခြင်းမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: Indian Express
Page 41 of 1237