#Health_Tips
Published 19 June 2022
မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာက မှတ်သားနိုင်စွမ်း၊ စဉ်းစားသုံးသပ်နိုင်စွမ်း၊ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ ဆင်ခြင်ဖြေရှင်းနိုင်စွမ်းတွေနဲ့ ပတ်သက်ပြီး စွမ်းဆောင်မှုလျော့နည်းလာတဲ့ အခြေအနေဖြစ်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါကလည်း မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာထဲမှာပါဝင်ပြီး အဖြစ်အများဆုံးရောဂါတစ်ခုဖြစ်ကာ အမေရိကန်မှာ အယ်လ်ဇိုင်းမားရောဂါခံစားရသူ ၆ သန်းခန့်ရှိကြောင်း အယ်လ်ဇိုင်းမား အဖွဲ့အစည်းကဆိုပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းဝေဒနာက ကမ္ဘာတဝှမ်းရှိသက်ကြီးရွယ်အိုများကြား မသန်မစွမ်းဖြစ်လာရခြင်းနဲ့ မှီခိုခြင်းဖြစ်လာရစေတဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။
ဒါပေမဲ့ ဒီရောဂါဆက်လက်ဆိုးရွားမလာအောင် လုပ်လို့ရနေနိုင်ပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဗိုက်တာမင်-ဒီချို့တဲ့ခြင်းကြား တိုက်ရိုက်ဆက်နွှယ်နေမှုကို ပြသနိုင်တဲ့ မျိုးရိုးဗီဇသုတေသနအသစ်ကို တောင်ဩစတြေးလျတက္ကသိုလ်မှ လေ့လာမှုဖြင့် လက်တွေ့အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်ပါတယ်။
လေ့လာမှုတွေထဲမှာ ဗိုက်တာမင်-ဒီနည်းပါးခြင်းက ဦးနှောက်ထုထည်နည်းခြင်းနဲ့ လေဖြတ်ခြင်း မှတ်ဉာဏ်ချို့ယွင်းခြင်းတို့ ဖြစ်လာနိုင်ချေရှိနေပါတယ်။
အချို့လူတွေမှာ ဗိုက်တာမင်-ဒီပုံမှန်ပမာဏရောက်ရှိအောင်ပြုလုပ်ခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကို ၁၇ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပါတယ်။
ဩစတြေးလျမှ လူပေါင်း ၄၈၇,၅၀၀ ဟာ မှတ်ဉာဏ်ချို့ယွင်းခြင်းခံစားနေရပြီး နိုင်ငံရဲ့သေဆုံးရခြင်းအကြောင်းအရင်းတွေထဲမှာ ဒုတိယအများဆုံးဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးမှာ လူပေါင်း ၅၅ သန်းမှတ်ဉာဏ်ချို့ယွင်းခြင်း ဝေဒနာခံစားနေရပြီး နှစ်စဉ်နှစ်တိုင်း ရောဂါတိုးလာသူ ၁၀ သန်းခန့်ရှိနေပါတယ်။
ဩစတြေးလျ UniSA စင်တာမှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ'အယ်လီနာဟစ်ပိုနန်'က အဆိုပါတွေ့ရှိချက်တွေဟာ အရေးပါပြီး မှတ်ဉာဏ်ချို့ယွင်းခြင်းကာကွယ်မှုနဲ့ ဗိုက်တာမင်-ဒီချိုတဲ့ခြင်းမဖြစ်အောင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
