#World_News
Published 22 August 2025
▪️ ယူကရိန်းအနေနဲ့ ဒွန်ဘတ်စ်ဒေသအားလုံးကို လက်လျှော့ရန်၊ နေတိုး(NATO)သို့ ဝင်ရောက်လိုခြင်းအား ရုတ်သိမ်းရန်၊ ကြားနေအဖြစ်ရှိနေရန်နဲ့ နိုင်ငံထဲကနေ အနောက်တိုင်းတပ်ဖွဲ့တွေ မထားရှိရန် ရုရှားသမ္မတ ဗလာဒီမာပူတင် အလိုရှိနေကြောင်း ရုရှားထိပ်သီးအစိုးရအဆင့်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
▪️ အလက်စ်ကာမှာ ရုရှားသမ္မတနဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံခဲ့ပြီး ယူကရိန်းအရေးအကြောင်းကို ၃ နာရီလောက် တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။
▪️ အစည်းအဝေးကနေ ယူကရိန်းငြိမ်းချမ်းရေးအတွက် လမ်းဖွင့်နိုင်ဖို့ မျှော်လင့်ရပေမယ့် ဆွေးနွေးသွားတဲ့ အကြောင်းအရာအတိအကျကိုတော့ နှစ်ဦးစလုံးက မပြောထားပါဘူး။
▪️ ရုရှားအခြေစိုက် သတင်းဖော်ပြချက်အရတော့ ရုရှားဘက်ကနေ စစ်ပွဲအဆုံးသတ်ဖို့ ဖြစ်နိုင်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် မြင်တွေ့လိုတဲ့သဘော ဖြစ်နေပါတယ်။
▪️ ပူတင်ရဲ့ အဆိုပြုချက်ထဲမှာ ယူကရိန်းအနေနဲ့ ဒွန်ဘက်စ်ဒေသအားလုံးကနေ လုံးဝဆုတ်ခွာရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် ရုရှားက ဇာပိုရစ်ဇီယာနဲ့ ခါဆန်တို့မှာ ရှေ့တန်းချထားတာကို ရပ်တန့်ပေးမယ်လို့ သိရပါတယ်။
▪️ ဒါ့အပြင် ယခင်တည်းက ယူကရိန်းကို နေတိုးဝင်ရောက်ရေး လက်လျှော့ဖို့နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကို အရှေ့ဘက်သို့ဆက်ပြီး ချဲ့ထွင်ခြင်းမရှိဖို့ ပူတင်က အလိုရှိနေဆဲဖြစ်တဲ့အပြင် ယူကရိန်းမှာ အနောက်တိုင်းတပ်ဖွဲ့တွေ မထားရှိဖို့လည်း အလိုရှိနေပါတယ်။
▪️ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပြုခြင်း မရှိသေးပါဘူး။
▪️ ပူတင်ဟာ စစ်ပွဲအဆုံးသတ်ရေးအတွက် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေး တွေ့ဆုံဖို့ အဆင်သင့်ရှိနေတယ်လို့ ထရမ့်ကပြောထားပါတယ်။
Source: Reuters