#World_Health
Published 24 September 2025
▪️ တရုတ်ပြည်မှာ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်တစ်ကောင်ဆီမှ အဆုတ်ကို လူသားထဲသို့ ပထမဆုံးအနေဖြင့် အောင်မြင်စွာအစားထိုးခွဲစိတ်နိုင်ခဲ့ပါတယ်။
▪️ ဦးနှောက်အလုပ်မလုပ်တော့တဲ့ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲကို အစားထိုးထည့်သွင်းခဲ့တာဖြစ်ပြီး ၉ ရက်ကြာ အသက်ရှင်သန်နိုင်ခဲ့ပါတယ်။
▪️ ကမ္ဘာနဲ့တဝှမ်း ကိုယ်တွင်းအင်္ဂါရှားပါးတဲ့ ပြဿနာဖြေရှင်းနိုင်ဖို့ အရေးပါတဲ့ ခြေလှမ်းကြီးတစ်ခု ဖြစ်လာပါတယ်။
▪️ ၂၀၂၄ မေလက WHO ရဲ့ ဖော်ပြချက်အရ ကမ္ဘာပေါ်က အင်္ဂါအစားထိုးလိုအပ်နေသူတွေရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာ တကယ်တမ်း အစားထိုးခွဲစိတ်နိုင်ခဲ့ပြီး အင်္ဂါအလှူရှင်စောင့်ဆိုင်းရင်း အသက်ဆုံးပါးသွားသူ နှစ်စဉ်ထောင်နဲ့ချီ ရှိနေပါတယ်။
▪️ ဒါကြောင့် သိပ္ပံပညာရှင်တွေက တိရိစ္ဆာန်တွေဆီကနေ လူသားတွေဆီ အစားထိုးခွဲစိတ်တဲ့ နည်းလမ်းကို လေ့လာရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ဒီထဲမှာ ဝက်တွေက အသေချာဆုံးဖြစ်ပြီး သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ အရွယ်အစားက လူသားတွေနဲ့ ဆင်တူနေပါတယ်။
▪️ ဒီလိုအစားထိုးခြင်းက လူသားခန္ဓာကိုယ်ဟာ အစားထိုးဝင်လာတဲ့အရာကို လက်မခံတဲ့ပြဿနာမျိုး ရှိနိုင်တယ်ဆိုပေမယ့် ဝက်တွေကို လိုအပ်သလို မျိုးဗီဇပြောင်းလဲပေးနိုင်ပါတယ်။
▪️ အင်္ဂါအစားထိုးခွဲစိတ်မှုတွေထဲမှာ အဆုတ်က အခက်ခဲဆုံးတွေထဲက တစ်ခုဖြစ်တာကြောင့် အခုလို အောင်မြင်စွာ အဆုတ်အစားထိုးနိုင်ခြင်းက တိုးတက်မှုကြီးတစ်ခု ဖြစ်နေပါတယ်။
▪️ ခန္ဓာကိုယ်မှ တုံ့ပြန်စွမ်းအားလျှော့ချခြင်း၊ မျိုးဗီဇပြုပြင်မှုများ မွမ်းမံခြင်း၊ ရေရှည်လုပ်ဆောင်နိုင်စွမ်း အကဲဖြတ်ခြင်းတို့ဖြင့် ဆက်လက်အားထုတ်သင့်တယ်လို့ သုတေသီတွေ ဖော်ပြထားပါတယ်။
Source: The Jerusalem Post
NAY PYI TAW, September 23, 2025 — Myanmar's acting President and Chairman of the State Security and Peace Commission, Senior General Min Aung Hlaing, is set to pay a friendly visit to the Russian Federation in the coming days. The trip comes at the invitation of Russian President Vladimir Putin.
According to a government press release, the Senior General will attend the World Atomic Week Forum - 2025, which will be held in Moscow.
During his visit, the Senior General will meet with President Putin and other Russian officials. The agenda includes discussions on strengthening and enhancing cooperation in various sectors, including diplomatic relations, trade, security, and strategic partnerships between the two governments and their peoples.
Senior General has visited Russia at least five times since 2021.
