#World_Health
Published 05 December 2025
■ ဆေးဝါးတွေမသုံးဘဲနဲ့ သွေးပေါင်ချိန်ကျစေနိုင်မယ့် အမြန်ဆုံးနည်းလမ်းတွေအကြောင်းကို အိန္ဒိယဂျူပီတာဆေးရုံမှ ဒေါက်တာ အာမစ်ဆာရက်ဖ်က ဆွေးနွေးပြောပြသွားပါတယ်။
■ အမြန်ဆုံးထိရောက်ဖို့အတွက်ဆိုရင် ဆားလျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊ အိပ်စက်ခြင်းနဲ့ ဖိစီးမှုထိန်းချုပ်ခြင်းတို့ တိုးတက်အောင်ပြုလုပ်ခြင်းကို အတူတကွ အလေးပေးလုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
■ ဒီနည်းလမ်းတွေက သွေးကြောတွေ ဘယ်လိုတုံ့ပြန်လဲဆိုတာနဲ့ နှလုံးကနေ ဘယ်လောက်ဖိအားနဲ့ ညှစ်ထုတ်လဲဆိုတာကို တိုက်ရိုက်သက်ရောက်စေကာ ဒီအတိုင်းပြောင်းလဲကျင့်ကြံတဲ့သူတွေမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း အကျိုးကျေးဇူးများ တွေ့ရတယ်လို့ ပြောပါတယ်။
■ အစားအသောက်အပိုင်းမှာဆိုရင် ဆိုဒီယံဖြစ်တဲ့ အငန်ဓာတ်လျှော့ချခြင်းက အရေးကြီးပါတယ်။
■ ဟင်းသီးဟင်းရွက်အခြေပြု စားစရာများကို ပိုစားပေးခြင်းဖြင့် ဆိုဒီယံရဲ့ ဘေးအန္တရာယ်တွေကို ပြန်လည်တုံ့ပြန်နိုင်ပါတယ်။
■ ပြည့်ဝဆီတွေနဲ့ သကြားကို ကန့်သတ်သင့်ပြီး အဓိကက ဆားအများအပြား စားသုံးခြင်းကိုရှောင်ရှားသင့်ပါတယ်။
■ နေ့စဉ်မိနစ် ၃၀ ခန့် ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း၊ အိပ်ရေးဝအောင်အိပ်ပြီး ဖိစီးမှုလျှော့ချခြင်း၊ ဆေးလိပ်နဲ့ အရက်ရှောင်ရှားခြင်းဖြင့် အမြန်ဆုံးထိရောက်မှု ရနိုင်ပါတယ်။
■ အိမ်မှာ သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပေးပြီး အထက်ပါနည်းလမ်းတွေအတိုင်း အမြဲကျင့်ကြံနေထိုင်ရပါမယ်။
■ အဓိကသုံးချက်ဖြစ်တဲ့ ဆား၊ လှုပ်ရှားခြင်းနဲ့ အိပ်စက်ခြင်းတို့က သွေးပေါင်ချိန်ကျပြီး ရေရှည်နှလုံးကျန်းမာရေး ကာကွယ်ဖို့အတွက် အခြေခံအကျဆုံး အမြန်ဆုံးနည်းလမ်းတွေ ဖြစ်ပါတယ်။
Source: Indian Express
မြို့ပြပြုပြင်ထိန်းသိမ်းရေးအတွက် ဖန်တီးထားတဲ့ တရုတ်ပြည်ထုတ် စက်ရုပ်တွေက ရှင်ကျန်မြို့မှ Community Service Robot ပြပွဲမှာ သူတို့ရဲ့ အဆင့်မြင့်စွမ်းရည်များကို ပြသခဲ့ပါတယ်။
