သက်ကြီးရွယ်အိုများပြားလာခြင်းနှင့် ကလေးမွေးနှုန်းကျဆင်းလာခြင်းကြောင့် စပိန်တွင်အငြိမ်းစားယူရမည့် သက်တမ်းထပ်မံမြှင့်တင်လာရဖွယ်ရှိ
အသက်အရွယ် ကြီးရင့်လာခြင်းနဲ့ မျိုးပွားနှုန်း ကျဆင်းလာခြင်းတို့က ကမ္ဘာတဝှမ်းက နိုင်ငံတွေမှာ အခက်အခဲဖြစ်လာပြီး လူမှုပြဿနာ ချိန်ညှိဖို့အတွက် ပင်စင်ယူရမယ့် အသက်အရွယ်ကို မြှင့်တင်ဖို့ မူဝါဒချမှတ်သူတွေ စဉ်းစားလာပါတယ်။
#World_News
Published 17 September 2024
#ကလေးမွေးနှုန်းကျဆင်း #အငြိမ်းစားယူရမည့်သက်တမ်းထပ်မံမြှင့်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 17 September 2024
၁။ ထူးကဲဒီရေတက်မည့်ရက်နှင့် ရန်ကုန်မိုးများမည့်ရက်တိုက်နေ၍ ရန်ကုန်ရေကြီးရေလျှံဖြစ်နိုင်
၂။ ပျဉ်းမနားမြို့ရေဘေးသင့်ပြည်သူများ နေရပ်ပြန်နိုင်ရန် အဓိကလိုအပ်ချက်ဖြစ်သည့် ရေတွင်းများဆယ်ယူပေးနေ
၃။ သဘင်အစည်းအရုံးမှ ရေဘေးသင့်ပြည်သူများနှင့်ရေဘေးသင့် သဘင်မိသားစုများကို ကူညီလှူဒါန်းနေ
၄။ သက်ကြီးရွယ်အိုများပြားလာခြင်းနှင့် ကလေးမွေးနှုန်းကျဆင်းလာခြင်းကြောင့် စပိန်တွင်အငြိမ်းစားယူရမည့်သက်တမ်းထပ်မံတိုးမြှင့်လာရဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၁၇ စက်တင်ဘာ ၂၀၂၄
ရေးဘင် Ray-Ban မျက်မှန်တွေထုတ်လုပ်တဲ့ EssilorLuxottica ကုမ္ပဏီက သူတို့ဟာ ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ်ပိုင်ရှင် မက်တာ Meta ကုမ္ပဏီတို့ဟာ စမတ်မျက်မှန်တွေထုတ်လုပ်ဖို့ မိတ်ဖက်ပူးပေါင်းလုပ်ကြတယ်လို့သိရပါတယ်။
အသုံးပြုသူတွေဖုန်းခေါ်ဆိုတာ၊ ဓါတ်ပုံတွေရိုက်တာ နှင့် သီချင်းတွေနားထောင်တာတွေလုပ်လို့ရတဲ့ မျက်မှန်တွေ ထုတ်လုပ် လာနိုင်ပြီးနောက် ရေးဘင်နှင့် မက်တာတို့ စမတ်မျက်မှန်ပူးတွဲ ထုတ်လုပ်ဖို့ သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ မျက်မှန်ထုတ်လုပ်တဲ့ ထိပ်တန်းကုမ္ပဏီကြီးနှင့် အမေရိကန် နည်းပညာကုမ္ပဏီကြီးဟာ ၂၀၁၉ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့သူတို့ဟာ ဉာဏ်ရည်တုအသုံးပြုထားတဲ့ ပထမဆုံး ရေးဘင်မက်တာ မျက်မှန်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။
ကုမ္ပဏီနှစ်ခုဟာ ကာလရှည်သဘောတူညီချက်အသစ်တစ်ရပ်အရ လာမယ့် ဆယ်စုနှစ်မှာ မျိုးဆက်စုံ စမတ်မျက်မှန်တွေ ထုတ်လုပ်ရာမှာ အတူပူးပေါင်းဆောင်ရွက်ကြမှာဖြစ်ပါတယ်” လို့ ရေးဘင်က သတင်းထုတ်ပြန်ပါတယ်။