လေ့လာမှုထဲမှာ ဗိုက်တာမင်-ဒီအလွန်နည်းပါးခြင်းကြောင့် မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေများကို လေ့လာခဲ့ကြပါတယ်။
ဒီဝေဒနာဟာ ခံစားနေရတဲ့သူတွေမှာ ပိုမိုဆိုးရွားလာတတ်တဲ့အရာမျိုးဖြစ်ပါတယ်။
လူသားတွေအနေနဲ့ ဗိုက်တာမင်-ဒီဆိုးဆိုးရွားရွားကြီးချို့တဲ့တာမျိုးမဖြစ်အောင် ပြောင်းလဲနိုင်မယ်ဆိုရင် လူပေါင်းထောင်သောင်းများစွာရဲ့အသက်ကို ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်။
နေရောင်ခြည်နဲ့ အစားအစာတို့မှ ဗိုက်တာမင်-ဒီဓာတ်အလုံအလောက်မရဘူးဆိုရင် ဖြည့်စွက်စာများလိုအပ်လာနိုင်ကြောင်း 'ဟစ်ပိုနန်'က ပြောကြားလိုက်ပါတယ်။
Source: SciTechDaily
#Yangon_Media_Group
#WorldBusiness
Published 18 June 2022
အမေရိကန်ဗဟိုဘဏ်မှ အတိုးနှုန်းတက်ပြီးနောက် စင်ကာပူနိုင်ငံက လူသုံးကုန်ပစ္စည်းဈေးနှုန်းများတည်ငြိမ်အောင် ကြိုးစားလျက်ရှိပြီး စင်ကာပူငွေကြေးတန်ဖိုးလျော့နည်းလာခြင်းကြောင့် သွင်းကုန်များ ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
Published 18 June 2022
ဆော်ဒီအာရေဗျရဲ့ သမိုင်းဝင်နေရာဖြစ်တဲ့ ဒီရီယာဒ်ဒိစတြိတ်နှင့် ယင်းရဲ့ ၁၈ရာစု ဆာလ်ဝါနန်းတော်ကြီးကို ပြန်လည်ပြုပြင်ပြီး ယခုနှစ် နှောင်းပိုင်းမှာ အများပြည်သူကို ဖွင့်လှစ်ပြသတော့မှာ ဖြစ်ပါတယ်။
အဲဒီနေရာဟာ ဆော်ဒီအာရေဗျရဲ့ အယ်လ်ဆော့ဒ် တော်ဝင်မိသားစုဟာ အာရေဗျကျွန်းဆွယ်ကို သိမ်းပိုက်ဖို့ အစီအစဉ်စတင် ရေးဆွဲခဲ့တဲ့ နေရာလို့ သိကြပါတယ်။
ဒီရီယာဒ်ဟာ ဆော်ဒီတော်ဝင်မိသားစုရဲ့ ဇာတိဖြစ်ပြီး ၁၇၄၄ ခုနှစ်ကနေ ၁၈၁၈ ခုနှစ်အထိ ပထမဆော်ဒီမင်းဆက်တွေ လက်အောက်က ဒီရီယာဒ်စော်ဘွားနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။
အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မင်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် မြို့တော်ရီယာဒ်ရဲ့ အနောက်မြောက်ဖက်မှာရှိတဲ့ အဲဒီသမိုင်းဝင်နေရာကို ပြန်လည်မွမ်းမံပြီး အများပြည်သူပြသဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
Source: AFP
Published 18 June 2022
ကြာသပတေးနေ့ကအယ်လာဘားမားမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရဲကပြောပါတယ်။
