တရုတ်ဒုဝန်ကြီးချုပ် တင်ရွှေ့ရှောင်က လူသားမျိုးနွယ်တွေရဲ့ ဘုံတူညီတဲ့တန်ဖိုးများကို ထောက်ပံ့ဖို့နဲ့ တန်းတူညီမျှပြီး စနစ်ကျတဲ့ ဘက်ပေါင်းစုံကမ္ဘာကြီးအဖြစ် မြှင့်တင်ဖို့အပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း မြှင့်တင်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
#Asia_Politics
Published 24 June 2025
#တရုတ်ဒုဝန်ကြီးချုပ်တောင်းဆို #တရုတ်ဒုဝန်ကြီးချုပ်တင်ရွှေ့ရှောင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 June 2025
၁။ စစ်ကိုင်းခရီးသွားဇုန်မှ ငလျင်ကြောင့်ထိခိုက်ခဲ့သည့် ဟိုတယ်၁၀လုံးကိုပြင်ဆင်၊ ဖွင့်လှစ်ခွင့်ရရန်တင်ပြထား
၂။ စက်သုံးဆီလုပ်ငန်းရှင်များကို ဇွန်လအတွင်း ဒေါ်လာ ၁၂၅ သန်း ဗဟိုဘဏ်ထုတ်ရောင်းမည်
၃။ ငလျင်ဘေးသင့်လူဦးရေ တစ်သိန်းခွဲကို ပြန်လည်ထူထောင်ရေး အကူအညီများပေးအပ်မည်
၄။ လူသားတို့၏ဘုံတူညီတန်ဖိုးများနှင့် ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာကြီးဖြစ်စေရန် တရုတ်ဒုဝန်ကြီးချုပ်တောင်းဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 24 June 2025
▪️ အစ္စရေးလ်နဲ့ အီရန်တို့ကြား အပစ်အခတ်ရပ်စဲရေးက ယခုစတင်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အင်္ဂါနေ့မှာ ပြောကြားလိုက်ပြီး နှစ်နိုင်ငံစလုံးအနေနဲ့ ဒါကိုမချိုးဖောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
▪️ ဒီမတိုင်ခင် နာရီပိုင်းအတွင်းကပဲ အီရန်က ဒုံးကျည်များဖြင့်ပစ်ခတ်သဖြင့် လူ ၄ ဦးသေဆုံးခဲ့ကြောင်း အစ္စရေးလ်လူနာတင်ယာဉ်အဖွဲ့က ဆိုပါတယ်။
▪️ ထရမ့်မကြေညာခင် အစ္စရေးလ်တောင်ပိုင်း တဲလ်အဗစ်နဲ့ ဘီယာရှီဘာအနီးမှာ ပေါက်ကွဲသံများ ကြားခဲ့ရတာတွေ ရှိပါတယ်။
▪️ အပစ်အခတ်ရပ်စဲရေး မကြေညာခင်လေးမှာပဲ အီရန်က နောက်ဆုံးအနေဖြင့် ဒုံးကျည်များပစ်ခတ်ခဲ့တယ်လို့ အီရန်မှ SNN သတင်းဌာနက ဖော်ပြထားပါတယ်။
▪️ အီရန်ဘက်က နောက်ထပ်တိုက်ခိုက်မှု မလုပ်ဘူးဆိုရင် အစ္စရေးလ်က အပစ်အခတ်ရပ်စဲရေးကို သဘောတူညီကြောင်း ထရမ့်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူနဲ့ ဖုန်းပြောဆိုညှိနှိုင်းခဲ့တယ်လို့ အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောပါတယ်။
▪️ ၁၂ ရက်ကြာစစ်ပွဲကို အဆုံးသတ်ဖို့ရာ ရဲစွမ်းသတ္တိနဲ့ အမြော်အမြင်ရှိတဲ့အတွက် အစ္စရေးလ်ရော အီရန်ကိုပါ ဂုဏ်ပြုလိုကြောင်း ထရမ့်က Truth Social မှာ ဖော်ပြထားပါတယ်။
