Published 3 April 2022
၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ ၁၈ရက်အထိ ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးမှာ အုပ်စု၊ကွာတားဖိုင်နယ်နှင့်ဗိုလ်လုပွဲအဆင့်ဆင့်ကို ဘယ်ဘောလုံးကွင်းတွေမှာ ကစားကြမလဲဆိုတာကို ကမ္ဘာ့ဖလားဘောလုံးပွဲ ပရိဿတ်အကြီးအတွက် စုစည်းတင်ဆက်လိုက်ပါတယ်။
Source AFP
#WorldHealth
Published - 03 April 2022
အိန္ဒိယမှာမွေးဖွားခဲ့တဲ့ကလေးငယ်မှာ ခေါင်းနှစ်လုံး လက်သုံးချောင်း နှလုံးနှစ်ခုပါလာပြီး အသက်ဆက်ရှင်နေတာကြောင့် ဆရာဝန်များအံ့အားသင့်နေကြရပါတယ်။မိခင်'ရှာဟင်ခန်း'နဲ့ သူ့အမျိုးသားဖြစ်သူ'ဆိုဟေးလ်'တို့ဟာ အမွှာကလေးနှစ်ယောက်မွေးဖွားလာမယ်လို ထင်နေခဲ့ကြပေမယ့် မတ်လ ၂၈ ရက်နေ့က ရတ်လမ်မြို့ မှာမွေးဖွားခဲ့ရာမှာတော့ ခေါင်းနှစ်လုံးနဲ့ကလေးတစ်ယောက်တည်း ဖြစ်နေခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးကို dicephalic parapagus လို့ခေါ်ပြီး ကိုယ်ထည်တစ်ခုတည်းနဲ့ခေါင်းနှစ်လုံးပါဝင်ကာ ကလေးအသေမွေးတာမျိုးအဖြစ်များပါတယ်။
ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲ ကိုယ်ချင်းဆက်အမွှာကလေးဟာ အခုအချိန်ထိအသက်ရှင်နေဆဲဖြစ်ပြီး အနီးအနားရှိ အင်ဒိုးမြို့ဆေးရုံကိုတင်ထားကာ ဆရာဝန်များက စောင့်ကြပ်ကြည့်ရှုပေးနေကြပါတယ်။
မိခင်ဖြစ်သူကတော့ ရတ်လန်ခရိုင်ဆေးရုံမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ'လိုဟာတီ'က "ဒီလိုမွေးဖွားမှုဟာအလွန်ရှားပါးပြီး ကလေးရဲ့အသက်ရှင်မှုအခြေအနေကလည်း မွေးဖွားပြီးစရက်တွေမှာ မသေချာပါဘူး။ ဒါကြောင့် ဒီကလေးကိုသေချာစောင့်ကြည့်နေကြပါတယ်။ ခွဲစိတ်မှုလုပ်ဖို့တော့အစီအစဉ်မရှိပါဘူး" လို့ ပြောပြလိုက်ပါတယ်။
ကိုယ်ထည်တစ်ခု ခေါင်းနှစ်လုံးနဲ့ကိုယ်ချင်းဆက်အမွှာမွေးဖွားလာခြင်းကို dicephalic paragus လို့ခေါ်ပြီး ကလေးတစ်သောင်းမွေးဖွားရင် တစ်ယောက်ဖြစ်နိုင်ချေရှိတဲ့အခြေအနေဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ၂၀၁၉ ခုနှစ်ကလည်း အသက် ၂၁ နှစ်အရွယ်ကလေးအမေက ခေါင်းနှစ်လုံး လက်သုံးချောင်းနဲ့ကလေးကိုမွေးဖွားခဲ့ဖူးပါတယ်။ သူတို့ရဲ့ပထမဆုံးရတဲ့ကလေးမှာ ခေါင်းနှစ်လုံးပါလာတာကြောင့် အစပိုင်းမှာတော့ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ၃၅ ပတ်ရှိတဲ့အချိန်မှာ ကိုယ်ချင်းဆက်အမွှာရရှိမယ်လို့ စစ်ကြည့်ခဲ့ရပေမယ့် ဗိုက်ခွဲမွေးဖွားခဲ့တဲ့အချိန်မှာတော့ ခေါင်းနှစ်လုံးနဲ့ကလေးဖြစ်နေခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဒီကလေးကိုသူတို့ တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာပဲ ၂၀၁၇ ခုနှစ်က ကိုယ်ချင်းဆက်ယောကျ်ားလေးမွေးဖွားခဲ့ရာမှာတော့ မွေးဖွားပြီး ၂၄ နာရီအကြာမှာပဲ အသက်မရှင်နိုင်တော့ပါဘူး။
ကလေးအဖေနဲ့အမေက သူတို့ကလေးကို ကယ်တင်ပေးဖို့တောင်းဆိုပေမယ့် ကလေးကအသက်ရှင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ဆရာဝန်တွေကသတိပေးခဲ့ပါတယ်။
ခေါင်းနှစ်လုံးကိုယ်ချင်းဆက်မွေးဖွားမှုဟာ အလွန်ရှားပါးဖြစ်စဉ်ဖြစ်ပြီး မကြာခဏကလေးအသေမွေးခြင်းမျိုး ဖြစ်ပေါ်တတ်ပါတယ်။
Source: Dailymail
#WorldAgriculture
Published 02 April 2022