#ymg/knl
အနောက်နိုင်ငံများရဲ့ ဖိအားပေးမှုအောက်ဘက်လိုက်တဲ့ သတင်းထုတ်ပြန်မှုများပြုလုပ်ခဲ့တဲ့ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA)ကို အီရန်သမ္မတ မာဆူပက်ဇက်ရှ်ကီယန်က ဝေဖန်လိုက်ကာ ထိပ်တန်းလုံခြုံရေးအဖွဲက အတည်ပြုထားတဲ့ မူဘောင်သစ်အတွင်း အေဂျင်စီနဲ့ဆွေးနွေးသွားဖို့ အီရန်အသင့်ရှိနေကြောင်းကို ထပ်မံအတည်ပြုလိုက်ပါတယ်။
#World_News
Published 23 September 2025
#အီရန်သမ္မတ #IAEA
#YMG #Yangon_Times #Yangon_Media_Group
၂၃ စက်တင်ဘာ ၊၂၀၂၅
အမေရိကန်ပြည်ထောင်စုက “ကာကွယ်ရေးဝန်ကြီးဌာန” ကို “စစ်ဝန်ကြီးဌာန” အဖြစ် အမည် ပြောင်းလဲရန် ဆုံးဖြတ်လိုက်ခြင်းသည် အမေရိကန်နိုင်ငံရေးအဝန်းအဝိုင်းအတွင်းတွင်သာမက ကမ္ဘာလုံး ဆိုင်ရာမူဝါဒရေးရာ အသိုက်အဝန်းများကြားတွင်လည်း သိသာထင်ရှားသည့် ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဟားဗတ်ဝုဖ် Herbert Wulf က တိုဒါ ငြိမ်းချမ်းရေးအဖွဲ့Toda Peace Institute တွင်ရေးသားခဲ့သည့် သူ၏ မကြာသေးမီက သုံးသပ်ချက်ဆောင်းပါးတွင် ဤအသုံးအနှုန်းဆိုင်ရာ အပြောင်းအလဲသည် ဗျူရိုကရေစီ အမှတ်တံဆိပ် အသစ်တဖန် ပြန်လည်ပုံဖော်ခြင်းထက် များစွာပိုကြောင်း၊ ၎င်းသည် နိုင်ငံရေးအရ ဘာသာစကားကို ကိုင်တွယ်ခြယ်လှယ်ခြင်းနှင့် ပတ်သက်၍ George Orwell ၏ အမြင်များကို ပဲ့တင်ထပ် စေသည့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော အာစလျှာစ အပြောအဆို အပြောင်းအလဲ တရပ်ဖြစ်ကြောင်းစောဒကတက်ခဲ့သည်။
ယခုအက်ဆေးသည် အဆိုပါ အမည်ပြောင်းလဲခြင်းကို အပြန်အလှန်ဆက်စပ်နေသည့် ခွဲခြမ်း စိတ်ဖြာ မှုဆိုင်ရာ မူဘောင် (၃) ရပ်အတွင်း ထားရှိ၍ လေ့လာခြင်းဖြစ်သည်။ ၎င်းတို့မှာ-
(၁) အမည်ပေးခြင်းနှင့် တရားဝင်ဖြစ်မှုဆိုင်ရာ နိုင်ငံရေး၊
(၂) စစ်ပွဲအား မူဝါဒတရပ်အဖြစ် ပုံမှန်ဖြစ်စေခြင်းနှင့်
(၃) ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးအတွက် ဂယက်ရိုက်ခတ်မှုများ ဖြစ်သည်။
၁။ အမည်ပေးခြင်း၊ ဘာသာစကားနှင့် တရားဝင်ဖြစ်မှု
ဘာသာစကားသည် နိုင်ငံရေးအရ ဘက်မလိုက်မှုကို မည်သည့်အခါမျှ မဖြစ်စေပါ။ ဘာသာစကားဆိုင်ရာ ဝေဖန်ဆန်းစစ် လေ့လာသုံးသပ်ချက်များတွင် အဖွဲ့အစည်းဆိုင်ရာ အမည်ပေးသည့် အလေ့အထများက အတွေးအခေါ်ဆိုင်ရာ ရပ်တည်ချက်များကို သတ်မှတ်ပေးပြီး တိကျသော မူဝါဒဆိုင်ရာ ဦးတည် ချက်များကို တရားဝင်ဖြစ်စေအောင် ပြသခဲ့ကြသည်။