“ မျက်မှန်ကနေ အဓိကကျတဲ့ နည်းပညာပလက်ဖောင်းအသွင်ပြောင်းမယ့် အခွင့်အလမ်းတွေ ကျွန်တော်တို့ရရှိနေပါပြီ” လို့ မက်တာရဲ့ အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်ကလည်း သတင်းထုတ်ပြန်ရာမှာ ပြောဆိုထားပါတယ်။
EssilorLuxottica ကုမ္ပဏီဟာ ရေးဘင်ကို ၁၉၉၉ ခုနှစ်ဝန်းကျင်ကတည်းက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
Source AFP
#World_News
Published 17 September 2024
▪️ ရုရှားတပ်မတော်ရဲ့ ပုံမှန်စစ်အင်အားကို တပ်သား တစ်သိန်းရှစ်သောင်းတိုးမြှင့်ကာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းပေါင်း ၁ သန်းခွဲသို့ရောက်ရှိရန် သမ္မတ ဗလာဒီမာပူတင်က တနင်္လာနေ့မှာ မိန့်ကြားလိုက်ပြီး ဒါဟာ တရုတ်ပြီးရင် ကမ္ဘာပေါ်မှာ ဒုတိယစစ်အင်အားအကြီးဆုံး ဖြစ်လာမှာပါ။
▪️ ကရင်မလင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်တဲ့အမိန့်အရ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုလုံးရဲ့ အင်အားကို ၂.၃၈ သန်းအထိ တိုးမြှင့်ခိုင်းကာ ထိုထဲက ၁ သန်းခွဲက တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေ ဖြစ်ရမယ်လို့ ပူတင်က မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။
▪️ စစ်ရေးစောင့်ကြည့်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ နိုင်ငံတကာ ဗျူဟာလေ့လာရေး အဖွဲ့အစည်း(IISS)ရဲ့ အချက်အလက်များအရ ဒီလိုအင်အားမြှင့်တင်လိုက်ပါက ရုရှားဟာ တာဝန်ထမ်းဆောင်နေတဲ့ တိုက်ခိုက်ရေး စစ်သည်အရေအတွက်မှာ အမေရိကန်နဲ့ အိန္ဒိယတို့ကို ကျော်သွားမှာဖြစ်ပြီး တရုတ်ပြီးရင် ဒုတိယအများဆုံး ဖြစ်လာမှာပါ။
▪️ တရုတ်ကတော့ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအင်အား ၂ သန်းကျော်ရှိနေပါတယ်။
▪️ ဒါဟာ ၂၀၂၂ ဖေဖော်ဝါရီလ ယူကရိန်းပဋိပက္ခနောက်ပိုင်း တတိယအကြိမ်မြောက် စစ်အင်အားတိုးချဲ့လာတာ ဖြစ်ပါတယ်။
▪️ ရုရှားတပ်တွေက စစ်မြေပြင်နယ်စပ် ၁၀၀၀ ကီလိုမီတာခန့်ရှိတဲ့ နေရာတွေထဲက ယူကရိန်းအရှေ့ဘက်မှာ တွန်းအားပေးနေပြီး ရုရှား ခါ့စ်ဒေသမှ ယူကရိန်းတပ်များကို ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။
▪️ ရုရှားဟာ ယူကရိန်းထက် လူဦးရေ ၃ ဆကျော်ပိုများသလို စစ်ပွဲမှာပါဝင်ဖို့ အကျိုးအမြတ်ခံစားခွင့် စာချုပ်များဖြင့် အောင်မြင်စွာ တပ်သားစုဆောင်းထားနိုင်ပေမယ့် စစ်မြေပြင်မှာ အဆုံးအရှုံးများခဲ့ပြီး စစ်ပွဲအဆုံးသတ်နိုင်မယ့် အခြေအနေလည်း မတွေ့ရသေးပါဘူး။