ခရိုအေးရှားနိုင်ငံမှာ အသစ်ဖွင့်လှစ်လိုက်တဲ့ ဆေးခြောက်ပြတိုက်မှာ ဆေးခြောက်အသုံးပြုခြင်းသမိုင်းဝင်အကြောင်းတွေ၊ ရက်ဂေးသံစဉ်နဲ့ ဆေးစွဲသူတို့ရဲ့အကြောင်းအရာတွေကို ဖော်ပြထားပါတယ်။
#Yangon_Media_Group
Published 2 April 2022
အိုမီခရွန်ကနေထပ်ခွဲလာတဲ့ ဗိုင်းရပ်မျိုးကွဲအခွဲအသစ်တစ်ခု "XE" (အိတ်စ်အီး) ကို ရှာတွေ့ခဲ့ပြီး အဲဒါဟာ လက်ရှိကူးစက်မှုအမြန်ဆုံးဖြစ်နေတဲ့ အိုမီခရွန်အခွဲ BA.2 ထက် ကူးစက်မှု ၁၀ရာခိုင်နှုန်း မြန်ဆန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
"XE" (အိတ်စ်အီး)ဟာ အိုမီခရွန်၊, BA.1နှင့် BA.2 တို့ပေါင်းစပ်မိပြီး ထပ်မံပေါ်ပေါက်လာတဲ့ မျိုးကွဲအခွဲတစ်ခုဖြစ်ပြီး သိသာစွာကွဲပြားတဲ့ ရောဂါဆိုးရွားမှုအပါအဝင် ရောဂါအသွင်အပြင်တွေမပြမချင်း အိုမီခရွန်ရဲ့ အခွဲဖြစ်နေဦးမှာပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မတ်၂၉ရက်က ထုတ်ပြန်တဲ့ ကပ်ရောဂါဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာဖော်ပြထားပါတယ်။
Source CMG
#DailyNews
Published -2 April 2022
၁။ သိန်း ၂၀၀ ပတ်ချာလည်ကားများ အဝယ်လိုက်နေပြီး ကားဈေးနှုန်းတွေမြင့်တက်နေ
၂။ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခွင့်ကို အမြဲတမ်းသဘောမျိုးပိတ်သိမ်း
၃။ မိုးလေဝသ သတင်း
၄။ ဆေးခြောက်ပြတိုက် ခရိုအေးရှားတွင်ဖွင့်လှစ်ပြသ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 2 April 2022
ငါးလအတွင်း စင်ကာပူနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်လာခဲ့ပြီး အီးယူ အပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ ISP Myanmar ၏ သု တေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
နစက အစိုးရက မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့တဲ့အနက် အာဆီယံနိုင်ငံတွေက အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအထဲမှာမှ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တဲ့နိုင်ငံဖြစ်သလို တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။
ဒါ့အပြင် ထိုင်း၊ မလေးရှား တို့လို အခြားအာဆီယံနိုင်ငံတွေဆီကလည်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနဲ့ အမေရိကန်သုံးသိန်းကျော် အသီးသီးဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့အပြင် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ တသန်းကျော် ဝင်ရောက်ခဲ့ပြီး ထူးခြားတာကတော့ ငါးလအတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် ယခု နစက အစိုးရလက်ထက်မှာ အီးယူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုပါက ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။
ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိရှိနေသလို ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စတဲ့ ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း လုံးဝမရှိခဲ့တာတွေ့ရတယ်လို့လည်း ISP Myanmar ၏ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - ISP Myanmar
ymg/kg
#Yangon_Media_Group
Published 2 April 2022