#Asia_Technology
Published 04 December 2025
#တရုတ် #စက်ရုပ်
#YMG #Yangon_Times #Yangon_Media_Group
#World_Health
Published 04 December 2025
■ အရေးအပါဆုံး ကိုယ်တွင်းအင်္ဂါတွေထဲမှာ ကျောက်ကပ်အပါအဝင် ဖြစ်ပါတယ်။
■ စွန့်ထုတ်ခြင်း၊ အရည်နဲ့ဆားများ ထိန်းညှိပေးခြင်း၊ ဟော်မုန်းထုတ်လုပ်ပေးခြင်း၊ ခန္ဓာကိုယ်ဟန်ချက်ညီစေခြင်း စသဖြင့် အလုပ်များစွာ လုပ်ဆောင်ပါတယ်။
■ ဒါကြောင့် ကျောက်ကပ်ကို သေချာမထိန်းသိမ်းတဲ့အခါ ပျက်စီးလာနိုင်ပါတယ်။
■ ရောဂါလက္ခဏာတွေကို သတိမထားမိပါက ဆိုးဆိုးရွားရွား ပျက်စီးသွားနိုင်ပါတယ်။
■ အူတာကျန်းမာရေးတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကြွက်တွေမှာ ဆယ်ရာမိုက်မော်လီကျူးများကို ပိတ်ပင်ပြီး ကျောက်ကပ်ထိခိုက်ပျက်စီးခြင်းကို လုံးဝပြန်လည်ကုစားနိုင်လိမ့်မယ်လို့ ဖော်ပြလာပါတယ်။
■ ဆယ်ရာမိုက်တွေက ကျောက်ကပ်ဆဲလ်တွေရဲ့ စွမ်းအားရင်းမြစ်ဖြစ်တဲ့ မိုက်တိုကွန်ဒရီယာကို ဖျက်ဆီးပစ်ပါတယ်။
■ ကျောက်ကပ်ထိခိုက်ခြင်းကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်လာနိုင်ကာ ကုသရအလွန်ခက်ခဲနိုင်ပါတယ်။
■ စတော့ဆမ်းမားဦးဆောင်တဲ့ သုတေသနအဖွဲ့က ကြွက်တွေမှာ ဆယ်ရာမိုက်ထုတ်လုပ်မှုကို ပြောင်းလဲလိုက်ရာ ကျောက်ကပ်ပျက်စီးစေတဲ့ အခြေအနေမှာတောင် ကျောက်ကပ်ထိခိုက်ခြင်း မဖြစ်ခဲ့ပါဘူး။
■ သုတေသီတွေစမ်းသပ်တဲ့ဆေးက ကြွက်တွေမှာ ကျောက်ကပ်လုပ်ဆောင် ကောင်းမွန်စေပြီး ကျန်းမာတဲ့ပုံစံ တွေ့ရပါတယ်။
■ ဒီနည်းလမ်းသာ အောင်မြင်ပါက မိုက်တိုကွန်ဒရီယာနဲ့ ဆက်စပ်တဲ့ အခြားရောဂါတွေပါ အကျိုးရှိစေနိုင်မှာ ဖြစ်ပါတယ်။
■ ကြွက်တွေနဲ့ စမ်းသပ်ရာကနေ လူသားတွေနဲ့ စမ်းသပ်ဖို့လိုအပ်သေးသလို ဆေးရဲ့ဘေးကင်းစိတ်ချရမှု၊ ဇီဝဖြစ်စဉ်နဲ့ ဆေးပေးပုံပေးနည်းတို့လည်း စမ်းသပ်ရဦးမှာ ဖြစ်ပါတယ်။
Source: Times of India
#World_Science
Published 04 December 2025
■ မိမိရဲ့ သွေးအမျိုးအစားက မိမိရဲ့ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး၊ ဦးနှောက်ခွန်အားနဲ့ ဘဝလမ်းကြောင်းဦးတည်ချက်တို့ကို ဖော်ပြနိုင်တယ်လို့ ယူဆချက်တွေရှိပါတယ်။