အမေရိကန် စစ်ရေးဆိုင်ရာ ဝေါဟာရတွင် “ကာကွယ်ရေး” ကို “စစ်ပွဲ” ဖြင့် အစားထိုးလိုက်ခြင်းသည် အမေရိကန်က ၎င်း၏ မဟာဗျူဟာမြောက် ရပ်တည်ချက်ကို မည်ကဲ့သို့ချဉ်းကပ်လိုက်သည်ဟူသည့် အပြောင်းအလဲကို ဖော်ပြနေသည်။
ကာကွယ်ရေးသည် တုံ့ပြန်ခြင်း၊ အကာအကွယ်ပေးခြင်းနှင့် လိုအပ်ခြင်းတို့ကို ဆိုလိုသည်။
စစ်ပွဲသည် စတင်လှုပ်ရှားခြင်း၊ အတင်းအကျပ်ပြုမူခြင်းနှင့် ခိုင်ကျည်မှုတို့ကို ဆိုလိုသည်။
ထို့ကြောင့် အမည်ပြောင်းလဲလိုက်ခြင်းသည် နိုင်ငံ၏ စစ်ရေးဆိုင်ရာ ဝိသေသလက္ခဏာကို တုံ့ပြန်သော အင်အားစုမှ ရှေ့သို့ တက်တက်ကြွကြွ လုပ်ဆောင်သည့် အင်အားစုအဖြစ် ပြန်လည်ပုံသွင်းလိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် ဖော်ပြခြင်းသက်သက်မျှသာ မဟုတ်ဘဲ ဆောင်ရွက်ခြင်းသဘောဖြစ်သည်။ ၎င်းသည် ထိုးစစ်ကို လက်ခံနိုင်ဖွယ်ရှိသော မူဝါဒ၊ ရှောင်လွှဲ၍မရသော မူဝါဒတရပ်အဖြစ် ပုံမှန်တစ်ခုဖြစ်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။
၂။ စစ်ပွဲကို ပုံမှန်အခြေအနေတစ်ခုအဖြစ်ပြုလုပ်ခြင်း
နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ပညာရပ်က အင်အားအသုံးပြုခြင်းကို ထိန်းချုပ်ရာတွင် စံနှုန်းများ၏ အခန်းကဏ္ဍကို အလေးပေးဖော်ပြခဲ့သည်မှာ ကြာပြီဖြစ်သည်။ အမေရိကန်သည် ကာကွယ်ရေးကို စစ်ပွဲ အဖြစ် ပြန်လည်ပုံဖော်ခြင်းဖြင့် လစ်ဘရယ် နိုင်ငံတကာ အစီအစဉ်ကို သမိုင်းအရ ထောက်ကူပေးနေသည့် ရေရှည်ရပ်တည်ထားသော ယင်း၏ စံနှုန်းဆိုင်ရာ အကန့်အသတ်များကို ယိုယွင်းဖျက်စီးသလိုဖြစ်လာ စေသည်။
လက်တွေ့မျက်မြင်အခြေအနေတွင် အမေရိကန်၏ စစ်ရေးဆောင်ရွက်မှုများသည် ‘ကာကွယ်ရေး” ဆိုသည့် စာသားအနက်အတိုင်း ကန့်သတ်၍နေသည်မှာ အတော်ရှားပါးသည်။ အာဖဂန်နစ္စတန်မှ လစ်ဗျား၊ လစ်ဗျားမှ ယီမင်အထိ စစ်ရေးစစ်ဆင်မှုများကို နိုင်ငံခြားရှိ အမေရိကန်အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်ဟူသည့် ခေါင်းစဉ်အောက်တွင် တရားမျှတသည့် သဘောဆောင်အောင် ဆောင်ရွက်ခဲ့သည်။ Wulf က “စစ်ပွဲ” ဟူသည့် အသုံးအနှုန်း၏ ရိုးသားမှုသည် “ကာကွယ်ရေး” ထက် လက်တွေ့ကို ပိုမိုတိကျစွာ ထင်ဟပ်စေသည်ဟု မှတ်ချက်ပြုထားသော်လည်း ၎င်းသည် စစ်ပွဲကို ခြွင်းချက်အနေဖြင့် အသုံးပြုရမည့် အရာမဟုတ်တော့ဘဲ အမြဲတမ်းမူဝါဒဆိုင်ရာ ကိရိယာတရပ်အဖြစ် ပုံမှန်ဖြစ်လာအောင် အရှိန်မြှင့်တင်ပေးစေသည်။
