#World_Science
Published 27 November 2025
■ ဝေးလံတဲ့ဂြိုဟ်တွေပေါ်က သက်ရှိတွေကို ရှာဖွေဖို့ရည်ရွယ်တဲ့ ကင်မရာအသစ်တစ်မျိုး ထုတ်လုပ်နိုင်ဖို့ ဒါဟမ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ကြိုးစားနေကြပါတယ်။
■ ပုံရိပ်ပြတ်သားမှုမြင့်မားတဲ့ ကင်မရာကို ဖန်တီးနေတဲ့ သုတေသီတွေက ယူကေအဖွဲ့မှာ ပါဝင်ပြီး နာဆာရဲ့ နေထိုင်ရှင်သန်နိုင်သောဂြိုဟ်များစောင့်ကြည့်ရေး(HWO)မစ်ရှင်အတွက် အသုံးပြုဖို့ ဖြစ်ပါတယ်။
■ HWO က ကမ္ဘာလိုမျိုးဂြိုဟ်တွေကို ရှာဖွေပြီး သက်ရှိအရိပ်အယောင်တွေ စစ်ဆေးဖို့ အထူးထုတ်လုပ်တဲ့ ပထမဆုံး အဝေးကြည့်မှန်ပြောင်း ဖြစ်လာမှာပါ။
■ ၂၁ ရာစုရဲ့ Hubble Space တယ်လီစကုပ် ဖြစ်လာပြီး တွေ့ရှိမှုကြီးတွေ ရလာနိုင်တယ်လို့ ဒါဟမ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ရစ်ချတ်မက်ဆီက ပြောပါတယ်။
■ နာဆာရဲ့ HWO အာကာသမစ်ရှင်ကို ၂၀၄၀ အစောပိုင်းမှာ စတင်ဖို့ မျှော်မှန်းထားပါတယ်။
■ ကမ္ဘာလိုမျိုး ကျောက်သားဂြိုဟ်တွေက ကြယ်တွေနဲ့ နီးကပ်ပြီး သူတို့ရဲ့ အလင်းတောက်ပမှုကြောင့် လေ့လာကြည့်ရှုရတာ ခက်ခဲပါတယ်။
■ ယခုတယ်လီစကုပ်ကတော့ အလင်းစူးစူးတွေကို ပိတ်ပင်နိုင်မယ့် ကိရိယာတစ်မျိုး အသုံးပြုမှာဖြစ်ပါတယ်။
■ ကင်မရာအနေနဲ့ ဂြိုဟ်တစ်ခုရဲ့ အလေးချိန်ထုကို တိုင်းတာပြီး သက်ရှိတွေရဲ့ ဓာတုလက္ခဏာများ ရှိမရှိ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။
■ ဒီအဖွဲ့ကို လန်ဒန်ကောလိပ်တက္ကသိုလ်က ဦးဆောင်ပြီး ပို့စ်မောက်တက္ကသိုလ်၊ RAL Space ၊ ယူကေနက္ခတ္တနည်းပညာစင်တာနဲ့ ဒါဟမ်တက္ကသိုလ်တို့မှ သိပ္ပံပညာရှင်များနဲ့ အင်ဂျင်နီယာများ ပါဝင်ထားပါတယ်။
■ ဒါ့အပြင် ယူကေအာကာသအေဂျင်စီကလည်း ဒီအဖွဲ့ကို ရန်ပုံငွေထောက်ပံ့ပေးထားပါတယ်။
Source: BBC.