အယ်လာဘားမားက ဗက်စတာဗီယာဟေးလ် မြို့က စိန့် စတီဖန် အီပစ်ကော့ပယ် ဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ သံသယရှိသူကိုတော့ ဖမ်းဆီးထားတယ်လို့ မြို့ရဲတပ်ဖွဲ့က ဖေ့စ်ဘုတ်ခ်မှာ သတင်းတင်ထားပါတယ်။
Source AFP
Published 18 June 2022
အိန္ဒိယစစ်တပ်ရဲ့ တပ်သားခန့်ထားမှုအစီအစဉ်အပေါ် လူစုလူဝေးနှင့် အကြမ်းဖက် ကန့်ကွက်ဆန္ဒပြတာတွေကို ရပ်တန့်သွားစေဖို့အတွက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရဲ့ နေရာတော်တော်များများမှာ အင်တာနက်တွေဖြတ်တောက်ပိတ်ပင် လိုက်တယ်လို့ ရဲအရာရှိတွေက စနေနေ့က ပြောပါတယ်။
ဝန်ကြီးချုပ် နာရင်ဒါမိုဒီက တပ်သားတွေကို အချိန်တိုခန့်ထားမယ့် မူဝါဒအသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒေသအချို့မှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် လူတစ်ဦးသေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။
အိန္ဒိယရဲ့ ၁.၃၈သန်း အင်အားရှိတဲ့ အင်အားကြီးမားတဲ့ စစ်တပ်ကြီးကို လူများများဝင်ရောက်နိုင်ဖို့ နှင့် ဝန်ပိနေတဲ့ ပင်စင်စရိတ်တွေလျှော့ချနိုင်ဖို့ အစိုးရက ပျှမ်းမျှအသက်ကိုနှိမ့်ချလိုက်ပြီး လေးနှစ်ကန်ထရိုက်နှင့် ခန့်အပ်မယ့် အက်ဂနီပတ်သ် သို့မဟုတ် မီးလျှံလမ်းကြောင်းဆိုတဲ့ အစီအစဉ်ကို ကန့်ကွက်နေကြတာဖြစ်ပါတယ်။
ကန့်ကွက်သူတွေဟာ များသောအားဖြင့် ငယ်ရွယ်တဲ့ ယောကျ်ားလေးတွေဖြစ်ကြပြီး ဒီအစီအစဉ်ဟာ ပုံမှန်လစာ၊ပင်စင်နှင့်အခြားခံစားခွင့်တွေအာမခံတဲ့ အိန္ဒိယစစ်တပ်ထဲမှာ အမြဲတမ်းအလုပ်တစ်ခုရနိုင်မယ့် အခွင့်အရေးကို ကန့်သတ်တာဖြစ်တယ်လို့ပြောကြပါတယ်။
လူတော်တော်များများဟာ ဘီဟာ၊တယ်လင်ဂနာနှင့် ဥတာပရာဒေ့ရှ်နှင့် အနောက်ဘင်္ဂလားပြည်နယတွေမှာ ဒီအစဉ်အစဉ်ကို ကန့်ကွက်သူတွေဟာ လမ်းတွေပေါ်ထွက်လာကြပါတယ်။
ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်၊တွစ်တာနှင့် ဝပ်အက်စ်တို့ကို ဘီဟာရဲ့ ခရိုင်၁၅ခုကနေ ၁၈ခုမှာ ပိတ်ထားကြောင်း ပြည်နယ်အကြီးတန်းရဲအရာရှိ ဆန်ဂျေးဆင်းက ပြောပါတယ်။ အဲဒီပြည်နယ်မှာ ဆန္ဒပြသူတွေဟာ ခရီးသည်တင်ရထားတွေနှင့်ဘတ်စ်ကားတွေကိုဒေါသတကြီး မီးရှို့ခဲ့ကြပါတယ်။
အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံး ဥတာပရာဒေ့ရှ်ပြည်နယ်မှာ ကြိုတင်ကာကွယ်တဲ့အနေနှင့် အနည်းဆုံး ၂၅၀ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အချို့ဆန္ဒပြသူတွေက ရဲတွေဟာ အင်အားအလွန်အကျွံသုံးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။