၃။ ဒီမိုကရေစီဆိုင်ရာ အကျိုးသက်ရောက်မှုများ
ပြည်တွင်းတွင် အမည်ပြောင်းလဲခြင်းသည် ဗျူရိုကရေစီဆိုင်ရာ ဝေါဟာရသက်သက်သာ မဟုတ်ဘဲ နိုင်ငံရေးဘဝကို လုံခြုံရေးအမြင်ဖြင့် ကြည့်မြင်လာသည့် အနက်အဓိပ္ပါယ် အမျိုးမျိုးဖြစ်စေသည့် ဘာသာ စကားဆိုင်ရာ လမ်းကြောင်းကို ထင်ဟပ်စေသည်။ “အတိုက်အခံ” ကို အမျိုးသားခြိမ်းခြောက်မှုအဖြစ် ပုံဖော်သောအခါ ကန့်ကွက်မှုသည် ဖျက်လိုဖျက်ဆီးလုပ်မှုအဖြစ် ပြန်လည်သတ်မှတ်ခံရမည့် အန္တရာယ် ရှိလာသည်။ ဟာနာ့ အာရင်းHannah Arendt မှ ဂျော်ဂျီယို အက်ဂမ်ဘမ်Giorgio Agamben အထိ နိုင်ငံရေးသီအိုရီပညာရှင်များသည် ထိုသို့သော အကူးအပြောင်းများကို သတိပေးခဲ့ကြသည်။ ထိုအကူး အပြောင်းများတွင် “ခြွင်းချက်အခြေအနေ” သည် ခြွင်းချက်မဟုတ်တော့ဘဲ စည်းမျဉ်းဖြစ်လာသည်။
Orwell ၏ အသုံးအနှုန်းများအရ ၎င်းသည် အတွေးနှစ်ခွကို အဖွဲ့အစည်းပုံစံသွတ်သွင်းခြင်းဖြစ်သည်။ အစိုးရသည် တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေး၏ ချန်ပီယံအဖြစ် ကြွေးကြော်နေနိုင်သလို တစ်ဖက်တွင် ထပ်တလဲလဲစစ်ပွဲကို လက်ခံကျင့်သုံးနိုင်သည်။ ထို့ကြောင့် အမည်ပြောင်းလဲခြင်းသည် ဘာသာစကား ဆိုင်ရာ အမှတ်အသားတခုအဖြစ်သာမက နိုင်ငံရေးဆိုင်ရာ ကိရိယာတစ်ခုပါ ဖြစ်လာစေသည်။မည်သည့် မူဝါဒကို တရားဝင်အဖြစ် သတ်မှတ်သည်ဆိုသည့် အသိဉာဏ်ဆိုင်ရာ နယ်နိမိတ်များကို ပြန်လည်ပုံဖော် ပေးသည်။
နိဂုံး
ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလဲလိုက်ခြင်းသည် ခေတ်ပြိုင်အုပ်ချုပ် ရေးတွင် ဘာသာစကား၊ မူဝါဒနှင့် အတွေးအခေါ်များ မည်သို့ ပေါင်းစည်းလာသည်ကို နမူနာပြသ နေသည်။ ၎င်းသည် အင်အားသုံးစွဲမှုအပေါ်ထားရှိသည့် စံနှုန်းဆိုင်ရာ အကန့်အသတ်များ ဆုတ်ယုတ် လာခြင်းကို ထင်ဟပ်စေပြီး ထိုးစစ်သဘောထားကို ပုံမှန်လုပ်ရိုးလုပ်စဉ်အဖြစ် တရားဝင်ဖြစ်စေကာ စစ်ရေးမူဝါဒများနှင့်ယှဉ်ပြိုင်နိုင်သည့် ဒီမိုကရေစီ နေရာလွတ်များကို ကျဉ်းမြောင်းသွားစေမည့် အန္တရာယ် ရှိသည်။
Orwell ၏ သတိပေးချက်သည် တစ်ခါက တင်စားထားသည်ထက် ယခုလက်တွေ့ပိုဆန်လာ သည်။ နိုင်ငံရေးဆိုင်ရာဘာသာစကား သည် လက်တွေ့အခြေအနေကို ရိုးရှင်းစွာ ဖော်ပြရုံမျှမကတော့ဘဲ ၎င်းကို ပါထုတ်လုပ်ပေးလာနိုင်သည်။ စစ်ပွဲသည် ဘာသာစကားအရ ပုံမှန်တစ်ခုဖြစ်လာပါက နိုင်ငံရေးအရ အမြစ်တွယ်သွားနိုင်ဖွယ်ရှိသည်။
ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းတို့အတွက် လုပ်ဆောင်ရမည့်အလုပ်မှာ ဤအပြောအဆိုဆိုင်ရာ အပြောင်းအလဲများကို ဖော်ထုတ်ရန်၊ ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို ဝေဖန်ဆန်းစစ်ရန်နှင့် စစ်ပွဲ၏ ထာဝရချဲ့ထွင်မှုကို ထိန်းချုပ်ထားသော စံနှုန်းများကို ထိန်းသိမ်းရေး အခိုင် အမာ တောင်းဆိုရန်ဖြစ်ပါသည်။
သုထက်သာ
Source:
1.Department of War: George Orwell Would Feel Validated by Herbert Wulf at Toda Peace Institute
2. Fairclough, 1992
3. Finnemore & Sikkink, 1998
#World_News
Published 23 September 2025
▪️ ဂါဇာမှ ပါလက်စတိုင်းများဘက်ကနေ ထောက်ခံအားပေးမှုကိုပြသတဲ့အနေနဲ့ တနင်္လာနေ့က အီတလီမှာ အထွေထွေသပိတ်ပြုလုပ်ခဲ့ကြပြီး သယ်ယူပို့ဆောင်ရေး၊ စာသင်ကျောင်းများနဲ့ အခြားဝန်ဆောင်မှုကဏ္ဍများ ရပ်တန့်သွားခဲ့သလို မြို့ပြကြီးတွေမှာ အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။
▪️ စက်တင်ဘာ ၂၁ ရက်နေ့က အီတလီရဲ့ အကြီးမားဆုံး အလုပ်သမားသမဂ္ဂတစ်ခုဖြစ်တဲ့ CGIL က ၄ နာရီကြာ ဆန္ဒထုတ်ဖော်အပြီး ရက်အနည်းငယ်အတွင်းမှာပဲ ဒုတိယတစ်ကြိမ် ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်။
▪️ ဒေသတွင်းပို့ဆောင်ရေးနဲ့ ရထားလမ်းဆက်သွယ်ရေးအချို့ အထူးသဖြင့် နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ နှောင့်ယှက်ခံရပြီး ဆိပ်ကမ်းဝန်ထမ်းများ အလုပ်မဆင်းတာကြောင့် ဂျီနိုအာနဲ့ လီဗော်နိုဆိပ်ကမ်းတွေမှာ လုပ်ငန်းများ ရပ်တန့်ခဲ့ပါတယ်။
▪️ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ပြည်သူ့ရုံးဌာနအများအပြား ပိတ်ထားရကာ အီတလီလမ်းတွေမှာ ပါလက်စတိုင်းဘက်မှ စည်းလုံးညီညွတ်ထောက်ခံကြောင်း၊ ဂါဇာကမ်းမြောင်မှာ အစ္စရေးလ်လုပ်ရပ်တွေကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
▪️ ရောမ၊ ဘိုလော့ဂ်နာ၊ မီလန်၊ တူရင်၊ ဗင်းနစ်တို့မှာ လူအများဆုံး စုဝေးခဲ့ကြပြီး အနည်းဆုံး လူတစ်သိန်းခန့် ပါဝင်မယ်လို့ အီတလီရုပ်သံ Rai News က ဖော်ပြထားပါတယ်။
▪️ မီလန်မှ, ဂါဇာလိုလားရေးဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့ အတိုက်အခိုက်ဖြစ်ပွားကာ လူတစ်ဒါဇင်ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။
