#World_Health
Published 10 July 2026
■ သကြားမုန်လာ၊ ဟင်းနုနွယ်၊ ကိုက်လံတို့လို နိုက်ထရိတ်ကြွယ်ဝတဲ့ ဟင်းရွက်များ စားပြီးနောက် ပီကေဝါးပေးခြင်းဖြင့် သွေးပေါင်ချိန် ကျစေနိုင်တဲ့ အစွမ်းသတ္တိများ ယာယီမြှင့်တင်ပေးနိုင်မယ်လို့ ကင်းစ်ကောလိပ်လန်ဒန်မှ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ သကြားမုန်လာဖျော်ရည် သောက်ပြီးနောက် အချိုဓာတ်ပါတဲ့ပီကေ ဝါးတဲ့သူတွေဟာ အချိုမပါတဲ့ပီကေ ဝါးသူတွေထက် နိုက်ထရိုက်ပမာဏ ပိုများပြီး သွေးပေါင်ချိန် အသင့်အတင့် လျော့ကျသွားတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
■ ဟင်းရွက်တွေထဲက နိုက်ထရိတ်တွေကို ပါးစပ်ထဲက ဘက်တီးရီးယားက နိုက်ထရိုက်အဖြစ်သို့ ပြောင်းလဲပေးကာ သွေးကြောတွေ ကျယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
■ ဒီနေရာမှာ တံတွေးရဲ့ အက်ဆစ်ဓာတ်အချိုးအစားက အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
■ ယခင်သုတေသနအရ ဂရိပ်ဖရုဖျော်ရည်ဆိုရင် တံတွေးရဲ့ အက်ဆစ်ပါဝင်မှုကို လျော့နည်းစေကာ နိုက်ထရိတ်ပြောင်းလဲမှုကို နှေးစေပြီး အက်ဆစ်များရင်တော့ ပြောင်းလဲမှု မြန်စေမှာပါ။
■ လေ့လာမှုပြုလုပ်ရာမှာ ကျန်းမာသန်စွမ်းသူတွေကို သကြားမုန်လာဖျော်ရည် တစ်ခွက်သောက်စေပြီး အချိုပါတဲ့ ပီကေစားခြင်းနဲ့ အချိုမပါတဲ့ ပီကေစားခြင်းကို ၃ နာရီကနေ ၆ နာရီကြာအောင် ဝါးစေပါတယ်။
■ အချိုပါတဲ့ပီကေဝါးခြင်းက တံတွေးအက်ဆစ်ဓာတ်ကို များစေကာ နိုက်ထရိုက်ပမာဏ မြင့်တက်စေပြီး အပေါ်သွေး ၃ မီလီမီတာမာကျူရီ၊ အောက်သွေး ၂ မီလီမီတာမာကျူရီခန့် ကျဆင်းစေပါတယ်။
■ သွေးပေါင်ချိန်ကျစေခြင်းက နာရီအနည်းငယ်သာခံပြီး အချိုတွေ ပုံမှန်စားတဲ့အခါ ခံတွင်းနဲ့ ဇီဝကမ္မကျန်းမာရေးတို့ ထိခိုက်စေနိုင်ပါတယ်။
■ ဒါပေမဲ့ ပါးစပ်ထဲက အက်ဆစ်ဓာတ်ပြောင်းလဲခြင်းက နိုက်ထရိတ်ပြောင်းလဲပုံကို လွှမ်းမိုးနေတယ်ဆိုတဲ့ အထောက်အထား ပြနိုင်ခဲ့ပါတယ်။
Source: India Today
ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ TAT က ဗဟိုဘဏ်၊ ဘဏ္ဍာရေးအဖွဲအစည်းများ၊ လျှပ်စစ်ငွေပေးချေမှု ဝန်ဆောင်ရေးတိုနဲ့ ပူးပေါင်းကာ နိုင်ငံသားတစ်ဦးကဲ့သို ငွေပေးချေခြင်းစနစ်ဖြင့် နိုင်ငံဖြတ်ကျော် QR ကုဒ် ငွေပေးချေမှုကို စတင်မိတ်ဆက်လိုက်ပါတယ်။
#Asia_Business
Published 09 July 2026
#ထိုင်းနိုင်ငံ #QRကုဒ်
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 09 July 2026
■ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဗုဒ္ဓဟူးနေ့ နေတိုး (NATO) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်အနေဖြင့် စပိန်နဲ့ ကုန်သွယ်ရေးဆက်ဆံမှုများ ဖြတ်တောက်ရန် တောင်းဆိုခဲ့ပြီး ဂရင်းလန်ကျွန်းအပေါ် ပိုင်ဆိုင်မှုအရေးကိုလည်း ထပ်မံပြောကြားခဲ့သဖြင့် အစည်းအဝေး ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့ပါတယ်။
■ ဒါပေမဲ့ နောက်ပိုင်းမှာ သဘောထားကို ပြောင်းလဲခဲ့ပြီး အပြန်အလှန် ချစ်ခင်မှုများနဲ့ စည်းလုံးညီညွတ်မှု အပြည့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
■ နေတိုးအဖွဲ့အတွင်း စပိန်နိုင်ငံဟာ ဆိုးရွားတဲ့ မိတ်ဖက်ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပြီး အီရန်အပေါ် စစ်ဆင်နွှဲမှုကို မထောက်ခံတဲ့အတွက် မဟာမိတ်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့အပြင် စပိန်နဲ့ ကုန်သွယ်မှုအားလုံးကို ရပ်ဆိုင်းရန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကို ညွှန်ကြားခဲ့ပါတယ်။
■ ထရမ့်က အီရန်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကုန်ဆုံးသွားပြီဖြစ်ကြောင်းနဲ့ စပိန်ကို ဆိုးရွားတဲ့ မိတ်ဖက်အဖြစ် တိုက်ခိုက်ပြောဆိုကာ ကုန်သွယ်ရေးနဲ့ လည်ပတ်မှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုပြီး နေတိုးထိပ်သီးအစည်းအဝေးကို လွှမ်းမိုးခဲ့ပါတယ်။
■ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတာက ထိုစိုးရိမ်ပူပန်မှုများကို သက်သာစေရန် ကြိုးပမ်းခဲ့ပေမယ့် ကာကွယ်ရေးအသုံးစရိတ်နဲ့ နိုင်ငံတကာဆက်ဆံရေး ကိစ္စရပ်များကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ ထရမ့်ကို ချီးကျူးခဲ့ပါတယ်။
■ နေတိုးအဖွဲ့ရဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာ ဒေါ်နယ်ထရမ့်က နေတိုးမဟာမိတ်အဖွဲ့အပေါ် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးနဲ့ တွေ့ဆုံကာ ကိဗ်မြို့မှာ ပက်ထရီယော့ဒုံးကျည်များ ထုတ်လုပ်ရန်အတွက် လိုင်စင်ခွင့်ပြုချက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
Source: Reuters
#World_Health
Published 09 July 2026
■ လူတစ်ယောက် အိပ်ပျော်နေစဉ် ခန္ဓာကိုယ်လှုပ်ရှားမရခြင်း အခြေအနေဟာ REM အိပ်စက်အဆင့်အတွင်း လှုပ်ရှားမရခြင်းအခြေအနေ မပယ်ပျောက်ခင်မှာ အသိစိတ်ပြန်ဝင်လာတဲ့ ယာယီအခြေအနေ ဖြစ်ပါတယ်။
■ စဉ်းစားကြည့်ရင် ကြောက်စရာကောင်းပေမယ့် လေဖြတ်ခြင်းနဲ့တော့ အလွန်ကွဲပြားကာ လေဖြတ်ခြင်းက အရေးပေါ် ဆေးကုသမှုလိုအပ်ပါတယ်။
■ လူတွေက ဒီအခြေအနေကို လေဖြတ်ခြင်းနဲ့ မှားတတ်သလို ထူးခြားဖြစ်စဉ်လို့တောင် အထင်မှားကြပါတယ်။
■ အိပ်စက်စဉ်နဲ့ နိုးကြားခြင်းကြား ကူးပြောင်းနေချိန် REM အဆင့် လျော့ကျသွားတဲ့အခါ အိပ်ပျော်နေစဉ် ခန္ဓာကိုယ်လှုပ်ရှားမရခြင်း ဖြစ်နိုင်ပါတယ်။
