၁၂ ဇွန် ၂၀၂၅

အဲယားအိန္ဒိယ Air India လေကြောင်း ဘိုအင်း ၇၈၇-၈ လေယာဉ်ပျံသည်  ယနေ့ ဇွန်လ ၁၂ ရက် မွန်းလွဲ ပိုင်းက အာမက်ဒါဘတ် မြို့မှ ပျံတက်ပြီး မကြာခင်မှာပင် ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ်သည် ပျံတက်ပြီးသိပ်မကြာ အမြင့်ပေ ၈၂၅ ပေခန့်မှ ပျက်ကျခဲ့တာဖြစ်ပါတယ်။

အဲဒီ ခရီးစဉ်အမှတ် AI171 လေယာဉ်ဟာ အိန္ဒိယနိုင်ငံ အာမက်ဒါဘတ် မြို့မှ လန်ဒန် ဂက်ဝစ်လေဆိပ်သို့ ပျံသန်းရန် လေဆိပ်မှ အတက်ပျက်ကျခဲ့တာလို့ သတင်းများကဆိုပါတယ်။

လေယဉ်ဟာ အာမက်ဒါဘတ် မြို့မှ မွန်းလွဲ ၁နာရီ ၃၈မိနစ်မှာ ခရီးသည် ၂၄၂ဦးတင်ဆောင်ပြီး ပျံတက်ခဲ့တာဖြစ်ပါတယ်။ ခရီးသည်တွေအထဲမှာ အိန္ဒိယနိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါနိုင်ငံသားတစ်ဦးနှင့် ပေါ်တူဂီနိုင်ငံသား ၇ ဦးတို့လိုက်ပါသွားကြပါတယ်။

သေဆုံးသူအရေအတွက်အတိအကျမသိရပေမယ့် ဒဏ်ရာရသူတွေကို နီးစပ်ရာ ဆေးရုံများထံသို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့သတင်းများကဆိုပါတယ်။

#ymg/knl