▪️ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် ဂျော်ဂျီယာမယ်လိုနီအစိုးရအနေနဲ့ အစ္စရေးလ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပေးဖို့ ဖိအားပေးလိုကြကာ ပါလက်စတိုင်းတို့အတွက် လူသားချင်းစာနာမှု ထောက်ပံ့ကူညီမှုများ ပေးအပ်လိုနေကြပါတယ်။
▪️ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုသေးတဲ့ အီတလီဝန်ကြီးများအဖွဲ့ကို အသိအမှတ်ပြုပေးဖို့လည်း သမဂ္ဂတွေက တောင်းဆိုနေကြပါတယ်။
Source: Xinhua
#World_Health
Published 23 September 2025
ရေသောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ရေသောက်တဲ့ပုံစံကြောင့် ကွဲပြားသွားနိုင်ပါတယ်။
ဒီအတွက် ကျန်းမာရေးမြှင့်တင်ပြီး တစ်နေ့လုံး အားအင်ပြည့်နေစေဖို့ ရေသောက်တဲ့အခါ ရှောင်ရှားသင့်တဲ့ အမှားတွေကို အာဟာရပညာရှင် ရိုင်ယန်ဖာနန်ဒိုက ပြောသွားပါတယ်။
(၁) ရေသောက်မြန်လွန်းခြင်း
ခန္ဓာကိုယ်က ရုတ်တရက်လန့်သွားနိုင်သဖြင့် ပါးစပ်ထဲ ရေထည့်ပြီး မျိုမချခင်မှာ ၂-၃ စက္ကန့်လောက် ထိန်းထားသင့်ပါတယ်။
(၂) ပူလွန်းအေးလွန်းသောရေသောက်ခြင်း
ရေကို သာမန်အပူချိန်ဖြင့်သာ သောက်သုံးပြီး ဒီလိုမှမဟုတ်ရင် သောက်လိုက်တဲ့ရေကို သာမန်အပူချိန်ဖြစ်အောင် ထိန်းညှိအားထုတ်ရပါတယ်။
(၃) အစားစားရင်းရေသောက်ခြင်း
အစားစားတဲ့အချိန်မှာ ရေသောက်လိုက်ရင် အစာချေဖျက်ဖို့ ခက်ခဲနိုင်သဖြင့် တစ်နာရီလောက်ခြားပြီး သောက်သင့်ပါတယ်။
(၄) ပလတ်စတစ်ဗူးထဲမှရေသောက်ခြင်း
အပူထဲရှိနေတဲ့ ပလတ်စတစ်ဗူးဟာ ရေထဲကို မိုက်ခရိုပလတ်စတစ်မှုန်တွေ ထွက်ရှိစေပါတယ်။
ဒီအချက်တွေအပြင် ရေသောက်တဲ့အခါ ခန္ဓာကိုယ်ကို တည့်မတ်တဲ့အနေအထားဖြင့် သောက်ရပါမယ်။
ကိုယ့်ခန္ဓာကိုယ်ရဲ့ ရေဓာတ်လိုအပ်ချက်အတိုင်း နားလည်သိရှိပြီး သောက်သုံးခြင်းက ခန္ဓာကိုယ်တွင်းလုပ်ဆောင်ချက်များ အကောင်းဆုံးဖြစ်စေမှာ ဖြစ်ပါတယ်။
Source: Indian Express
#World_Health
+Published 23 September 2025
▪️ ကျန်းမာရေးအတွက် သင့်လျော်တယ်လို့ ယူဆထားတဲ့ အချို့သော အစားအစာတွေက နှလုံးပြဿနာရှိသူတွေအတွက် ဘေးအန္တရာယ်ဖြစ်နိုင်တာကို အံ့အားသင့်ဖွယ် တွေ့ရှိလာပါတယ်။
▪️ နှလုံးသွေးကြောနဲ့ ပတ်သက်လာရင် အာဟာရဓာတ်အပြည့်အစုံအကြောင်း နားလည်ဖို့ပါ အရေးကြီးလာပါတယ်။