▪️ အင်္ဂါနေ့ အီရန်စံတော်ချိန် နံနက် ၄ နာရီမတိုင်ခင်မှာ အစ္စရေးလ်အနေနဲ့ ရန်လိုတိုက်ခိုက်မှုတွေကို ရပ်တန့်မယ်ဆိုရင် အီရန်ကလည်း ဆက်ပြီးတုံ့ပြန်တိုက်ခိုက်ဖို့ မရှိဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘက်အာရက်ခီက အင်္ဂါနေ့အစောပိုင်းမှာ ပြောခဲ့ပါတယ်။
▪️ အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတစ်ခုကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်ရာမှာ ဒုံးကျည် ၁၄ စင်းပစ်ခတ်ခဲ့ပေမယ့် အလွန်အားနည်းခဲ့ပြီး ထိရောက်စွာ ခုခံနိုင်ခဲ့တယ်လို့ ထရမ့်ကပြောပါတယ်။
▪️ အမေရိကန်အစိုးရက ယင်းတို့ဟာ အီရန်နျူကလီးယားအစီအစဉ်ကိုသာ ဖျက်ဆီးရန်ရည်ရွယ်ပြီး စစ်ပွဲဖြစ်ရန်မလိုလားဘူးလို့ ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောပါတယ်။
#World_Science
Published 23 June 2025
▪️ မယ်ရီလန်းတက္ကသိုလ်မှ အင်းဆက်ပိုးမွှားပညာရှင် အပါအဝင် သုတေသီအဖွဲ့ဟာ ခြင်တွေမှာ လိင်မှတဆင့်ကူးစက်တဲ့ရောဂါ ဖြစ်စေပြီး ငှက်ဖျားရောဂါတိုက်ဖျက်မယ့် လက်နက်ကြီးတစ်ခုအကြောင်း ဖော်ပြလာပါတယ်။
▪️ ကမ္ဘာပေါ်မှာ ငှက်ဖျားကြောင့် နှစ်စဉ်လူပေါင်း ၆ သိန်းကျော် သေဆုံးနေပြီး ယနေ့ခေတ်ခြင်တွေက ဓာတုကုသနည်းတွေနဲ့ ငှက်ဖျားပျောက်ဆေးတွေကို ခံနိုင်ရည်ရှိလာပါတယ်။
▪️ Metarhizium လို့ခေါ်တဲ့ သဘာဝမှိုပိုးမွှားတစ်မျိုးကို ခြင်မရဲ့ခန္ဓာကိုယ်ထဲ ထည့်သွင်းတဲ့အခါ ခြင်မတွေကို သေစေနိုင်လောက်တဲ့ အာရုံကြောအဆိပ် ထွက်စေပါတယ်။
▪️ ခြင်ထီးတွေကို ထိုမှိုဆေးရည်နဲ့ ဖျန်းလိုက်ပြီးနောက် ခြင်မတွေနဲ့ မိတ်လိုက်စေကာ မှိုပိုးမွှားကူးစက်သွားစေပါတယ်။
▪️ မိတ်လိုက်ပြီးနောက် ၂ ပတ်အတွင်းမှာ ခြင်မ ၉၀ ရာခိုင်နှုန်းနီးပါး သေဆုံးသွားကြောင်း အနောက်အာဖရိက ဘာကီနာဖာဆိုမှာ စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
▪️ Metarhizium မှိုဟာ ခြင်မတွေကို သေစေနိုင်ပေမယ့် လူသားတွေမှာတော့ အန္တရာယ်မဖြစ်စေပါဘူး။
▪️ မှိုထည့်သွင်းပေးထားတဲ့ ခြင်ထီးတွေဟာ ခြင်မတွေနဲ့ စစထိတွေ့ပြီးနောက် ၂၄ နာရီအထိ ကူးစက်စေနိုင်တာကို တွေ့ရပါတယ်။
▪️ ဒါ့အပြင် ဒီခြင်တွေဟာ ပိုးမွှားသတ်ဆေးတွေကိုလည်း သိပ်ပြီးအနံ့မခံနိုင်တော့ဘဲ ပိုမိုထိတွေ့စေနိုင်ပါသေးတယ်။
▪️ ပြုပြင်ထုတ်လုပ်ထားတဲ့ Metarhizium တွေဟာ အခြားကဏ္ဍတွေမှာလည်း ပိုးမွှားအင်းဆက်များ ထိန်းသိမ်းရန်အတွက် အသုံးပြုနေပြီး ခြင်တွေကို တိုက်ဖျက်ရာမှာ အားကိုးရာအသစ် ဖြစ်လာနိုင်ပါတယ်။
#Source: Phys
#World_Health
Published 23 June 2025