▪️ ရုရှားအောက်လွှတ်တော် ကာကွယ်ရေးကော်မတီဥက္ကဌ အန်ဒရီကာတာပိုလော့ဗ်က တာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်အင်အား တိုးချဲ့ရတာဟာ လက်ရှိ နိုင်ငံတကာ အခြေအနေများနဲ့ ယခင်နိုင်ငံခြား မိတ်ဖက်များရဲ့ အပြုအမူပုံစံများကြောင့် တိုးချဲ့ရတာဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ ရုရှားစစ်တပ်အနေနဲ့ စစ်အင်အား ၁ သန်းခွဲထားရှိဖို့ ဖြစ်နိုင်ပေမယ့် စစ်တပ်လိုအပ်ချက်နဲ့ မကိုက်ညီရင် အဆင်မပြေနိုင်ကြောင်း၊ ဒီအတွက် ကာကွယ်ရေးစရိတ်ကို တကယ်မြှင့်တင်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်ကြောင်း နိုင်ငံတကာ ငြိမ်းချမ်းရေးစောင့်ကြည့်ရေး အဖွဲ့မှ ရုရှားစစ်ရေးကျွမ်းကျင်သူ ဒါရာမက်ဆီကော့က ပြောလိုက်ပါတယ်။
#Source: Reuters
#World_Science
Published 17 September 2024
▪️ ကမ္ဘာဂြိုဟ်အတွက် ဒုတိယမြောက်လတစ်စင်း မကြာခင် ထွက်ပေါ်လာမှာဖြစ်ကာ ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်မှာဖြစ်ပါတယ်။
▪️ အဲဒါကို မမြင်ရတာလည်း ဖြစ်ရင်ဖြစ်နိုင်ပါတယ်။
စက်တင်ဘာလအကုန်မှာ ဂြိုဟ်မွှားတစ်ခုက ကမ္ဘာဂြိုဟ်အတွက် လတစ်စင်းအဖြစ် ၂ လမပြည့်အောင် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
▪️ ဂြိုဟ်မွှားစောင့်ကြည့်ရေးစနစ် ATLAS က ဩဂုတ် ၇ ရက်နေ့မှာ 2024 PT5 လို့အမည်ပေးထားတဲ့ ဂြိုဟ်မွှားကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ထိုဂြိုဟ်က ကမ္ဘာ့ဆွဲငင်အားထဲ မရောက်ခင် လက်ရှိမှာ လမ်းကြောင်းတစ်ခုပေါ် ရှိနေပါတယ်။
စပိန်နိုင်ငံ တက္ကသိုလ်တစ်ခုမှ ကားလို့စ်နဲ့ ရာအူးလ်ဒီလာဖွန်တေမာကို့စ်တို့က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
▪️ ထိုဂြိုဟ်သိမ်ဟာ စက်တင်ဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာ ၂၅ ရက်နေ့အထိ ကမ္ဘာကို တစ်ပတ်နီးပါး လှည့်ပတ်မှာဖြစ်ကာ ထွက်ခွာသွားလိမ့်မယ်လို့ ပြောပါတယ်။
▪️ ဒီအဖြစ်မျိုးက ရှားပါးပေမယ့် အရင်ကလည်း ဖြစ်ဖူးပါတယ်။
ဒီအရာက အတုအပမဖြစ်နိုင်ဘဲ အမှတ်တကယ် နက္ခတ်အဖွဲ့အစည်းမှ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
▪️ 2024 PT5 က အာဂျူနာဂြိုဟ်သိမ် လမ်းကြောင်းမှ အစပြုတာဖြစ်နိုင်ပြီး ကမ္ဘာဂြိုဟ်နဲ့ ပတ်လမ်းကြောင်းဆင်တူတဲ့ ကမ္ဘာ့အနီးအနားဝတ္ထုများ ရှိတဲ့နေရာဖြစ်ပါတယ်။
▪️ ဒီအကြောင်းတွေကို နက္ခတ္တပညာရှင် တိုနီဒန်းက X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ဇန်နဝါရီ ၉ ရက်နေ့မှာ ပြန်သွားမှာဖြစ်ပြီး ၂၀၅၅ မတိုင်ခင်အထိ နောက်ထပ်ရောက်ရှိမှာ မဟုတ်ပါဘူး။
#Source: WION
#World_Health