လူငယ်တွေအနေနှင့် အစီအစဉ်သစ်ကိုလိုက်နာကြဖို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက လူငယ်တွေကို မေတ္တာရပ်ခံထားပါတယ်။ ရေတပ်ဦးစီးချုပ်က သောကြာနေ့ ဆန္ဒပြပွဲတွေဟာ ထင်မှတ်ထားတာတွေမဟုတ်ကြောင်းနှင့် စနစ်သစ်နှင့်ပတ်သက်လို့ အချက်အလက်မှားတွေကြောင့်လို့ပြောပါတယ်။
ဒီလိုဆန္ဒပြတာတွေကို ကြိုမတွေးမိဘူးလို့ ရေတပ်ဗိုလ်ချူပ်ကြီး အာရ်ဟာရီကူမာက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ အိန္ဒိယစစ်တပ်မှာ ဒါဟာ အကြီးမားဆုံး လူသားအရင်းအမြစ်စီမံခန့်ခွဲပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ သူကပြောပါတယ်။
Source: Reuters
#DailyNews
Published - 18 June 2022
၁။ သွေးလွန်တုပ်ကွေးမဖြစ်အောင် ကလေးငယ်များကိုနေအိမ်တွင်သာမက မူကြိုများ၊စာသင်ကျောင်းများ ၌ပါခြင်မကိုက်အောင်ထားရန်လို
၂။ ဘဏ်လုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နေသည်ဟု ဗဟိုဘဏ်ပြော
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ စင်ကာပူတွင် ဆယ်စုနှစ်အတွင်းငွေကြေးဖောင်းပွမှု အမြင့်ဆုံးအခြေအနေရောက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published 18 June 2022
သောကြာနေ့က စိန့်ပီတာဘာ့ဂ်နိုင်ငံတကာစီးပွားရေး ဖိုရမ်မှာ ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က အနောက်နိုင်ငံတွေကို ဝေဖန်တိုက်ခိုက်လိုက်ပြီး တစ်ဦးတည်းခြယ်လှယ်နေတဲ့ခေတ်ကြီး အဆုံးသတ်တော့ပြီလို့ မိန့်ခွန်းမှာ ထည့်သွင်းကြေညာ ပြောကြားသွားခဲ့ပါတယ်။
"စစ်အေးတိုက်ပွဲကိုအနိုင်ရတော့ အမေရိကန်တွေက သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်ကဘုရားသခင်ရဲ့ကိုယ်စားလှယ်တွေလိုမျိုး ထင်နေကြပါတယ်၊ တကယ်ကတော့ ဘာတာဝန်ယူမှုမှ မရှိဘဲ သူတို့အကျိုးစီးပွားအတွက်သာကြည့်သူတွေဖြစ်ပါတယ်၊ ဒီအကျိုးစီးပွားတွေကို အထွတ်အမြတ်အရာတွေအဖြစ် သတ်မှတ်နေကြပါတယ်၊ အခုတော့တဖက်သတ်ဆန်စွာနဲ့ တစ်ကမ္ဘာလုံး မတည်မငြိမ်ဖြစ်နေရပါပြီ" လို့ ပြောကြားခဲ့ပါတယ်။
ဆိုက်ဘာတိုက်ခိုက်မှုကြီး တစ်ခုဖြစ်ပေါ်ခဲ့တာကြောင့် အများကမျှော်လင့်နေတဲ့မိန့်ခွန်းကို မိနစ် ၉၀ ကျော်လောက် နောက်ဆုတ်ပြီးပြုလုပ်ခဲ့ရပါတယ်။