■ ဦးနှောက်အန္တရာယ် စစ်ဆေးသိရှိတဲ့ အစိတ်အပိုင်းတွေက အိပ်စက်စဉ် ခန္ဓာကိုယ်လှုပ်ရှားမရခြင်း ဖြစ်နေချိန် ဘေးအန္တရာယ်ကြုံတွေ့နေရတယ်ဆိုတဲ့ ခံစားချက် ဖန်တီးပေးပါတယ်။
■ လေဖြတ်ခြင်းနဲ့မတူဘဲ အကြီးမားဆုံး ကွဲပြားချက်က အိပ်ပျော်စဉ် ခန္ဓာကိုယ်လှုပ်ရှားမရခြင်းဟာ ဦးနှောက်တစ်ရှူးများ မပျက်စီးစေပါဘူး။
■ လေဖြတ်ခြင်းလက္ခဏာတွေထဲမှာ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းများ စွဲမြဲစွာအားနည်းလာခြင်း၊ မျက်နှာတခြမ်းရွဲကျခြင်း၊ စကားပြောဆိုမှု မမှန်မကန်ဖြစ်ခြင်းတို့ ပါဝင်ပါတယ်။
■ ဒီအခြေအနေက ဖြစ်ရခြင်းက များသောအားဖြင့် စိတ်ဖိစီးမှု ဒါမှမဟုတ် အိပ်ရေးပျက်ခြင်းတို့နဲ့ ဆက်စပ်လေ့ရှိပြီး ခဏခဏ ပြန်လည်ဖြစ်ပွားနေပါက ကျန်းမာရေးပြဿနာများ နက်နက်ရှိုင်းရှိုင်း ရှိနေတဲ့သဘော ဖြစ်နိုင်ပါတယ်။
■ အိပ်ပျော်စဉ် ခန္ဓာကိုယ်လှုပ်ရှားမရခြင်းနဲ့ လေဖြတ်ခြင်းတို့ကြား အဓိကကွာခြားချက်တွေထဲမှာ ရောဂါလက္ခဏာဖြစ်ပွားတဲ့ အချိန်ကာလနဲ့ စွဲမြဲဖြစ်ပေါ်တဲ့ အခြေအနေတို့ ပါဝင်ပါတယ်။
Source: India Today
#World_Health
Published 09 July 2026
■ ကင်ဆာအကျိတ် ရှိသူတွေ တော်တော်များများမှာ ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အမြင်ဝါးခြင်း၊ အလွန်နွမ်းနယ်ခြင်း၊ ခြေတွေလက်တွေ အားနည်းခြင်း စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။
■ ဦးနှောက်အကျိတ်ရဲ့ လက္ခဏာအနေနဲ့ကတော့ မှတ်ဉာဏ်ပိုင်း၊ စိတ်အခြေအနေပိုင်း၊ အပြုအမူပိုင်းတို့မှာ သိသိသာသာ ပြောင်းလဲလာတာ တွေ့ရတယ်လို့ မကြာသေးမီက သုတေသနမှာ တွေ့ထားပါတယ်။
■ ဒါတွေက ဖြည်းဖြည်းချင်း ပြောင်းလဲလာကာ အခြားစိတ်ကျန်းမာရေး ပြဿနာတွေကြောင့် ဖြစ်တယ်ဆိုပြီး အထင်မှားစေနိုင်ပါတယ်။
■ အကျိတ်လက္ခဏာတွေထဲမှာ မထင်မှတ်တာတစ်ခုက မှတ်ဉာဏ်ဆုံးရှုံးခြင်းဖြစ်ပြီး လတ်တလောပြောဆိုခဲ့တဲ့ စကားတွေ၊ ချိန်းဆိုမှုတွေ၊ နာမည်တွေ၊ အလုပ်တာဝန်တွေကို မေ့လျော့နေတတ်ပါတယ်။
■ ဒီလိုပြောင်းလဲမှုတွေကို မိသားစုဝင်တွေကပဲ သတိထားမိတတ်ကြပါတယ်။
■ ဦးနှောက်အကျိတ်တွေကြောင့် စိတ်တိုလွယ်ခြင်း၊ ရန်လိုခြင်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း လျော့နည်းလာခြင်းလိုမျိုး စိတ်ခံစားမှုနဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်ပြီး အထူးသဖြင့် ဦးနှောက်ရှေ့ပိုင်းကို ထိခိုက်တဲ့အခါမျိုးမှာ ပိုမိုဖြစ်ပွားတတ်ပါတယ်။
■ ဒီလက္ခဏာတွေက အခြားကျန်းမာရေး အခြေအနေများနဲ့ ဆင်တူနိုင်ပေမယ့် ခေါင်းကိုက်ခြင်း၊ အတက်ရောဂါတို့လို ရုပ်ပိုင်းဆိုင်ရာ ပြဿနာများနဲ့အတူ ပြောင်းလဲမှုများ စွဲစွဲမြဲမြဲဖြစ်ပေါ်နေပါက အမြန်ဆုံး ဆေးကုသမှုခံယူကာ စစ်ဆေးရန် လိုအပ်ပါတယ်။