■ ဒီအကြောင်းကို သိလိုစိတ်ရှိသူတွေအတွက် ပေါ့ပေါ့ပါးပါးဖြင့် လေ့လာသွားနိုင်အောင် ဖော်ပြထားပါတယ်။
■ (၁) သွေးအမျိုးအစား - အေ
တည်ငြိမ်တဲ့ အတွေးအခေါ်အယူအဆနဲ့ ဖန်တီးနိုင်စွမ်းရှိကာ စိတ်ပိုင်းဆိုင်ရာ ထိန်းသိမ်းနိုင်သလို လူမှုဆက်ဆံရေး သဟဇာတဖြစ်အောင် နေတတ်ပါတယ်။
စနစ်တကျ နေထိုင်တတ်ခြင်း၊ တည်ငြိမ်စွာ ဦးဆောင်နိုင်စွမ်းတို့ ထင်ပေါ်တတ်ပြီး စီးပွားရေးသမား၊ စာကြည့်တိုက်မှူး၊ စာရင်းကိုင်၊ ဂရပ်ဖစ်ဒီဇိုင်နာစတဲ့ အသက်မွေးဝမ်းကြောင်းနဲ့ သင့်လျော်ပါတယ်။
■ (၂) သွေးအမျိုးအစား - ဘီ
လွတ်လပ်စွာ တွေးခေါ်စိတ်ကူးပြီး သမားရိုးကျလမ်းစဉ် မလိုက်နာသူဖြစ်ပါတယ်။
အတွေ့အကြုံအသစ်တွေကို ခေါင်းထိုးဝင်ယူသူတွေဖြစ်ပြီး လွတ်လပ်စွာ ပြုမူနေထိုင်တာကြောင့် ခန့်မှန်းရခက်ပါတယ်။
သတင်းထောက်၊ အနုပညာရှင်၊ စွန့်ဦးတီထွင်သူ၊ ဂီတပညာရှင်လမ်းကြောင်းများက လွတ်လပ်စွာနေလိုသူတွေအတွက် သင့်လျော်ပါတယ်။
■ (၃) သွေးအမျိုးအစား - အို
မွေးရာပါ ခေါင်းဆောင်အရည်အချင်းရှိကာ ယုံကြည်ချက်ရှိရှိဖြင့် ရှေ့ဆက်ကြသလို ရည်မှန်းချက်၊ ဩဇာတို့ ပြည့်ဝပြီး သူများတွေထက် ပိုပြီးအကွက်မြင်တတ်ပါတယ်။
စီအီးအို၊ သရုပ်ဆောင်၊ နိုင်ငံရေးသမား၊ လှုံ့ဆော်အားပေးပြောကြားသူ စသဖြင့် လူတွေကို ဦးဆောင်ပြီး ခွန်အားဖြစ်စေတဲ့ လမ်းကြောင်းတွေက သင့်လျော်ပါတယ်။
■ (၄) သွေးအမျိုးအစား - အေဘီ
ပြဿနာတစ်ခုကို အဖက်ဖက်ကနေ ရှုမြင်တတ်ခြင်းက မွေးရာပါ ဝင်ရောက်ဖြေရှင်းနိုင်သူ ဖြစ်စေပါတယ်။
အခြေခံကျကျတွေးတောခြင်းနဲ့ စာနာမှုတို့ကြား မျှတစွာပြုမူခြင်းကြောင့် မထင်မှတ်လောက်အောင် ပြတ်သားတဲ့စိတ်ရှိပြီး ဆရာ၊ ရှေ့နေ၊ လူမှုလုပ်သား၊ ကျန်းမာရေးအတိုင်ပင်ခံတို့ သင့်လျော်ပါတယ်။
■ ဒီဖော်ပြချက်တွေက သိပ္ပံနည်းကျမဟုတ်ပေမယ့် အများစုဆင်တူကြတဲ့ စိတ်ပိုင်းဆိုင်ရာ အချက်အလက်တွေသာ ဖြစ်ပါတယ်။
Source: WECB
ဇန်ဒဿနကို အခြေခံတဲ့ တရုတ်ရိုးရာကိုယ်ခံပညာကျောင်းတစ်ခုဖြစ်တဲ့ ရှောင်လင်ကွန်ဖူးဟာ လက်တွေ့တိုက်ခိုက်မှုတွေမှာ ထိရောက်မှုရှိအောင် အာရုံစိုက်နေသလို တည်ငြိမ်အေးချမ်းတဲ့စိတ်နဲ့ စည်းကမ်းအပိုင်းမှာလည်း အလေးထားကြောင်း ရှောင်လင်ဆရာတစ်ဦး ပြောပါတယ်။
