အဆင့်မြင့်နည်းပညာသစ်များပါဝင်သည့် စမတ်နာရီများနှင့်တက်ဘလက်များအား ဟွာဝေးပြသ
ဟွာဝေးနည်းပညာကုမ္ပဏီကြီးက ဆန်းသစ်တဲ့ စမတ်နာရီများနဲ့ နောက်ဆုံးပေါ် တက်ဘလက်များကို ကြာသပတေးနေ့က စပိန် ဘာစီလိုနာမှာ ကျင်းပတဲ့ပြပွဲမှာ ပြသခဲ့ပါတယ်။
#World_Event
Published 24 September 2024
#စမတ်နာရီများနှင့်တက်ဘလက်များ #ဟွာဝေးပြသ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 24 September 2024
၁။ ရေဘေးသင့်အင်းလေးဒေသအတွက် သောက်သုံးရေနှင့် ဆိုလာဓာတ်မီးများအရေးပေါ်လိုအပ်နေ
၂။ တောင်ကိုးလုံးတောင် အနောက်ဘက်ခြမ်းပြိုကျ၍ ကျေးရွာလေးရွာရှိ မူလွန်ကျောင်းအပါအဝင် နေအိမ်နှင့်လမ်းများပျက်စီးပိတ်မိနေ
၃။ ကမ္ဘာ့ရွှေဈေးမြင့်တက်ပြီးဒေါ်လာ (၂၆၃၀)အထိဖြစ်လာ၊ မြန်မာ့ရွှေဈေးပါလိုက်တက်
၄။ အဆင့်မြင့်နည်းပညာသစ်များပါဝင်သည့် စမတ်နာရီများနှင့် တက်ဘလက်များအား ဟွာဝေးပြသ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၄ စက်တင်ဘာ ၂၀၂၄
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံခဲ့ပြီး ဗာတီ ကန်ကိုလည်း လုံခြုံသည့်ခိုလှုံရာနေရာ အဖြစ် ကမ်းလှမ်းလိုက်ကြောင်း ပုပ်ရဟန်းမင်းကြီးက အာရှ ရှိ ခရစ်ယာန်ဘာသာဝင်များနှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုတွင် ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရ သိရပါတယ်။
“ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး သူ့သားနှင့် ရောမမှာတွေ့ဖို့ ကျွန်ုပ် မေတ္တာရပ်ခံခဲ့ပါတယ်။ ကျွန်ုပ်တို့ရဲ့ နယ်မြေ ဗာတီကန်မှာ သူ့သားနှင့်တွေ့ဆုံဖို့ ကျွန်ုပ် ကမ်းလှမ်းခဲ့ပါတယ်” လို့ မကြာသေးခင်က အရှေ့တောင်အာရှတစ်လွှား ၁၂ရက်ကြာခရီးအတွင်း ပုဂ္ဂိုလ်ရေး ပြောဆိုမှုတစ်ခုမှာ ပုပ်ရဟန်းမင်း ကပြောဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၈၇နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလတုန်းက မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပါသေးတယ်။
အီတလီသတင်းစာတစ်စောင်ဖြစ်တဲ့ Corriere della Sera က ပုပ်ရဟန်းမင်းကြီရဲ့ အဆိုပါ ပြောကြားချက်ပါဝင်တဲ့ ရောမအခြေစိုက် ခရစ်ယာန်ဘုန်းတော်ကြီး အန်တိုနီယိုစပက်ဒါရို ရဲ့ဆောင်းပါး ကို ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ဘုန်းတော်ကြီး အန်တိုနီယိုစပက်ဒါရိုဟာ တွေ့ဆုံပွဲတွေတက်ခဲ့သူ ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခွင့်ပြုချက်နှင့် ရေးသားခဲ့တာလို့ဆိုပါတယ်။
“ မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ ဂုဏ်သိက္ခာနှင့် အားလုံးရဲ့ အခွင့်အရေးကို လေးစားကြခြင်းဖြင့် အခြေပြုရ လိမ့်မယ်။ အာလုံးရဲ့ အကျိုးစီးပွားကို လူတိုင်းဆောင်ရွက်ခွင့်ရှိတဲ့ ဒီမိုကရက်တစ်အစီအစဉ်တစ်ခုကို လေးစားကြရမယ်” လို့လည်း ပုပ်ဖရန်စစ်က ဆက်လက်ပြောကြားပါတယ်။
အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ခုနှစ် တပ်မတော်က အာဏာရယူပြီး ကတည်းက ထိန်းသိမ်းခံခဲ့ရပြီး ယခုအခါ နိုင်ငံတော်သစ္စာဖောက်မှုမှသည် လာဘ်စားမှု နှင့် ဆက်သွယ်ရေး ဥပဒေချိုးဖောက်မှုများဖြင့် ထောင်ဒဏ် ၂၇နှစ်ကျခံနေရပါတယ်။ အဲဒီအမှုတွေကို သူမက ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာတော့ သူမကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ် အဖြစ် ပြောင်းရွှေ့ချထားခဲ့ပါတယ်လို့ ဘန်ကောက်ပို့စ်ကရေးသားပါတယ်။
@ymg/knl
#World_News
Published 24 September 2024
▪️ အမေရိကန်မှ ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ဆောင်မယ်ဆိုပါက လာမယ့်နှစ်မှာ ရုရှားနဲ့ ယူကရိန်းစစ်ပွဲ မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်လိမ့်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လန်စကီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
▪️ ယခုနှစ်ကုန်ပိုင်းမှာ အမေရိကန်နဲ့ ယူကရိန်းတို့ကြား ပူးပေါင်းဆောင်ရွက်ရေး အားကောင်းလာစေမယ့် အခွင့်အရေး ရှိနေပြီလို့ ဇယ်လန်စကီက အမေရိကန် ကွန်ဂရက်မှ နှစ်ဖက်ပါတီထောက်ခံသူ ကိုယ်စားလှယ်နဲ့ တွေ့ဆုံအပြီး တယ်လီဂရမ်မှာ ဖော်ပြခဲ့ပါတယ်။
▪️ ဇယ်လန်စကီက ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်သို့ ရောက်ရှိနေတာဖြစ်ပါတယ်။
▪️ ဒီနောက်မှာ ဝါရှင်တန်သို့သွားပြီး သူ့ရဲ့ စစ်ပွဲအောင်နိုင်ရေး အစီအစဉ်ကို ချပြမှာဖြစ်ကာ နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန် ရွေးကောက်ပွဲမှာ မည်သူအနိုင်ရသည်ဖြစ်စေ အိမ်ဖြူတော်ရဲ့ စစ်ပွဲအပေါ်မူဝါဒနဲ့ ပတ်သက်ပြီး ဆက်လက်တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
▪️ ရီပတ်ဘလစ်ကန် သမ္မတရွေးကောက်ခံ ကိုယ်စားလှယ် ဒေါ်နယ်ထရမ့်က ယင်းသာ ရွေးချယ်ခံရပါက စစ်ပွဲကို ရက်ပိုင်းအတွင်း အဆုံးသတ်ပေးမယ်လို့ ပြောထားပေမယ့် ယူကရိန်းသမ္မတဟာ ဒီမိုကရက်တွေကို အနိုင်ရစေချင်တယ်လို့ သက်သေမရှိဘဲ ဆိုထားပါတယ်။
▪️ ဇယ်လန်စကီကတော့ အိမ်ဖြူတော်မှာ ဘယ်သူပဲတာဝန်ယူသည်ဖြစ်စေ ပူးပေါင်းလုပ်ဆောင်သွားရန် ဆန္ဒရှိတယ်လို့ ပြောထားပါတယ်။
▪️ ABC News နဲ့ အင်တာဗျူးရာမှာ ဇယ်လန်စကီက ယူကရိန်းကို ဆက်လက်ထောက်ပံ့ဖို့ အမေရိကန်နဲ့ မဟာမိတ်များကို တိုက်တွန်းလိုက်ပါတယ်။