တရုတ်နှင့်မြန်မာတို့ဟာ အပြန်အလှန်နိုင်ငံရေးယုံကြည်မှု ရှေ့သို့တက်လှမ်းရေး၊အပြန်အလှန်အကျိုးအမြတ်နှင့် နှစ်ဖက်လုံး အောင်မြင်မှုရလာဒ်ရရှိရေး၊ ပြည်သူအချင်းချင်းအတုံအလှယ်ပြုမှုဖန်တီးရေး၊ယဉ်ကျေးမှုလှုပ်ရှားဆောင်ရွက်မှုများတွင် အပြန်အလှန်သင်ယူမှုတိုးမြှင့်ရေးတို့အတွက် အပြန်အလှန်ဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကို နက်ရှိုင်းစွာ ဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတယ်လို့ CCTV ကသတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွေးပြည်နယ်မှာ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သောကြာနေ့က တွေ့ဆုံဆွေးနွေးစဉ်မှာ အဲဒီသဘောတူညီချက်ရရှိခဲ့ကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနှင့် အိမ်နီးချင်းသံတမန်ခင်းအရ မြန်မာနိုင်ငံကို အရေးကြီးတဲ့ နေရာမှာ အမြဲထားရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ကပြောပါတယ်။ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း မြန်မာနိုင်ငံက ယင်းရဲ့အချုပ်အခြာအဏာ၊လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ စောင့်ရှောက်ထိန်းသိမ်းမှု၊ပြီးတော့ နိုင်ငံရဲ့ အနေအထားနှင့် လိုက်ဖက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းတစ်ခုဖော်ဆောင်မှု အပေါ် တရုတ်နိုင်ငံဟာ အမြဲ ထောက်ခံအားပေးတယ်လို့ သူကဆက်ပြောပါတယ်။
အတူမျှဝေခံစားတဲ့ အနာဂတ်နှင့်အတူ တရုတ်-မြန်မာ အသိုက်အဝန်းတည်ထောင်ရေး ရည်မှန်းချက်ရရှိဖို့အတွက် မြန်မာနှင့် အပြန်အလှန်ပူးပေါင်းဖလှယ်မှုနက်ရှိုင်းစွာဆောင်ရွက်ရေး တရုတ်က အသင့်ရှိနေတယ်လို့ ဝမ်ကပြောပါတယ်။
အဲဒီအပြင် တရုတ်-မြန်မာ စီးပွားရေ စင်္ကြံ တည်ဆောက်မှုကို နှစ်ဖက်လုံးက အရှိန်မြှင့်တင်ဆောင်ရွက်ဖို့ ဝမ်က တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။ အဲဒီအတွက် အထင်ကရ အဓိကကျတဲ့ စီမံကိန်းတွေ ကိုပိုမိုလုပ်ဆောင်ဖို့နှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ညီညွတ်နက်ရှိုင်းစွာ တွန်းလှန်ကြဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။
ဦးဝဏ္ဏမောင်လွင်ကလည်း တရုတ်ရဲ့ ပဓာနကျတဲ့ အကျိုးစီးပွားနှင့်သက်ဆိုင်တဲ့ကိစ္စတွေအပေါ် တရုတ်ရပ်တည်ချက်ကို မြန်မာက အပြည့်အဝထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ကပ်ဘေးတွန်းလှန်ရေးတို့မှာ တရုတ်ရဲ့ ကြီးမားတဲ့ အားပေးထောက်ခံမှုအတွက် တရုတ်နိုင်ငံကိုကျေးဇူးတင်တယ်လို့ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနှင့် စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတည်ဆော်ကရေးအရှိန်မြှင့်လိုကြောင်းပြန်လည်ပြောကြားခဲပါတယ်။ အဲဒီအပြင် ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်မူဘောင်အတွင်းကနေ မြင်တွေ့လို့ရတဲ့ ရလာဒ်တွေပိုမိုရရှိဖို့ တွန်းအားပေးဆောင်ရွက်မယ်လို့လည်း သူကဆက်ပြောပါတယ်။
နှစ်ဦးစလုံးက တောင်တရုတ်ပင်လယ်နှင့် ယူကရိန်းကိစ္စတို့ကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။
နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာ စီးပွားရေး၊နည်းပညာနှင့်စိုက်ပျိုးရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးရာမှာ သက်သေအဖြစ်ပါဝင်ခဲ့ကြပြီး ချုံချင်းမြို့မှာ မြန်မာကောင်စစ်ဝန်ရုံးသစ် ဖွင့်လှစ်ပွဲသို့တက်ရောက်ခဲ့ကြပါတယ်။
Source CMG
Page 1018 of 1078