Published 17 September 2024
▪️ ဆော်ဒီအာရေဗျရှိ ဖေဆယ်ဘုရင်ဆေးရုံနဲ့ သုတေသနဌာနဟာ ပထမဆုံး စက်ရုပ်စနစ် အပြည့်အဝအသုံးပြုတဲ့ နှလုံးအစားထိုးခွဲစိတ်မှုကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ကြောင်း ဆော်ဒီမီဒီယာတစ်ခုက ဖော်ပြပါတယ်။
▪️ နှလုံးရောဂါ နောက်ဆုံးအဆင့်ဖြစ်နေတဲ့ အသက် ၁၆ နှစ်အရွယ်လူနာကို ခွဲစိတ်ခဲ့တာဖြစ်ကာ စက်ရုပ်နှင့် အနည်းဆုံးခွဲစိတ်ဝင်ရောက်ခြင်း ပရိုဂရမ်ရဲ့ ညွှန်ကြားရေးမှူး နှလုံးခွဲစိတ်အကြီးအကဲ ဒေါက်တာ ဖာရက်စ်ခါလီယယ်ရဲ့ ထိန်းချုပ်မှုဖြင့် ၂ နာရီခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
▪️ ခွဲစိတ်ရေးအဖွဲ့ဟာ လူနာကို ခွဲစိတ်မှုမပြုလုပ်ခင် ၃ ရက်အတွင်း ၇ ကြိမ်တိုင်အောင် စမ်းသပ်လေ့ကျင့်ခဲ့ပါတယ်။
▪️ ဒီလိုနည်းလမ်းဖြင့် ပြုလုပ်ခြင်းက နှလုံးအစားထိုး ခွဲစိတ်မှုမှာ အရင်ကလို ရင်ဘတ်ကို ခွဲရပြီး ပြန်လည်သက်သာရန် လနဲ့ချီစောင့်ဆိုင်းဖို့ မလိုအပ်တော့ဘူးလို့ မျှော်လင့်ရပါတယ်။
▪️ စက်ရုပ်နည်းပညာက ခွဲစိတ်မှုအတိုင်းအတာ အနည်းဆုံးသာ ပြုလုပ်ရတာကြောင့် နာကျင်မှုနည်းပါးခြင်း၊ ပြန်လည်သက်သာချိန် နည်းပါးခြင်း၊ နောက်ဆက်တွဲဆိုးကျိုး နည်းပါးခြင်း၊ လူနာရဲ့ ဘဝနေထိုင်မှု သိသိသာသာ မြင့်မားခြင်းတို့ ရရှိနိုင်မှာဖြစ်ပါတယ်။
▪️ ကမ္ဘာ့ပထမဆုံး စက်ရုပ်ဖြင့် နှလုံးအစားထိုးခွဲစိတ်ခြင်းဟာ ဒီအဖွဲ့အစည်းအတွက်သာမက ၂၀၃၀ ဆော်ဒီရည်မှန်းချက်ဖြစ်တဲ့ အထူးပြုဆေးလောကမှာ ကမ္ဘာ့မှာဦးဆောင်သူ ဖြစ်လာရေးအတွက်ပါ အပြောင်းအလဲဖြစ်လာကာ လူတွေရဲ့ ဘဝနေထိုင်မှု တိုးတက်လာစေရန် ဆန်းသစ်တီထွင်မှုဖြင့် ကုသခြင်းဖြစ်တယ်လို့ ဒေါက်တာက ဆိုပါတယ်။
▪️ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ရေးကို ထောက်ပံ့ပေးနေတဲ့ တိုင်းပြည်ခေါင်းဆောင်ပိုင်းကိုလည်း ချီးကျူးပြောဆိုသွားပါတယ်။
#Source: The Jerusalem Post
ဂါဇာဒေသ၌ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ကြရန် စစ်ဘေးသင့်ဂါဇာပြည်သူများ အနူးအညွတ်မေတ္တာရပ်ခံ
အော့စ်လိုဝမ်းသဘောတူညီမှု လက်မှတ်ရေးထိုးခြင်း ၃၁ နှစ်ပြည့်မြောက်တဲ့ သောကြာနေ့မှာ စစ်ဘေးသင့်ဂါဇာကမ်းမြောင်မှ ပြည်သူများက ငြိမ်းချမ်းရေး ပြန်လည်ယူဆောင်ပေးဖို ဆန္ဒပြင်းပြစွာ မေတ္တာရပ်ခံခဲ့ကြပါတယ်။
#World_News
Published 16 September 2024
# စစ်ဘေးသင့်ဂါဇာပြည်သူ #ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်
#YMG #Yangon_Times #Yangon_Media_Group
Page 48 of 822