အစည်းအဝေးညီလာခံ ပြုလုပ်တဲ့စနစ်မှာ DDoS လိုခေါ်တဲ့ ဆိုက်ဘာတိုက်ခိုက်မှု တစ်မျိုးဖြစ်ပေါ်ခဲ့တာကြောင့် မိန့်ခွန်းကိုနောက်ဆုတ်ကျင်းပရတာဖြစ်ကြောင်း ရုရှားအုပ်ချုပ်အဖွဲ့မှပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က သတင်းထောက်များကိုပြောကြားခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဘယ်သူတွေပြုလုပ်လဲဆိုတာကို သေသေချာချာမသိရသေးပါဘူး။
ဟက်ကာတွေစုစည်းထားတဲ့ ယူကရိန်းအိုင်တီတပ်ဖွဲ့ကတော့ သီတင်းပတ်အစောပိုင်းတုန်းက စိန့်ပီတာဘာ့ဂ်ဖိုရမ်ကို ပစ်မှတ်ထားကြောင်း သူတို့ရဲ့တယ်လီဂရမ်ချန်နယ်ကနေ ကြေညာထားပါတယ်။
ထိုနှစ်စဉ်ညီလာခံဟာ လွန်ခဲ့တဲ့ ၄ လခန့်ကယူကရိန်းကိုကျူးကျော်ပြီးနောက်ပိုင်း 'ပူတင်'ရဲ့ထင်ရှားတဲ့ မိန့်ခွန်းတွေထဲကတစ်ခုဖြစ်ပြီး သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ကမ္ဘာကသိနိုင်တဲ့အခွင့်အလမ်းလည်း ဖြစ်ပါတယ်။
ရုရှားအနောက်ပိုင်းမြို့မှာ 'ပူတင်'ကမိန့်ကြားခဲ့တာဖြစ်ပြီး အပိုစကားတွေပြောမနေဘဲ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများကို တိုက်ခိုက်ပြောကြားခဲ့တာဖြစ်ပါတယ်။
"အရင်တုန်းကအတိုင်း သူတို့ရဲ့စိတ်ကူးယဉ်မှုတွေအောက်မှာ ပဲနေနေကြတာပါ၊ သူတို့စစ်ပွဲအနိုင်ရတော့ အားလုံးကို ကိုလိုနီသိမ်းပိုက်တယ်လို့ ထင်နေကြပါတယ်၊ အဲဒီမှာနေတဲ့လူတွေကလည်း ဒုတိယတန်းစားလူတွေပါပဲ၊ ယူကရိန်းစစ်ပွဲဟာ ရုရှားရဲ့အထူးစစ်ဆင်ရေးဖြစ်ပြီး အနောက်နိုင်ငံက ရုရှားကိုပဲအလုံးစုံအပြစ်ဖို့နေပါတယ်" လို့ ဆိုခဲ့ပါတယ်။
ရုရှားက သူတို့ကိုအပြစ်တင်နေတဲ့ အနောက်နိုင်ငံတွေကိုဝေဖန်လိုက်ပြီး 'ပူတင်'က စားသောက်ကုန် ဈေးနှုန်းမြင့်တက်လာခြင်းအပေါ် အမေရိကန်အစိုးရနဲ့ ယူရိုဗျူရိုကရေစီစနစ်ကို အပြစ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ စားသောက်ကုန်အဓိက ထုတ်လုပ်ရာနိုင်ငံဖြစ်ပြီး ရုရှားတို့ကျူးကျော်ခြင်းကြောင့် ထုတ်လုပ်မှုနဲ့ချိတ်ဆက်ထောက်ပံ့မှု ကွင်းဆက်များ ပျက်စီးခဲ့ရပါတယ်။
စစ်ပွဲရဲ့သက်ရောက်မှုကြောင့် လူပေါင်း ၄၉ သန်းလောက် စားစရာပြတ်လပ်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။
ရုရှားသင်္ဘောတွေပေါ်မှာ ယူကရိန်းတိုရဲ့ဆန်စပါးတွေတင်ဆောင်လာတာကို ဂြိုဟ်တုပုံရိပ်ဖြင့်ဖမ်းယူရရှိပြီးနောက် ယူကရိန်းရဲ့ဆန်စပါးတွေကို ရုရှားတို့က ခိုးယူနေကြတယ်လို့ စွပ်စွဲလိုက်ပါတယ်။
ပင်လယ်နက်ရေလမ်းကြောင်းမှာ ရုရှားတို့က ပိတ်ဆိုထားတာကြောင့် ယူကရိန်းရဲ့ထွက်ကုန်တွေကို အခြားနိုင်ငံများထံ ပေးပို့လို့မရဘဲ ဖြစ်နေပါတယ်။
Source: CNN
#Yangon_Media_Group
Page 1016 of 1151