▪️ ဒါကြောင့် နှလုံးပြဿနာရှိသူတွေအတွက် ရှောင်ရှားသင့်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
▪️ (၁) ဂရန်နိုလာ - သကြားနဲ့ ဆီများ မြင့်မားစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်စေကာ နှလုံးကို ဖိစီးစေပြီး သွေးကြောတွေ ထိခိုက်စေပါတယ်။
▪️ (၂) အဆီနည်းသောဒိန်ချဉ် - သကြားပါဝင်တဲ့ ဒိန်ချဉ်မျိုးက ထရိုင်ဂလစ်ဆရိုက်ပမာဏ မြင့်တက်စေပြီး ကြာလာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။
▪️ (၃) စည်သွပ်ဟင်းရွက်နှင့် စွပ်ပြုတ်များ - ဟင်းရွက်တွေက ကျန်းမာတယ်ဆိုပေမယ့် ကြာရှည်ထိန်းသိမ်းဖို့အတွက် ဆိုဒီယံတွေ ပါဝင်သဖြင့် သွေးပေါင်ချိန်မြင့်တက်စေကာ နှလုံးအတွက် အန္တရာယ်ရှိစေပါတယ်။
▪️ (၄) ဟင်းရွက်ဆီများ - ဒီဆီတွေက နှလုံးအတွက် ကျန်းမာစေတယ်ဆိုပေမယ့် အိုမီဂါ-၆ ဖက်တီးအက်ဆစ်များ မြင့်မားတာကြောင့် ရောင်ရမ်းခြင်းဖြစ်စေပါတယ်။
▪️ (၅) ပေါင်မုန့်ကြမ်း - ပေါင်မုန့်ဖြူတွေထက် ပိုကောင်းတယ်ဆိုပေမယ့် ဈေးကွက်ထဲက ပေါင်မုန့်ကြမ်းတွေက သကြားနဲ့ ဆိုဒီယံ ပါဝင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကို သက်ရောက်စေပါတယ်။
▪️ (၆) အားဖြည့်အချိုရည်များ - ဒီအချိုရည်တွေဥ ရေဓာတ်ဖြည့်ခြင်းနဲ့ အားပြန်ဖြည့်ခြင်း ပေးစွမ်းတယ်လို့ ကြော်ငြာကြပေမယ့် တကယ်တမ်းတော့ သကြားနဲ့ ဆိုဒီယံများပြားကာ နှလုံးမကောင်းသူတွေမှာ ဘေးအန္တရာယ် ပိုဖြစ်စေနိုင်ပါတယ်။
▪️ (၇) အခွံမာသီးအရော - အခွံမာသီးတွေနဲ့ သစ်သီးခြောက်တွေက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ထုပ်ပိုးရောင်းချတာတွေထဲမှာ အငန်ဓာတ်တွေ၊ အချိုဓာတ်တွေပါတာကြောင့် နှလုံးအတွက် မကောင်းပါဘူး။
▪️ (၈) အပင်အခြေပြုအသားများ - အသားကြီးတွေနဲ့ယှဉ်ရင် ကိုလက်စ်ထရောနည်းပေမယ့် ဆိုဒီယံ၊ ပြည့်ဝဆီ၊ တာရှည်ခံဆေးတွေ မြင့်မားတာကြောင့် နှလုံးသွေးကြောအန္တရာယ် ဖြစ်စေပါတယ်။
▪️ (၉) ဖျော်ရည်များ - သဘာဝသစ်သီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် ဖျော်ရည်တွေထဲမှာ သကြားဓာတ် အများအပြား ပါဝင်ပါတယ်။
▪️ (၁၀) သစ်သီးခြောက်များ - အာဟာရဓာတ် ကြွယ်ဝပေမယ့် အခြောက်ခံတဲ့အခါ သကြားများစေပြီး တာရှည်ခံဆေးတွေလည်း ပါဝင်တာကြောင့် နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။
Source: DoctorNDTV
Page 47 of 1082