■ စောစီးစွာ ရောဂါရှာဖွေဖော်ထုတ်နိုင်ခြင်းဖြင့် ကုသမှုရလဒ်များနဲ့ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန် အလွန်အရေးကြီးပါတယ်။
Source: NDTV
အီရန်မှာကျဆုံးလေပြီးသော ခေါင်းဆောင်ဟောင်းကြီး အယာတိုလာအလီခါမေနီကို နှုတ်ဆက်ဂါဝရပြုတဲ့ နာရေးအခမ်းအနားများကိုပြီးခဲ့တဲ့ သောကြာနေ့က တဟီရန်မြို့မှာစတင်ပြုလုပ်ခဲ့ပါတယ်။
#World_News
Published 08 July 2026
#အီရန်ခေါင်းဆောင်ဟောင်းကြီး #တဟီရန်မြို့
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 08 July 2026
■ ဟော်မုဇ်ရေလက်ကြားမှာ ကုန်သည်သင်္ဘော ၃ စင်း တိုက်ခိုက်ခံရပြီးနောက် နာရီပိုင်းအကြာမှာပဲ အမေရိကန်တပ်က ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အီရန်ကို ထပ်မံတိုက်ခိုက်ခဲ့ကာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။
■ အီရန်ရဲ့ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီအတွက် ဈာပနအခမ်းအနား ပြုလုပ်နေစဉ်ကာလအတွင်း ယခုတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
■ ရေလက်ကြား အပြည့်အဝ ပြန်ဖွင့်ရေးရည်ရွယ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ခက်ခဲလာနိုင်ကာ အီရန်ရဲ့ နျူကလီးယားအရေး၊ စစ်ပွဲအဆုံးသတ်ရေးကိစ္စတို့ နောက်ပြန်ဆုတ်သလို ဖြစ်နေပါတယ်။
■ နိုင်ငံတကာ ရေလမ်းကြောင်းမှာ အရပ်သားတွေပါဝင်တဲ့ သင်္ဘောသွားလာမှုတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့အတွက် အီရန်တွေ ကြီးကြီးမားမား ပြန်ပေးဆပ်ရဖို့ အမေရိကန်တပ်တွေ တိုက်ခိုက်တာဖြစ်ကြောင်း ဗဟိုကွပ်ကဲရေးစစ်ဌာနချုပ်က ဖော်ပြထားပါတယ်။
■ ယခုတိုက်ခိုက်မှုတွေက အီရန်စစ်ရေးပစ်မှတ်များကို အဓိကထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး သင်္ဘောသွားလာမှုတွေ တိုက်ခိုက်ခံရတာကို လက်စားချေတုံ့ပြန်တဲ့သဘော ဖြစ်ပါတယ်။
■ ဒါကြောင့် တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး ယာယီသဘောတူညီချက် ခြိမ်းခြောက်စရာဖြစ်လာပြီး ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေး ခက်ခဲလာပါပြီ။
■ အီရန်တို့က ခေါင်းဆောင်ဟောင်းရဲ့ ဈာပနအခမ်းအနားများ ပြုလုပ်နေချိန်မှာ တင်းမာမှုပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။
■ တိုက်ခိုက်မှုများအပြီးမှာ အမေရိကန်က အီရန်ရေနံများ ရောင်းချခွင့်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ဆက်ဆံရေးအပိုင်းမှာ ထပ်မံတင်းမာလာပြန်ပါတယ်။
Source: Reuters
Page 50 of 1237