▪️ စိတ်ဓာတ်ကျပြဿနာရှိသူတွေဟာ ဘဝနောက်ပိုင်းမှာ ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေများတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။
▪️ အထူးသဖြင့် အသက် ၄၀၊ ၅၀ ၊ ၆၀ ဝန်းကျင်တွေမှာ စိတ်ဓာတ်ကျပြဿနာဖြစ်ရင် ဖြစ်နိုင်ခြေများပါတယ်။
▪️ နော့တင်ဂမ်တက္ကသိုလ်၊ အဒီလိတ်တက္ကသိုလ်၊ ဩစတြေးလျ ကာတင်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်တွေက သုတေသနပြုလုပ်ထားတာ ဖြစ်ပါတယ်။
▪️ စိတ်ကျပြဿနာဟာ စိတ်ကျန်းမာရေးကို သက်ရောက်စေရုံမက ရေရှည်မှာ ဦးနှောက်ကိုပါ ထိခိုက်နိုင်တယ်လို့ သုတေသီ ဂျေကော့ဘရိန်းက ဆိုပါတယ်။
▪️ ဒါကြောင့် ဘယ်လိုအသက်အရွယ်ပဲဖြစ်ဖြစ် စိတ်ကျပြဿနာကို ကုသဖို့က အရေးကြီးတာ ဖြစ်ပါတယ်။
▪️ ဒီမန်ရှာရောဂါဆိုတာက မှတ်ဉာဏ်ပိုင်းနဲ့ စဉ်းစားတွေးတောမှုပိုင်းတို့ ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။
▪️ ဦးနှောက်ကျုံ့သွားပြီးတော့ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ပြောဆိုတွေးတောမှု နေ့စဉ်အလုပ်တွေမှာ ခက်ခဲခြင်းတို့ ဖြစ်လာပါတယ်။
▪️ ဒီမန်ရှာရောဂါထဲမှာမှ အဖြစ်အများဆုံး အယ်ဇိုင်းမားရောဂါဆိုရင် ကမ္ဘာတဝှမ်းရှိ လူပေါင်း ၅၇ သန်းမှာ ဖြစ်နေပြီး ကုသနည်းလမ်း မရှိပါဘူး။
▪️ ဒီပြဿနာတွေဟာ ဦးနှောက်၊ သွေးကြောများ၊ ဟော်မုန်းများ၊ မျိုးဗီဇတို့မှာ အပြောင်းအလဲဖြစ်သွားတာနဲ့ ဆက်စပ်နေနိုင်တယ်လို့ သုတေသီများ ပြောပါတယ်။
▪️ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေမှာ စိတ်ကျပြဿနာဖြစ်ခြင်းက နောက်ပိုင်းမှာ ဒီမန်ရှာစတင်ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေဖြစ်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။
#Source: India Today
အစ္စရေးလ်နဲ့ အီရန်တို့ကြား တင်းမာမှုမြင့်တက်နေရာမှာ တူရကီက အီရန်နဲ့ထိစပ်နေတဲ့ နယ်စပ်မှာ လုံခြုံရေးတင်းကြပ်မှုများ ဆောင်ရွက်နေပါတယ်။
#World_Crisis
Published 23 June 2025
#တူရကီဘက်သို့နယ်စပ်ဖြတ်ကျော်ထွက်ပြေး #စစ်ပွဲပဋိပက္ခ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 23 June 2025
၁။ စားအုန်းဆီ တစ်ပိဿာ ကျပ်၁၀၀ ကျော် အထိထပ်မံကျဆင်း
၂။ Agro-based Textile industrial Complex တည်ဆောက်မည်
၃။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်လက်မှတ်ရေးထိုး
၄။ စစ်ပွဲပဋိပက္ခကြောင့် တူရကီဘက်သို့နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသောအီရန်အရေအတွက်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 41 of 1017