#World_Science
Published 12 June 2025
▪️ သိပ္ပံပညာရှင်တွေက အနီအောက်မြင်ကွင်းကို အသုံးပြုကာ အမှောင်ထဲမြင်နိုင်မယ့် မျက်ကပ်မှန်တွေကို ဖန်တီးလိုက်ပြီး အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ တိုးတက်လာနိုင်မှာ ဖြစ်ပါတယ်။
▪️ ညကြည့်မျက်မှန်တွေနဲ့ မတူတာက ဒီမျက်ကပ်မှန်တွေဟာ စွမ်းအားရင်းမြစ်မလိုအပ်ဘဲ အနီအောက်အရောင်နဲ့ အလင်းတို့ကို တပြိုင်တည်း မြင်စေနိုင်မှာဖြစ်ပါတယ်။
▪️ မျက်ကပ်မှန်က အလွန်သေးငယ်တဲ့ နာနိုအမှုန်များဖြင့် အနီအောက်ရောင်ခြည်ကို ဖမ်းယူကာ နို့တိုက်သတ္တဝါမျက်လုံးတွေနဲ့ မြင်နိုင်မယ့် လှိုင်းအလျားအဖြစ်သို့ ပြောင်းလဲပေးပါတယ်။
▪️ ဒီအမှုန်တွေက လှိုင်းအလျား ၈၀၀ မှ ၁၆၀၀ နာနိုမီတာရှိတဲ့ အနီအောက်ရောင်ခြည်တွေကို တွေ့မြင်နိုင်ပါတယ်။
▪️ တရုတ်သိပ္ပံပညာရှင်တွေက ခန္ဓာကိုယ်ထဲ ဝင်ရောက်စရာမလိုတဲ့ နည်းလမ်းဖြင့် ဒီလိုမျိုးမြင်နိုင်အောင် ကြွက်တွေနဲ့ စမ်းသပ်ခဲ့ပါတယ်။
▪️ ဒီနောက် မျက်ကပ်မှန်တွေနဲ့ ပေါင်းစပ်ခဲ့ပြီး လူသားတွေရော ကြွက်တွေမှာပါ စမ်းသပ်ခဲ့ပါတယ်။
▪️ ကြွက်တွေကို တပ်ပေးပြီးတော့ အမည်းရောင်သေတ္တာနဲ့ အနီအောက်အရောင် သေတ္တာတို့ကို ရွေးချယ်စေခဲ့ရာမှာ မျက်ကပ်မှန်တပ်ထားတဲ့ ကြွက်တွေက အမည်းရောင်သေတ္တာကို ရွေးချယ်ခဲ့ကြပါတယ်။
▪️ မျက်ကပ်မှန်တပ်တဲ့ လူသားတွေမှာ အနီအောက်အချက်ပြမှုတွေကို တိကျစွာ တွေ့မြင်ရပါတယ်။
▪️ မျက်လုံးပိတ်တဲ့ အခါမှာတောင် အနီအောက်အလင်းရောင်က မျက်ခွံကို ဖြတ်သန်းနိုင်တာကြောင့် ဒီအလင်းကို မြင်တွေ့နိုင်ပါသေးတယ်။
▪️ အနာဂတ်မှာ သိပ္ပံပညာရှင်တွေနဲ့ စက္ခုပညာရှင်များ ပူးပေါင်းပြီး ပုံရိပ်ပိုမိုပြတ်သားကြည်လင်ပြီး ပိုမိုမြင်တွေ့နိုင်တဲ့ မျက်ကပ်မှန်တွေ ထုတ်လုပ်ဖို့ ရည်မှန်းထားကြပါတယ်။
#Source: Independent