▪️ အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းကို ဒေါ်လာဘီလီယံချီ ထောက်ပံ့ထားကာ ရုရှားကိုတော့ ဒဏ်ခတ်ပိတ်ဆို့မှု အများအပြား ချမှတ်နေပါတယ်။
▪️ တကယ်တော့ ငြိမ်းချမ်းရေးရဖို့က ထင်ထားတာထက် ပိုနီးစပ်နေပြီလို့ ဇယ်လန်စကီက မှတ်ချက်ပြုပါတယ်။
▪️ အရေးသာနေတဲ့ အနေအထားကနေပဲ ရုရှားသမ္မတပူတင်ကို စစ်ပွဲရပ်တန့်စေလိမ့်မယ်လို့ ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 24 September 2024
▪️ စားစရာထုပ်ပိုးခြင်းနဲ့ ပြင်ဆင်ခြင်းတို့မှာ အသုံးပြုတဲ့ ဓာတုပစ္စည်းပေါင်း ၃၆၀၀ ကျော်ကို လူသားခန္ဓာကိုယ်တွေထဲမှာ တွေ့ရှိခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်နေ့က လေ့လာဖော်ပြခဲ့ပါတယ်။
▪️ အချို့ဓာတုတွေဆိုရင် ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ကာ အခြားဓာတုတွေကိုတော့ သိပ်မသိကြသေးပါဘူး။
▪️ ထိုထဲက ဓာတုပစ္စည်း ၁၀၀ လောက်ဟာ လူ့ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ဦးဆောင်သုတေသီ ဘာဂျစ်ဂူကဲက ပြောပါတယ်။
▪️ PFAS နဲ့ ဘိုင်စဖီနောလ်-အေ တို့လို ဓာတုပစ္စည်းတွေဆိုရင် ခန္ဓာကိုယ်ထဲ တွေ့ရှိထားပြီး ဖြစ်သလို့ တားမြစ်တဲ့ထဲ ပါဝင်ပါတယ်။
▪️ အခြားဓာတုတွေရဲ့ သက်ရောက်ပုံတွေကိုတော့ သေချာမသိသေးတာကြောင့် ပိုမိုလေ့လာဖို့ ဂူကဲက တောင်းဆိုလိုက်ပါတယ်။
▪️ စက္ကူ၊ ဖန်၊ သတ္တု၊ ပလတ်စတစ်တို့နဲ့ ပြုလုပ်တဲ့ အထုပ်အပိုးကနေ အစားအစာထဲသို့ ရောက်နိုင်တဲ့ ဓာတုပစ္စည်း (FCC) ၁၄၀၀၀ ခန့်ရှိတယ်လို့ သုတေသီများ ပြောပါတယ်။
▪️ ခန္ဓာကိုယ်ထဲမှာ တွေ့ရတဲ့ ဓာတုပစ္စည်းတွေ အားလုံး အထုပ်အပိုးကြောင့်ပဲလို့တော့ မဆိုနိုင်ဘဲ အခြားအကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
▪️ ပလတ်စတစ်လုပ်ရာမှာ အသုံးပြုပြီး ဟော်မုန်းအနှောင့်အယှက် ဖြစ်စေတဲ့ ဘိုင်စဖီနော်လ်-အေကိုလည်း တွေ့ထားပြီး ကလေးနို့ဗူးတွေမှာ အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။
▪️ သဲလိတ်လို့ခေါ်တဲ့ ဓာတုပစ္စည်းဟာဆိုရင် မျိုးမပွားနိုင်ခြင်းကို ဖြစ်စေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ထိုဓာတုတွေ အများအပြား တွေ့ရလားဆိုတာတော့ လေ့လာချက်မှာ မပြောထားပါဘူး။
▪️ ဒါပေမဲ့ ဒီဓာတုပစ္စည်းတွေက ပလတ်စတစ်ကနေ စားစရာသို့ ရောက်ရှိနိုင်ကာ နမူနာတစ်မျိုးမှာပင် ဓာတုပေါင်း ၃၀ လောက်ရှိနိုင်တယ်လို့ သတိပေးနေပါတယ်။
#Source: WION
#World_Health
Published 24 September 2024