#World_Health
Published 27 November 2025
■ သာမန်မျက်လုံးစကင်စစ်ဆေးခြင်းနည်းလမ်းတွေဖြင့် လူတစ်ဦးမှာ လေဖြတ်ဝေဒနာ ခံစားရနိုင်ခြေကို ခန့်မှန်းနိုင်မယ်လို့ လေ့လာချက်ပြုလုပ်ထားပါတယ်။
■ သုတေသီတွေက မြင်လွှာသွေးကြောဖွဲ့စည်းပုံနဲ့ အနာဂတ်မှာ လေဖြတ်နိုင်ခြေတို့ကြား ဆက်စပ်ပုံကို တွေ့ရှိထားပါတယ်။
■ ဒီသွေးကြောထဲက ပြောင်းလဲမှုပုံစံတွေကို ဆန်းစစ်ကြည့်ပြီး လေဖြတ်နိုင်ခြေကို လျှော့ချကာ အသက်တွေကို ကယ်တင်နိုင်မည့်နည်းလမ်းတွေ ရရှိလာနိုင်ပါတယ်။
■ မျက်လုံးအနောက်ဘက်က မြင်လွှာအစိတ်အပိုင်းကို ပုံရိပ်စကင်စစ်ဆေးရာမှာ လေဖြတ်ခြင်းနဲ့ ဆက်စပ်တဲ့ သွေးကြောလက္ခဏာပေါင်း ၂၉ မျိုး တွေ့ရှိခဲ့ကြပါတယ်။
■ ဒီထဲမှာ သွေးကြောသိပ်သည်းဆ၊ အရှည်အလျား၊ ခွဲဖြာပုံစံတွေ အမျိုးမျိုး ဖြစ်နေပါတယ်။
■ သုတေသီတွေက အသက် ၅၅ နှစ်အထက် လူပေါင်း ၄ သောင်းခွဲရဲ့ မြင်လွှာပုံရိပ်များကို ဆန်းစစ်ခဲ့ကြပြီး ၁၂ နှစ်ခွဲကြာအောင် စောင့်ကြည့်ခဲ့ရာမှာ ၇၄၉ ဦးက လေဖြတ်ခြင်းဝေဒနာ ခံစားခဲ့ရပါတယ်။
■ အယ်ဂိုရစ်သမ်စနစ်များဖြင့် မြင်လွှာတွေထဲက သွေးကြောရာတွေကို တွေ့ရှိစေပြီး လေဖြတ်အန္တရာယ်နဲ့ ဆက်စပ်နေတဲ့ သွေးကြောပြောင်းလဲမှုတွေကို ပိုမိုနားလည်စေပါတယ်။
■ မြင်လွှာပုံရိပ်ဖတ်နည်းလမ်းက နည်းပညာလိုအပ်ချက် နည်းပါးစွာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ကာ လေဖြတ်ခြင်းကို ကာကွယ်စေနိုင်မှာ ဖြစ်ပါတယ်။
■ လေဖြတ်ခြင်းခန့်မှန်းနိုင်မယ့်ပုံစံတွေကို ဒီထက်အဆင်ပြေချောမွေ့စေဖို့ နောက်ထပ်သုတေသနတွေ ပြုလုပ်ထားသွားမှာ ဖြစ်ပါတယ်။
■ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ AI နဲ့ မြင်လွှာပုံရိပ်ဖတ်စနစ် ပူးပေါင်းနိုင်ပါက ရောဂါရှာဖွေရေး လွယ်ကူလာမှာဖြစ်ပြီး အသက်ပေါင်းများစွာအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။
Source: Daily Galaxy
နိုင်ငံအမျိုးမျိုးမှ မော်တော်ယာဉ် ထုတ်လုပ်သူတွေဟာ ၂၀၂၅ ကွမ်ကျိုးနိုင်ငံတကာ မော်တော်ယာဉ်ပြပွဲမှာ တရုတ်ဈေးကွက်အတွက် အထူးထုတ်လုပ်ထားတဲ့ ထုတ်ကုန်များကို မိတ်ဆက်ပြသခဲ့ပါတယ်။
#World_Event
Published 26 November 2025
#ကွမ်ကျိုး #မော်တော်ယာဉ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 November 2025
■ ထိုင်းနိုင်ငံ ဟတ်ယိုင်မြို့မှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမှု ဆက်လက်ကြုံတွေ့နေရကာ မြို့ရဲ့ စီးပွားရေးဒေသအနေနဲ့ အနည်းဆုံး ဒီဇင်ဘာလလယ် မတိုင်ခင်အထိ ရေမြုပ်နေဦးမယ်လို့ ကျွမ်းကျင်သူများ သတိပေးထားပါတယ်။
■ ဆာဒေါင်ခရိုင်မှာ အမြင့်ပိုင်းရေလျှံမှုကျဆင်းနေပေမယ့် မြို့ကိုမရောက်ခင်အထိ အနိမ့်ပိုင်းရေစီးဆင်းကာ ရေလျှံမှုပိုဆိုးစေလိမ့်မယ်လို့ အမျိုးသားကပ်ဘေးသတိပေးကောင်စီဖောင်ဒေးရှင်းမှ ဒုဥက္ကဌ ပရော်ဖက်ဆာ ဆရီးဆူပရာတစ်က အင်္ဂါနေ့မှာ ပြောသွားပါတယ်။
■ အင်္ဂါနေ့ နံနက် ၇ နာရီက တနင်္လာနေ့ထက် ၂ မီတာနီးပါး ပိုမြင့်လာပြီး အရင်ရက်တွေက တပိုင်းနစ်နေတဲ့အိမ်တွေဟာ လုံးဝနစ်မြုပ်သွားပြီဖြစ်ကာ ခွန်လန်မြူနီစီပယ်လိုမျိုး နေရာတွေက အိမ်နိမ့်တွေဆိုရင် ခေါင်းမိုးအထိ မြုပ်နေပြီလို့ ဖေ့စ်ဘွတ်ခ်မှာ ပြောထားပါတယ်။