#Asia_Culture
Published 03 December 2025
#တရုတ်ရှောင်လင်ကွန်ဖူး #တရုတ်ရိုးရာကိုယ်ခံပညာ
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 03 December 2025
■ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ထိပ်သီးသံတမန်များ ခရင်မလင်မှာ ၅ နာရီကြာ ဆွေးနွေးပြီးနောက် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် အပေးအယူညှိနှိုင်းမရရှိခဲ့ဘူးလို့ ရုရှားအစိုးရရုံးချုပ် ခရင်မလင်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
■ ထရမ့်ကတော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံးစစ်ပွဲတစ်ခု အဆုံးသတ်ရေးက သူ့ရဲ့သမ္မတသက်တမ်းအတွင်း အရေးအကြီးဆုံး နိုင်ငံခြားရေးပေါ်လစီ ရည်မှန်းချက်တွေထဲက တစ်ခုဖြစ်တယ်လို့ အကြိမ်ကြိမ်ဆိုနေပါတယ်။
■ ထရမ့်ဟာ ပူတင်ရော ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကိုပါ စစ်ပွဲနဲ့ပတ်သက်ပြီး ကြိမ်းမောင်းထားပါတယ်။
■ ထရမ့်ရဲ့အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်၊ သားမက် ဂျရက်ကုရှ်နာတို့ဟာ ပူတင်နဲ့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဒီနောက်မှာ သဘောတူညီချက်တွေ မရရှိခဲ့ဘူးလို့ ပူတင်ရဲ့ နိုင်ငံခြားရေးပေါ်လစီလက်ထောက် ယူရီအူရှာကော့ဗ်က ပြောသွားပါတယ်။
■ အမေရိကန်ရဲ့ အဆိုပြုချက်အချို့ကို ပူတင်က သဘောမတွေ့စွာ တုံ့ပြန်ခဲ့ပါတယ်။
■ ဒွန်ဘတ်စ်လိုနယ်မြေမျိုးနဲ့ ပတ်သက်ပြီး အငြင်းပွားတဲ့ကိစ္စတွေမှာ ပူတင်က သဘောမကျဖြစ်နေပါတယ်။
■ ပူတင်နဲ့ထရမ့်ကြား တွေ့ဆုံဆွေးနွေးဖို့က လက်ရှိမှာ မစီစဉ်ရသေးဘဲ ဆွေးနွေးမှုတွေက အကျိုးရှိပြီး အမေရိကန်-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအတွက် အခွင့်အလမ်းများစွာ ရှိတယ်လို့ အူရှာကော့ဗ်က ပြောပါတယ်။
■ ဇယ်လန်စကီကတော့ ယင်းတို့လျှို့ဝှက်ညှိနှိုင်းတာတွေကို သတိပေးလိုက်ပြီး ငြိမ်းချမ်းရေးလမ်းစဉ်အတွက် မျှတအောင်ဆောင်ရွက်ဖို့ တိုက်တွန်းနေပါတယ်။
■ ပူတင်ကတော့ ပင်လယ်နက်တင်းမာမှုမြင့်တက်နေချိန်မှာ ဥရောပနဲ့ ယူကရိန်းကို ခြိမ်းခြောက်ပြောဆိုထားပါတယ်။