▪️ တဲလ်အေဗစ်တက္ကသိုလ်နဲ့ ဥရောပကင်ဆာတက္ကသိုလ်တို့က အန်နျူပလွိုက်လို့ခေါ်တဲ့ ခရိုမိုဆုန်း အရေအတွက်မမှန်တဲ့ ကင်ဆာဆဲလ်တွေကို အသေအချာ လေ့လာခဲ့ကြကာ ကင်ဆာကုသနည်းမှာ တိုးတက်စေနိုင်မယ့် တွေ့ရှိချက်များ ထုတ်ဖော်ခဲ့ကြပါတယ်။
▪️ ကင်ဆာဆဲလ် အများအပြားက အန်နျူပလွိုက်များဖြစ်ကာ ကင်ဆာကုသဆေးအချို့ဖြင့် ကင်ဆာဆဲလ်များအပေါ် ပိုမိုထိရောက်စေတာကြောင့် ကင်ဆာအကျိတ်များ ဖယ်ရှားဖို့ နည်းလမ်းအသစ်များ ဖြစ်လာနိုင်ပါတယ်။
▪️ လူသားတွေမှာ ကြံ့ခိုင်တဲ့ဆဲလ်တွေက ခရိုမိုဆုန်း ၄၆ ခုရှိကြပေမယ့် ကင်ဆာဆဲလ်တွေမှာတော့ အရေအတွက် မမှန်ကြပါဘူး။
▪️ အန်နျူပလွိုက်ဆဲလ်တွေထဲက ပစ်မှတ်လို့ရနိုင်မယ့် အရာတွေကို တွေ့ရှိရင် ကျန်းမာတဲ့ဆဲလ်တွေကို မထိခိုက်ဘဲ ကင်ဆာကုသနိုင်လိမ့်မယ်လို့ ပရော်ဖက်ဆာ ဘင်ဒေးဗစ်က ရှင်းပြပါတယ်။
▪️ ယခုလေ့လာချက်မှာ မျိုးဗီဇအရ ထပ်တူညီတဲ့ လူသားဆဲလ်နမူနာတွေကို အသုံးပြုခဲ့ပြီး ခရိုမိုဆုန်း မတူညီကြပါဘူး။
▪️ ဒီနောက် အန်နျူပလွိုက်ဆဲလ် လက္ခဏာများကို အချက်အလက်များ မှတ်သားကာ အနာဂတ်မှာ ကင်ဆာလူနာတွေကို ထိရောက်စွာ ဘယ်လိုကုသမလဲဆိုတာကို သိရှိလာစေမှာ ဖြစ်ပါတယ်။
▪️ ဒီအင်န်အေ ပျက်စီးခြင်းတွေကိုလည်း အန်နျူပလွိုက်ဆဲလ်တွေက ပြုပြင်ပေးတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ဒါကို စမ်းသပ်ရာမှာ ဓာတုကုထုံးဖြင့် ဆဲလ်အပျက်အစီးတွေကို သိရှိစေတာ တွေ့ရှိခဲ့ကြပါတယ်။
ဒါ့အပြင် ခရိုမိုဆုန်း များလာတဲ့အခါ ဒီအင်န်အေ၊ အာရ်အင်န်အေ၊ ပရိုတိန်းထုတ်လုပ်မှုများ ပိုများလာပါတယ်။
▪️ အန်နျူပလွိုက်ဆဲလ်တွေက ပိုလျှံနေတဲ့ အာရ်အင်န်အေနဲ့ ပရိုတိန်းတွေကို လျှော့ချကာ လက်ရှိဆေးတွေကို သိရှိစေတယ်လို့ တဲလ်အေဗစ်မှ ပရော်ဖက်ဆာ ယိုဟာနာဇာဘစ်က ပြောပါတယ်။
▪️ အန်နျူပလွိုက်ဆဲလ် ဝိသေသ အချက်အလက်များကို စုစည်းကာ ကင်ဆာလူနာတွေ ဘယ်ကုသနည်းနဲ့ ထိရောက်စေလဲဆိုတာ သိရှိနိုင်ပြီး အနာဂတ်မှာ သုတေသီများ၊ ကင်ဆာပညာရှင်များ၊ လူနာများ အကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။
#Source: The Jerusalem Post
အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေးအတွက် ပွင့်လင်းမြင်သာစွာချပြရန်အရေးကြီးဟု အမေရိကန်နိုင်ငံသားများရှုမြင်
အစိုးရရုံးတွေမှာ လုပ်ကိုင်နေသူတွေအနေနဲ့ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိခြင်းက အကောင်းဆုံး အတိုင်းအတာဖြစ်တယ်လို့ အမေရိကန်ပြည်သူများက CGTN နဲ့ အင်တာဗျူးတွေမှာ ဖြေကြားခဲ့ပါတယ်။
#World_News
Published 23 September 2024
#အကျင့်ပျက်ခြစားမှု #ပွင့်လင်းမြင်သာစွာချပြရန်
#YMG #Yangon_Times #Yangon_Media_Group
Page 42 of 822