■ နိုဝင်ဘာ ၂၁ မှ ၂၅ အတွင်း မိုးရွာသွန်းမှုက ၈၅၀ မီလီမီတာခန့်ရှိခဲ့ကာ ကုဗမီတာ ၁၂၀၀ မှ ၁၅၀၀ သန်းကြား ရှိခဲ့ပါတယ်။
■ သဘာဝရေဆင်းမြောင်းတွေနဲ့ ရေစုတ်ထုတ်မှုတွေကနေ ရေပြန်ကျဖို့အတွက် ၁၀ ရက်ခန့်ကြာမြင့်နိုင်ပေမယ့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်နေတာကြောင့် ကြန့်ကြာနေရပါတယ်။
၂၀၀၇ ကပ်ဘေးကာကွယ်ရေးနဲ့ လျှော့ချရေးဥပဒေအရ ကပ်ဘေးထိန်းသိမ်းရေးပူးပေါင်းမှုတွေ မရှိတဲ့အပေါ် ပရော်ဖက်ဆာဆရီးက ဝေဖန်လိုက်ပါတယ်။
■ လူတွေက အိမ်ခေါင်မိုးပေါ် တက်နေရကာ ကားတွေနစ်မြုပ်နေကြောင်း၊ အဖွဲ့အစည်းတွေက အကူအညီတောင်းနေကြပေမယ့် ဗဟိုကွပ်ကဲရေးအပိုင်းက ဆောင်ရွက်ခြင်းမရှိကြောင်း ပြောပါတယ်။
■ ရေစီးဆင်းစေပြီး အဆုံးအရှုံးနည်းစေဖို့ လမ်းမတာရိုးတွေကို ဖြတ်တောက်ခြင်းလိုမျိုးတွေ ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းနေပါတယ်။
■ ကယ်ဆယ်ရေးနဲ့ အရေးပေါ်လုပ်ဆောင်မှုတွေ ပြုလုပ်ကြဖို့ ထိုင်းကွန်မြူနတီဖောင်ဒေးရှင်းမှ မန်နေဂျာ မိုင်ထရီဂျောင်ခရိုင်ချက်က တောင်းဆိုထားပါတယ်။
■ ပြည်သူတွေအနေနဲ့ အရေးပေါ်ထောက်ပံ့ပစ္စည်းများ ပြင်ဆင်ထားခြင်း၊ ထွက်ပြေးရန်လမ်းကြောင်းများ စီစဉ်ထားခြင်း၊ အားနည်းသူများကို ကူညီခြင်းများ ပြုလုပ်ထားကြဖို့ အကြံပြုထားပါတယ်။
Source: Bangkok Post
#World_Health
Published 26 November 2025
■ အသက်မကြီးသေးတဲ့အရွယ်မှာ ဆံပင်ဖြူတွေ့လိုက်တာနဲ့ စိုးရိမ်စိတ်တွေ ဖြစ်တတ်ကြပါတယ်။
■ ဒါပေမဲ့ ဆံပင်ဖြူပေါက်တာက သိပ်ပြီးစိုးရိမ်စရာ မလိုဘူးလို့ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ ဆံပင်ဖြူတယ်ဆိုတာက အိုမင်းလာတဲ့သဘော တစ်ခုတည်းမဟုတ်ဘဲ အရေပြားကင်ဆာအချို့ကို ခန္ဓာကိုယ်က သဘာဝအတိုင်းခုခံတဲ့ဖြစ်စဉ် ဖြစ်ဖွယ်ရှိတယ်လို့ တိုကျိုတက္ကသိုလ်က လေ့လာထားပါတယ်။
■ သုတေသီတွေက ဆံကေသာရောင်ခြယ်ဆဲလ်တွေ DNA ထိခိုက်ပျက်စီးမှုနဲ့ ဆဲလ်ဖိစီးမှုများအပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြတာ ကြာပါပြီ။
■ ကင်ဆာဆဲလ်တွေ ကြီးထွားမလာစေရန် ခန္ဓာကိုယ်က ရောင်ခြယ်ထုတ်ပေးတဲ့ ပင်မစတမ်ဆဲလ်တွေကို တမင်တကာ ပိတ်ချပစ်တဲ့သဘော ဖြစ်နိုင်တယ်လို့ တွေ့ရှိဖော်ပြလာပါတယ်။
■ ဆံပင်ကို အရောင်ဖြစ်စေတဲ့ ရောင်ခြယ်ဆဲလ်တွေအနေနဲ့ DNA ပျက်စီးခြင်းမျိုးနဲ့ ကြုံတွေ့တဲ့အခါ DNA အမျှင်တန်းကျိုးပဲ့သွားပြီး ဆဲလ်တွေ ပြန်မကောင်းတော့ဘဲ ဆံပင်ဖြူသွားစေတာ ဖြစ်ပါတယ်။
■ ပျက်စီးသွားတဲ့ဆဲလ် ပွားများပြီး ကင်ဆာအကျိတ်ဖြစ်မယ့်အစား ဆံပင်အရောင်ကိုပဲ ဖြူစေလိုက်တာ ဖြစ်ပါတယ်။
■ အရွယ်မတိုင်ခင် ဆံပင်ဖြူတာက ဖိစီးမှု၊ အာဟာရချို့တဲ့ခြင်း၊ သိုင်းရွိုက်ပြဿနာ၊ ဆေးလိပ်သောက်ခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။
■ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးခြင်း၊ ဖိစီးမှုဖြေလျှော့ခြင်းစသဖြင့် နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းဖြင့် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်နိုင်ပါတယ်။
Source: Times of India.