Source: Reuters
#World_Health
Published 03 December 2025
■ အလုပ်များလွန်းလှတဲ့ နေထိုင်မှုဘဝထဲမှာ ရေဓာတ်ဖြည့်ပေးဖို့ကို မေ့လျော့နေတတ်ကြပါတယ်။
■ ၂၀၂၅ ရေဓာတ်ခန်းခြောက်ခြင်း အချက်အလက်များအရ ကမ္ဘာပေါ်ကလူပေါင်း ၁၆ - ၂၁ ရာခိုင်နှုန်းလောက်ဟာ ရေဆာခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ဆီးသွားနည်းခြင်းစတဲ့ ရေဓာတ်ခန်းခြောက်ခြင်း လက္ခဏာများ တွေ့ရပြီး ရေသောက်နည်းခြင်းက ထင်ထားတာထက် ခန္ဓာကိုယ်ကို ပိုပြီးသက်ရောက်စေပါတယ်။
■ တစ်နေ့ကို ရေ ၅၀၀ မီလီလီတာသာ ပုံမှန်သောက်သုံးဖြစ်ပါက ဆီးသွားနည်းစေကာ ဆဲလ်တွေဆီကနေ ရေကိုဆွဲယူပြီး ပါးစပ်ခြောက်ခြင်း၊ နွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ခံစားရနိုင်ကြောင်း အာဟာရပညာရှင် အစ်ဆီတာချာကရာဘော်တီက ရှင်းပြပါတယ်။
■ ကြာလာတာနဲ့အမျှ ကြာရှည်ရေဓာတ်ခန်းခြောက်တဲ့အခါ ကျောက်ကပ်လုပ်ဆောင်ချက် ထိခိုက်လာပြီး ဆီးလမ်းကြောင်းရောဂါများ၊ ကျောက်တည်ခြင်းတို့ ဖြစ်နိုင်ခြေများလာပါတယ်။
■ အချို့သော အစားအစာတွေဆီကနေ ရေဓာတ်ရရှိနိုင်တယ်ဆိုပေမယ့် တစ်နေ့တာလိုအပ်ချက်အတွက်တော့ မလုံလောက်ပါဘူး။
■ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်အားလုံးမှာ ရေဓာတ်လုံလောက်စွာ ရရှိဖို့လိုအပ်ပြီး မလုံလောက်တဲ့အခါ ဆီးအရောင်ရင့်ခြင်း၊ အနံ့ပြင်းခြင်းတို့ ဖြစ်လာတတ်ပါတယ်။
■ ရေဓာတ်သာမန်လောက် ဆုံးရှုံးလျှင်ပင် စိတ်အခြေအနေ၊ နိုးကြားမှု၊ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှုတို့ကို သက်ရောက်စေကာ စိတ်နဲ့ခန္ဓာလှုပ်ရှားမှု၊ မှတ်ဉာဏ်ကျဆင်းခြင်းတို့ ဖြစ်စေနိုင်တယ်လို့ ရှင်းပြထားပါတယ်။
■ ဦးနှောက်ဆိုရင်လည်း ရေဓာတ်ပမာဏကို အလွန်အာရုံခံသိရှိပြီး ဦးနှောက်လုပ်ဆောင်ချက်တွေ သက်ရောက်စေပါတယ်။
■ ဒါကြောင့် တစ်နေ့တာမှာ ရေမဆာရင်တောင် ရေပုံမှန်သောက်ပေးခြင်း၊ ဆီးစစ်ဆေးခြင်း၊ အရည်ဓာတ်ပါတဲ့ စားစရာများစားသုံးခြင်းတို့ဖြင့် ရေဓာတ်ပြည့်ဝနေအောင် နေထိုင်သင့်ပါတယ်။
Source: Indian Express
Page 45 of 1120