#World_Health
Published 26 November 2025
■ လိမ္မော်သီးခွံနဲ့ သစ်ကြံပိုးခေါက်တို့ကို ပြုတ်ခြင်းရဲ့ အကျိုးအာနိသင်တွေကို ထောက်ခံအားပေးသူတွေ များပြားလာပါတယ်။
■ လူမစားတဲ့အခွံတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အာနိသင်တွေကို စိတ်ဝင်စားလာကြကာ သဘာဝ ပိုးမွှားသန့်စင်ဆေးနဲ့ လေသန့်စင်ပစ္စည်းအဖြစ် အသုံးပြုလိုလာကြပါတယ်။
■ အသုံးပြုတဲ့နည်းလမ်းကတော့ လိမ္မော်ခွံ ၂ ဖတ် ၃ ဖတ်နဲ့ သစ်ကြံပိုးခေါက်ချောင်းတွေကို ရေထဲမှာ ၁၀-၁၅ မိနစ်ခန့် ပွက်ပွက်ဆူအောင် တည်ထားရပါတယ်။
■ ထွက်လာတဲ့အငွေ့က လေသန့်စင်ဆေးဗူးတွေထက် ပိုမိုသန့်ရှင်းတယ်လို့ ဆိုနေကြပြီး လေထဲကို ဒြပ်ပေါင်းတွေ ထုတ်လွှတ်ကာ ဘက်တီးရီးယားနဲ့ မှိုတို့ကို သေစေတဲ့ အာနိသင်တွေ ရှိပါတယ်။
■ လိမ္မော်ခွံထဲမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်ကာ အပူပေးလိုက်တဲ့အခါ ဇီဝသတ္တိကြွလာပြီး လေထဲပျံ့နှံ့သွားပါတယ်။
■ သစ်ကြံပိုးခေါက်မှာတော့ Cinnamomum zeylanicum လို့ခေါ်တဲ့ပစ္စည်းက ပိုးမွှားသေစေကာ ဓာတ်တိုးဆန့်ကျင်နဲ့ ရောင်ရမ်းဆန့်ကျင်အာနိသင်များ ပါဝင်ပါတယ်။
■ နှစ်မျိုးပေါင်းလိုက်တဲ့အခါ လေဝင်လေထွက်မကောင်းတဲ့ နေရာတွေမှာ ရှင်သန်လေ့ရှိတဲ့ ရောဂါပိုးမွှားတွေကို ဆန့်ကျင်နိုင်တယ်လို့ တွေ့ရှိထားပါတယ်။
■ ဒါ့အပြင် မှတ်ဉာဏ်၊ ဦးနှောက်စွမ်းဆောင်ရည်နဲ့ ဦးနှောက်ကျန်းမာရေးတို့ကို ထောက်ပံ့ပေးဖွယ်ရှိတယ်လို့လည်း သိရပါတယ်။
■ ဓာတုပစ္စည်းတွေထက်စာရင် ဈေးနှုန်းသက်သာပြီး သဘာဝအတိုင်း သန့်စင်ပေးနိုင်မှာ ဖြစ်ပါတယ်။
■ သိပ္ပံပညာရှင်တွေက ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကို သိရှိထားပေမယ့် နောက်ထပ်သုတေသနတွေ မပြုလုပ်ဘဲ ချီးကျူးမစောဖို့ သတိပေးထားပါတယ်။
Source: Daily Galaxy
နိုင်ငံတကာခရီးသွားများ တရုတ်နိုင်ငံသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ရန်အတွက် တရုတ်ကဒီဂျစ်တယ်ခရီးသွားကြေညာချက်ဝန်ဆောင်မှုကို စတင်လိုက်ပြီး ကြာသပတေးနေ့ကကျင့်သုံးလိုက်ပြီဖြစ်ပါတယ်။
#Asia_News
Published 25 November 2025
#တရုတ်နိုင်ငံ #နိုင်ငံခြားခရီးသွား
#YMG #Yangon_Times #Yangon_Media_Group
Page 49 of 1120